"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 28, 2019

သူ





ဂျူရောင်းအိ(စ)ကားဂိတ်မှာ သူစီးလာသောဘတ်(စ)ကားရပ်သောအခါ သူက ကားအပေါ်ထပ်မှဆင်းကာ လက်မှတ်ကပ်ပြီး အပြင်သို့ထွက်လိုက်သည်။

နောက်ပြီး စက်လှေကားဖြင့် ဘူတာအပေါ်သို့တက်၏။

စက်လှေကားက သူ့အလိုအလျှောက်တက်ပေးနေသော်လည်း သူက လှေကားတစ်ထစ်ချင်းကို သူ့ဖာသာ လျှောက်တက်လာခဲ့၏။ 
ပုံမှန်ကဲ့သို့ လှေကားတစ်ထစ်ပေါ်တွင်သာ ငြိမ်ငြိမ်လေးရပ်ပြီး မလှုပ်မရှက်လိုက်ခဲ့ခြင်းမရှိ။

ဘူတာများမှာစက်လှေကားစီတိုင်း သူ ယခုလိုပြုလုပ်လေ့ရှိသည်။ 
အထွေအထူးမဟုတ်လှ။

တောင်-မြောက်ရထားလိုင်း (North South Line) ၏တစ်ဘက်ဂိတ်ဆုံးဘူတာဖြစ်သဖြင့် ဒီ ဘူတာမှာ ရထား ၂ မျိုးဆိုက်လေ့ရှိသည်။

တစ်စီးက ရထားတွဲများထိုးထားသည့်နေရာမှလာသဖြင့် ခရီးသည်များ မပါလာပေ။
နောက်တစ်စီးသည် တစ်ခြားဘက်ဂိတ်ဆုံးဘူတာကလာသဖြင့် ခရီးသည်များပါလာ၏။ 

ယင်းခရီးသည်အားလုံး ဒီဂိတ်ဆုံးဘူတာမှာဆင်းကြရသည်။ 

သို့ဖြစ်ရာ သူ့သည် ခရီးသည်စတင်သည့်ဘူတာမှတက်ရသဖြင့် ထိုင်စရာနေရာအခက်အခဲ မရှိတတ်။ 
စိတ်ပူစရာ မရှိတတ်။

သူ ရထားထဲသို့လှမ်းဝင်လိုက်သည်။

ထုံးစံအတိုင်း တခါးအနားက အစွန်ခုံလေးမှာထိုင်သည်။ 

ထိုနေရာလေးက အသက်အရွယ်ကြီးသူ အိုမင်းမစွမ်းရှိသူ မသန်စွမ်းသူနှင့်ကိုယ်ဝန်ဆောင်တို့အတွက် ဦးစားပေးသီးသန့်နေရာဖြစ်သည်။

နေရာယူပြီးသောအခါ စောစောကလွယ်လာသည့်အိတ်ကို သူ၏ပေါင်ပေါ်မှာတင်သည်။

ရထားစထွက်သည်နှင့် သူက မျက်စိများမှိတ်ကာ အမြင်အာရုံတခါးကိုပိတ်၏။
အလေ့အကျင့်လုပ်ထားသော စိတ်အာရုံက သူ့ခန္ဓာကိုယ်အနှံ့ပေါ်သို့ရောက်သွားသည်။ 

ခန္ဓာကိုယ်၏ဖြစ်မှုပျက်မှုဝေဒနာတို့ကို အမှတ်ပြုသည်။ သတိကပ်လိုက်သည်။

စောစောကစက်လှေကားစီးရင်း လှမ်းတက်လာခဲ့သဖြင့် ခြေသလုံးများအတန်ငယ်တင်းနေကြသည်။ 
နာကျင်ခြင်း မရှိ။

ပြီးတော့ ထိုင်ခုံအမာပေါ်တွင်ဖိထားသောတင်ပါးများကို အမှတ်ကလေးက သူ့အလိုလိုရောက် သွားပြန်သည်။ စောစောကဘတ်(စ)ကားမှာ ဆိုဖာအိအိလေးပေါ်ထိုင်ခဲ့ရသောတင်ပါးများသည် ယခုထိုင်ခုံအမာတွင် ထိမှု သိမှုပေါ်လွင်နေသည်ကို သူ အမှတ်ပြုမိသည်။

တဖြည်းဖြည်းငြိမ်သက်စပြုလာနေသောအမှတ်ပြုမှုက သိသာထင်းရှားသော ခြေထောက် တင်ပါးအစရှိသည့်နေရာတို့မှ မျက်စိတ၀ိုက်နှင့်နှုတ်ခမ်းများဆီသို့ရောက်လာသည်ကို သူ သိနေသည်။

ယင်းသို့ အမှတ်ပြုမိနေသော်လည်း မိလိုက် ပြန်ပျောက်လိုက်ဖြစ်နေ၏။ 

ဘူတာတစ်ခုသို့ ရထားဝင်တိုင်း ထွက်တိုင်း ယခုဘူတာနှင့်နောက်ဘူတာတို့၏အမည်များအား ကြေညာပေးသံတို့ကို သူ ကြားနေရသည်။

မျက်စိများကိုပိတ်ထားသော်လည်း ပိတ်မထားနိုင်သောသောတအာရုံတွင် အကြားအာရုံတို့ မကြာမကြာ တိုးဝင်လာနေကြသည်။ 

ဘူတာကြေညာပေးသံ၊ ရထားတွဲတခါးများ ပိတ်သံဖွင့်သံ၊ ခရီးသည်အချို့ ၏စကားပြောသံများနှင့် အ၀င်အထွက်ခြေသံများက သူ၏ခန္ဓာအမှတ်ပြုနေမှုကို ပျက်စေသည်။ 

ထို့အပြင် ငြိမ်နေသည့်စိတ်ကလေးအားပြတ်တောက်ကာ ပျံ့ လွင့်စေသည်ကိုလည်း သူသိနေသည်။ 
အနှောက်အရှက်ဟု သဘောထားမိသည်။

မည်သို့ဆိုစေ စိတ်သည် သတိ အမှတ်တို့နှင့်အတူရှိနေကြသည်က ပိုများလာနေ၏။ 

ပြတ်တောက်ပြီး ပျောက်မသွားကြ။
ပျံ့ လွင့်ပြီး ပျက်ပြယ်မသွားကြ။
လုံးဝဆုံးရှုံးသွားခြင်း မရှိကြ။

ထို့အပြင် ပျက်သွားသောအမှတ်ကလေးနှင့်လွတ်သွားသောသတိတို့သည် စောစောပိုင်းတုန်းကလို မကြာတတ်တော့သဖြင့် သူ ကျေနပ်နေမိသည်။  





