"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, April 15, 2015

မြန်မာ့သင်္ကြန်သတင်းနှင့် မြန်မာ့သင်္ကြန်မြင်ကွင်းများ



၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်









နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကျသည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်နှင့်အတူ ရေသဘင်ပွဲဆင်နွှဲကြသည်။

မြန်မာတိုင်းမြန်မာတိုင်းလိုလို အချိန်တန်လျှင် သင်္ကြန်ကိုမျှော်တတ်ကြပြီးသကာလ ရေသဘင်ကို ပါဝင်ဆင်နွှဲတတ်ကြပါသည်။

မိမိသည်လည်း လူမှန်းသိစအရွယ်ကတည်းက သင်္ကြန်ကို ရင်ခုံစွာ ရင်မောစွာ မျှော်ခဲ့ဖူးသကဲ့သို့ ရေသ ဘင်ပွဲများကို ရေပက်သူ၊ ရေပက်ခံသူ၊ အဆိုအကကြည့်သူ၊ သံချပ်နားထောင်သူအဖြစ် ပါဝင်ခဲ့ဖူးပါသည်။

သို့မို့ကြောင့် ယခုကဲ့သို့ အမိမြန်မာပြည်ကြီးနှင့်နှစ်ရှည်လများ ဝေးကွာနေရသောအခါ သင်္ကြန်ကာလသို့ ရောက်လေတိုင်း ...

သင်္ကြန်သတင်းနားထောင်၍ လွမ်းမိရသည်။
သင်္ကြန်သီချင်းနားထောင် အလွမ်းဖြေရသည်။ 
မိသားစုနှင့်ဖြစ်စေ အပေါင်းအသင်းများနှင့်ဖြစ်စေ သင်္ကြန်အကြောင်းပြောကြရင်း အတိတ်ကသင်္ကြန်များကို လွမ်းမောမိရသည်။

သို့ဖြစ်ရာ မိမိကဲ့သို့ မြန်မာပြည်နှင့်ဝေးရာသို့ရောက်ရှိနေကြသူများအတွက် မြန်မာ့သင်္ကြန်သတင်းနှင့် မြန် မာ့သင်္ကြန်မြင်ကွင်းများကို လက်လှမ်းမီသ ခံစားမျှဝေလိုက်ရပါ၏။









































































No comments:

Post a Comment