"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, November 29, 2012

လပ်ကီးကလေး ဆုံးသွားရှာပြီ



ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က စာရေးသူ၏အိမ်မှာ ရိုက်ထားသည့်ပုံ။


ဒီကနေ့ညနေ ၃ နာရီခန့်က အလုပ်မှာရှိနေတုန်း အိမ်ရှင်မထံက ဖုန်းဝင်လာခဲ့သည်။

မိမိက ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ အိမ်ရှင်မ၏အသံသည် ငိုသံဖြင့် တစ်ဆို့နေပြီး နှုတ်က မည်သည့် စကားမျှ ထွက်၍မလာခဲ့ပေ။ ဘေးမှာရှိနေသည့် သားက သူ့အမေထံမှ ဖုန်းကိုယူပြီး အကျိုးအကြောင်းပြော သဖြင့် လပ်ကီးကလး ဆုံးသွားပြီဆိုသည်ကို မျှော်လင့်ထားသည့်အတိုင်း ကြားသိလိုက်ရ၏။  

လပ်ကီးဆိုသော ဂျက်ရပ်ဆဲတယ်ရီယာ(Jack Russell Terrier) အမျိုးအစား ခွေးကလေးသည် ရှေးဘ ၀က ရေစက်ကြောင့်ဖြစ်ပါမည်။ မိမိတို့ မိသားစုနှင့် ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါး အတူရှိနေခဲ့သည်။ သူ၏ မွေး ဖွားရာဌာနေဖြစ်သော သြစတေးလျနိုင်ငံမှ အသက် ၃ လ သားအရွယ်မှာ စင်ကာပူသို့ရောက်လာခဲ့ပြီး ၈ လ သား အရွယ်တွင် သူ၏ပထမပိုင်ရှင်ထံမှ စာရေးသူတို့အိမ်သို့ ရောက်လာခဲ့တော့၏။ 

သူ့အမည် ‘လပ်ကီး’(Lucky)သည် သူ၏ပထမပိုင်ရှင်ဖြစ်သော စင်ကာပူလူမျိုး လူငယ်လင်မယားက ပေး ထားသည့် အမည်ဖြစ်သည်။ မိမိတို့က ထိုအမည်ကိုပင် နှစ်ခြိုက်သဖြင့် သူ့ကို လပ်ကီးလို့ပင် ဆက်ပြီးခေါ်ခဲ့ ပါသည်။

မိမိတို့အိမ်တွင် သူ အကြာကြီးနေသွားခဲ့ပြီးမှ ယခုတော့ မိမိတို့ထံက သူ အပြီးအပိုင် ထွက်သွားခဲ့ချေပြီ။ 

မခေါ်ပဲနှင့် လာ၊ မနှင်ပဲနှင့် ပြန်သွားခြင်းပေပဲလား။

 


ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က စာရေးသူ၏အိမ်မှာ ရိုက်ထားသည့်ပုံ။

 

သူ သေသွားသောအခါ မိမိတို့ မိသားတစ်စုလုံး ၀မ်နည်းပူဆွေးဖြစ်ကြရသည်။ အားလုံးထဲမှာ သမီးက စိတ် အထိခိုက်ဆုံး ဖြစ်ရလေသည်။ သူ အိမ်ကို စပြီးရောက်လာကတည်းက သမီးနှင့်အတူ နေခဲ့သည်။ သမီးလေး အိမ်ထာင်ပြုသွားပြီး သူတို့အိမ်နှင့်သူ သီးခြားခွဲနသောအခါ သူက စာရေးသူတို့အိမ်မှ သမီးနှင့်အတူ အိုး သစ်အိမ်သစ်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားလေသည်။

သို့သော် သမီးတို့၏အိမ်မှာ မိမိတို့အိမ်နှင့် မဝေးလှသဖြင့် သမီးနှင့်လပ်ကီးတို့ လမ်းလျှောက်ရင်း မိမိတို့ထံ မ ကြာမကြာ ရာက်လာတတ်ကြသည်။ လမ်းလျှောက်လာရသည်မှာ အိမ်ထဲ၌ တနေ့လုံး ကုပ်နေရသည့် လပ် ကီးကလေးအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းရစေလို၍ တစ်ကြောင်း၊ ခွေးကို တက္ကစီတို့ လိုင်းဘတ်စ် ကားတို့ဖြင့် တင်ပြီးခရီးသွားရန် အဆင်မပြေ၍ တစ်ကြောင်း ဖြစ်ရလေသည်။ လပ်ကီးကိုယ်တိုင်ကလည်း အိမ်ထဲမှ အပြင်သို့ထွက်ပြီး လမ်ျးှာက်ရလျှင် ပျော်မဆုံး မော်မဆုံးလေတော့။

စာရေးသူတို့အိမ်ကို ရောက်လာသောအခါ မိမိတို့နှစ်ဦးနှင့်သားတို့အား ပြန်တွေ့ရသဖြင့် သူက ပျော်လေ့ရှိ သည်။ အိမ်မှာ လူစုံတက်စုံမတွေ့ရက ကျန်သောသူများကို သူ့မျက်လုံးလေးများဖြင့် ဝှေ့ရမ်း ရှာတတ်သည်။

တစ်ခါတစ်ရံ သမီးသည် သူတစ်ဦးတည်းဖြစ်စေ သူ့ခင်ပွန်းနှင့်ဖြစ်စေ အပြင်သွားစရာကိစ္စရှိက လပ်ကီးကို စာရေးသူတို့အိမ်သို့ လာပို့ထားတတ်သည်။ ညနေမှာအချိန်တန်၍ သမီး ပြန်ရာက်မလာသေးပါက လပ်ကီး ခမျာ လည်ပင်းတံတောင်ရှည်အောင် မျှော်ရှာပါလေပြီ။ ထိုင်ချလိုက် ထသွားလိုက် ပြန်ထိုင်လိုက်ဖြင့် ဂနာမ ငြိမ်လတော့။ ပြန်မရောက်တာ ကြာလေ တံခါးအနား သွား သွားကြည့်ကာ သူ့မှာ ဆောက်တည်ရာမရ ဖြစ် ရလေပင်။ သူ့မျက်နှာတွင် သမီးကို စောင့်မျှော်တာထက် စိုးရိမ်သောကဖြစ်လာသည့်လက္ခဏာများ ပေါ်လွင် လာတာ့သည်။

အော် .. လပ်ကီးခမျာ လူများကဲ့သို့ မျှော်တတ်သလို ပူလည်းပူတတ်ပါတကား။

မျှော်လည်းမျှော် စိတ်လည်းပူလာရပြီဆိုပါက လပ်ကီးသည် ထသွားထလာ လုံးဝမလုပ်တော့ပဲ တံခါးဝအနား မှာ တံခါးဖက်ကို မျက်နှာတူရူမူလျက် စာရေးသူတို့ဖက်ကို ဖင်ပေးထားကာ အပြီးထိုင်စောင့်နေချသေးတော့။ သမီး ပန်ရာက်လာလို့ကတော့ ပူပင်သောကတွေပျောက်ပြီး သူ့ခမျာ ပျော်လိုက်ရသည့်ဖြစ်ခြင်း။ 

သူ့အဖြစ်ကို ဘေးမှကြည့်ကာ မိမိတို့မှာ သနားမိကြပါသည်။  

 

လပ်ကီးလေးက မိသားစုနှင့်အတူ တယ်လီဗီးရှင်းလည်း ကြည့်တတ်သည်။ (သြုတ် ၂၀၁၁)

 

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်2 December 2012 (Sunday) တွင် ဆက်ရေးပါသည်။

ပြင်သစ်လူမျိုး စာရေးဆရာကြီး ‘မီလန် ကွန်ဒဲရား’ က -

“ခွေးများသည် ကျွန်တော်တို့အား နိဗ္ဗာန်နှင့် ပေါင်းကူးပေးထားသူများ ဖြစ်ကြသည်။ သူတို့တွင် မကောင်းမှု အကုသိုလ်များ မရှိကြ။ မနာလို ၀န်တိုတတ်သည့် မစ္ဆရိယစိတ်များ မရှိကြ။ မတင်းတိမ် မရောင့်ရဲခြင်းများ မ ရှိကြ။ အလွန်လှပသည့် ညနေခင်းလေးမှာ ခွေးကလေးတစ်ကောင်နှင့်အတူ တောင်ခါးပန်းမှာ ထိုင်နေလိုက်ရ ရင် အေဒင်ဥယျာဉ်ကြီးထဲသို့ ပြန်ရောက်သွားသလို ပျင်းရိငြီးငွေ့ခြင်းကင်းသော ငြိမ်းအေးချမ်းမြေ့ မှုကို ခံစား ရမည်” ဟု ရေးခဲ့ဖူးပါသည်။