စင်ကာပူက PMD ယာဉ်ငယ်လေးများအန္တရာယ်




 ST PHOTO: KHALID BABA, PHOTO: SHIN MIN DAILY NEWS


တစ်နေ့က အလုပ်သွားရင်း ၀ု(ဒ)လဲန်း(စ) ဘူတာမှာ အခမဲ့ဝေတဲ့သတင်းစာ thenewpaper ကိုယူပြီး ဘတ်ကားစောင့်နေတုန်း ဖတ်ပါတယ်။

မျက်နှာဖုံးသတင်းမှာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးPDM လူစီးယာဉ်တိုက်မိလို့ ဆေးရုံအထူးပြုစုရးအခန်းမှာ  စက်နဲ့အသက်ဆက်နေရတဲ့တွေ့ရတဲ့သတင်းကို စိတ်မကောင်းစွာသိရပါတယ်။

စည်းကမ်းရှိလို့ထင်ရှားတဲ့စင်ကာပူနိုင်ငံမှာ လတ်တလောတွေ့နေရတဲ့ စည်းကမ်းအမဲ့ဆုံးအကြောင်းအရာတစ်ခုကိုပြောရမယ်ဆိုရင် ပီဒီအမ် (PDM) လို့အတိုကောက်ခေါ်နေကြတဲ့လူစီးယာဉ် (Personal Mobility Device) စီးနေကြတာပဲဖြစ်တယ်။



စီးသူတချို့ က သတ်မှတ်ထားတဲ့ဥပဒေနဲ့အညီ မစီးကြလို့ပါ။ 
သူတို့ဖာသာ အစီးမတော်လို့လဲကျပြီး ဒဏ်ရာအနာတရဖြစ်
ကြရသူတွေရှိသလို တချို့ သေတောင်သေကြသေးတာ။

ဒါက သူတို့ဖာသာဖြစ်တကြတာ။

နောက်တမျိုးက သူတို့စည်းမဲ့ကမ်းမဲ့ ဘရမ်းဘတာစီးကြလို့ 
လမ်းသွားလမ်းလာတွေကို ထိခိုက်အနာတရဖြစ်စေတာ။

                                        
အခုဆို အဲဒီလိုစည်းမဲ့ကမ်းမဲ့လက်လွတ်စပယ်စီးကြလို့ တခြားသူတစ်ဦးမှာ အသက်ဆုံးရှုံးရတဲ့အထိဖြစ်လာ ခဲ့ပြီ။












ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၄


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (14)

I registered for the WCPT Congress as retired and reduced registration was offered to us.

However I enjoyed the same entitlement as regular conference delegates.





မိမိသည် ၂၀၁၇ ခုနှစ်က တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ နှင့် ယခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ တို့တွင်ကျင်းပခဲ့သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ညီလာခံများတွင် အမျိုးအစား ၂ မျိုးမှာပါဝင်သူတစ်ဦးအနေဖြင့် တက်ခဲ့ခြင်းဖြစ်သည်။

ပထမအမျိုးအစားသည် ညီလာခံတက်ရန်မှတ်ပုံတင်သောအခါ အငြိမ်းစားယူပြီးသူတစ်ဦး (retired) အဖြစ် ညီလာခံမှတ်ပုံတင်ကြေး (registration fee) ပေးခဲ့ရသည်။

ပုံမှန်ညီလာခံကြေးထက် သက်သာလေသည်။

ဒုတိယအမျိုးအစားမှာ ညီလာခံကိုယ်စားလှယ်အမျိုးအစားတွင် Clinician (ဆေးကုသပေးနေသူ) အမျိုးအစားတွင်ပါဝင်ခဲ့သည်။

ဆိုလိုသည်မှာ မိမိသည် ပညာသင်ကြားပေးနေသူ (Educator) မဟုတ်။ သုတေသနလုပ်ငန်းများလုပ်နေသူ (Researcher) မဟုတ်။ စီမံအုပ်ချုပ်သူ (Manager) မဟုတ်။ ဘွဲ့ကြို ဘွဲ့လွန်တက်နေသူ (Student) မဟုတ်။

ယခင်အလုပ်မှအနားမယူခင်ကတော့ ဆေးကုသပေးနေသူ (Clinician) အဖြစ်သာတက်ခဲ့ပါသည်။

WCPT မှ မနေ့ကပေးပို့သောအီးမေးပါ WCPT E-Update အရသိရသည်မှာ ၂၀၁၉  ခုနှစ် ညီလာခံကိုယ်စားလှယ်များတွင် အများစုသည် Clinician များဖြစ်ကြကြောင်းသိရှိရပါသည်။

ထို့နောက်မှ Educator ၊ Researcher ၊ Manager နှင့် Student များ စသဖြင့် အစဉ်လိုက်အရေအတွက်ရှိလေသည်။

နောက်တစ်ခုစိတ်ဝင်စားစရာကောင်းသည်မှာ ညီလာခံကိုယ်စားလှယ်များ၏အသက်အရွယ်ပင်ဖြစ်သည်။


               


နံပတ် ၁ အများစုသည် အသက် ၂၅ နှစ်မှ ၃၄ နှစ်အကြားရှိကြပြီး အနည်းဆုံးအသက်အရွယ်အုပ်စုမှာ အသက် ၆၅ နှစ်နှင့်အထက်ဟုဆိုပါသည်။

ယင်းမှာ မိမိ၏အသက်အရွယ်အပိုင်းဖြစ်လေသည်။

ညီလာခံများတွင် မိမိနှင့်သက်တူရွယ်တူများကိုတွေ့ရသဖြင့် မိမိ အားတက်မိပါသည်။


            


အလုပ်မှအနားယူပြီးကြသည့်တိုင် မိမိတို့၏ပညာရပ်နယ်ပယ်ကို မစွန့်ပစ်ကြသေး။

စိတ်ဝင်စားနေကြဆဲ
ပါဝင်ပတ်သက်နေကြဆဲ
အားပေးနေကြဆဲ
ဆက်လက်မျှဝေနေကြဆဲ

မိမိတို့၏ပညာရပ်နယ်ပယ်ကို စိတ်ကုန်ဖို့ စွန့်လွှတ်ဖို့ မေ့ပစ်လိုက်ဖို့ဆိုသည်မှာ ဝေလာဝေးနေသေးတော့။

Once you have become a Physiotherapist, 
Always a Physiotherapist.












