"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, December 31, 2020

ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၅)



နံနက် ၆ နာရီကျော် အလုပ်သွားရန် ဘတ်စ်ကားမှတ်တိုင် (အောက်ပုံ) အရောက်။ 
နောက်ခံမှာ မိမိ၏အိမ်ရှိရာတိုက်များကိုတွေ့မြင်နေရ။




ဘတ်စ်ကားမှတ်တိုင်
(အနီစက်ဝိုင်း)
သို့အသွား 
ပလက်ဖောင်းမှ 
ရိုက်ချက်။
 



ဒီကနေ့သည် မိမိ၏ဒုတိယအကြိမ်ဝန်ထမ်းဘ၀ ပထမတစ်နှစ်တာပြည့်သောနေ့ဖြစ်သည်။

ယခုနှစ်ဖေဖော်ဝါရီလကစပြီး အချိန်ပိုင်းဝန်ထမ်း Senior Physiotherapist အဖြစ် ဆေးရုံတွင်အလုပ်ဝင်ခဲ့သည်။  

တကယ်တော့ အမည်နာမဖြစ်သည့် ရာထူးအခေါ်အဝေါ်သည် မိမိလို အလုပ်မှအနားယူထားပြီးသူတစ်ဦးအတွက် အရေးမကြီးလှပေ။

သို့သော် ရာထူးအဆင့်ကိုလိုက်ပြီး လစာပေးသဖြင့် ၀င်ငွေအရတော့ အရေးကြီးပါသည်။ 

ရာထူးနိမ့်က လစာနည်းပေမည်။

ထို့အပြင် Mid-year bonus၊ Year-end bonus နှင့် Performance bonus တို့ကိုပေးရာတွင် ယေဘုယျအားဖြင့် လစဉ် ၀င်ငွေအပေါ်မူတည်ပြီး တွက်ချက်ပေးခြင်းဖြစ်သည်။

မိမိနေဖြင့် ဆေးရုံတွင်အလုပ်လုပ်ရသဖြင့် ကံကောင်းပါသည်။

အကြောင်းမှာ စင်ကာပူနိုင်ငံတွင် အလုပ်သမားများနှင့်ဝန်ထမ်းများကို နှစ်စဉ်ပေးလေ့ရှိသော Mid-year bonus နှင့် Year-end bonus တို့ကို ကိုဗစ်စီးပွားရေးကျဆင်းမှုကြောင့် ယခုနှစ်တွင်မပေးတော့ဟု အစိုးရက ကျေညာထားခဲ့သည်။

သို့သော် မိမိသည် အချိန်ပိုင်း (နေ့တစ်ဝက်) လုပ်သည်ဖြစ်သော်ငြားလည်း အထက်က bonus (၃) မျိုးကိုရရှိခဲ့သည့်အပြင် ယခုနောက်ဆုံး နှစ်မကုန်ခင်လေးမှာပင် Special bonus ခေါ် နောက် bonus အသစ်တစ်မျိုးကို မျှော်လင့်မထားပါဘဲဖြင့် ရရှိလိုက်သေး၏။

ပြီးခဲ့သော ဘတ်ဂျက်ရှင်းလင်းတင်ပြသောမိန့်ခွန်းတွင် ဒုတိယ၀န်ကြီးချုပ် မစ္စတာ Heng Swee Keat က၊ 

Our healthcare workers and frontline staff played an important role in our battle against COVID-19.

 This is intended to recognise the significant risks that they have shouldered in combatting COVID-19 throughout this year. 

The Government will seek to recognise and appreciate their contributions through a range of monetary and non-monetary mechanisms, including the special bonus, at an appropriate time.

