"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, December 13, 2020

ကျွန်းသာယာ သတင်းစဉ် (၂၂)

 

    အရေးကြီးသတင်း   




၁၅-၁၂-၂၀ ည ၈ နာရီ













































စာပေနှင့်စာပေစွမ်းအား



၂၀၁၉  ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့်အမျိုးသားစာပေဆုချီးမြှင့်သည့်အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့်မိန့်ခွန်းမှ ..။


****





























  ကိုဗစ်-၁၉ ရှေ့ တန်းစစ်မျက်နှာ  

ရန်ကုန်တိုင်း ကုသရေးစင်တာ ၆ ခုတွင်
ဆရာဝန် ၆၀ ဦးခန့်လိုအပ်လျက်ရှိနေ

ရန်ကုန်တိုင်းတွင် ပိုးတွေ့လူနာများ များပြားလာသဖြင့် ဆရာဝန်အင်အား မမျှတော့သောကြောင့် Fortune Plaza၊ လှိုင်၊ ရိုးမ၊ အောင်မြင့်မိုရ်၊ ဖောင်ကြီး၊ ဧရာဝတီ စသည့်ကိုဗစ်-၁၉ ကုသရေးစင်တာ တစ်ခုစီတွင် စေတနာ့ဝန်ထမ်းဆရာဝန် ၁၀ ဦးစီ လိုအပ်နေကြောင်းသိရသည်။ 




  အဂတိလိုက်စားမှုတိုက်ဖျက်ရေး  


တိုင်းဦးစီးမှူးနှင့်ဒုတိယဦးစီးမှူးတို့အပေါ်
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူထား

မကွေးတိုင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးနှင့် ဒုတိယဦးစီးမှူးဒေါ်န္တာဆင့်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်းသိရသည်။    



  နာရေး  

ရုပ်ရှင်မင်းသမီးကြီး
အကယ်ဒမီဒေါ်အေးအေးသင်း 
(၇၆ နှစ်) ကွယ်လွန် 

'မာယာထောင်ချောက်' (၁၉၇၁) နှင့် 'ဇာခန်းဆီးနောက်ကွယ်မှာ' (၁၉၇၃)ရုပ်ရှင်ဇာတ်ကားများဖြင့် အမျိုးသမီးဇာတ်ပို့ဆု အကယ်ဒမီနှစ်ဆုရရှိခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်အေးအေးသင်းသည် ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မှော်ဘီမြို့ နေအိမ် နှလုံးရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရသည်။



နိုင်ငံရေးနှင့်သမိုင်းသုတေသီ
စာရေးဆရာ သန်းဝင်းလှိုင် 
(၆၆ နှစ်) ကွယ်လွန် 


သမိုင်းသုတေသီစာရေးဆရာ 
သန်းဝင်းလှိုင်သည် ဒီဇင်ဘာ 
၁၂ ရက်တွင် ကွယ်လွန်သွား
ကြောင်းသိရသည်။





****



၁၃-၁၂-၂၀   ည ၈ နာရီ























 စာတစ်ကြောင်းသတင်း 
(News In One Sentence)


ချင်းပြည်နယ် အအေးလွန်ကဲ၊ အနွေးထည်များရောင်းကောင်းနေ 

ဒီဇင်ဘာလဆန်းပိုင်းမှစပြီး ချင်းပြည်နယ် ဆောင်းရာသီအအေးဒဏ်လွန်ကဲလာခြင်းကြောင့် (ဥပမာ၊ ဟားခါးမြို့  တွင် ဒီဇင်ဘာ ၆ ရက်ညက ၁ ဒီဂရီစင်တီဂရိတ်၊ ၇ ရက်ညက ၀ ဒီဂရီစင်တီဂရိတ်၊ ၁၂ ရက်ညက ၃ ဒီဂရီစင်တီဂရိတ်)၊ ထူထူထဲထဲအနွေးထည်များနှင့် ဈေးသက်သာသည့်ဘေထုတ်အနွေးထည်များ၏ရောင်းအား ပိုမိုကောင်းလာကြောင်းသိရသည်။

လားရှိုး၌ အအေးပိုလာသော်လည်း အနွေးထည်များရောင်းအားကျနေ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုဆောင်းတွင်းကာလမှာ အအေးပိုလာသော်လည်း အမျိုးသား အမျိုးသမီးဝတ်အနွေးထည်များဝယ်ယူမှု နည်းပါးလျက်ရှိပြီး ကလေးဝတ်အထည်နှင့် ခြေအိတ် လက်အိတ် ခေါင်းစွပ်တွေလောက်သာရောင်းရကြောင်းသိရသည်။

လှော်ကားဥယျာဉ် ဒီဇင်ဘာ ၂၀ ဖွင့်မည်

ကိုဗစ်-၁၉ ကြောင့်ယာယီပိတ်ထားသည့် လှော်ကားဥယျာဉ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင် လူဦးရေကန့်သတ်ချက်ဖြင့် ဖွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


 ***






၁၂-၁၂-၂၀   ည ၈ နာရီ















***


၁၁-၁၂-၂၀   ည ၈ နာရီ














၁၁-၁၂-၂၀   ည ၈ နာရီ




(COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား
မှုနောက်ဆုံးအခြေအနေကို ပြည်သူသို့တင်ပြခြင်းမိန့်ခွန်းကောက်နှုတ်ချက်)





မြန်မာ့အလင်း (၁၂-၁၂-၂၀)