Wednesday, September 25, 2019

တစ်နေ့တာ အလုပ်ခြေလှမ်းများ



                                                                             Fitbit Activity wrist Band


တလောက မိမိအလုပ်လုပ်နေတဲ့ဆေးရုံမှ အကြောအဆစ်ဌာနမှူးက သူ့လက်မှာပတ်ထားတဲ့ (Activity Wrist Band Tracker) လေးကိုပြပါတယ်။

တလက်စာထဲမှာပဲ သူ့လက်ကိုင်ဖုန်းလေးကိုဖွင့်ပြီး ဒီကနေ့
-  ခြေလှမ်းအရေအတွက် ဘယ်လောက်များများ လှမ်းပြီးပြီ၊
- လှေကားအမြင့် ဘယ်နှစ်ထပ်တက်ပြီးပြီ၊
-  ခရီးအကွာအဝေး ဘယ်နှစ်မိုင်လောက်လမ်းလျှောက်သွားပြီးပြီ၊
-  ကယ်လိုရီ ဘယ်လောက်လေင်ကျွမ်းပြီးပြီ
အစရှိသဖြင့်ပြပြီး ကျန်းမာရေးအတွက်အသုံးဝင်တာကိုပြောဖြစ်ခဲ့ကြတယ်။

ဟုတ်ပါတယ်။
ကျန်းမာရေးအတွက်ဆိုရင် အထက်ကအချက်အလက်တွေဟာ အရေးကြီးတာဖြစ်တယ်။

မိမိလဲ တစ်ချိန်တုန်းက Fitbit watch ဆိုတာကိုဝယ်ပတ်ပြီး အဲဒီလိုကျန်းမာကြံ့ ခိုင်မှုနဲ့သက်ဆိုင်တဲ့အချက်အလက်တွေ မပြတ်စောင့်ကြည့်ခဲ့ဖူးပါတယ်။

အခုတော့ ဒုတိယမြောက် Fitbit နာရီလေးပျက်သွားပြီးကထဲက မေ့မေ့ပျောက်ပျောက်ရှိနေခဲ့ပါတယ်။

ဒါနဲ့ မနေ့တနေ့ကတော့ လက်ကိုင်တယ်လီဖုန်းထဲက Health application ကိုသုံးပြီး တစ်နေ့တာမှာ သွားထားတဲ့ခြေလှမ်းအရေအတွက်၊ တက်ထားတဲ့အထပ်အရေအတွက်နဲ့ လျှောက်ထားတဲ့ခရီးအကွာအဝေးတို့ကို သတိပြုမိနေပါတယ်။

ဒီကနေ့မှာ မနက် ၆ နာရီ အိမ်ကထွက်တဲ့အချိန်ကနေ ညနေ ၇ နာရီအိမ်ပြန်ရောက်တဲ့အချိန်အထိ လှုပ်ရှားသွားလာမှုမှတ်တမ်းလေးကိုကြည့်ပြီးကျေနပ်မိပါတယ်။


တခြားဘာလေ့ကျင့်ခန်းမှအထွေအထူးမလုပ်ရပဲ အလုပ်ကိုသွားတာ၊ အလုပ်ထဲမှာ လမ်းလျှောက်တာ တက်တာဆင်းတာ၊ အလုပ်ကနေအိမ်ကိုပြန်လာတာ အစရှိတာတွေကြောင့်ရရှိလာတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ ကိုပြောချင်တာပါ။



                                                                    စက်တင်ဘာ ၂၅ ရက်နေ့ မှတ်တမ်း


မနက်အိမ်ကနေထွက်ပြီး အလုပ်ကိုရောက်တဲ့ မနက် ၈ နာရီခွဲခါနီးမှာ ခြေလှမ်းပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။
လမ်းလျှောက်တာက ၁ မိုင်အနည်းလေးရှိပါတယ်။
ညနေအလုပ်ကုပန်လာတဲ့အခါ  ခြေလှမ်းပေါင်း ၁၁,၀၀၀ ကျော်ရှိတတ်ပြီး ခရီးအကွာအဝေးက ၄ မိုင်ခွဲလောက်ရှိနေပါတယ်။

ဒါကြောင့် အိမ်ကသားတော်မောင်က သူ့အဖေအလုပ်လုပ်နေရင် အိမ်မှာတစ်ချိန်လုံးထိုင်နေတာထက် ပိုပြီးကျန်းမာရေးကောင်းတာလို့ သူ့အမေကိုပြောပါသတဲ့။

မိမိကတော့ အခုတလော သိသိသာသာလေးကျသွားတဲ့ဗိုက်ကိုကြည့်ပြီး "အလုပ်လုပ်ရတာ တယ်ဟုတ်ပါလား" လို့သာ ပြောလိုက်ချင်တော့တာပါပဲ။









Tuesday, September 24, 2019

စင်ကာပူမှာ အခမဲ့ဝေတဲ့နေ့စဉ်သတင်းစာ








မိမိအလုပ်သွားတဲ့မနက်တိုင်း ၀ု(ဒ)လဲန်း(စ) ဘူတာ (Woodlands MRT) မှာ အခမဲ့ဝေတဲ့သတင်းစာ ကို ယူလေ့ရှိပါတယ်။ 

အမည်က ‘the new paper’ ပါ။ 

တနင်္လာ အင်္ဂါ အစရှိတဲ့ရုံးဖွင့်ရက်အစပိုင်းမှာ စာမျက်နှာ ၂၀ ကျော်လောက်ရှိတတ်ပြီး နောက်ပိုင်းရက် တွေမှာ စာမျက်နှာ ၃၀ ကျော်အထိများလာပါတယ်။ ရုံးဖွင့်ရက်နောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့မှာ တော့ စာမျာက်နှာ ၅၀ ကျော် ၆၀ အထိရှိလာပါတယ်။

ခါးအမြင့်ကျော်ကျော်လောက်ထပ်ပြီးပုံထားတဲ့သတင်းစာတွေကို ဖြတ်သွားဖြတ်လာခရီးသွားတွေက အခမဲ့ကမ်းပေးသူဆီက လှမ်းယူကြကြတာပါ။ 

ပုံမှန်အားဖြင့် မနက် ၇ နာရီဆိုရင် စပြီးဝေလေ့ရှိပါတယ်။  
တစ်နာရီမကြာလောက်ဘူးထင်ပါတယ်။
သတင်းစာပုံကြီးကုန်သွားလေ့ရှိပါတယ်။
အဲဒီနေ့အဖို့ မရနိုင်တော့ဘူးပေါ့။

ဟိုတုန်းကအလုပ်လုပ်နေတော့ ခရီးသွားနေရတာဖြစ်လို့ အခမဲ့ဝေတဲ့သတင်းစာ ၁ စောင်နဲ့ ပြား ၇၀ ပေးပြီးဝယ်ဖတ်ရတဲ့သတင်းစာ ၁ စောင်တို့ကို မီးရထားဘူတာတွေမှာ ကြုံရင်ကြုံသလို ဖတ်ဖြစ်ခဲ့ပါတယ်။ 


                     တစ်ခါတုန်းက အခမဲ့ရတဲ့ 'My Paper’ နဲ့ ၀ယ်ဖတ်ခဲ့ရတဲ့ ‘the new paper’