ထိုစကားမှန်သည်ဟု မိမိ ယုံကြည်ပါသည်။

လပ်ကီးလေးက မိမိတို့အား -

သန့်စင်သော ချစ်ခြင်းမေတ္တာကို သင်ပြပေးခဲ့ပါသည်။ 

ဂရုဏာထား စာနာတတ်ရန် သင်ပြပေးခဲ့ပါသည်။

သည်းညင်းခံပြီး ကြင်နာ သနားတတ်ရန် သင်ပြပေးခဲ့ပါသည်။ 

သည့်အပြင် သူ ဘ၀၏နောက်ဆုံး လပိုင်း ရက်ပိုင်းများ၌ ‘ဇရာပိ ဒုက္ခာ’၏သဘောကို ပျက် ပျက်ထင်ထင် ပြ သွားခဲ့ပါသေးသည်။ 

ဂျက်ရပ်ဆဲတယ်ရီယာ’တို့၏ သက်တမ်းသည် ပျမ်းမျှ အားဖြင့် ၁၂ နှစ်မှ ၁၅ နှစ်အထိသာ ရှိတတ်ကြလေရာ လပ်ကီးသည် မိမိတို့ အပြုစုကောင်းသဖြင့် သူ့ဘ၀ကို ၁၆ နှစ်ကျော်ခန့် နေသွားခဲ့သဖြင့် ဇရာ၏လက္ခဏာများ ကို ကြုံတွ့ရင်ဆိုင် ခံစားသွားရလေသည်။

လွန်ခဲ့သည့် ၃ နှစ်လောက်က သူ၏ သွားများကြဲလာပြီး နား တွဲ့လာခဲ့သည်။ လွန်ခဲ့သည့် ၁ နှစ်ခွဲလောက်ကမူ သူ၏မျက်စေ့အမြင်စွမ်းအားကျဆင်းလာခဲ့သည်။ ယခုနှစ်လည်ပိုင်းမှစပြီး ကြွက်သားများ အားအင်ဆုတ်ယုတ် မှု သိသိသာသာကြီး ရှိလာခဲ့သည်။ သူ ခုန်တက်နေကြဖြစ်သည့် ဧည့်ခန်းက ဆိုဖာအပေါ်သို့ ယခင်ကလို စွေ့ ကနဲ မခုန်တက်နိုင်လေတော့။ လှေကားကိုလည်း ယခင်ကလို သူ့ဖာသာ မတက်နိုင်တော့သဖြင့် ချီတင်ပေးရ သည်။ လှေခါးကို သူ့ဖာသာ ဆင်းနိုင်သေးသည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်မူ အိနြေ္ဒရရလေး မဆင်း နိုင်လေတာ့။ မြေဆွဲအား၏ဆွဲချမှုကြောင့် သူ့ကိုယ်ကို မထိန်းနိုင်ရှာပဲ လှေကားထစ်များပေါ်က ဒရောသော ပါး လှိမ့်ပြေးဆင်းသဖြင့် သူ့အဖြစ်ကိုကြည့်ကာ မိမိတို့က သနားလည်းသနား ရယ်လည်းရယ်မိကြသေး၏။ 


မဆုံးခင် ၂ ပတ်ကျော်လောက်က ဖျာပေါ်မှာဝပ်ရင်း မှိန်းနေခဲ့သည့် လပ်ကီးလေး။ (နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၂)



ရယ်မိသာ ရယ်မိကြသည်။ တကယ်မှာ သူ့အဖြစ်က သနားဖို့ ပိုလို့ကာင်းပါလေ၏။ ဇရာက တနေ့တခား ဖိ စီးလာသဖြင့် အားမတန်၍ မာန်လျှော့ရရှာသည့်အဖြစ်။ တကယ်တမ်း မလုပ်နိုင် မကိုင်နိုင်ဖြစ်လာသောအခါ ဘာများ တတ်နိုင်ပါဦးမည်နည်း။

ပြီးခဲ့သောနှစ်က လပ်ကီး ကျန်းမာရေးမကောင်းသဖြင့် သူ့တစ်သက်မှာ ပထမဆုံးအကြိမ် ဆေးခန်းသို့ သွား လိုက်ရသည်။ ဘာရယ်လို့တော့မဟုတ်၊ မိုးဆက်တိုက်အေးသောကြောင့် ချောင်းကလေး တဟွတ်ဟွတ်ဖြစ်၍ သမီးက သွားပြပေးခင်းဖစ်သည်။ ယခင်ကမူ တစ်ကြိမ်တစ်ခါမှ ဆေးခန်းသို့ မပြခဲ့ဘူးပါချေ။ ဆရာဝန်မက အဆုတ်နှင့်နှစ်လုံးတို့ကို ဓာတ်မှန်ရိုက် စစ်ဆေးသည်။ ဆီးနှင့်သွေး စစ်သည်။ 

အဆုတ်ထဲ ရေ၀င်ခြင်းနှင့် နှလုံးကြီးခြင်း စသည့်အဖြေ ၂ ခု ရခဲ့သည်။ တစ်ခြား ဘာဆိုဘာမှ မဖြစ်ဟု ဆရာ ၀န်မက ပြောပါသည်။ လပ်ကီးသောက်ရန် ဆေးများပေးလိုက်၏။

နောက်တစ်ခု ဆရာဝန်မက မှာလိုက်သေးသည်မှာ လပ်ကီးသည် သက်တမ်းပြည့်နေပြီဖြစ်သ ဖြင့် သူ၏လက် ရှိနှလုံးကျန်းမာရေးအရ နောက်ထပ် ၃ လ သို့မဟုတ် အများဆုံး ၆ လ ခန့်သာ နေရတော့မည်ဟူ၍ ဖြစ်လေ သည်။    

သို့တစေ လပ်ကီးကလေးက သေမင်းကို အံတုလျက် နောက်ထပ် တစ်နှစ်ကျော်ခန့် နေသွားလေသည်။ 

ဆုံးမည့်နေ့ မနက်ကလည်း သမီးနှင့်လပ်ကီးတို့  အခါတိုင်းလိုပင် လမ်းထွက်လျှောက်ကြသေး၏။ သို့သော် လပ်ကီးခမျာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါချေ။ နည်းနည်းလေးလျှာက်ပြီးတိုင်း အကြာကြီး နားလသည်။ နားနေရင်းဖြင့် သမီးကို တွေတွေလေးမော့ကြည့်ရှာသည်။ “လပ်ကီး လျှောက် .. လျှောက်” ဆိုတော့ သူက ထုံးစံအတိုင်း ဖင်ကလေး လှုပ်တုပ်လှုပ်တုပ်ဖြင့် ဖြည်းဖြည်းလေး ဆက်လျှောက်ပြန်ပါသည် တဲ့။  

သို့နှင့် အိမ်သို့ပြန်လာခဲ့ကြ၏။

ခဏနားပြီးသောအခါ သမီးက လပ်ကီးလေးကို ရေမိုးချိုး ကိုယ်လက်သန့်စင်ပေးပါသည်။ ရေချိုးပြီးနောက် တဘက်ဖင့် ပွတ်တိုက်ပးကာ ဆံပင်ခြောက်စက်ဖြင့် မှုတ်ပေးလေသည်။ အားလုံးပြီးသည်နှင့် လပ်ကီးက အနားမယူသေးပဲ ဧည့်ခန်းထဲ၌ တလှုပ်တုပ်တုပ်ဖြင့် လမ်းလျှောက်နေပြန်ပါသည်။ ဒီအခါမှာ သမီးက ထူးခြား ချက်တစ်ချက်ကို သတိပြုမိ၏။ 