ထိုစဉ်က မစ္စတာ Heng Swee Kea ၏စကားများသည် မိမိနှင့်သက်ဆိုင်လာလိမ့်မည်ဟု မတွေးမိခဲ့ပေ။

Medical နဲ့ Isolation ward တွင်ရှိသည့် ကိုဗစ်ဖြစ်နေသူရော ပျောက်ကင်းပြီးသူရော အခြားသောအဆုတ်ရောဂါရှင်ဖျားနာလူနာများထဲကအချို့ တို့ကို သမားတော်ကြီး (Senior Consultant Physician) နှင့်အတိုင်ပင်ခံဆရာဝန်များ၏ လွှဲအပ်မှုဖြင့် မိမိက Cardiopulmonary ခေါ် Chest Physiotherapy နည်းဖြင့် တစ်ဦးတည်းတာဝန်ယူကုသပေးနေရသည်။ 

ပြီးခဲ့သောအပတ်က မိမိ၏ဌာနမှူးနှင့်တွေ့စဉ် သူက၊

"မစ္စတာအေး၊ အိုင်အိပ်ခ်ျအာရ် (iHR) မှာ ကြည့်ကြည့်စမ်းပါ။ မစ္စတာအေးကို Special bonus ပေးဖို့ ကျနော်ထောက်ခံချက်ပေးထားတယ်။ Year-end bonusက ၀န်ထမ်းတိုင်းရကြတယ်။ Special bonus ကိုတော့ မစ္စတာအေးက အထူး ကြီးကြပ်ဖျားနာသီးသန့်ဆောင် (Medical and Isolation Ward) မှာလုပ်နေတာကြောင့် ထောက်ခံချက်ပေးရတာ" ဟုပြောပါသည်။ 

သို့နှင့် မိမိက နောက်ထပ်ဒေါ်လာ ၅၀၀၊ ၁၀၀၀ လောက်တော့ရနိုင်သည်ဟု ခန့်မှန်းထားခဲ့သည်။

သို့သော် ဒီကနေ့မနက်မှာ ဆေးရုံတွင်လူနာများကြည့်အပြီး ကွန်ပြူတာဖွင့်ကာလူနာမှတ်တမ်းများရေးတင်ရင်း အိုင်အိပ်ခ်ျအာရ် (iHR) ကို ကြည့်လိုက်သောအခါ မိမိ လုံးဝမမျှော်မှန်းထားသည့် ထောင်ဂဏန်း ၄ လုံးကိုတွေ့လိုက်ရသောအခါ ၂၀၂၀ ခုနှစ်သည် မိမိနှင့်မိမိ၏မိသားစုအတွက် လှလှပပလေးကုန်ဆုံးသွားခဲ့သည်ကို အမှတ်တရရှိနေပါမည်။


























Thursday, December 24, 2020

ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေး ထိုးရမည်

 

                                      ပထမအသုတ် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေး စင်ကာပူသို့ရောက်လာစဉ် 
                                                                                     (ST Photo: Kua Chee Siong)


ဒီကနေ့မနက်စောစောမှာ မိမိတို့ဌာနမှူးထံက အီမေးတစ်စောင်ဝင်လာသည်။

လာမည့်အပတ်တွင်ပြုလုပ်မည့် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်ပြီး ဆေးရုံကရှင်း   လင်းတင်ပြမည့်အစည်းအဝေး (Zoom Meeting) ကို တက်ကြရန်ဖြစ်သည်။

မိမိတို့ဆေးဘက်ပညာရှင်များ (Allied Health Professionals) က ဒီဇင်ဘာ ၂၈ ရက်တွင်တက်ကြရမည်ဖြစ်ပြီး ဆ ရာဝန်များနှင့်သူနာပြုများက နောက်ရက်များတွင် တစ်ရက်စီခွဲကာ တက်ကြရမည်ဖြစ်သည်။ 

ထို့အပြင် ဒီကနေ့နေ့ခင်းပိုင်းတွင် ဆေးရုံမှနောက်ထပ်အီးမေးတစ်စောင် ထပ်မံရရှိခဲ့ပြန်ပါသည်။

ယခုအီးမေးနှင့်အတူ စစ်တမ်းကောက်ယူသည့်မေးခွန်းစာရွက် (survey) ပါလာသည်။ ကာကွယ်ဆေးထိုးချင်သည်    ဖြစ်စေ မထိုးချင်သည်ဖြစ် ၀န်ထမ်းတိုင်းအနေဖြင့် ရေးဖြည့်ပြီးပြန်ပို့ပေးရမည်ဖြစ်သည်။




