တစ်ခုက အင်္ဂလိပ်လိုပဲထုတ်တဲ့ ‘the new paper’ ဖြစ်ပြီး နောက်တစ်စောင်က အင်္ဂလိပ်-တရုတ် နှစ်ဘာသာတွဲထုတ်တဲ့ ‘My Paper’ ဖြစ်ပါတယ်။

‘the new paper’ က အတော်လေးထူပြီး ဖတ်စရာအလွန်စုံပါတယ်။ 

မိမိအိမ်မှာ လပေးနဲ့ဝယ်ဖတ်နေတဲ့ The Straits Times သတင်းစာနဲ့ အရွယ်အစားကော အပြင်အဆင်ပါ မတူတဲ့အပြင် သတင်းရေးသားပုံရေးသားနည်းတွေပါ မတူကြတာတွေ့ရပါတယ်။ 

ဟိုအရင် မ ဆ လ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်က အရွယ်ကြီးတဲ့ 'လုပ်သားပြည်သူ့နေ့စဉ်' သတင်းစာနဲ့ 'ကြေးမုံ'သတင်းစာတို့အတိုင်းပဲလို့ပြောနိုင်ပါတယ်။

စောစောကပြောတဲ့ ‘the new paper’ နဲ့ ‘My Paper’ သတင်းစာ ၂ စောင်ကို ရထားထဲမှထိုင်ရင်းဖတ်တဲ့အခါဖတ်သလို တစ်ခါတရံမှာ အိမ်ကိုရောက်မှဖတ်ဖြစ်တာမျိုးလဲရှိပါတယ်။

အခုဖတ်နေရတဲ့ ‘the new paper’ ဟာ အရင်ပုံစံဖြစ်တဲ့ ‘the new paper’နဲ့ ‘My Paper’ သတင်းစာ ၂ စောင်ကို ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဘရဲန်းအသွင်အသစ် (a brand new look) နဲ့ တစ် စောင်ထဲပြောင်းထုတ်ထားတာရယ်ပါ။


ဆက်ပြီးရေးဦးမှာပါ။













Sunday, September 22, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၃


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (13)


                 ICRC ၏ပံ့ပိုးကူညီမှုဖြင့် WCPT 2019 ဂျနီဗာသို့တက်ရောက်ခဲ့ကြသည့်ကိုယ်စားလှယ်များ


ပြီးခဲ့သောအမှတ် ၁၂ တွင် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းကြီး (World Confederation for Physical Therapy - WCPT) က ညီလာခံပြီးသည့်နောက်တွင် မိမိတို့ကိုယ်စားလှယ်အားလုံးထံသို့ အီး မေးဖြင့်ပေးပို့သော WCPT E-Update အကြောင်းကိုပြောခဲ့ပါသည်။

ထိုသို့ပေးပို့သည့်သတင်းအချက်အလက်များထဲမှ Facts and figures ကို မျှဝေခဲ့ပြီးဖြစ်သည်။ 

သို့သော် စာဖတ်သူများသိသင့်သော (၀ါ) စိတ်ဝင်စားနိုင်မည့် အချက်အလက်အချို့ အားပြောပြချင်ပါသေးသည်။
  • ညီလာခံတွင် သုတေသနစာတမ်းပေါင်း ၁၈၆၄ စောင်ဖတ်ကြားတင်သွင်းခဲ့သည်။
  • ညီလာခံကိုယ်စားလှယ်များသည် ဆေးပညာရပ်လေ့လာရေး (Clinical visit)အဖြစ် ဆေးရုံအပါအ၀င်ကျန်းမာရေးဌာ ၁၇ နေရာသို့ သွားရောက်လေ့လာခဲ့ကြသည်။
  • အကြောအဆစ်ပညာရပ်ဆိုင်ရာနှင့် ကုသစက်ပစ္စည်းပြခန်းပေါင်း (Exhibitors) ၁၀၆ ခုဖွင့်လှစ်ပြသပေးထားသည်။  
  • ညီလာခံရက် ၃ ရက်ခွဲအတွင်း လုပ်အားပေသူပေါင်း ၂၀၀ ရှိခဲ့သည်။
  • အိုင်စီအာစီ (ICRC - The International Committee of the Red Cross) သို့မဟုတ် အိုင်စီအာစီမှ ထောက်ပံ့ကူညီထားသော ပြန်လည်ထူထောင်ရေးဌာနများမှ အကြောအဆစ်ကုပညာရှင် ၅၀ ကျော်အား ယခုညီလာခံကိုတက်ရောက်နိုင်စေရန် အိုင်စီအာစီမှကျခံပေးခဲ့သည်။




မြန်မာနိုင်ငံမှ ယခုညီလာခံသို့တက်ရောက်ခဲ့ကြသော
မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (MPA) ဥက္ကဋ္ဌ ဦးတင်လှိုင်စိုးနှင့် ဘားအံမသန်စွမ်းပြန်
လည်ထူထောင်ရေးဌာန (Hpa-an Orthopaedic Rehabilitation Centre - HORC) မှအကြောအဆစ်ကုပညာရှင်ဒေါ်နန်းမဉ္ဇူခိုင်တို့နှစ်ဦးသည် ICRC ၏ပံ့ပိုးမှု
ဖြင့်လာခဲ့ခြင်းဖြစ်သည်။

ယခင်ညီလာခံများတွင်လည်း မြန်မာအကြောအဆစ်ကုပညာရှင်အချို့ သည် ICRC၏ပံ့ပိုးကူညီမှုဖြင့် ICRC-sponsored delegates များအဖြစ်တက်ရောက်ခဲ့ကြရာ အိုင်စီအာစီကို များစွာကျေးဇူးတင်ရှိပါသည်။






အထက်ပါပုံမှာ နောက် ၁ နှစ်ခွဲကျော်အကြာတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ မှာကျင်းမည့် WCPT Congress 2021 ဖိတ်ခေါ်ကြော်ငြာဖြစ်သည်။

ဒီနေ့ကိုအသေအချာမှတ်ထားပြီး လာခဲ့ကြပါတဲ့။

ညီလာခံတက်ရောက်ရန် စိတ်ပါဝင်စားကြသူအကြောအဆစ်ကုပညာရှင်များအား ကြိုတင်ပြင်ဆင်နိုင်ကြကစေဖို့ နှိုးဆော်ရပါသည်။








သူပြန်လာပြီ



 


လွန်ခဲ့သောတစ်ပတ်ကဖြစ်သည်။

အချိန်က ညနေ ၅ နာရီ ၄၂ မိနစ်။

ပုံမှန်အားဖြင့် စင်ကာပူမှာ နေကောင်းကောင်းတောက်နေသေးသောအချိန်ဖြစ်သည်။

စင်ကာပူနိုင်ငံမှာက ညနေ ၇ နာရီမကျော်မချင်း အမှောင်ရိပ်သန်းလေ့မရှိ။
နေရောင်လျှော့ကျစပြုရုံလေးသာ။