လမ်းနည်းနည်းလျှောက်လို့ပြီးတိုင်း လပ်ကီးက သူ့ခေါင်းလေးကိုမော့ လျက် လေရှူသွင်းလေသည်။ လေရှူ မ၀ ဖြစ်နေပုံရသည်။ 

 

လပ်ကီး၏ အရိုးပြာအိုး (အသက် ၁၆ နှစ် ၁ လ)။

 

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်။ 5 December 2012(Wednesday) တွင်ဆက်ရေးပါသည်။

နေ့ခင်း ၁ နာရီလောက်တွင် လပ်ကီး၏လျှာမှာ ပြာညစ်ညစ်ဖြစ်ပြီး ပါးစပ်ကလည်း သွားရည်များ ကျနေသည် ကို တွေ့ရသဖြင့် သမီးသည် အတော်ကြီးစိတ်ပူသွားလျက် မိခင်ဖြစ်သူအား တယ်လီဖုန်းဖြင့်ဆက်ပြီး အထိပ် တလန့် ငိုယိုအကြောင်းကြားလေသည်။ အမေဖြစ်သူနှင့်သားတို့က သမီးထံ တက္ကစီနှင့် ကတိုက်ကရိုက်သွား ကြရသည်။ သမီးတို့အိမ်တံခါးဝရောက်သော အခါ အမေနှင့်သားတို့ကို တွေ့ရသဖြင့် လပ်ကီးကလး က နေ မကာင်းနေသည့်ကြားမှ ၀မ်းသာအားရ ထွက်ကြိုရှာပါသေးသည်။  

ဧည့်ခန်းရှိ ၂ ယောက်ထိုင်ဆိုဖာ၌ အမေကြီးထိုင်ချလိုက်ရာ လပ်ကီးက အမေကြီး၏ခြေထောက်အနားသို့ လာ ရပ်ရင်း အမေကြီးကို မော့ပြီးကြည့်နေဆဲ ရုတ်တရက် လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ ဘေးတိုက်ကလေး လှဲနေရင်း အသက်ရှူပြင်းလာကာ ပါးစပ်ကလည်း အရည်များကျလာသဖြင့် အမေကြီးက သမီးထံမှတဘက် တထည်တောင်းပြီး ခေါင်းအောက်တွင် ခံထားပေး၏။

အသက်ပြင်းပြင်းရှူရင်း မြင့်တက်လိုက် ပြန်ကျသွားလိုက်ဖြစ်နေသော လပ်ကီး၏ရင်ပတ်ပေါ်၌ သားက သူ့ လက်ဖ၀ါးကို ညင်သာစွာ ပြန့်ပြန့်လေးတင်ထားလျက် “လပ်ကီး စိတ်အေးအေးထား.. စိတ်သက်တောင့်သက် သာရှိအာင်နေပါ” (Relax .. relax..)ဟု အားပေးနှစ်သိမ့်စကား ပြောပးနေသည်။ အမေကြီးသည် လပ် ကီး နောက်ဆုံးအချိန်သို့ ရောက်နေပြီဖြစ်မှန်း သတိပြုမိသဖင့် ဘုရားစာများ ရွတ်ပေးရင်း “လပ်ကီး သွားစ ရာရှိတာကို စိတ်အေးလက်အေးထားပြီး သွားပါကွယ်။ ဘာကိုမှ နောက်ဆံတင်းမနေနဲ့နော်..”ဟု မှာနေ၏။

သမီးကမူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ငိုယိုလျက် Jalan Jurong Kechil အရပ်ရှိ Vet Practice Pet Ltd ဆေးခန်းသို့ ဖုန်းဆက်ကာ လပ်ကီး၏အခြေအနေကိုပြောပြပြီး ယခုနေ့ခင်းအချိန်တွင် အရေးပေါ် လာလိုကြာင်းမးသောအခါ တိရ္ဆစာန်ဆေးကုခန်းမှ န့ခင်းထမင်းစားချိန်ဖစ်သော်လည်း “လာသာလာ ခဲ့ပါ” ဟု ပြောရှာပါသည်။

“လပ်ကီး သေတော့မှာလား အမေ”ဟုမေးရင်း သမီး၏ငိုသံကြီးက ပို၍ကျယ်သွားရာ လပ်ကီးက ကြားလိုက်မိ မည် ထင်ရပါသည်။ သူ့အမ ငိုနေသဖြင့် သားက "အမ ငိုမနေနဲ့။ လပ်ကီးကို စိတ်အေးအေးထားပြီး သွားတော့ လို့ လာပြော။' ဟု ပြောသဖြင့် သမီးက လပ်ကီးအနားကို တိုးသွားလျက် ပြောလိုက်သောအခါ လပ်ကီးလေး က သိသဖြင့်ဖြစ်ပါမည နောက်ဆုံးအသံတစ်ချက် ပြင်းပြင်းပြုပြီး ငြိမ်ကျသွားတော့သည်။

အမေကြီး သမီးနှင့်သားတို့က လပ်ကီး ဘ၀တစ်ပါးသို့ စိတ်ချလက်ချကြီး ကူးသွားပြီးဖြစ်ကြောင်း သိလိုက်ကြ သည်။  



ခင်လေးရယ် ရက်စက်ပါပေ့ကွယ်



နိုင်ငံက ဘယ်လ်ဂျီယံမှာပါ။

ဒီယောကျာင်္းနဲ့ ဒီမိန်းမတို့ နဖူးစာရွာလည်လို့ နှစ်ပါး ဂဟေဆက်ခဲ့ကြတာ နှစ်ကာလအားဖြင့် ၁၉ နှစ်ကြီးများတောင် ရှိခဲ့ကြပြီပဲတဲ့ဗျ။

အဲ .. အဲဒီလို အနှစ် ၂၀ နီးပါးလောက် အိုးမကွာအိမ်မကွာ ပေါင်းသင်းလာခဲ့ကြပြီးပါမှ ဗြုံးစား ကြီး ကောက်ကာငင်ကာ စိမ်းစိမ်းကားကားကြီးကို ကွဲကြပြဲကြ ပြတ်စဲကြရမယ့် အဖြစ်ရယ်က ကြားသိကြရသူတိုင်းအဖို့ ငိုအားထက် ရယ်အားသန် ဖြစ်ကြရလိမ့်မယ် ထင်ပါတယ်လေ။

အဖြစ်က ဒီလိုပါဗျ။

ခင်ပွန်းဖြစ်သူကိုယ်တိုင်က ပြောပြတဲ့စကားအရ ချောပေ့လှပေ့ဆိုတဲ့ အင်ဒိုနီးရှားသူ မိန်းမပျိလးကို ယူထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားက တစ်နေ့မှာ သူ့မိန်မရဲ့ ဝမ်းကွဲတော်သူတစ်ဦးနဲ့ စကားစမြည်ပြောကြရင်းက ၀မ်းကွဲတော်သူရဲ့  မတော်တဆ အာချောင်လျှာချောင်စကား ကြောင့် သူ့မိန်မဟာ မွေးလာခဲ့စဉ်တုန်းက မိန်ကလေးမဟုတ်ပဲ ယောကျာင်္းကလေးဖြစ်ခဲ့တယ် ဆိုတာကို သိသွားခဲ့ရပါတော့သတဲ့။

ဒီအခါမှာ အဖြစ်မှန်ကို မမျှော်လင့် မထင်မှတ်ထားပဲ ယုတ်တရက် ကြားသိလိုက်ရတဲ့ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ယောကျာင်္းဖြစ်သူခမျာ အတော်ကြီးကို တုန်လှုပ်ခြောက်ခြားသွားခဲ့ရတယ် ဆိုပဲ။ 

ဒါနဲ့ သူ့မိန်းမကို ဟုတ်မဟုတ် တေ့တေ့ဆိုင်ဆိုင်မေးတော့ သူ့မိန်းမက တော်တော်နဲ့ ၀န်မခံခဲ့ ဘူးဆိုပဲဗျ။ နောက်ဆုံး ဘယ်လိုမှ ဖုန်းကွယ်ထားလို့မရမှန်းသိတော့ သူမဟာ မွေးလာတုန်းက   ယောကျာင်္းဖြစ်ပြီး နောက်မှ ခွဲစိတ်ပြုပြင်ပြီး မိန်မဘ၀ကို ပြောင်းလဲရလာခဲ့ရကြောင်းအဖြစ်မှန် ဘ၀မှန်ကို ဖွင့်ဟ၀န်ခံပါတော့သတဲ့။  

