"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 28, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၄


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (14)

I registered for the WCPT Congress as retired and reduced registration was offered to us.

However I enjoyed the same entitlement as regular conference delegates.





မိမိသည် ၂၀၁၇ ခုနှစ်က တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ နှင့် ယခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ တို့တွင်ကျင်းပခဲ့သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ညီလာခံများတွင် အမျိုးအစား ၂ မျိုးမှာပါဝင်သူတစ်ဦးအနေဖြင့် တက်ခဲ့ခြင်းဖြစ်သည်။

ပထမအမျိုးအစားသည် ညီလာခံတက်ရန်မှတ်ပုံတင်သောအခါ အငြိမ်းစားယူပြီးသူတစ်ဦး (retired) အဖြစ် ညီလာခံမှတ်ပုံတင်ကြေး (registration fee) ပေးခဲ့ရသည်။

ပုံမှန်ညီလာခံကြေးထက် သက်သာလေသည်။

ဒုတိယအမျိုးအစားမှာ ညီလာခံကိုယ်စားလှယ်အမျိုးအစားတွင် Clinician (ဆေးကုသပေးနေသူ) အမျိုးအစားတွင်ပါဝင်ခဲ့သည်။

ဆိုလိုသည်မှာ မိမိသည် ပညာသင်ကြားပေးနေသူ (Educator) မဟုတ်။ သုတေသနလုပ်ငန်းများလုပ်နေသူ (Researcher) မဟုတ်။ စီမံအုပ်ချုပ်သူ (Manager) မဟုတ်။ ဘွဲ့ကြို ဘွဲ့လွန်တက်နေသူ (Student) မဟုတ်။

ယခင်အလုပ်မှအနားမယူခင်ကတော့ ဆေးကုသပေးနေသူ (Clinician) အဖြစ်သာတက်ခဲ့ပါသည်။

WCPT မှ မနေ့ကပေးပို့သောအီးမေးပါ WCPT E-Update အရသိရသည်မှာ ၂၀၁၉  ခုနှစ် ညီလာခံကိုယ်စားလှယ်များတွင် အများစုသည် Clinician များဖြစ်ကြကြောင်းသိရှိရပါသည်။

ထို့နောက်မှ Educator ၊ Researcher ၊ Manager နှင့် Student များ စသဖြင့် အစဉ်လိုက်အရေအတွက်ရှိလေသည်။

နောက်တစ်ခုစိတ်ဝင်စားစရာကောင်းသည်မှာ ညီလာခံကိုယ်စားလှယ်များ၏အသက်အရွယ်ပင်ဖြစ်သည်။


               


နံပတ် ၁ အများစုသည် အသက် ၂၅ နှစ်မှ ၃၄ နှစ်အကြားရှိကြပြီး အနည်းဆုံးအသက်အရွယ်အုပ်စုမှာ အသက် ၆၅ နှစ်နှင့်အထက်ဟုဆိုပါသည်။

ယင်းမှာ မိမိ၏အသက်အရွယ်အပိုင်းဖြစ်လေသည်။

ညီလာခံများတွင် မိမိနှင့်သက်တူရွယ်တူများကိုတွေ့ရသဖြင့် မိမိ အားတက်မိပါသည်။


            


အလုပ်မှအနားယူပြီးကြသည့်တိုင် မိမိတို့၏ပညာရပ်နယ်ပယ်ကို မစွန့်ပစ်ကြသေး။

စိတ်ဝင်စားနေကြဆဲ
ပါဝင်ပတ်သက်နေကြဆဲ
အားပေးနေကြဆဲ
ဆက်လက်မျှဝေနေကြဆဲ

မိမိတို့၏ပညာရပ်နယ်ပယ်ကို စိတ်ကုန်ဖို့ စွန့်လွှတ်ဖို့ မေ့ပစ်လိုက်ဖို့ဆိုသည်မှာ ဝေလာဝေးနေသေးတော့။

Once you have become a Physiotherapist, 
Always a Physiotherapist.












No comments:

Post a Comment