အရာအားလုံးတို့အား ရှင်းရှင်းလင်းလင်းတွေ့နေမြင်နေရဆဲ။

ဂျူရောင်းဝက်ဈေး (Jurong West Market) ထဲမှ ဘတ်(စ)ကားမှတ်တိုင်ရှိရာအပြင်သို့ ထွက်လိုက်သောအခါ
မိုးကောင်းကင်သည် အခါတိုင်းလိုကြည်ကြည်လင်လင်မရှိလှ။

မှုန်ဝါးဝါးရှိနေသည်။

သို့သော်
နှင်းလည်းမဟုတ်။
မြူလည်းမဟုတ်။
မိုးအုံ့သည်နှင့်လည်းမတူ။
နေလည်းမ၀င်သေး။

ဒီတော့မှ သူကိုသတိရမိသည်။

ဟုတ်ပြီ။
တကယ်တော့ သူပြန်လာခြင်းဖြစ်သည်။

အင်ဒိုးနီးရှားနိုင်မှာ တောင်ယာစိုက်ပျိုးရန်အတွက် စည်းမဲ့ကမ်းမဲ့ မီးရှို့ ပြီးတောရှင်းနေသ၍ သူပြန်လာနေမည်သာ။

အဘယ်ကြောင့် သူပြန်လာပြီဟုပြောရသနည်းဆိုသော် ၂၀၁၃ ခုနှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ လေထုညစ်ညမ်းမှုတိုင်းတာချက် (PSI) Value ၄၀၀ အထိရောက်ရှိခဲ့သည်ကို မိမိကြုံဖူးခဲ့သောကြောင့်ဖြစ်သည်။

ထိုအကြောင်းကို ယခုကျွန်းသာယာတွင် "စင်ကာပူမှာ ဝေတဲ့နှင်း..လေ" ဟူသောခေါင်းစဉ်ဖြင့် ရေးတင်ခဲ့ပါသေးသည်။

ယင်းလေထုညစ်ညမ်းမှုပမာဏသည် လူသားတို့၏ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးမားလှသောပတ်ဝန်းကျင်အခြေအနေဆိုးကြီးဖြစ်သည်။      



မိမိနေ့စဉ် အလုပ်သွားအလုပ်ပြန်သွားတိုင်း ရထားပြောင်းစီးရလေ့ရှိသော ဂျူရောင်းအိ(စ) ဘူတာ (Jurong West East MRT) တွင် စက်တင်ဘာလ ၁၄ ရက်နေ့က အခြေအနေအတ်ာဆိုးသည်ကို ပုံပါအတိုင်းတွေ့နိုင်သည်။ Mediacorp ရုပ်မြင်သံကြားအစီအစဉ်မှာလည်း မီးခိုးပြာများလွှမ်းခြုံထားသည့် စီရန်ဂွန်းမိုးကောင်းကင်ကိုတွေ့လိုက်ရသည်။  


(PSI) Value ၁၀၀ ကျော်ရှိခဲ့သည်။



ချစ်သော်ရှိ မချစ်သော်ရှိ သူကတော့မိမိတို့ထံရောက်လာခဲ့ပြီဖြစ်သည်။

အစာမှာတော့ ခပ်မှုန်မှုန်လေး၊
နောက်တော့ မှုန်ဝါးခြင်းထူထဲသိပ်သည်းလာသည်။

မှုန်ဝါးမှုထူထဲလာခြင်းနှင်အတူ အပူဓာတ်ကိုပါ ခံစားလာရသည်။

အိုက်စပ်စပ်ဖြစ်လာသည်။

ပြီးတော့ မီးခိုးနံ့ ပြာနံ့တွေကို မသိမသာလေးမှ သိသိသာသာကြီးအထိ ရလာသည်။
နှာခေါင်းနှင့်အာခေါင်တို့တွင် ခြောက်ကပ်ကပ်ဖြစ်လာသည်ကိုသတိပြုမိသည်။

နောက် ၁ ရက် ၂ ရက်ကြာသောအခါ လူအချို့  နှာခေါင်းနှင့်ပါးစပ်တို့အား မျက်နှာဖုံး (mask) အုပ်ထားသည်ကိုတွေ့ရသည်။
လူအများစုမဟုတ်သေးသော်မှ လူအချို့ ၏ကျန်းမာရေးကိုမူ ထိခိုက်စပြုပေပြီ။




မိမိအား ဆေးရုံတွင်အလုပ်လုပ်ရန်ချိတ်ဆက်
ပေးခဲ့သောကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က မိမိ
တို့ Locum Therapist များနှင့်မိသားစုများအား ဟေ့(ဇ)အန္တရာယ်မှကာကွယ်ရန်အတွက် မျက်
နှာဖုံးကျသင့်ငွေဒါနပြုပေးသဖြင့် ကျေးဇူးအထူး
တင်မိပါသည်။



ဟေ့(ဖ)၊ လေထုညစ်ညမ်းမှုနှင့်ကျန်းမာရေးပြဇယား


အလုပ်ကိုရောက်သောအခါ လုပ်ဖော်ကိုင်ဘက်များ၏ 'အိုက်တယ်နော် ပူလိုက်တာနော်' ဆိုသည့်ငြီးသံလေးများကြားလာရ၏။

အခါတိုင်း မနက်စောစောအလုပ်သွားချိန်နှင့် ညနေခင်းအလုပ်မှပြန်လာချိန်တို့တွင် ဘတ်စ်ကားပေါ်မှ ကြည်ကြည်လင်လင်တွေ့ရလေ့ရှိသော မိုးကောင်သည် ဟေ့(ဇ) (Haze) ဆိုသည့်သူ့ကြောင့် ညစ်ထေးထေးကြီးရှိနေသည်။


  


နေမင်းကြီးသည်ပင် ကျိန်စာသင့်ပြီး မီးလောင်ကျွမ်းခံနေရသည့်အလား မသာမယာဖြစ်နေပုံရသည်။

အဓမ္မက သဘာဝကြီးနှင့်သူ့အလှတို့အားဖျက်ဆီးချေပြီ။




















Thursday, September 19, 2019

ကျွန်တော် သင်တန်းဆရာ (၂)



                                                                   Photo - Internet


သင်တန်းသူများသည် ဆေးပညာရပ်၏အခြေခံဖြစ်သော ခန္ဓာဗေဒ(Anatomy)၊ ဇီဝက္မဗေဒ (Physiology) ၊ သက်ရှိလှုပ်ရှားမှုစနစ် (Biomechanics)၊ ကိုယ်နေကိုယ်ထား (Posture and alignment) အစရှိသည်တို့အား မသင်ကြားဖူးကြသဖြင့် အကြောင်းအရာတို့ကိုရှင်းလင်းပြောပြရန် အခက်အခဲရှိသည်။

