"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, April 15, 2015

အဘွားဆီကိုတဲ့ သွားမလို့ပြင်



၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်







အဘွားဆီကိုတဲ့ သွားမလို့ပြင်








တစ်နေ့မှာ ..

မြေးငယ်တစ်ယောက်သည် မီးဖိုချောင်ထဲသို့ဝင်ကာ ဘီရိုကိုဖွင့်လျက် ဆွဲချိုင့်တစ်လုံးကို ထုတ်ယူလိုက် ပါသည်။

ထိုအခါ ပုဂံဆေးနေသည့် အမေဖြစ်သူက “သမီး ဘာလုပ်မလို့တုန်း” ဟု မေးရာ “ဘွားဘွား” ဟု ပြန်ပြော လေသည်။

သို့နှင့် အမေက “သမီး ဘွားဘွားအိမ်ကို သွားမလို့လား” ဟု မေးသောအခါ ခေါင်းငြိမ့်ပြပါသည်။

မြေးငယ်လေးက ချိုင့်ကိုဆွဲပြီး တံခါးဆီသို့ ရောက်သောအခါ သော့ခပ်ထားသည်ကို တွေ့ရသဖြင့် ချိုင့်ကို တံခါးနားချပြီး ဘီရိုဆီသွားကာ သော့ယူရန်ကြိုးစားရာ လက်လှမ်းမမီသဖြင့် ထိုင်ခုံသွားယူပြီး နောက်တစ်ခါ ကြိုးစားပြန်သော်လည်း မရပါချေ။ 

ယင်းသို့ကြိုးစား၍ မရသည့်အဆုံးတွင် ထိုင်ခုံကို တံခါးအနားသို့ သွားချထားလျက် စိတ်ပျက်လက် ပျက်စွာဖြင့် လက်လျှော့လိုက်ရှာတော့၏။ 



မှတ်ချက်။ ။ ဖြစ်ရပ်မှန်ဇာတ်လမ်း။


















No comments:

Post a Comment