"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 19, 2015

ကလေးငယ်ငယ် ပြေးလွှားဆော့ကစားတယ်



၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်




16 hrs · Edited · 

ကလေးငယ်ငယ် ပြေးလွှားဆော့ကစားတယ်


ဓာတ်ပုံ - အင်တာနက်။



မနေ့က သောကြာနေ့မှာ မိမိ၏ဆေးကုသမှုအစီအစဉ်ထဲတွင် ထည့်သွင်းထားတဲ့ ကျောင်းပြင်ပကစားခြင်း (outdoor playground activities) ကို လုပ်ကြရပါတယ်။ ကျောင်းရဲ့ အနီးအနားက ကလေးကစားကွင်း ဆီကို အတန်းတစ်တန်းလုံး သွားပြီးကစားကြတာပါ။ 

မနက်ပိုင်းက ကလေး ၈ ယောက်နဲ့ ဆရာမ ၂ ဦး။ 
ညနေပိုင်းက ကလေး ၉ ယောက်၊ ဆရာမ ၃ ဦးနဲ့ လုပ်အားပေးကျောင်းသူ ၁ ဦးတို့ဖြစ်ကြပါတယ်။ 

ဒီနေရာမှာ PT အနေနဲ့ မသန်စွမ်းမှုများကို ကာကွယ်ကုသပေးတာအပြင် ဘာ့ကြောင့် ကစားခုန်စားတာတွေ လုပ်ပေးနေရတာလဲလို့ အချို့ ကမေးကောင်းမေးကြပါမယ်။ 

အတိုချုပ်ဖြေရရင် PT ဆိုတာ ဟိုရှေးခေတ်ကလို မသန်စွမ်းမှုတွေကိုပဲ ကာကွယ်ကုသရတာမျိုး မဟုတ် တော့ပဲ မသန်စွမ်းကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက်ကိုလည်းပဲ (to facilitate the growth and development of children with disabilities) ဆောင်ရွက်ပေးကြရတာမို့ပါ။ 

PT များ အဓိကနားလည်ကျွမ်းကျင်တဲ့ gross motor and funtional skills ကို စနစ်တကျအသုံးပြုပြီး သင်ကြားပေးရတာဖြစ်တယ်။

"ကဲ ကစားကွင်းကိုရောက်ပြီ။ ဆော့ချင်သလိုဆော့ကြပေတော့"ဆိုပြီး လွှတ်ပေးတာမျိုး ကစားခိုင်းတာမျိုး မဟုတ်ပါဘူး။ 

ခေါင်း၊ ပခုံး၊ လက်မောင်း၊ လက်ချောင်း၊ ခါး၊ ခြေထောက်များကို သန်စွမ်းမှုဖြစ်စေမည့်၊ ကိုယ်နေဟန်ထား ချိန်ဆမှုကောင်းစေမည့်၊ အကြောအဆစ်ပျော့ပျောင်းစေမည့်၊ သက်လုံကောင်းစေမည့် ကစားအမျိုးအစား တွေ (therapist-guided physical activities) ကို PT က သေချာရွေးပြီး ဆရာမများရဲ့ အကူအညီနဲ့ ဘယ် လိုလုပ်ရမယ်ဆိုတာ သင်ပြပေးတယ်(teach and demonstrate)။ တစ်ချိန်ထဲမှာ လိုအပ်သလိုလည်း ကူ ညီထိန်းကြောင်းပေးကြရတယ် (assist and guide)။

ကန့်ဘလူမြို့ ပရဟိတအကြောအဆစ်ကုဆေးခန်းမှာ မျိုးဆက်သစ် PT များကို လက်ကိုသုံးပြီး လူနာတွေ ကို ဘယ်လို assist ဒါမှမဟုတ် guide လုပ်ပေးနိုင်တယ်ဆိုတာ နှိုင်းယှဉ်ရှင်းပြခဲ့တာ မှတ်မိကြဦးမယ် ထင် ပါတယ်။ 

ဥာဏ်ရည်နိမ့်မသန်စွမ်းကလေးအများစုမှာ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးတတ်တာကြောင့် (developmental delay) စနစ်တကျ လှုပ်ရှားလေ့ကျင့်ပေးဖို့ အထူးလိုအပ်တာဖြစ်တယ်။

Physical therapy for developmental delay focuses on improving balance, strength, endurance and flexibility to improve and promote a healthier functioning level. 


ဓာတ်ပုံ - အင်တာနက်။



ကလေးငယ်များဘ၀မှာ အရေးကြီးဆုံးအရာ ၃ မျိုးကတော့ အအိပ်၊ အစားနဲ့ အကစားပါ။

မိဖများအနေဖြင့် အအိပ်နှင့်အစားတို့ကို ယေဘုယျအားဖြင့် ဖြည့်ဆည်းပေးကြသော်လည်း ကလေးငယ်များ ၏ ရုပ်ပိုင်းကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ကစားခုန်စားရေးအတွက်မူ အလေးပေးဆောင်ရွက်ပေးသူ မများလှဟုပြောနိုင်ပါမယ်။ 

တကယ်က ပုံမှန်သန်စွမ်းမှုရှိတဲ့ကလေးများသည်ပင် စနစ်တကျ လှုပ်ရှားလေ့ကျင့်ပေးဖို့ လိုအပ်ကြောင်းကို PT များက မိဖများကို ရှင်းလင်းပြောပြကြရမှာဖြစ်ပါတယ်။
















No comments:

Post a Comment