သူတို့နားလည်နိုင်မည့် စကားအသုံးအနှုန်းများဖြင့် သူတို့သိထား တတ်ထားသင့်သည်တို့ကို နားလည်လွယ်အောင်သင်ပေးရသည်။ 

သဘောပေါက်သိမြင်နိုင်မည့်ရောင်စုံဓာတ်ပုံများနှင့်ရုပ်ပုံများကို များများသုံးဖို့လိုပါသည်။

လေ့ကျင့်လှုပ်ရှားမှုများကိုကား ဗွီဒီယိုအတိုလေးများပြသလျက် ရှင်းလင်းပြောပြပေးပါက သဘောပေါက်သိရှိနိုင်ကြလေသည်။

ထိုကြောင့် လက်တွေ့ သင်ပြမှုများ (Hands on training) နှင့်သရုပ်ဆောင်လေ့ကျင့်ခြင်း (role play) များကို အချိန်ယူထည့်သွင်းလေ့ကျင့်သင်ကြားပေးရသည်။ 

သဘောမပေါက်မချင်း လက်တွေ့မလုပ်နိုင်မချင်း အထပ်ထပ်ရှင်းပြလျက် မမှန်မချင်း အကြိမ်ကြိမ်လုပ်ဖို့လိုအပ်လေသည်။

လူနာကို အနေအထားမှန်ကန်စွာထားပေးတတ်ရန်လိုအပ်သကဲ့သို့ လုပ်ကိုင်ပေးမည့်သူကလည်း လူနာအား ထိထိရောက်ရောက်အကူညီပေးနိုင်ရန်နှင့် အန္တရာယ်ကင်းရှင်းစွာ သွားလာလှုပ်ရှားနိုင်စေရန်   
အနေအထားမှန်ကန်စွာနေတတ်ဖို့လိုပါသည်။ 

လူနာများကိုပြုစုစောင့်ရှောက်ပေးရင်း သင်ကြားလေ့ကျင့်သင်ကြားပြသပေးရင်း ကိုယ်တိုင်မှာ ခါးနာခြင်း ခြေလက်နာသွားခြင်းများမဖြစ်စေရန် အရေးကြီးသည်။

တကယ်က လူနာကိုပြုစုစောင့်ရှောက်ခြင်းနှင့်လေ့ကျင့်သင်ကြားပေးခြင်းတို့သည် တစ်ကြိမ်တခါသာလုပ်ရသည့်ကိစ္စမဟုတ်။ 
တစ်နေ့တရက်သာလုပ်ပေးရသည်မဟုတ်။  

နာရီများစွာ နေ့ရက်များစွာ လပေါင်းများစွာ လုပ်ပေးကြရလေ့ရှိရာ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် ရေရှည်ကျန်းမာကြံ့ ခိုင်မှုရှိနေရမည်ဖြစ်သည်။


ဆက်ရေးပါဦးမည်။ 





Wednesday, September 18, 2019

ကျွန်တော် သင်တန်းဆရာ




                                                                    Photo - Internet


အကြောအဆစ်ကုပညာရှင်တစ်ဦးအနေဖြင့် လူနာများကိုကြည့်ရှုပေးရသည်။

လူနာကပြောပြသည့်ဝေဒနာများ၊ အခက်အခဲများနှင့် ကိုယ်တိုင်မြင်တွေ့ရသည်တို့ကိုအခြေခံလျက် စနစ်တကျကြည့်ရှုစစ်ဆေးခြင်းနှင့် စမ်းသပ်မှုများလုပ်ရသည်။

လူနာကို ရောဂါဝေဒနာများအကြောင်းရှင်းလင်းပြောပြရင်း ကျန်းမာရေးပညာပေးခြင်းကို တလက်စာတည်းလုပ်ကြရစမြဲ။

အဘယ်ကြောင့်ဆိုသော် အကြေအဆစ်ရောဂါဝေဒနာများသည် ဆရာကကုသပေးရုံဖြင့်မလုံလောက်တတ်သောကြောင့်ဖြစ်သည်။

ဆရာပြောပြညွှန်ကြားပေးသည်များကို လူနာများက ကိုယ်ထူကိုယ်ထ၀ါယမစိုက်ပြီး ပုံမှန်လုပ်ရန်လိုအပ်သည်။

သို့မှသာ ရောဂါဝေဒနာများမှ သက်သာပျောက်ကင်းမှုရမည်ဖြစ်သည်။

ပြောလိုသည်မှာ မိမိတို့အကြောအဆစ်ကုပညာရှင်များသည် လူနာကို ကုလည်းကု၊ သင်လည်းသင်ပေးကြရသည်။ လူနာသာမက လူနာစောင့်များနှင့်လူနာ၏မိသားစုဝင်များကိုပါ သင်ကြားပြသပေးကြရသည်။

မိမိသည် စင်ကာပူနိုင်ငံတွင် နှစ်များစွာအလုပ်လုပ်ရင်း သင်တန်းများပေးခဲ့သည်။ 
- အထူးပညာရေးကျောင်းများ (Special Education Schools) မှ ဆရာဆရာများ
- အလုပ်သင်တန်းကျောင်းများ (Training and Development Centres) မှသင်တန်းဆရာ ဆရာမများ
- သူနာပြုဆရာမများ
- မသန်စွမ်းသူများ၏မိဘများနှင့်ညီအစ်ကိုမောင်နှမများ
- စေတနာရှင်လုပ်အားပေးများ (Volunteers) အစရှိသဖြင့်ဖြစ်၏။

ယခုတစ်ကြိမ်မှာတော့ စင်ကာပူနိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများတွင် ကျန်းမာရေးအကူများ (Health Care Assistant - HCA) အဖြစ်အလုပ်လုပ်ကိုင်လျက်ရှိကြသူများကို တစ်နေ့ကို ၄ နာရီကြာဖြင့် ၄ ရက်  (၁၆ နာရီကြာ) သင်ပေးနေရသည်။ 

ပုဂ္ဂလိက Training Academy သင်တန်းကျောင်းကြီးတစ်ခုမှ မိမိအားဆက်သွယ်ပြီး အကူအညီတောင်းလာ သောကြောင့် လုပ်ဖြစ်သွားသည်။ 

သင်ကြားပေးသည့်အချိန် (နာရီ) ကြာမြင့်မှုအရ ကျသင့်ငွေကိုနေ့ချင်းရှင်းပေးပါသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ပထမသင်ခန်းစာမှာ Stroke Rehabilitation ဖြစ်သည်။ 