ကာကွယ်ဆေးထိုးရန်ဆန္ဒရှိသူဝန်ထမ်းများသည် ပေးထားသည့်ရက်နှင့်အချိန်နာရီတို့ကို မိမိအဆင်ပြေသည့်အ   တိုင်း ရွေးထည့်ပေးရန်လိုအပ်လေသည်။

သို့မှသာ ဆေးရုံ၏လုပ်ငန်းလည်ပတ်မှုမထိခိုက်စေပဲနှင့် ဆေးထိုးပေးမည့်အချိန်များကို စနစ်တကျ ကြိုတင်စီစဉ်ထားနိုင်မည်ဖြစ်သည်။

စင်ကာပူနိုင်ငံအတွက် ပထမအသုတ်ဖြစ်သော ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးများသည် ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်အချိန်ကရောက်ရှိလာကြောင်းကို သတင်းစာတွင်ဖတ်လိုက်ရသည်။ 

Pfizer and BioNTech ကထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေး (COVID-19 vaccines) ဖြစ်သည်။

Pfizer and BioNTech ကာကွယ်ဆေးအပြင် Moderna နှင့် Sinovac တို့ကထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးများကို ၀ယ်ယူရန်အတွက်လည်း ကြိုတင်ကာစာချုပ်ရေးထိုးထားသေးသည်။

မိမိ သိရှိရသ ထိုသို့ကာကွယ်ဆေးရရှိသည့်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံသည် ပထမဆုံးသောနိုင်ငံဖြစ်သည်။

ယခုကဲ့သို့ ကာကွယ်ဆေး စောစောစီးစီးရရှိနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီဆင်လွန်းက Health Sciences Authority၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်သယ်ယူပို့ဆောင်ရေးဆိုင်ရာအရာရှိအရာထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြုပြောဆိုခဲ့သည်။  















Source: The Straits Times


ကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရန်အန္တရာယ်များသူများဖြစ်သော ရှေ့ တန်းမှာတာဝန်ယူနေသည့်ကျန်းမာရေးဝန်ထမ်းများ၊ အသက်အရွယ်အိုမင်းသူများ (၇၀ နှစ်နှင့်အထက်) နှင့်ရောဂါဖြစ်လွယ်သူများကို ဦးစား   ပေးထိုးနှံပေးမည်ဖြစ်သည်။ 

ထို့အပြင် နိုင်ငံ၏ရေ၊ မီး(လျှပ်စစ်) အစရှိသော အရေးကြီးဌာနများတွင်အလုပ်လုပ်လျက်ရှိသည့်အလုပ်သမားများ (workers in critical areas) အတွက်လည်း လိုရမယ်ရ ကာကွယ်ဆေး ၅ ရာခိုင်နှုန်းကို အမြဲအသင့်ဆောင်ထားပေးမည်ဖြစ်သည်။

ထိုကြောင့် ဆေးရုံတွင် ဖျားနာလူနာများ (အထူးသဖြင့် အဆုတ်နှင့်လေပြွန်လမ်းကြောင်းဆိုင်ရာဖျားနာလူနာများ) ကို Cardiopulmonary ခေါ် Chest Physiotherapy နည်းဖြင့် ကုသမှုပေးနေရသောမိမိအဖို့ သတင်းကောင်းဖြစ် သည်။ 

ကျန်းမာရေးဝန်ထမ်းများကို ယခုနှစ် ဒီဇင်ဘာ ၃၀ ရက်စပြီးထိုးနှံပေးမည်ဟု ကြေညာအသိပေးထားသည်။

မိမိအနေဖြင့် လာမည့်ဇန်န၀ါရီလ ၈ ရက် (သောကြာနေ့) နံနက်တွင် ဆေးထိုးရန်စာရင်းပေးလိုက်ပြီးဖြစ်သည်။ 

ယင်းနေ့သည် မိမိတို့ဆေးရုံ ၀န်ထမ်းများကို ပထမဦးဆုံးစတင်ထိုးပေးသည့်နေ့ဖြစ်သည်။

ကာကွယ်ဆေးကို နိုင်ငံသားအားလုံးအတွက် အခမဲ့ထိုးပေးပါမည်။ 

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းဆိုပါက ကာကွယ်ဆေးထိုးနှံလိုသောစင်ကာပူနိုင်ငံသားအားလုံး ဆေးထိုးနှံပေးပြီးဖြစ်မည်ဟုသိရပါသည်။












အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတ 

ဂျိုးဘိုင်ဒင် ဒီဇင်ဘာ ၂၁ ရက်နေ့က

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု

ခံယူနေစဉ်။






ဆက်ရေးပါဦးမည်။


Sunday, December 20, 2020

ကျွန်းသာယာ သတင်းစဉ် (၂၃)

 














၁။ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)  {၁-၁-၂၁ သောကြာနေ့}

၂။  ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ (သီတဂူဆရာတော်)  {၂-၁-၂၁ စနေနေ့}

၃။  ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါမောက္ခချုပ်ဆရာတော်)   {၃-၁-၂၁ တနင်္ဂနွေနေ့}

၎။ ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (ယောဆရာတော်)  {၄-၁-၂၁ တနင်္လာနေ့}

၅။ ဓမ္မဘေရီဘဒ္ဒန္တ၀ီရိယ (တောင်စွန်းဆရာတော်)  {၅-၁-၂၁ အင်္ဂါနေ့}

၆။ အရှင်ဆန္ဒာဓိက (ရွှေပါရမီဆရာတော်)  {၆-၁-၂၁ ဗုဒ္ဓဟူးေ့}    

၇။ အရှင်ရာဇိန္ဒ (ရဝေနယ်-အင်းမဆရာတော်)  {၇-၁-၂၁ ကြာသပတေးေ့}  



****


     အရေးကြီးသတင်း     




၂၉-၁၂-၂၀  ည ၈ နာရီ














ရောဂါပိုးတွေ့မှုရာခိုင်နှုန်း (၃.၄%)









 တရားဓမ္မ အသိအမြင်   


Source: Facebook



*****


၂၈-၁၂-၂၀  ည ၈ နာရီ











ပိုးတွေ့မှုရာခိုင်နှုန်း
၎ အောက်ကျလာပြီ








ကိုဗစ်ကွင်းချေမှုန်းရေး
ပြည်ူသူလူထု၏လိုက်နာမှု အဓိကဖြစ်








သဘာဝသယံဇာတနှင့်စွမ်းရည်အရင်းအမြစ်များ

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်။ ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၀)


****


      အရေးကြီးသတင်း     



(၂၆-၁၂-၂၀   ည ၈ နာရီ)









မန္တလာသီရိမင်္ဂလာကွင်းတွင်
အနံ့ပျောက်သူများထားရန်
ဧရာဝတီဖောင်ဒေးရှင်းက
ပံ့ပိုးကူညီ
  


ရှောင်ကြဉ်ကြရန်


****


(၂၄-၁၂-၂၀ ည ၈ နာရီ)












ပိုးတွေ့ရှိမှု ရာခိုင်နှုန်း (ဒီဇင်ဘာ ၁၅ မှ ၂၄  ရက်အထိ) 
၎.၃%(၂၄-၁၂-၂၀)





ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ

၅ ရက်အတွင်း ၁၀၀၀ အောက်သို့ကျဆင်းလာခဲ့

သို့သော် သိပ်အကောင်းကြီးလို့ မပြောနိုင်သေး


(COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား
မှုနောက်ဆုံးအခြေအနေကို ပြည်သူသို့တင်ပြခြင်းမိန့်ခွန်းကောက်နှုတ်ချက်- ၂၄/၁၂/၂၀)




(၁) အိမ်မှာပဲနေပါ

(၂) အိမ်မှာပဲနေပါ

(၃) အိမ်မှာပဲနေပါ








****


ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ


ဖမ်းဆီးဝရမ်းအထုတ်ခံထားရသည့် 
တရားခံပြေး ဘူးလက်လှဆွေသည်
ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းက 
ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး
ရုံးတွင် ကိုယ်တိုင်လာရောက်အဖမ်းခံ
ခဲ့ကြောင်းသိရသည်။ 
စံတော်ချိန်နေ့စဉ် (၂၉ -၁၂-၂၀)




မဲစာရင်းမှားသည့်ကိစ
အင်န်အယ်လ်ဒီက ၀င်ရောက်စွက်ဖက်မည်မဟုတ်

မဲစာရင်းမှားယွင်းသည်ဟုပြောဆိုနေမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ တာဝန်ယူဖြေရှင်းနိုင်မည်

