
ST PHOTO: KHALID BABA, PHOTO: SHIN MIN DAILY NEWS
တစ်နေ့က အလုပ်သွားရင်း ၀ု(ဒ)လဲန်း(စ) ဘူတာမှာ အခမဲ့ဝေတဲ့သတင်းစာ thenewpaper ကိုယူပြီး ဘတ်ကားစောင့်နေတုန်း ဖတ်ပါတယ်။
မျက်နှာဖုံးသတင်းမှာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးPDM လူစီးယာဉ်တိုက်မိလို့ ဆေးရုံအထူးပြုစုရးအခန်းမှာ စက်နဲ့အသက်ဆက်နေရတဲ့တွေ့ရတဲ့သတင်းကို စိတ်မကောင်းစွာသိရပါတယ်။
စည်းကမ်းရှိလို့ထင်ရှားတဲ့စင်ကာပူနိုင်ငံမှာ လတ်တလောတွေ့နေရတဲ့ စည်းကမ်းအမဲ့ဆုံးအကြောင်းအရာတစ်ခုကိုပြောရမယ်ဆိုရင် ပီဒီအမ် (PDM) လို့အတိုကောက်ခေါ်နေကြတဲ့လူစီးယာဉ် (Personal Mobility Device) စီးနေကြတာပဲဖြစ်တယ်။

စီးသူတချို့ က သတ်မှတ်ထားတဲ့ဥပဒေနဲ့အညီ မစီးကြလို့ပါ။
သူတို့ဖာသာ အစီးမတော်လို့လဲကျပြီး ဒဏ်ရာအနာတရဖြစ်
ကြရသူတွေရှိသလို တချို့ သေတောင်သေကြသေးတာ။
ဒါက သူတို့ဖာသာဖြစ်တကြတာ။
နောက်တမျိုးက သူတို့စည်းမဲ့ကမ်းမဲ့ ဘရမ်းဘတာစီးကြလို့
လမ်းသွားလမ်းလာတွေကို ထိခိုက်အနာတရဖြစ်စေတာ။
အခုဆို အဲဒီလိုစည်းမဲ့ကမ်းမဲ့လက်လွတ်စပယ်စီးကြလို့ တခြားသူတစ်ဦးမှာ အသက်ဆုံးရှုံးရတဲ့အထိဖြစ်လာ ခဲ့ပြီ။
No comments:
Post a Comment