  • Overview of stroke rehabilitation
  • Neuroplasticity
  • Patient-Centred Care 
တို့အကြောင်း သင်ပေးခဲ့သည်။




ဆက်ရေးပါဦးမည်။















Sunday, September 8, 2019

အကြောအဆစ်ကျန်းမာ လူကျန်းမာ






စက်တင်ဘာလ ၈ ရက် ယနေ့သည် တစ်ကမ္ဘာလုံးဆိုင်ရာအကြောအဆစ်ကုပညာရပ်နေ့ (World Physical Therapy Day - WPT Day) ဖြစ်သည်။
ထိုကြောင့် 
နိုင်ငံအသီသီးတွင် WPT Day အထိမ်းအမှတ်ကျင်းပလျက်ရှိနေကြ၏။


မိမိတို့မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း(Myanmar Physiotherapy Association - MPA) ၏ဦးဆောင်ဦးရွက် ပြုမှုဖြင့် အကြောအဆစ်ကုပညာရှင်များသည် WPT Day ကို မြန်မာနိုင်ငံဆရာဝန်အသင်းတိုက်တွင် ကျင်းပလျက်ရှိနေပါသည်။   

ယင်းသို့ကျင်းပရခြင်း၏အဓိကရည်ရွယ်ချက်မှာ အကြောအဆစ်ကုပညာရပ်က လူတိုင်းကျန်းကျန်းမာမာဖြင့် သွားလာလုပ်ကိုင်နိုင်ရန် (keeping people well and independent) ဖြစ်သည်။

သို့ဖြစ်ရာ WPT Day ကို ယခုကဲ့သို့နှစ်စဉ်ကျင်းပပေးခြင်းအားဖြင့် အကြောအဆစ်ကုပညာရပ်အကြောင်းကို လူများ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိရှိလာကြမည်ဖြစ်သည်။


လူအဖြစ်ရပ်တည်နေခြင်းတွင် ကျန်းမာရေးကောင်းမွန်မှုသည် အဓိကအရေးကြီးသည့်ကိစ္စတစ်ခုဖြစ်သည်။ 

ကျန်းမာရေးဟူသောစကားရပ်သည် ကျယ်ပြောလှ၏။ 
ဖျားနာနေထိုင်မကောင်းခြင်း၊ 
ထိခိုက်ဒဏ်ရာရခြင်း၊ 
ရောဂါကူးစက်ခြင်း 
စသဖြင့်အမျိုးမျိုးရှိသည်။

ယင်းတို့အထဲတွင် အကြောအဆစ်ရောဂါဝေဒနာများသည် တစ်မျိုးအပါအ၀င်ဖြစ်သည်။

အကြောတင်အကြောလွဲခြင်း၊ ကြွက်သားနာခြင်းကဲ့သို့သောသာမန်နာကျင်ကိုက်ခဲမှုဖြစ်ခြင်းမှ မတော်တဆထိခိုက်အနာတရဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ အကြောသေခြင်း၊ သွားလာလှုပ်ရှားမှုခက်ခဲခြင်းနှင့် ခြေလက်အင်္ဂါချွတ်ယွင်းခြင်းတို့အထိဖြစ်နိုင်လေသည်။





ယင်းအခြေအနေအရပ်ရပ်တို့သည် တကယ်က အဖြစ်များလှသည်။ 
လူအတော်များများ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ခံစားနေကြရသည်။
အချို့ မှာ တစ်ကြီမ်မကပင် ခံစားဖူးတတ်ကြသေးသည်။ 


ဆက်ရေးပါဦးမည်။



Saturday, September 7, 2019

ဆေးရုံမှာလုပ်တဲ့ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (၂)




       WCPT Day နေ့မှာ လက်ဆောင်ရခဲ့တဲ့ပစ္စည်း  


ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World Physical Therapy Day) အထိမ်းအမှတ်ကိတ်မုန့်လှီးပြီးတဲ့နောက်တော့ Allied Health Profession ညွှန်ကြားရေးမှူးက အကြောအဆစ်ကုပညာရှင်များနဲ့အကြောအဆစ်ကုလက်ထောက်များကို Power Bank တစ်ခုစီ လက်ဆောင်ပေးပါတယ်။

အကြောအဆစ်ဌာနမှူးက သူရတဲ့ Power Bank ကို မိမိကိုလက်ဆောင်အဖြစ်ပြန်ပေးပါတယ်။
မိမိက Power Bank သုံးလေ့သုံးထမရှိတာကြောင့်ငြင်းပေမယ့် ပေးသူကစေတနာနဲ့ပေးတာဖြစ်လို့ ယူထားလိုက်ပါတယ်။

ဒီနောက်မှာ နေ့ ၁၂ နာရီထိုးပြီဖြစ်လို့ လူနာဆောင်တွေဆီပြန်သွားဖို့အချိန်မရှိတော့တာနဲ့ ကွန်ပြူတာမှာ လူ နာမှတ်တမ်းတွေရေးသွင်းရပါတယ်။

နေ့ ၁ နာရီခန့်မှာ လူနာမှတ်တမ်းရေးသွင်းတာ ပြီးသွားခဲ့ပါတယ်။

မူလကစီစဉ်ထားတဲ့အတိုင်း အပြင်ထွက်ပြီးနေ့လည်စာသွားစားကြဖို့ ဌာနမှူးကဆော်သြပါတယ်။

ဒီနေ့က မိမိတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာပညာရပ်အထိမ်းအမှတ်နေ့ဖြစ်လို့ အားလုံးစုပြီးအပြင်မှာသွားစားကြရန်ကြီုတင်စီစဉ်ထားခဲ့ရတာပါ။

နေ့တစ်နာရီကျော်မှာ ဌာနမှူး၏ လူ ၆ ဦးစီးကားလေးနဲ့ ဆေးရုံကနေ တပျော်တပါးထွက်ခဲ့ကြပါတယ်။ 

ရှေ့ ခန်းမှာ ဌာနမှူးနဲ့မိမိတို့ထိုင်ကြပြီး အနောက်ဘက်မှာက အကြောအဆစ်ကုပညာရှင် ၂ ဦးနဲ့ အကြောအဆစ်ကုလက်ထောက် ၃ ဦးထိုင်ပါတယ်။ 

ဌာနမှူးက ကားမောင်းရင်း သီချင်းလေးဖွင့်ထားပေးလို့ သွားရတဲ့မိနစ် ၅၀ ကြာခရီးလေးက ငြိမ့်ငြိမ့်လေးပါ။ 

သူက ငယ်ငယ်လေးကထဲက ကားမောင်းတာ ၀ါသနာပါတော့ ကားကိုမြန်မြန်မောင်းလဲ ခပ်ငြိမ့်ငြိမ့်။ နှေးနှေးမောင်းလဲ ခပ်ငြိမ့်ငြိမ့်။ 