သူတို့ရဲ့ အချစ်ဇာတ်လမ်းကလေးအစကလည်း ချောချောမွေ့မွေ့ကြီးတော့ မဟုတ်ခဲ့ဘူး။ အ ခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ပြီးမှ အိမ်ထောင်သည်ဘ၀ကို ရလာခဲ့ကြရတာ။

၁၉၉၃ ခုနှစ်ထဲမှာ ဘယ်လ်ဂျီယံနိုင်ငံသား ဂျဲန်းက အင်ဒိုနီးရှားနိုင်ငံကနေ ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝတ်(ပ)မြို့ ကို ရောက်လာတဲ့ မော်နီကာကို စတွေ့ခဲ့ပါသတဲ့။ အဲဒီတုန်းက မော်နီကာနဲ့ ဂျဲန်းရဲ့ ညီမဖြစ်သူတို့က သူနာပြုဆရာမ လုပ်ဖော်ကိုင်ဖက်တွေ။ အဲဒီအချိန်က ဂျဲန်းကိုယ်တိုင် ကလည်း သူရဲ့ ဒုတိယအိမ်ထောင်နဲ့ အတော်ကလေးကို အဆင်မပြေဖြစ်နေကြတာမို့ မော်နီ ကာလေးကို မြင်မြင်ချင်း ချစ်ကြိုက်သွားမိပြီး သူ့မိန်မနဲ့ ကွာပြဲပစ်လိုက်တယ်။

သူ့မိန်မနဲ့ ကွာရှင်းပြီး မော်နီကာကိုတရားဝင် ပေါင်းသင်းရဖို့ ဂျဲန်းခမျာ ဥပဒေကြောင်းအရ အတော်လေးကို အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသလို တစ်ဖက်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အရာရှိများနဲ့လည်း ခက်ခက်ခဲခဲ ပြောခဲ့ဆိုခဲ့ရသေးတာ။

အခုတစ်ခါမယ်တော့ ယောကျာင်္းဘ၀က မိန်မဘ၀တဖြစ်လဲ သူ့ဇနီးမော်နီကာနဲ့ ကွာရှင်းပြတ် စဲဖို့ တရားရုံးက ခွင့်မပြုတာကြောင့် ဂျဲန်းဟာ လောလောဆယ် မော်နီကာနဲ့ တစ်အိမ်ထဲမှာပဲ အတူတူ နေနေရပါသတဲ့။

မော်နီကာနဲ့ ပေါင်းသင်းလာခဲ့တဲ့ ၁၉ နှစ်တာလုံးလုံး သူ့မိန်မရဲ့  ကျား-မဖြစ်ရပ်ဇာတိသရုပ်ကို သူ့အနေနဲ့ လုံးဝ ဥဿုန်ကြီးကို ယုံမှားသံသရ မဖြစ်မိဘူးလို့ ပြောပါတယ်။ 

(လိင်အင်္ဂါ ခွဲစိတ်ပြုပြင်ပေးတဲ့ဆရာဝန်တွေများ တော်လိုက်ကြပုံကဗျာ။)

ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးက အရာရှိများကတော့ မော်နီကာရဲ့  မွေးစာရင်းကို ကနဦးကတည်းကိုက ယုံမှားသံသရ ရှိခဲ့ကြတာပါတဲ့။

သတင်းကိုးကား။  ။ Pravda.Ru 27-11-2012: Belgian man discovers his wife of 19 years was born as a man. 

 

 

Tuesday, November 27, 2012

ဘုန်းတော်ကြီး အရှင်အာနန္ဒာ (ခေါ်) ဖရက်ဒရစ်ခ်ျ လပ်စတစ်


၁၉၆၀ ခုနှစ်က ရန်ကုန်မှာ ဖူးတွေ့ရသည့် အရှင်အာနန္ဒာ။ (ဓာတ်ပုံ - အင်တာနက်)


စိတ်မကောင်းစရာ နာရေးကြော်ငြာတစ်ခုကို ဒီကနေ့ မြန်မာသတင်းစာမှာ ဖတ်လိုက်ရသည်။

မိမိနှင့် တစ်ချိန်က ရန်ကုန်တွင် သိကျွမ်းခဲ့ဖူးသည့် မိတ်ဆွေတစ်ဦး ကွယ်လွန်သွားခဲ့သည်။ သူ နှင့်မိမိတို့ သိ ကျွမ်းခဲ့ကြရသည်မှာ မြန်မာနိုင်ငံ လာရောက်နေထိုင်ကာ သီတင်းသုံးတော်မူသာ အက်စတိုးနီးယားလူမျိုး ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး အရှင်အာနန္ဒာ (ခေါ်) ဖရက်ဒရစ်ခ်ျ လပ်စတစ်(Friedrich V. Lustig) နှင့် အကြာင်းသက်ဆိုင်၍ ဖြစ်ရလေသည်။  

မိတ်ဆွေ၏အမည်မှာ ဦးအောင်ခင်ဖြစ်ပြီး သူ၏ကလောင်အမည်မှာ အောင်ခင်(ပုပ္ပါး) ဖြစ်သည်။ မိတ်ဆွေဟု ဆိုရပေမင့် သူက မိမိထက် အသက်များစွာကြီးလေသည်။ သို့ဖြစ်ရာ ယခု သူကွယ်လွန်သောအခါ အသက် ၈၁ နှစ် ရှိပြီဖြစ်သည်။

၁၉၇၀-၇၁ ခုနှစ်လောက်က စာရေးသူသည် ရန်ကုန်မြို့  တက္ကသိုလ်ရိပ်သာလမ်းမှာရှိသော နိုင်ငံခြားဘာသာ သိပ္ပံကျာင်းတွင် ရုရှားဘာသာရပ်ကိုသင်ယူနေရင်း အခြားတစ်ဖက်မှလည်း ဘုန်းတော်ကြီးအရှင်အာနန္ဒာ၏ အင်္ဂလိပ်ဘာသာဖင့် ပြောကြားသည့် ဟောပြောပွဲများကို မလွတ်တန်း သွားရောက်နားထောင်လ့ရှိရာ ဘုန်း ကြီး၏ တပည့်ရင်းချာဖြစ်သော ကိုအောင်ခင်နှင့် တွေ့ဆုံသိကျွမ်းခဲ့ပါသည်။ 

လူချင်းသိကြပြီးမှ နောက်ထပ်တိုက်ဆိုင်မှုတစ်ခု သိလာခဲ့ရသည်မှာ ကိုအောင်ခင်နှင့်မိမိတို့ နှစ်ဦးလုံးက အစိုး ရထုတ် အင်္ဂလိပ်သတင်းစာ ၂ စောင်ဖြစ်သည့် The Working People’s Daily နှင့် The Guardian မှာ စာတိုလးများ ရေးနေကြခြင်းဖြစ်၏။ သူနှင့် မသိကြခင်ကတည်းက သူ့က လောင်အမည် အောင်ခင်(ပုပ္ပါး) ကို စာရေးသူက သိထားသလို၊ သူကလည်း တင်မောင်အေး (ကန့်ဘလူ)ကို သိထားပြီးဖြစ်၏။   

ယင်းသတင်းစာ ၂ စောင်တွင် ရေးကြသောလူငယ် များများစားစား မရှိလှသဖြင့် လူချင်းမသိကြသ်ာလည်း ကလာင်အမည်များကိုမူ တွေ့ဖူး မြင်ဖူးကြသည် ဖြစ်၏။ စာရေးသူ မှတ်ထားမိသ ပြောကြည့်ရသော် ဆေး တက္ကသိုလ်(၁) ကျောင်းသူ ကက်သရင်းဘသိုက် (နောင်တွင် မီးယပ်နှင့် သားဖွားအထူးကုဆရာဝန်မကြီး)နှင့် သွားဆေးကောလိပ်မှ ကျောင်းသား တင်မောင်အောင် (နောင်တွင် တပ်မတော်ဆေးရုံကြီးမှ ဒု-ဗိုလ်မှူးကြီး) တို့  ဖြစ်ကြသည်။

