"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 12, 2015

မြေးကလေးနှင့်ကစားခြင်း



၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်






မြေးကလေးနှင့်ကစားခြင်း


မနေ့ညနေ အလုပ်မှအပြန်တွင် Jurong East ဘူတာမှာ မိသားတစ်စု ဆုံတွေ့ကြ၏။

အဘိုးဖြစ်သူမိမိက အလုပ်မှရထားစီးလာကာ Jurong East ဘူတာမှာဆင်းသောအခါ ဇနီး၊ သမီးနှင့်မြေး လေးတို့ ဘူတာကို မရောက်ကြသေး။ မြန်မာရွာကြီးရှိရာ peninsula plaza ကုန်တိုက်မှ ရထားစီးပြီး ပြန်လာနေကြဆဲ။

သို့ဖြစ်ရာ မိမိက ဘူတာနှင့် West Gate ကုန်တိုက်ကြီးတို့အားဆက်ထားသည့် ပလက်ဖောင်းတွင် သတင်း စာဖတ်ရင်း သူတို့ကို ထိုင်ပြီးစောင့်နေခဲ့ပါသည်။

အလုပ်ဆင်းချိန်ဖြစ်သဖြင့် ရထားမှဆင်းလာကြသူများ၊ ရထားစီးရန်သွားကြသူများ၊ West Gate၊ Jem နှင့် Big Box ကုန်တိုက်ကြီး ၃ ခုဆီကို သွားကြသူများဖြင့် ပျားပန်းခပ်မျှစည်ကားလို့နေလေသည်။ ခဏကြာ သောအခါ သူတို့ရောက်လာကြသဖြင့် West Gate ကုန်တိုက်ကြီး၏မြေအောက်ထပ်ရှိ စားသောက်ဆိုင် များသို့ ညနေစာစားရန် ဆင်းလာခဲ့ကြ၏။ မြေးလေးအား လက်တွန်းလှည်းဖြင့် ခေါ်လာသောကြောင့် နေရာ ကျယ်သောထောင့်တစ်နေရာကစားပွဲတွင် နေရာယူကြရ၏။


ပုံ (၂) အပေါ်ဆုံး - West Gate ၏ ၄ ထပ်ရှိ ကလေးကစားကွင်း။


အဘိုးနှင့်အဘွားက အိန္ဒိယဆိုင်မှ တိုရှည် (thozay/dosai) စားကြပြီး သမီးက ဆီချက်ခေါက်ဆွဲ (ဒီက အခေါ် mee pot) စားသည်။ မြေးလေးက ဆီချက်ခေါက်ဆွဲမစားတတ်သဖြင့် မိမိတို့စားသည့် တိုရှည် အပြားကြွပ်ဆတ်ဆတ်ကိုသာ ကိုက်စားပါသည်။ 

စားသောက်ပြီးနောက် ၄ ထပ်ရှိ ကလေးကစားကွင်းသို့ ဓာတ်လှေကားဖြင့် တက်သွားခဲ့ကြ၏။ ထိုကစား ကွင်းမှာ လူများနေသဖြင့် ၄ ထပ်တွင်ရှိသော နောက်ကစားကွင်းတစ်ခုကို သွားကြရပြန်၏။ ထိုကစားကွင်း တွင် စောစောကကစားကွင်းလောက် ကစားစရာများများစားစားမရှိလှပေ။ သို့နှင့် မြေးအဘိုးနှစ်ဦး လျှပ်စစ် ဓာတ်ဖြင့်သွားသော ဆင်ရုပ်ကြီးကို အတူစီးကြသည်။


မြေးကလေးနှင့်ကစားနေသောအဘွား တစ်ဦး၏အပြုံးအရယ်လေးများ။



မြေးဖြစ်သူအနေဖြင့် သူတစ်ယောက်တည်းစီးရန် ငယ်နေသေး၍ အဘိုးဖြစ်သူက မကြီးမငယ်ဖြင့် ကူညီစီး ပေးရခြင်း ဖြစ်ပါလေ၏။ 

ငယ်ငယ်ကလို ဆော့ကစားခွင့် ရလိုက်တော့ပြီ။


မြေးကလေးကို အကြောင်းပြပြီး အဘိုးသည်ပင် ကစားနေခြင်းပေလား။


အော် မြေးကလေးနှင့်ကစားကြရင်း အဘိုးအဘွားတို့မှာလည်း ပြန်ပြီးတစ်ဖန် ငယ်ကြရပေဦးမည်။




  • Min Maung အချောစားလေးပါလား ဘယ်နှနှစ်ရှိပြီလဲ
    13 hrs · Unlike · 1
  • Phyo Thant Maw မြေးကလေးတွေက အဘိုး အဘွားအတွက် အသက်ရှည်ဆေးလေးတွေဖြစ်မယ်ထင်တယ်နော်ဆရာ
    6 hrs · Unlike · 1
  • Tin Maung Aye ဆရာမင်း အချောစားလေးဆို အဘိုးအဘွား တူပေတာကိုးဗျ။ မယုံရင် ပုံတွေကို နောက်တစ်ခါ သေသေချာချာလေး ထပ်ကြည့်ပေတော့။ နောက်လမှာ ၂ နှစ်ပြည့်မယ်။
    3 hrs · Like · 1
  • Tin Maung Aye သူတို့နဲ့ ဒီလောက်ကစားနေရမှတော့ မကျန်းမာပဲ အသက်မရှည်ပဲ ဘယ်နေပါ့မလဲ ဖြိုးသန့်မော်။
    3 hrs · Like
  • Min Maung ဟုတ်ပါ့ဗျား နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေ
    3 hrs · Unlike · 1
  • Tin Maung Aye ပေးတဲ့ဆုနဲ့ပြည့်ပါရစေ။ ဆရာမင်းတို့မိသားစုတွေကိုလည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည်စုံပြီး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ထပ်တူထပ်မျှ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
    3 hrs · Like · 1
















No comments:

Post a Comment