မိမိက သူနဲ့အတူ ရှေ့ မှာထိုင်နေတာဖြစ်လို့ သူရဲ့ ကားမောင်းကျွမ်းကျင်ပုံကို သတိပြုမိနေခဲ့တာ။ 
အဖြောင့်မောင်းတာ၊ ချိုးတာ ကွေ့တာ၊ လမ်းပြောင်းယူတာ စတာစတာတွေ။ 

စင်ကာပူရဲ့ နာမည်ကျော် ကလတ်ကီး (Clarke Quay) မှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင်မှာစားကြပါတယ်။

နုနအိအိသိုးသားဟင်း၊ 
အီအီစိမ့်စိမ့်ထောပတ်ကြက်သားဟင်း၊ 
ကြက်သားလိပ်ကျော်၊ 
ပုဇွန်ဟင်း၊ 
နံပြားစသဖြင့် ဟင်းအမယ်တော်တော်စုံပါတယ်။ 

ဒီကုန်ကျစရိတ်ကို ဆေးရုံကကျခံပေးတာဖြစ်ပါတယ်။

နေ့လည်စာစားနေရင်း ဆိုင်မှာဖွင့်ထားတဲ့သီချင်းလေးကို နားထောင်ခံစားမိကြတယ်။
မိမိတို့အထဲကတစ်ယောက်က ဘာသီချင်းလေးလဲ မသိဘူး။ နားထောင်လို့ကောင်းတာလို့ပြောပါတယ်။
ဌာနမှူးက စားနေတာကိုရပ်ပြီး သီချင်းကို အာရုံပြုနားထောင်ကာ အာရေးဗစ်သီချင်းဖြစ်မယ်လို့ပြောလိုက်ပါတယ်။

ဒီအခါမှာ တစ်ယောက်က သူ့တယ်လီဖုန်းလေးကိုမျက်နှာကြက်ဆီမြှောက်တင်လိုက်ပြီး ပြန်ချကြည့်ရင်း ဂျူး ၀စ်ရှ်သီချင်း (Jewish song) လို့ပြောတယ်။ သူ့တယ်လီဖုန်းမှာပေါ်လာတဲ့ပုံလေးကိုပြပါတယ်။
သီချင်းသံကို ဖုန်းနဲ့တစ်ချက်လေးဖမ်းလိုက်တာနဲ့ မူလသီချင်း၊ သီဆိုသူနဲ့ရေးသူတွေအကြောင်းပါသိနိုင်တယ်ဆိုတာကို တောသားမိမိ ပထမဆုံးသိဖူးခြင်းရယ်ပါ။ 


နေ့လည်စားသောက်ပြီးတဲ့ညနေပိုင်းမှာ အလုပ်ကိုပြန်သွားဖို့လဲမလိုတော့တာကြောင့် ၀၀တင်တင်းဗိုက်ကလေးပိုက်လို့ တရေးတမောငိုက်ရင်း ရထားနဲ့အိမ်ကိုပြန်လာခဲ့ပါတော့တယ်။
















ဆေးရုံမှာလုပ်တဲ့ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့



ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ဆောင်ပုဒ် 


ဒီကနေ့ မိမိအလုပ်လုပ်နေတဲ့ဆေးရုံက အကြောအဆစ်ကုဌာနမှာ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World Physical Therapy Day) အထိမ်းအမှတ်ပွဲလေးလုပ်ဖြစ်ပါတယ်။

အကြောအဆစ်ကုဌာနမှာပဲ လုပ်ခဲ့ကြတာပါ။

"ကျမရဲ့ လူနာအသစ် ၃ ဦးကို ကျေးဇူးပြုပြီးကြည့်ပေးနိုင်မလား။ ကျမမှာလူနာတွေ ဒီနေ့များလွန်းနေလို့ပါ"

မနက် ၈ နာရီခွဲ အလုပ်ကိုရောက်လို့ မိမိတာဝန်ကျတဲ့လူနာဆောင်တွေဆီက လူနာလွဲအပ်ဇယားကို ကွန်ပြူတာမှာကြည့်နေတုန်း  လုပ်ဖော်ကိုင်ဖက်တစ်ဦးက အထက်ကအတိုင်း အကူအညီတောင်းလာပါတယ်။

ဒီနေ့အဖို့ မိမိမှာ လူနာအသစ်မရှိသေးတာကတစ်ကြောင်း၊ သူ့မှာ လူနာအသစ်တွေ အများကြီးရှိနေတာကိုလူနာလွဲအပ်ဇယားမှာ တွေ့နေရတာကတစ်ကြောင်းတို့ကြောင့် "ရပါတယ်။ ငါ့မှာလူနာအသစ် တစ်ယောက်မှမရှိသေးပဲဟာ" လို့ပြောလိုက်ပါတယ်။

ဒါနဲ့သူက စာရွက်ကလေးပေါ်မှာ လူနာအမည်နဲ့လူနာဆောင်အမည်တွေရေးပေးပြီး ကျေးဇူးတင်ကြောင်းပြောပါတယ်။
နောက်ပြီး ဒီမနက် ဌာနမှာ World PT Day လုပ်မှာဖြစ်လို့ ၁၁ နာရီခွဲလောက် ခဏပြန်လာခဲ့ဖို့ သူက မိမိကိုမှာပါသေးတယ်။

ဒါနဲ့ လူနာဆောင်တစ်ခုက လူနာအသစ် ၂ ဦးနဲ့ နေက်တစ်ဆောင်က လူနာ ၁ ဦးတို့ကိုကြည့်ပြီး ဌာနကို ၁၁ နာရီမထိုးမီ အရောက်ပြန်လာခဲ့ပါတယ်။

ခဏနေတော့ ဆေးရုံက Allied Health Profession ညွှန်ကြားရေးမှူးရောက်လာပြီး သူနဲ့အတူ HR ဌာနက အရာရှိနှစ်ဦးလဲပါလာခဲ့ပါတယ်။

နောက်ပြီး ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့အထိမ်းအမှတ်ပွဲလေးကို မွေးနေ့ကိတ်လှီးပြီးစလိုက်ကြပါတယ်။
အကြောအဆစ်ကုပညာရှင်များ (Physiotherapists) နဲ့ အကြောအဆစ်ကုလက်ထောက်များ (Therapist Assistants, Multi-Skilled Therapist Assistants) များကို စုပေါင်းမတ်တတ်ရပ်စေပြီး HR ဌာနက အရာရှိအမျိုးသမီးက အမှတ်တရဓာတ်ပုံနဲ့ဗွီဒီယိုပုံများရိုက်ပေးပါတယ်။


ဆက်ရေးပါဦးမယ်။