ရန်ကုန်ဆေးရုံကြီး၏ အနောက်ဖက်ရှိ သရက်တောကျောင်းတိုက် (ဗိုလ်ချုပ်အောင်ဆန်းလမ်းဖက်အခြမ်း) တွင်ပြုလုပ်သော ဘုန်းတော်ကြီး၏ ဟောပြောပွဲများသည် ဗုဒ္ဓဘာသာအကြောင်းဖြစ်ပြီး တစ်ခါတစ်ခါ အရှင် အာနန္ဒာက သူကိုယ်တိုင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးစပ်ထားသော ရှေးမြန်မာကဗျာများကို အသံနေအ သံထားဖြင့် ဌာန်ကရိုဏ်းကျစွာ ရွတ်ပြတတ်ပါသည်။ ယခု စာကို ရေးနေစဉ်မှာပင် ကဗျာများကို စိတ်ဝင် တစား ရွတ်ဆိုနေသည့် အရှင်အာနန္ဒာ၏မျက်နှာအား လေးစားကြည်ညိုစွာ ပြန်လည်အောက်မေ့ မင်ယာင် မိချေသးတာ့။ 

အရှင်အာနန္ဒာ၏ ဟောပြောပွဲများသို့ စာရေးသူ သွားရောက်နားထောင်ရသည့် အဓိကရည်ရွယ်ချက် ၂ ခုအ နက် ပထမတစ်ခုသည် အင်္ဂလိပ်စကားနားထောင်ခြင်း (Listening skill) တိုးတက်လို၍ဖြစ်ပြီး၊ နောက် တစ်ချက်မှာ မိမိသင်ယူနေသော ရုရှားဘာသာစကားပြောကို လေ့ကျင့်လိုသောကြောင့် ဖြစ်ရလေသည်။ ထို စဉ်က အရှင်အာနန္ဒာ၏မွးဇာတိနိုင်ငံဖြစ်သော အက်စတိုးနီးယားသည် ဆိုဗီယက်ရုရှားနိုင်ငံကြီး၏တစ်စိတ် တစ်ဒသဖြစ်ခဲ့ပေရာ မူလဘာသာစကားအပြင် ရုရှားဘာသာစကားကိုပါ သင်ယူတတ်မြောက်ကြသည်ဖြစ် ၏။ ဟောပြောပွဲများ သွားရောက်နားထောင်ရင်း အရှင်အာနန္ဒာနှင့် ရုရှားလိုပြောပါသည်။  

အင်္ဂလိပ်လိုဟောပြောသည်ဖြစ်သော်လည်း ဘုန်းတော်ကြီးက မိမိအား ခွင့်ပြုထားသဖြင့် မရှင်းလင်းသည် များကို မေး မန်းလျောက်ထားရာတွင် စာရေးသူက ရုရှားလိုသာ ကြိုးစားပြောပါသည်။ ဘုန်းတော်ကြီးက စာရးသူ၏မေးခွန်းကို တက်ရောက်လာကြသူများအား အင်္ဂလိပ်သို့ ဘာ သာပြန်ပြီး ပြန်ပြောပြလေ့ရှိပါ သည်။  

ဘာသာစကားသင်ယူနေသူ လူငယ်တစ်ဦးအပေါ် သည်မျှအထိ စိတ်ရှည်နားလည်မှုရှိစွာဖြင့် အားပေးကူ ညီခဲ့သည့် ဘုန်းတော်ကြီး၏ကျေးဇူးတရားသည်ကား အလွန်တရာပင် ကြီးမားလွန်းလှပေစွ။ သည့်အပြင် မိမိသည် ဗုဒ္ဓဘာသာအကြောင်း အင်္ဂလိပ်လို ကျကျနန နားထောင်ကြားနာခွင့်လည်း ရရှိခဲ့ပါသေး၏။ 




အထက်တစ်နေရာတွင်ဆိုခဲ့သည့်အတိုင်း အရှင်အာနန္ဒာသည် ထေရ၀ါဒဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် လေ့လာ အားထုတ်ပြီး ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့သည့်အပြင် မြန်မာစာပေအပေါ်တွင်လည်း များစွာစိတ်ဝင်စား ကာ လေ့လာလိုက်စားတော်မူခဲ့ပါသေးသည်။ ရှေးခေတ်က ကျော်ကြားသည့် မြန်မာကဗျာများကို သူကိုယ် တိုင် စိတ်တိုင်းကျရွေးချယ်ပြီး အင်္ဂလိပ်ဘာသာသို့ လှလှပပ ပြန်ဆိုလျက် Burmese Classical Poems (ရှေးတ် မန်မာကဗျာများ) ဟူသောအမည်ဖင့် စာအုပ်တစ်အုပ်ထုတ်ခဲ့ရာ ဖတ်ရှုခဲ့ဖူးပါသည်။ 

 

 

ယင်းစာအုပ် စာဆိုရှင် မယ်ခွေ၏ 'ဆေးတံတို၊ ဦးကြော့၏ 'ပိတောက်ရွှေဝါ'၊ လှိုင်ထိပ်ခေါင်တင်၏ 'တောဖွဲ့'၊ ဦးကြင်ဥ၏ 'စစ်ချီ'၊ မြ၀တီမင်းကြီးဦးစ၏ 'မိုးဖွဲ့'၊ ဆားတုံဆရာတော်၏ 'သဲစွဲမှတ်စေချင်'(အဘက သားကို ဆုံး မခန်း)၊ သျှင်မဟာရဌသာရ၏ 'အကျွတ်ဘယ်မှာ ဝေးတော့သည်'၊ ဦးရာကျော်၏ 'လှည်းယဉ်တော် ကြွကြွ' .. စသည်ဖြင့် ပါရှိကြသည်။ 



မြန်မာဘာသာစာပေမှ အင်္ဂလိပ်ဘာသာစာပေသို့ ကျစ်လစ်သိပ်သည်းလှပစွာ ပြန်ဆိုဖွဲ့နွဲ့ထားသော အရှင် အာနန္ဒာ၏ စာပေလက်ရာကို ဖတ်ရှုမြည်းစမ်းနိုင်ကြစေရန် အထက်တွင် မြန်မာ-အင်္ဂလိပ်ယှဉ်တွဲဖော်ပြ ထားသည့် ကဗျာ ၂ ပုဒ်အား ရှာဖွေဖော်ပြပေးလိုက်ပါသည်။ 


  



   

Saturday, November 24, 2012

စာရေးဆရာကြီးမင်းယုဝေ အမျိုးသားစာပေ တစ်သက်တာဆုရရှိ



 

နိုဝင်ဘာ ၃ ရက်န့ထုတ် မန်မာသတင်းစာများမှာ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက မြန် မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံးရေးသားပြုစုခဲ့တဲ့ ဆာင်ရွက်ချက်များကို နိုင် ငံတော်က အသိ အမှတ်ပြုသောအားဖြင့် စာရေးဆရာကြီးမင်းယုဝေ(ဦးဝင်းမောင်)အား ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပ တစ်သက်တာဆုကို ချီးမြှင့်လိုက်တာ ဖတ်ရလို့ အတော်လေး ၀မ်းမြောက်ဝမ်းသာဖြစ်မိပါ တယ်။

 

အမျိုးသားစာပေ တစ်သက်တာဆုရ စာရေးဆရာကြီး မင်းယုဝေ။ (ဓာတ်ပုံ - ကြေးမုံသတင်းစာ)

 

