"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 4, 2015

အော်တစ်ဇင်ဟူသည်



၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက်





အော်တစ်ဇင်ဟူသည်

ယခုနှစ် ဧပြီလ ၂ ရက်နေ့သည် အဋ္ဌမအကြိမ်မြောက် ကမ္ဘာ့အော်တစ်ဇင်အမှတ်တရနေ့ (8th World Autism Awareness Day) ဖြစ်ပါတယ်။ 

ယင်းအမှတ်တရနေ့အခမ်းအနားကို မနေ့က ရန်ကုန်မြို့ ရှိ ပြည့်သူ့ဥယျာဉ်တွင် ကျင်းပခဲ့ကြောင်း ဖေ့စ်ဘွတ် မှာ ဖတ်ရပါတယ်။

မိမိ မြန်မာပြည်သို့အလည်ပြန်တဲ့အခါတိုင်း PT နဲ့ ဆရာဝန်အချို့ က အော်တစ်ဇင်အကြောင်းကို မိမိအား မေးမြန်းဆွေးနွေးကြတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ မိမိက စင်ကာပူနိုင်ငံမှာရှိတဲ့ အထူးပညာရေးကျောင်း (Special Education School) မှာ အော်တစ်ဇင်ကလေးများကို အကြောအဆစ်ဆိုင်ရာကုသမှုများ ပြုလုပ် ပေးနေတာ ကြားသိကြလို့ဖြစ်ပါတယ်။ 

မှတ်မိသ၍ ၂၀၀၅ ခုနှစ်လောက်က ရန်ကုန်မှာ (နေရာတော့အတိအကျမမှတ်မိတော့ပါ။ သမိုင်းမသန်စွမ်း ဆေးရုံအနီးလို့ ထင်ပါတယ်။) PT များအတွက် မိမိ ဆွေးနွေးပြောဟောခဲ့စဉ်က ဒေါက်တာဦးကျော်ဋ္ဌေး (Hand Surgeon, Ortho) က ဒေါက်တာဒေါ်ခင်စန္ဒာဝင်း (ဗိုလ်ချုပ်ကြီးနေ၀င်း၏သမီး)ကိုခေါ်လာပြီး မိမိနဲ့ မိတ်ဆက်ပေးဖူးပါတယ်။ မိမိ မှတ်မိတာက သူက အော်တစ်ဇင်ကျောင်းဖွင့်ထားလို့ လာပြီးမေးမြန်းဆွေးနွေး ခြင်းဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ကန့်ဘလူမှာ ပရဟိတအကြောအဆစ်ကု လုပ်အားပေးလာရင်း ဒီအကြောင်းကို အထူးစိတ်ဝင်စားလို့ ဧည့်ရိပ်သာကဧည့်ခန်းမှာ ညဥ့်နက်သည်အထိ အော်တစ်ဇင်အကြောင်းကို မိမိနဲ့ဆွေး နွေးခဲ့ဖြစ်သူ PT တစ်ဦးကတော့ နန်းမိုခမ်း ဖြစ်ပါတယ်။ အဲဒီအချိန်က သူက အော်တစ်ဇင်လူနာအချို့ ကို ကုသပေးနေတယ်လို့ သိခဲ့ရပါတယ်။ 

ဒါ့ကြောင့် ကမ္ဘာ့အော်တစ်ဇင်အမှတ်တရနေ့ရယ်လို့ စတင်မကျင်းပမီ ၂ နှစ်အလို ၂၀၀၆ ခုနှစ် ဧပြီလထုတ် ကလျာမဂ္ဂဇင်းမှာ မိမိရေးသားခဲ့တဲ့ “အော့တစ်ဇင်ကလေးများ” အမည့်နဲ့ဆောင်းပါးကို အော်တစ်ဇင်အ ကြောင်းစိတ်ဝင်စားသူများအတွက် ယခုဖေ့စ်ဘွတ်တွင် ပြန်လည်တင်ပေးလိုက်ရကြောင်းပါ။




















  • Khin SandarSandar NyeinMa May and 42 others like this.
  • Thanda Aye Autism ကျောင်းဖွင့်ထားတာ 
    Dr. ဒေါ်ကြေးမုံဝင်းပါ ဆရာ
  • Naing Lin Aung ကျေးဇူးပါဆရာကြီး
  • Tin Maung Aye အမှန်ပြင်ပေးတာ ကျေးဇူးပါ Thanda Aye။ ဆရာလည်း တစ်ခါပဲတွေ့ဖူးခဲ့တာ။ ဆရာ့မှာ အဲဒီတုန်းက သူရယ်၊ ဒေါက်တာဦးကျော်ဋ္ဌေးရယ် ဆရာတို့ အတူရိုက်ထားတဲ့ဓာတ်ပုံတော့ရှိတယ်။















No comments:

Post a Comment