ဖြစ်ပြီး အင်န်အယ်လ်ဒီပါတီအနေဖြင့် ၀င်ရောက်စွက်ဖက်ရန်မရှိကြောင်းကို ပါတီပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး

မုံရွာ(ဦး)အောင်ရှင်က ဒီဇင်ဘာ ၂၅ ရက်နေ့တွင် စံတော်ချိန်သို့ပြောကြောင်းသိရသည်။ 


ပြည်ခိုင်ဖြိုးပါတီပိုင်ကျူကျော်အဆောက်အဦများ 

ဖယ်ရှားပစ်မည်

အများပြည်သူပိုင်မြေများပေါ်တွင်ကျူးကျော်ဆောက်လုပ်ထားသည့် တာမွေမြို့ နယ်ရှိပြည်ခိုင်ဖြိုးပါတီပိုင်ဖြစ်သော ကျူးကျော်အဆောက်အဦ ၄ ခုနှင့် ငှားရမ်းဆိုင်ခန်းများကို ဖယ်ရှားပစ်ရန်စီစဉ်နေကြောင်းသိရသည်။

 

****


ရန်ကုန် ခရစ္စမတ်

(မြို့ တော်ခန်းမ)


(ဧမာနွေလ ဘုရားကျောင်း)








(စိန့်မေရီ၊ ရန်ကုန်၊

ကသီဒြယ်ဘုရားကျောင်း)



မြန်မာ့အလင်း (၂၅-၁၂-၂၀)

နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ အခက်အခဲကြုံတွေ့ 
နေရသော မြန်မာနိုင်ငံသား ၁၅၂ ဦးအား မြန်မာသံရုံး တိုကျိုမြို့ မှစီစဉ်သည့် All Nippon Airway (ANA) ကယ် 
ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် ရန်ကုန်ပြည်ပြည် 
ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည် (ပုံ)။ 

ထို့ပြင် စင်ကာပူနိုင်ငံ အခက်အခဲကြုံတွေ့နေရသောမြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှစီစဉ်သည့် (၃၂)ကြိမ် မြောက် မြန်မာအမျိုးသားလကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ဒီဇင်ဘာ ၂၄ ရက် ည ၇ နာရီခွဲတွင် ရန်ကုန်ပြည်ည်ြဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။ 


ဦးပိန်တံတားအနီးက စက္ကူနန်းတော်

မန္တလေးမြို့  ဦးပိန်တံတားနှင့်

တောင်သမန်အင်းအရှေ့ တောင်

ဘက်ရှိ ရွာသစ်ကျေးရွာအနီးက 

စက္ကူနန်းတော်အပန်းဖြေဥယျာဉ်။ 

(မြန်မာ့အလင်း ၂၆-၁၂-၂၀)

  

*****


လူစုလူဝေးနှင့်တိုက်ရိုက်ထိတွေ့မှုများ

ရှောင်ရှားကြရန်





၁၉-၁၂-၂၀
ည ၈ နာရီ










ပိုးတွေ့ရှိမှု ရာခိုင်နှုန်း (ဒီဇင်ဘာ ၁၀ မှ ၁၉  ရက်အထိ)
















နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှု 
ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူ 
နိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာ
နိုင်ငံသား ၁၃၀ ဦးအား မြန်မာသံရုံးမှစီစဉ်သည့်
မြန်မာအမျိုးသားလကြောင်းလိုင်း (MNA) ကယ်
ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာ
ရာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်အ
ပြည်ည်ြဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည် (ပုံ)။ 

ထို့ပြင် ပြင်ပနိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသားများအား  မြန်မာသံရုံး ဆိုးလ်မြို့ နှင့် JSM Interntional ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းပြည်ည်ြဆိုင်ရာလေဆိပ်မှတစ်ဆင့် ပန်လည်ခေါ်ဆောင်လာရာ ဒီဇင်ဘာ  ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ည်ြဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 
မြန်မာ့အလင်း (၂၀-၁၂-၂၀)



 စာတစ်ကြောင်းသတင်း 
(News In One Sentence)


ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက် ပြင်ဦးလွင်သို့အလည်လာသူများတားမြစ်မည်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးအတွက် ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်ရှည်တွင် ပြင်ဦးလွင်သို့အလည်လာမည့်သူများကို တားမြစ်သွားရန်စီစဉ်လျက်ရှိကြောင်းသိရသည်။



မိချောင်းမွေးမြူရေးစခန်း ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်တင်ပြထား

သာကေတ မိချောင်းမွေးမြူရေးစခန်းကို ၂၀၂၁ ခုနှစ်ဆန်းတွင် ပြန်လည်ဖွင့်လှစ်ပြသနိုင်ငံရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်းသိရသည်။ 



Haier Myanmar နှင့်Clean Yangon တို့ မိသားစု ၅၀၀ ကိုဆန်ဆီထောက်ပံ့

အခြေခံလူတန်းစားပြည်သူများအား စားသောက်ကုန်များထောက်ပံ့လှူဒါန်းသည့် 'ဖေးမအတူ လက်တွဲကူ' အစီအစဉ်အရ ပန်းလှိုင်တံတားအောက်၌နေထိုင်ကြသည့် မိသားစု ၅၀၀ အား တစ်အိမ်ထောင်လျှင်ငွေကျပ် ၂၅၀၀၀ ခွဲတန်ဖိုးရှိ ဆန်ဆီအပါအ၀င်အခြေခံစားသောက်ကုန်များကို Haier Myanmar နှင့်Clean Yangon တို့ပူးပေါင်းလှူဒါန်းကြကြောင်းသိရသည်။ 


   စာမြည်း  

ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်သည် နေ့စဉ် ထောင်ဂဏန်း

အထက်တွင်ရှိနေဆဲ။ ရောဂါကူးစက်ခံရပြီး သေကံမရောက်သက်မပျောက်စွာ

အိမ်ကိုပြန်ရောက်လာနိုင်ကြသူများရှိကြသလို မပြန်လာနိုင်ကြသူ

အရေအတွက်ကလည်း တိုးလာနေလျက် ..

 (မြန်မာ့အလင်း ၂၀-၁၂-၂၀)
                                                                ဖတ်စရာ မှတ်စရာ  မှာ အပြည့်အစုံကို ဆက်ဖတ်ပါရန်


  မိုးလေ၀သ (၂၅-၁၂-၂၀)  



                                                                               (၁၉ -၁၂-၂၀)



ဟားခါးမြို့ တွင် အနိမ့်ဆုံးအပူချိန်  
၎ ဒသမ ၇ စင်တီဂရိတ်ရှိသောကြောင့် 
ရေခဲသည်အထိ အအေးပိုလာခဲ့သည်။ 




  စာပေနှင့် အနုပညာဖျော်ဖြေမှု  

ရင်ထဲက ပဲ့တင်သံ အမှတ်-၅
မဂ္ဂဇင်း ထွက်ပြီ

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် မှတ်တိုင်အဖြစ်ထုတ်ဝေလိုက်သည့်မဂ္ဂဇင်းဖြစ်သည်။ 
ကလောင်ဟောင်းများနှင့်ကလောင်သစ်ပေါင်းစုံ၏ သုတ ရသမြောက် ဆောင်းပါး၊ ၀တ္တု စသည်တို့ကို ခံစားဖတ်ရှု နိုင်မည်။ 
တန်ဖိုး - ၃၅၀၀ ကျပ်။ 
SMART စာပေ။ မင်္ဂလာတောင်ညွန့်မြို့ နယ်။ ရန်ကုန်။   




ဆရာဝန် နိုင်ငံရေးသမား
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်                                                                   ဒေါက်တာဇော်မြင်မောင်ရေးသားထား                                                             သည့် ဆောင်းပါးများ၊ ကဗျာများနှင့်                                                                 မိန့်ခွန်းကောက်နှုတ်ချက်များကို                                                                     တစုတစည်းတည်းဖတ်ရှုနိုင်မည့်စာအုပ်။                                                          တန်ဖိုး - ၂၅၀၀ ကျပ်။                                                                                  အလင်္ကာစာအုပ်တိုက်၊ ချမ်းမြသာစည်မြို့ နယ်၊                                               မန္တလေး။ 