စာရေးသူသိရသ၍ဆိုရင် စာရေးဆရာကြီး မင်းယုဝေသည် သူ့ဘ၀တစ်သက်တာလုံးကို စာပေများရေးသားပု စုခင်း၊ စာတည်းတာဝန်များ ထမ်းဆောင်ခြင်းနှင့်  မြန်မာစာကောင်းပေ မွန်များ ထုတ်ဝေခြင်းတို့ကို တစ်စိုက် မတ်မတ် လုပ်လာခဲ့တာ သိခဲ့ရပါတယ်။ ဆရာကြီးရဲ့ စာများကို စာရေးသူ ငယ်စဉ်က မှတ်မှတ်ရရ စပြီးဖတ်ဖူးခဲ့ တာကတာ့ ကန့်ဘလူ အထက်တန်းကျောင်း ၉ တန်းကျောင်းသားဘ၀က ဖြစ်တယ်။ အဲဒီအချိန်တုန်းက မြ ၀တီပုံနှိပ်တိုက်က ထုတ်ဝေတဲ့ ငွေတာရီမဂ္ဂဇင်းမှာ ကွယ်လွန်သူ ကဗျာဆရာမကြီး ငွေတာရီ (ဆရာကြီး၏ဇ နီး) ၏ကဗျာများနဲ့အတူ ဆရာကြီး၏စာများကို ဖတ်ခဲ့ရပါတယ်။

စာရေးသူ ဆရာကြီးကို လူကိုယ်တိုင်တွေ့ဖူးခဲ့တာကတော့ ရန်ကုန်မြို့  ဆူးလေဘုရားလမ်းမှာရှိတဲ့ မြ၀တီပုံနှိပ် တိုက်မှာပါ။ ၁၉၆၉ ခုနှစ်လောက်က ငွေတာရီမဂ္ဂဇင်းရဲ့ တက္ကသိုလ်ကဏ္ဍ  ဆေးတက္ကသိုလ်(၁)မှာ လူသေခွဲ စိတ်ပြီး လေ့လာကြရတဲ့အကြောင်း အတွေ့အကြုံများ ရေးထားတဲ့ စာရေးသူ၏ ‘စေတနာရနံ့’ ခေါင်းစဉ်နဲ့ အစမ်းစာလး ဖော်ပြပးခဲ့ တုန်းက ဖြစ်တယ်။ ထိုစဉ်က ငွေတာရီမဂ္ဂဇင်းက စာပေပိုးထ,ပြီး ကလောင်သွေး ချင်နေကြတဲ့ တက္ကသိုလ်ကျာင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်ကဏ္ဍဆိုတဲ့နေရာလေး ဖန်တီးပေး ထားပြီး စင်တင်ပေးခဲ့တယ်။ တစ်လမှာ ၂ ပုဒ်လောက် ရွေးချယ်ဖော်ပြပေးတတ်တာ။

အလားတူပါပဲ ရန်ကုန်မြို့ ကျောက်မြောင်းအရပ်မှာရှိတဲ့ ယုဝတီအမျိုးသမီးမဂ္ဂဇင်းကလည်း ကလောင်သွေး ချင်နကြတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်ကဏ္ဍလေး ဖန်တီးဖွင့်ပေးထား ပြီး မြေတောင်မြှောက်စင်တင်ပေးနေတာဖြစ်လို့ တက္ကသိုလ်မှာစာရေးသူနားထာင်ခဲ့ရတဲ့ စာရေးဆရာကြီး များ၏ စာပေဟာပြေပွဲတွေအကြောင်းကို ဆောင်းပါးလေးတစ်ပုဒ် ရေးခဲ့ဖူးပါသေး တယ်။ စာရေးသူတို့ တက္ကသိုလ်ကျောင်းသားဘ၀ကဆိုရင် ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ကြီးတွင် နိုင်ငံကျော်စာရေးဆရာကြီးများ (ဦးသိန်းဖေမြင့်၊ ဦးတင်အေး<သျှမ်းပြည်>၊ ရုပ်ရှင်သရုပ် ဆောင် ဗိုလ်ဗကို၊ မှူးတင် စသဖြင့်) ကို ဖိတ်ကြား ပြီး ဟောပြောပွဲတွေကျင်းပလေ့ရှိခဲ့ကြတာ။

ကဲ .. ဆရာကြီးမင်းယုဝေအကြောင်း ဆက်ပြီးပြောပါဦးမယ်။

စာရေးသူအလုပ်ထဲရောက်သွားပြီး စာတွေအတော်များများရေးဖြစ်ခဲ့တဲ့ ၁၉၈၀ ခု နှစ်ဦးကာလများမှာ ဆရာ ကြီး ဦးစီးထုတ်ဝေတဲ့ ‘သုတကြေးမုံ’ (မိမိမှတ်မိသ စာအုပ်နာမည် မှန်မည်ဟု ထင်ပါသည်) စာအုပ်မှာ ဆေး ပညာပးဆောင်းပါးများရေးရင်း ဆရာကြီးနဲ့ပြန်တွေ့ပြီး ရင်းရင်းနှီးနှီးရှိလာခဲ့ရပါတယ်။ အဲဒီအချိန်က အစိုးရ က စာအုပ်ကြိုတင်ရိုက်ပြီးမှ စိစစ်ရေးကို တင်ရတဲ့ 'တင်ထုတ်'စာအုပ်တွေ (အထူးသဖြင့် ဗဟုသုတနှင့်ဗဒင် ဂမ္ဘီရစာအုပ်များ)ကို ဖောခြင်းသောခြင်း ချပေးနလို့ လက်ထဲမှာ ပိုက်ဆံတွေအပိုရှိ နေပြီး ဘာလုပ်ရမှန်းမ သိဖစ်နေကြကာ စာပေပိုးထ,နေကြတဲ့ ပုဂ္ဂိုလ်အချို့ က အခန်းလေးတစ်ခန်းငှား စားပွဲလေး ၂ လုံးလောက်နဲ့ အယ်ဒီတာလုပ်ကြတာ တစ်ခေတ်လို့ဆိုရလောက်အောင်ပါပဲ။ 


ထုတ်လိုက်ကြတဲ့သုတစာအုပ်တွေ … ဒေါက်တာတင်ထွန်းဦးရဲ့  ‘သုတစွယ်စုံ’တဲ့၊ တရုတ်သိုင်းဝတ္တုတွေ ဘာ သာပြန်ရေးနေတဲ့ တက္ကသိုလ်ဝင်းကြွယ်ရဲ့  ‘သုတကြွယ်’တဲ့၊ အစိုးရအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဦးတိုးအောင် ရဲ့  ‘သုတအောင်’တဲ့၊ ဆရာကြီးမင်းယုဝေရဲ့  ‘သုတကြေးမုံ’တဲ့ စုံလို့ စုံလို့ပါပဲ။ 


စာရေးသူသိရသ၍တော့ ဆရာကြီးမင်းယုဝေသည် ထိုစဉ်က မြ၀တီပုံနှိပ်တိုက် အစိုးရ၀န်ထမ်း(အယ်ဒီတာ ချုပ်)အဖြစ်မှ အနားယူပြီး သုတစာအုပ်နဲ့မြတ်မင်္ဂလာစာစောင်များကို စီစဉ်တည်းဖြတ်ထုတ်နေခဲ့တာ။   


ဆရာကြီးမင်းယုဝေ ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံရလို့ မိမိသိရှိဆက်ဆံ ခဲ့ဖူးတဲ့ ဆရာကြီးအား လေးစားဂုဏ်ပြုတဲ့အနေဖြင့် မနေ့ည (၂၃ နိုဝင်ဘာ)က ဘလော့မှာစာနဲ့ပူဇော်ဖို့ ရည် ရွယ်ခဲ့ပေမယ့် မရေးဖြစ်ခဲ့တာကြောင့် ဒီကနေ့မနက် (၂၄ နိုဝင်ဘာ)စောစော ၂ နာရီကျာ်လောက်မှာမှ အိပ် ယာကထပြီး ရေးဖြစ်ခဲ့တာပါ။ တစ်ပိုင်းတစ်ဖြတ်ရေးတင်ပြီးမှ အိပ်ယာ ပြန်ဝင်ခဲ့ရပါတယ်။ 



