"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 25, 2015

ကလေးငယ်များ အမူအရာအတုခိုးလုပ်ပြခြင်း


၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်



 mins ·

ကလေးငယ်များ အမူအရာအတုခိုးလုပ်ပြခြင်း 

ရိုးသားပြီးအပြစ်ကင်းစင်သောကလေးငယ်များ ဘာလုပ်လုပ် ဘာတွေလုပ်ပြပြ လူကြီးများအဖို့ ချစ်စရာကောင်းတတ်ကြပါသည်။

တစ်နေ့မှာ အဖွားဖြစ်သူက မြေးကလေးအားချီထားရင်း “မေမေက စိတ်ဆိုးရင် ဘယ်လိုလုပ်သလဲ၊ ဘိုးဘိုးကို လုပ်ပြလိုက်“ ဟု ခိုင်းသောအခါ သူ့နှုတ်ခမ်း ၂ ခုအား စူပြပါသည်။ 


နှုတ်ခမ်းထူထူ စူစူပုတ်လို့ ..



တစ်ခါ အဖွားဖြစ်သူက “ဖေဖေကရော ပါးကို ဘယ်လိုရွဲ့ သလဲ၊ ဘိုးဘိုးကို လုပ်ပြပါဦး“ ဟု ပြောသော အခါ သူ့ပါးစောင်တစ်ဖက်ကို ရွဲ့ ပြလေသည်။


မျက်လုံးလေးမှေး ပါးကလေးရွဲ့ ကာ ..



နောက်တစ်ခါ အဖွားဖြစ်သူက “မြတ်နိုးလေးကရော ဘယ်လိုလှလှလေးပြုံးသလဲ လုပ်ပြပါဦး“ ဟု ပြောသောအခါ သူ့နှုတ်ခမ်းလေးများကိုစုကာ မခို့တရို့ ပြုံးပြပါလေသည်။


လှလှလေးတဲ့ ပြုံးတတ်တယ်။



ပညာရှင်များအဆို

လူကြီးများ၏အမူအရာကို ကလေးငယ်များက အတုခိုးလုပ်ပြခြင်း (imitation of facial gestures) သည် သူ့ပတ်ဝန်းကျင်မှ လူအချို့ အား သူတို့အနေဖြင့် ခွဲခွဲခြားခြားသိရှိကြောင်း သက်သေပြခြင်း ဖြစ်သည်ဟုလည်းကောင်း၊ လူမှုဆက်ဆံရေးကို သင်ယူနေခြင်းဟုလည်းကောင်း ပညာရှင်များက ဆိုကြပါသည်။ ယင်းမှာ ကလေးဦးနှောက်၏ကြည့်ရှုမှတ်သားနိုင်မှုနှင့်ပြန်လည်ပြုလုပ်နိုင်စွမ်း (a neural mapping between observed and executed movements in human infants) ဟု ရှင်းပြခဲ့ကြ၏။




Precious WinChellMin KhaingShwe Moe Lay and 22 others like this.












No comments:

Post a Comment