မြန်မာ့အသံနှင့်ရုပ်မြင်သံကြား 
စိန်ရတုအထိမ်းအမှတ် ဖျော်ဖြေပွဲ

(၁-၁-၂၁)



(ဒီဇင်ဘာ ၂၈ ရက်)
တေးရေး- ပြည်သိန်းဆွေ၏
'ရွာသာယာ'သီချင်းကို
အဆိုတော်
သလ္လာဝတီလှလှရီ 
သီဆိုနေစဉ် 


GTI ပညာရေး
၁၂၅ နှစ်ရှိခဲ့ပြီ



ဒေါက်တာခင်မောင်လွင်၏စာအုပ် ထွက်ရှိ



ခရီးသွားဟင်းလေးအိုးကြီးစာအုပ် ထွက်ရှိ

စာရေးဆရာသတိုးလွင်က နှစ်ပေါင်း၃၀ နီးပါး 
ခရီးသွားလုပ်ငန်းအတွေ့အကြုံများကို ခရီးသွား
လုပ်ငန်းရှင်တစ်ဦး၏ကိုယ်တွေ့ခံစားချက်များ
နှင့်ပေါင်းစပ်လျက် ရေးသားထားသည့်စာအုပ်
ဖြစ်သည်။



  ဟုတ်လား ?  မဟုတ်လား ?  

  ရဲရဲ တွေးကြည့်ကြ !  

နိုင်ငံတော်အကြီးအကဲများအပေါ် ပြစ်တင်ရှုတ်ချပြောဆိုခဲ့သဖြင့် ရာဇ၀တ်ကြီးအမှုအမှတ် ၇၆/၂၀၁၉  ဖြင့် ဖမ်းဆီး ၀ရမ်းထုတ်ထားခြင်းခံရသည့် ဘူးလက်လှဆွေ၏ Bullet News Journal မျက်နှာဖုံးတွင် အောက်ပါအတိုင်းရေးထား ခဲ့သည်။

"မုဆိုးမတိုင်ပြည်ဆိုတော့ ဟိုလူကလည်း လာစော်ကားတာခံရ

ဒီလူကလည်း လာစော်ကားတာခံရ၊

ကမ္ဘာကြီးတစ်ခုလုံးက ကျူးကျော်ချင်တိုင်းကျူးကျော်လို့ရသလိုဖြစ်နေတယ်။"   



  နာရေး  


အငြိမ့်နှင့်ဗွီဒီယိုလောကများ၌အောင်မြင်မှုရှိပြီး ပရိသတ်များပြားခဲ့သူ 

လူရွင်တော် သရုပ်ဆောင်  ဧရာ (ဦးဧရာမြိုင်) သည် ဒီဇင်ဘာ ၁၉  ရက် 

နံနက် ၃ နာရီ ၃၉  မိနစ်က ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။


   အားကစား  


ရာစုနှစ်၏အကောင်းဆုံးဘောလုံးသမားဆု ကို ဂျူဗစ်တပ်တိုက်စစ်မှူး စီရိုနယ်ဒိုက ပြိုင်ဘက် မက်ဆီကိုအနိုင်ရကာ ဆွတ်ခူးရရှိသွားသည်။ 

စီရိုနယ်ဒိုသည် ဘောလုံးကစားသမားဘ၀သက်တမ်းတစ်လျှောက်မှာလည်း ရွှေဘောလုံးဆုကို ၅ ကြီမ်တိတိရရှိထားပြီးသူဖြစ်သည်။



  ဖတ်စရာ မှတ်စရာ   












































 



  ရွှေ  ငွေကြေး  စက်သုံးဆီ  
                                                          ဒီဇင်ဘာ ၂၉ ရက်



ဒီဇင်ဘာ ၂၈ ရက်
















ဒီဇင်ဘာ ၂၆ ရက်


ဒီဇင်ဘာ ၂၅ ရက်
















ဒီဇင်ဘာ ၂၄ ရက်




ဒီဇင်ဘာ ၁၉ ရက်













  ကိုဗစ်-၁၉  












Globally, as of 4:56pm CET, 28 December 2020

there have been 79,673,754 confirmed cases of COVID-19, including1,761,381 deaths, reported to WHO.













ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီ ၅၆ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် ...

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၇၉  သန်းကျော် (၇၉,၆၇၃,၇၅၄ ဦး) 

၂) ပိုးတွေ့ သေဆုံးလူနာပေါင်း -  သန်းကျော် (၁,၇၆၁,၃၈၁ ဦး) ရှိသွားပါပြီ။

--------




စ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန်လည်များပြားလာသောကြောင့် ကာကွယ်ဆေးထိုးနှံပေးရန်ပြင် ဆင်နေချိန်မှာပင် တစ်နှိုင်ငံလုံးအသွားအလာပိတ်ဆို့ကန့်သတ်မှုကို ဒီဇင်ဘာ ၂၇ ရက်က တတိယအကြိမ်မြောက် ချမှတ်ခဲ့သည်။

ပြည်သူများအနေဖြင့် နေအိမ်မှ မီတာ ၁၀၀၀ အကွာအဝေးအထိသာ သွားလာခွင့်ရှိသည်။
ပစ္စည်းပို့ဆောင်ပေးသူများမှအပ စားသောက်ဆိုင်နှင့်ဈေးဆိုင်များ ပိတ်ထားခိုင်းသည်။ (မြန်မာ့အလင်း၊၂၉ -၁၂-၂၀)


****


ပုတ်(ပ်)ရဟန်းမင်းကြီး၏
ခရစ္စမတ်အမှာစကား


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကမ္ဘာ့နေရာအသီးသီးရှိလူတိုင်းလူတိုင်း အထူးသဖြင့် ရောဂါကြောင့်ထိလွယ်  ခိုက်လွယ်ကြသူများအားလုံး ထိုးနှံခွင့်ရရှိသင့်ကြောင်း ပြီးခဲ့သောသောကြာနေ့ (ဒီဇင်ဘာ ၂၅) က ပုတ်(ပ်)ရဟန်းမင်းကြီးသည် ၏ခရစ္စမတ်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။ 
Source: AFP (သတင်းဘာသာပြန် - ကျွန်းသာယာ)




                                 Source: NHK








ကိုဗစ်-၁၉ ဆိုးဝါးစွာခံစားရသည့်ဒေသများ

ဥရောပတိုက်တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ
၂၅ သန်းကျော်ရှိသဖြင့် ကိုဗစ်-၁၉  ရောဂါကို
ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးခံစားရသည့်ဒေသ
ဖြစ်သည်။
ဥရောပပြီးလျှင် အမေရိကန်နှင့်ကနေဒါနှစ်နိုင်ငံ

ပေါင်းက ၁၉ သန်းကျော်၊ လက်တင်အမေရိကနှင့်ကရစ်ဘီယံနိုင်ငံများက ၁၅ သန်းကျော်၊ အာရှနိုင်ငံများက ၁၃ သန်းကျော်ဖြင့် ဒုတိယ၊ တတိယနှင့်စတုတ္ထနေရာများတွင်ရှိနေကြကြောင်းသိရသည်။ 
Source: AFP (သတင်းဘာသာပြန် - ကျွန်းသာယာ)


ခရီးသွားများ ဟောင်ကောင်တွင်
၃ ပတ် ကြူ (Q) ၀င်ကြရမည်

အချို့ သောကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများသည် ရောဂါပျိုးကာလ ၁၄ ရက်ထက်ကျော်လွန်နိုင်သောကြောင့် 
ဟောင်ကောင်သို့လာရောက်ကြသောခရီးသွားများအနေဖြင့် မဖြစ်မနေ ကြူ (Q) ၀င်ရမည့်ကာလကို ၃ ပတ်အထိ အစိုးရက ဒီဇင်ဘာ ၂၅ ရက်တွင် တိုးမြင့်လိုက်သည်။
Source: AFP (သတင်းဘာသာပြန် - ကျွန်းသာယာ)






အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူ 

၁၀ သန်းကျော်သွားပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အမေ

ရိကန်နိုင်ငံပြီးလျှင်ဒုတိယမြောက်ကူးစက်မှုအများ

ဆုံးနိုင်ငံဖြစ်သည်။  မြန်မာ့အလင်း (၂၀-၁၂-၂၀)