တန်ဆောင်မုန်းလဆန်း ၁၁ ရက် စနေနေ့။ 24 November 2012

ဒီကနေ့ထုတ်မြန်မာသတင်းစာများမှာ ဆရာကြီးနဲ့ တွေ့ဆုံမေးမြန်းခြင်းသတင်းပါလာပြီး အသက် ၈၅ နှစ်ရှိ ပြီဖြစ် သောဆရာကြီး ကျန်းကျန်းမာမာရှိနေဆဲဖြစ်ကြောင်း ဓာတ်ပုံနဲ့တကွ တွေ့ရလို့ ထပ်ပြီး ၀မ်းသာရပြန် ပါတယ်။ ဆရာကြီး၏ ခန္ဒာကိုယ်အချိုးအဆစ်သည် လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကအတိုင်း ပါးပါးလျားလျားရှိ ဆဲပင်။ ဘာမှ ပြောင်းလဲမှုမရှိတာကို တအံ့တသြ တွေ့ရပါတယ်။ 

သူ့ဘ၀ သူ့စာပေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်းမှာ ဆရာကြီးက အောက်ပါအတိုင်းပြောခဲ့ပါတယ်။  



“စာပေဘ၀လို့ပြောရရင် တစ်ဘ၀လုံးပေါ့။ ဘဘရဲ့ ဘ၀ဆိုတာ စာပေဖြစ်ပါတယ်။ 

စာရေးတတ်ဖတ်တတ်တဲ့ အချိန်ကတည်းက စာပေကို မြတ်နိုးတန်ဖိုးထားခဲ့ပြီး ဘ၀တစ်ခုလုံးကိုမြှုပ်နှံထားခဲ့ပါတယ်။ အခု အသက် ၈၅ နှစ်အချိန်အထိ စာပေ အတွက်လုပ်ဆောင်နေပါတယ်။ နောက်ထပ်ကျန်နေတဲ့နေ့ရက်တွေမှာလည်း စာရေးနိုင်တဲ့အချိန်အထိ ရေးနေဦးမှာပါ။” တဲ့။


...........


ဆရာကြီးမင်းယုဝေ အမျိုးသားစာပေ တစ်သက်တာဆုရတာနဲ့ပတ်သက်ပြီး ယခုဘဘော့မှာ စာရေးသူ ရေး သားထားတာကို ဖတ်ရလို့ ဆရာဝန်စာရေးဆရာ လူမျိုးနော်က သူရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံကနေ သူ့ အမြင်လေးကို ဆွေးနွေးရေးပို့ရာမှာ အလွန်ကောင်းမွန်တဲ့ အကြံပြုချက်တစ်ချက် ပါရှိလာခဲ့ပါတယ်။   

အဲဒါကတော့ တစ်သက်တာစာပေဆုကို တစ်နှစ်မှာ တစ်ဦးတည်းကိုပဲ ချီးမြှင့်ပေးမယ့်အစား တစ်ဦးထက်ပိုပြီး ချီးမြှင့်သင့်တယ်ဆိုတာ ဖြစ်တယ်။ သို့မှသာ ဒီဆုနဲ့ထိုက်တန်သည့် အမျိုးသား အမျိုးသမီး စာရေးဆရာကြီး များနဲ့ကဗျာဆရာကြီးများ သက်ရှိထင်ရှားရှိစဉ်မှာ ကိုယ်တိုင်ကိုယ်ကျ ဆုယူနိုင်ကြမှာဖြစ်လို့မို့ နိုင်ငံတော်အ စိုးရအား သူက အကြံပြုလိုတာဖြစ်တယ်။


အလွန်လက်တွေ့ကျပြီး ဆောင်ရွက်သင့်တဲ့ကိစ္စလည်း ဖြစ်နေပါတယ်။


စာရေးသူတို့နိုင်ငံမှာ စာရေးဆရာ ကဗျာဆရာများ၏ဘ၀ဟာ လုံးဝကို လုံခြုံမှု မရှိဆုံးပါ။ (တစ်ရာခိုင်နှုန်း ထက်နည်းတဲ့ ကံကောင်းထောက်မသူ စာရေးဆရာ ကဗျာဆရာများကို ထည့်မတွက်ပါဘူး။) ဟိုအရင်က တည်းက အရပ်ထဲမှာ ယေဘုယျအားဖြင့် ပြောလေ့ပြောထရှိခဲ့ကြ နားလည်ထားလေ့ရှိခဲ့ကြတာကတော့ စာရးဆရာလုပ်ရင် ‘ငတ်မယ်’ လို့ပါ။ စာရေးဆရာကို ‘လင်’လုပ်ရင်လည်း အဲဒီမိန်းမ ‘ငတ်ပြီတာမှတ်’ ဆိုတဲ့အထဲကပါပဲ။ ဘယ်မိဖကမှ သူတို့သမီးကို စာရေးဆရာ ကဗျာဆရာနဲ့ အိမ်ထောင်မကျစေလိုတာ ‘သဘောပေါက်’ ဆိုတဲ့အတိုင်းပါပဲ။


သို့ပေမယ့် စာရေးဆရာ ကဗျာဆရာဖြစ်ချင်သူများသည် သူတို့သိပြီးသားဖြစ်တဲ့ ထိုအဖြေအတွက် လုံဝဂရု မပြုကြပါဘူး။ သူတို့အဖို့က ငွေနဲ့ရာထူးဌာနန္တရများသည် သာမည။ သွေးထဲက မွေးရာပါ ၀ါသနာနဲ့ တိုင်းပြည် နဲ့လူမျိုးကို စာပေနဲ့ ကလောင်နဲ့မှ အကျိုးပြုလိုခြင်းသည်သာ ပဓာန။ ဆရာကြီးမင်းယုဝေ၏ စကားကို ကိုး ကားပြောရသော်  စာရေးဆရာ ကဗျာဆရာများ၏ဘ၀ဆိုတာ စာပေမှစာပေပဲ ဖြစ်ပါတယ်။ ထိုမှတစ်ပါး အခြား မရှိတော့ပြီ။ 


လေးစားလောက်ပါဘိ။ 

 

 

 

Sunday, November 18, 2012

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာပြည်ခရီးစဉ်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် နိုဝင် ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ 

 

 

သမ္မတအိုဘားမားကို ကြိုဆိုသည့် နံရံဆေးပန်းချီရှေ့ က ရဟန်းတစ်ပါးဖြတ်လျှောက်သွားစဉ်။

  Source: The Straits Times (17 November 2012)


မြန်မာနိုင်ငံ၌ရှိနေစဉ်အတွင်း သမ္မတအိုဘားမားသည် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အာင်ဆန်းစုကြည်နှင့်လည်းကောင်း ရန်ကုန်မြို့ ၌ တွေ့ဆုံမည်ဖြစ်သည်။  

ထို့နာက် သမ္မတအိုဘားမားသည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်အတွင်းရှိ မြန်မာ့သမိုင်းဝင်နရာ တစ် ခုဖြစ်သည့် ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် မြန်မာပြည်သူပြည်သားများအား မိန့်ခွန်းပြောကြားမည်ဟု ကြားသိ ရသည်။ ဤအစီအစဉ်ကြောင့် ဘွဲ့နှင်းသဘင်ခန်းမတွင် ယခုလမှာ ကျင်းပရန်ရှိနေသော (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် နှင့် ၃ ရက်နေ့များသို့ ရွှေ့ ဆိုင်းလိုက်ရ၏။  

 

 


အမေရိကန်သမ္မတ၏မန်မာနိုင်ငံခရီးစဉ်နှင့်လုံခြုံရေးကိစ္စရပ်များ ကြိုတင်ညှိနှိုင်းမှုပြုလုပ်ရန်နှင့် လိုအပ်သာ စက်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိရန်တို့အတွက် ခရီးသည်တင်လေယာဉ် နှင့် အမေရိကန်လေတပ်မှ C 17 လေယာဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြီးခဲ့သည့်အပတ်ကတည်းက ရောက်ရှိလာခဲ့ကြ၏။  

 

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်။ 19 November 2012 Monday 

 

သမ္မတ အိုဘားမား မြန်မာပြည်ရောက်ပြီ

 

ဓာတ်ပုံ - မြန်မာသတင်းစာများ (၂၀-၁၁-၁၂)

 

ဓာတ်ပုံ - မြန်မာသတင်းစာများ (၂၀-၁၁-၁၂)

 

ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ တွင် အမေရိကန်သမ္မတ အိုဘားမားသည် သူ၏အထူးလေယာဉ်ကြီး Air Force One ဖြင့် ရန်ကုန်မြို့သို့ သမိုင်းဝင်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူ၏ ယခုခရီးစဉ်သည် ဆယ်စုနှစ် ငါးစုအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော မြန်မာပြည်ခရီးစဉ်ဖြစ်သည်။

