"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, April 17, 2015

ဆရာကြီးဦးရွှေအောင်၏စာအုပ် ရပါပြီ



၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်





ဆရာကြီးဦးရွှေအောင်၏စာအုပ် ရပါပြီ






နီပေါနိုင်ငံ လုမ္ဗနီမှာ ကျောင်းထိုင်နေသော ဆရာလေး Bhaddamanika က စင်ကာပူမှာရှိတဲ့ သမီးထံ အီးမေးပေးပို့ပြီး ဆရာကြီးဦးရွှေအောင်(မဟာဝိဇ္ဇာ-သက္ကတ) ရေးသားပြုစုခဲ့သည့် “ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့”မြန်မာစာအုပ်ကို ဦးလှမောင်က အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားခဲ့တဲ့ “The Buddha - Peerless Benefactor of Humanity” စာအုပ်အကြောင်း စုံစမ်းလာတဲ့အကြောင်းနဲ့ ရန်ကုန်က မိတ်ဆွေဦးလွင်သိန်း (နေလစာပေဖြန့်ချိရေး)အား မိမိက လှမ်းပြီးအကူအညီတောင်း ထားရကြောင်းကို ပြီးခဲ့တဲ့လက ဖေ့စ်ဘွတ်မှာ ရေးတင်ခဲ့ပါတယ်။ 


မိတ်ဆွေဦးလွင်သိန်းက လူကြုံနဲ့ပေးလိုက်တဲ့ အဲဒီစာအုပ်ကို စင်ကာပူမှာရှိတဲ့ သူ့သားဖြစ်သူ ကိုပိုင်စိုးမှတစ်ဆင့် စာတိုက်ကနေပို့ပေးလို့ ကျေးဇူးတင်စွာဖြင့် ဒီကနေ့ရရှိခဲ့ပါတယ်။















No comments:

Post a Comment