အိုဘားမားကို ကြိုဆိုကြမည့် ရာပေါင်းများစွာသော ရန်ကုန်မြို့ သူမြို့ သားများသည် ရန်ကုန်aလဆိပ်အနီး ၀န်းကျင်နှင့် လမ်းတစ်လျောက်တို့ နံနက်စောစောကြီးကပင် စောင့်ဆိုင်းနေခဲ့ကြသည်။ ယင်းကြိုဆိုကြ မည့်သူများတွင် အင်္ကျီအဖြူနှင့်ကျောင်းစိမ်းလုံချည်တို့ ၀တ်ဆင်ထားကြပြီး မြန်မာနိုင်ငံနှင့်အမေရိကန်နိုင်ငံ တို့၏ အလံငယ်များ ဝှေ့ရမ်းနေကြသည့် ကျောင်းသူaကျာင်းသား ၂၀၀၀ ခန့် ပါရှိကြ၏။ 

နံနက် ၁၀ နာရီ မိနစ် ၂၀ ။  ။ လွှတ်တော်အဆောက်အအုံသို့ သမ္မတ အိုဘားမား ရောက်ရှိလာရာ သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့သည်။

နံနက် ၁၁ နာရီ မိနစ် ၄၀ ။  ။ ရွှေတိဂုံစေတီတော်ကြီးသို့ သွားရောက်ပြီး ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေ ချမ်း လှူဒါန်းလျက် စေတီတော်မြတ်ကြီးကို လှည့်လည်ကြည့်ရှုကြည်ညိုသည်။ 

 

ဓာတ်ပုံ - မြန်မာသတင်းစာများ (၂၀-၁၁-၁၂)

 

မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ။  ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အာင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ သွားရောက်တွေ့ဆုံသည်။

 

(PHOTO: Reuters)

 

မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ။  ။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမ၌ ပြည်သူလူထုများ၊ နိုင်ငံရေးပါတီ များ၊ လူမှုအသင်းအဖွဲ့များ၊ တက္ကသိုလ်ဆရာဆရာမများနှင့် လူထုအခြေပြုအဖွဲ့ အစည်းအသီးသီးတို့အား မိန့် ခွန်း ပြောကြားသည်။ 

 

ဓာတ်ပုံ - မြန်မာသတင်းစာများ (၂၀-၁၁-၁၂)

အမေရိကန်သမ္မတ အိုဘားမားသည် ညနေ ၃ နာရီ ၃၅ မိနစ် တွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

 

 

 

Friday, November 16, 2012

အဆုံးအမများ



ဘ၀ချမ်းသာရေးအစစ်အမှန်ကို လိုချင်ရင်..

သူတော်ကောင်းကို ဆည်းကပ်၊

သူတော်ကောင်း တရားကို နာကြားလေ့လာ၊

နိဗ္ဗာန်နဲ့ ဆီလျော်တဲ့ တရားအကျင့်ကို ကျင့်သုံးရမယ်။

ဒါန၊ သီလ၊ ဘာဝနာတို့ကို အဆင့်ဆင့် တိုးမြှင့်ပြီး ကျင့်သုံးရမယ်။ (မြတ်ဗုဒ္ဓ)

(သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်စာအုပ်)

 

စာရေးသူရဲ့ ဘလော့မှာ ရေးတင်ထားသော “လက်ဝှေ့ဆောင်းပါးစာရေးဆရာ ရွှေဘိုဘာမထီ ခင်အောင်” ဆိုတဲ့ စာလေးကိုဖတ်ပြီးတော့ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မိတ်ဆွေ ဒေါက်တာ ကိုသောင်းတင် (စာရးဆရာလူမျိုးနော်)က … မိမိသည် ဆရာဘာမထီခင်အောင်၏ လက်ဝှေ့ သင်တန်းက စည်းကမ်းနဲ့ အဆုံးအမတွေကို လက်ဝှေ့ကြိုးဝိုင်းရဲ့ အပြင်ဖက်ရှိ နေ့စဉ်ဘ၀ထဲမှာလည်း အကျိုးရှိစွာ အသုံးပြုနိုင်ခဲ့တဲ့ အကြောင်းနဲ့ ဆရာ၏ကျေးဇူးတရားများအား မိမိက ယခုကဲ့သို့ အောက်မေ့သတိတရရှိနေတာဟာဖြင့် အ ထူးကောင်းမွန်သင့်လျော်ပါကြောင်း စသဖြင့် မှတ်ချက်ကလေး ရေးပို့လာပါတယ်။ သူရဲ့ အင်္ဂလိပ်လိုရေး ထားတဲ့ မှတ်ချက်ကလေးကို ဖတ် ကြည့်နိုင်ပါတယ်။

အမှန်တကယ်က ဆရာ၏အဆုံးအမများသည် ယခုရေးထားတာတွေထက်တောင် ပိုလို့နေပါသေးတယ်။ ဒီ အကြာင်းအရာတစ်ချို့ ကို နွယ်နီမဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်ထဲမှာ စာရေးသူ ထည့်ပြီးရေးသားခဲ့လို့ ဆရာ ဖတ်ရှုသိရှိပြီး ဖြစ်ပါတယ်။ နောက်ဆုံးအခေါက်က ရွှေဘိုမှာ ဆရာနဲ့တွေ့တော့ သူ့အကြောင်းရေးထားတာနဲ့ ပတ်သက်ပြီး “ကျေးဇူးပဲကွ ညီလေး”လို့ ဆရာက မိမိအား ပြောခဲ့ပါသေးတယ်။

စာရေးသူတို့မြန်မာ့ယဉ်ကျေးမှုမှာ လူကြီးသူမများ၏ အဆုံးအမဆိုတာ အလွန်အရေးကြီးပြီး လေးစားလိုက် နာကြရတာဖြစ်တယ်။ 

အဆုံးအမဆိုတာ လမ်းညွှန်တာဖြစ်သလို ထိန်းကြောင်းပးတာလည်းပဲ ဖြစ်တယ်။ 

မိဖဆရာသမားများနဲ့ လူကြီးသူမများ၏ အဆုံးအမများကို ကောင်းစွာနှလုံးပိုက်ပြီး လေးစားစွာ လိုက်နာခြင်း ဟာ ကောင်းကျိုးချမ်းသာကို ဧကန်မုချရနိုင်စေမှာပါ။

မိမိကိုယ်တိုင်လည်း ငယ်စဉ်ကစပြီး အရွယ်ရောက်လာတဲ့အထိ အကြိမ်ပေါင်း မရေမတွက်နိုင်အာင် လက် အုပ်ချီကန်တော့ခဲ့လို့ အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင်ကိုပဲ ဆုတွရရှိခဲ့သလို အဖိုးမဖြတ် နိုင်တဲ့ အဆုံးအမတွေလည်း ရခဲ့တာဖြစ်တယ်။ ယခုအခါမှာ မိမိသည် အသက်အရွယ်ရလာခဲ့ပြီမို့ ကန်တော့ ခံရတဲ့အတန်းထဲကိုရောက်လျက် ကန်တော့ခံလာရပြီဖြစ်လေရာ ကန်တော့ကြသူများအား မိမိကလည်း ဆုတာင်းပေးရတာတို့ ဆုံးမစကားများပြောရတာတို့ ရှိလာခဲ့ပါတယ်။ 

ဒါကြောင့် ဆုပေးတဲ့နေရာမှာကော အဆုံးအမပေးတဲ့နေရာမှာပါ ကန်တော့ကြသူများရဲ့  အသက်အရွယ် အလုပ်အကိုင်နဲ့ အခြားသောအခြေအနေအရပ်ရပ်တို့ကိုလိုက်ပြီး အဓိပ္ပါယ်ရှိဖို့ တန်ဖိုးရှိဖို့ အားထုတ်ရပါ တယ်။ စေတနာတရားနဲ့ မေတ္တာများကို အဓိကအားဖြင့် အရင်းခံရတာပါ။ 

 

ဆက်ရေးပါဦးမယ်။