ပြည်နယ်ပြည်သူ့ဆေးရုံကြီး (လားရှိုး) မှ မေ့ဆေးအထူးကုဆရာဝန်တစ်ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအသီး သီးမှ သူနာပြု ၂၀ တို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် အားဖြည့်ကူညီပေးရန်အတွက် စတုတ္ထအသုတ်အဖြစ် ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီက လားရှိုးမြို့ မှရန်ကုန်သို့ ထွက်ခွာသွားကြကြောင်းသိရသည်။  














***

  မိုးလေ၀သ (၁၂-၁၂-၂၀)  

 





မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များ ပိုမိုသိရှိအလေးထားတန်ဖိုးထားကြစေရန်ရည်ရွယ်ပြီး မြန်မာ့စာတိုက်လုပ်ငန်းမှ ပန်းချီနှင့်ပန်းယွန်းအထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန် ၂ မျိုးအား ဒီဇင်ဘာ ၁၈ ရက် (သောကြာနေ့) ကစပြီး စာတိုက်များတွင်ရောင်းချပေးမည်ဟုသိရသည်။ 

***


အခက်အခဲကြုံတွေ့နေသည့် မြန်မာသင်္ဘောသားများနှင့်
 မြန်မာနိုင်ငံသားများအား  ပြန်လည်ခေါ်ဆောင်ပေးခဲ့

နိုင်ငံတကာခရီးသည်လေယာဉ်များ
ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် 
ဗီယက်နမ်နိုင်ငံ အခက်အခဲကြုံတွေ့နေ
ရသော မြန်မာနိုင်ငံသား ၁၂၆ ဦးအား 
မြန်မာသံရုံး ဟနွိုင်းမြို့ မှစီစဉ်သည့် မြန်မာ
အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း 
(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် 
ပြန်လည်ခေါ်ဆောင်လာရာ ဒီဇင်ဘာ 
၁၂ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ည်ြဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။ 

ထို့ပြင် စင်ကာပူနိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသား ၆၇ ဦးအား  မြန်မာသံရုံး စင်ကာပူက စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ဒီဇင်ဘာ ၁၂ ရက် ညနေ  ၇ နာရီတွင် ရန်ကုန်အပြည်ည်ြဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည် (အပေါ်ပုံ)။
မြန်မာ့အလင်း (၁၃-၁၂-၂၀) 


အခက်အခဲကြုံတွေ့နေသည့် မြန်မာသင်္ဘောသားများနှင့်
 မြန်မာနိုင်ငံသားများအား  ပြန်လည်ခေါ်ဆောင်ပေးခဲ့
မြန်မာ့အလင်း (၁၂-၁၂-၂၀)

နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံနှင့် အနီးဝန်းကျင်ဒေသများ အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသား ၁၆၈ ဦးအား မြန်မာသံရုံး ဘရပ်ဆဲလ်မြို့ နှင့်သင်္ဘောကုမ္ပဏီတို့ကပူးပေါင်းဆောင်ရွက်သည့် TUI လေကြောင်းလိုင်း စင်းလုံးငှားကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီတွင် ရန်ကုန်အပြည်ည်ြဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။ 

ထို့ပြင် စင်ကာပူနိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၁၅၃ ဦးအား  မြန်မာသံရုံး စင်ကာပူက စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ဒီဇင်ဘာ ၁၁ ရက် ညနေ  ၅ နာရီခွဲတွင် ရန်ကုန်အပြည်ည်ြဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည် (အပေါ်ပုံ)။ 


***

  ကျန်းမာရေး  































Good Health(23-9-20)


  စာပေနှင့် အနုပညာဖျော်ဖြေမှု  


ဒေါက်တာခင်မောင်လွင် (FAME) ၏စာအုပ် ၂ အုပ်ထွက်ရှိ




စာပေဗိမာန်စာမူဆုရစာအုပ်

"ပီမိုးနင်းစာများကပြောသည့်ပီမိုးနင်း"







၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူ သုတပဒေသာ (၀ိဇ္ဇာ) ဆုရရှိသည့် စာရေးဆရာ ဇွဲသန်းသျှင်း (သုံးဆယ်) ၏ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိကြောင်းသိရသည်။     ရောင်းဈေး - ၁၄၀၀ ကျပ်



မြို့ မအမျိုးသားကျောင်း တည်ထောင်မှုနှစ် (၁၀၀) ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်သည့် မဂ္ဂဇင်းတွင် နှစ်တစ်ရာအတွင် ရက်စွဲသမိုင်းမှတ်တမ်း၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၏ကိုယ်ရေးအကျဉ်း၊ကဗျာ၊ ၀တ္တု၊ ဆောင်းပါး၊ ကာတွန်း၊ ဓာတ်ပုံ၊ အင်တာဗျူးနှင့်ရသပေါင်းစုံတို့ကို ဖတ်ရှုနိုင်မည်ဖြစ်သည်။   
  


ဒီဇင်ဘာ ၁၃ ရက်    ည ၈ နာရီ
7Day TV Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပမည်ဟု သိရသည်။


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား 
စိန်ရတု အထိမ်းအမှတ်ဖျော်ဖြေပွဲ

အပတ်စဉ် သောကြာနေ့တိုင်း MRTV ည ၈ နာရီးသတင်းအပြီး


***


လူရွှင်တော်မိုးဒီ ဆေးရုံကဆင်းပြီ

လူရွှင်တော်နှင့်ဟာသသရုပ်ဆောင် 
(ဦး)မိုးဒီသည်နိုဝင်ဘာ ၂၂ ရက်က 
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် 
ဧရာဝတီစင်တာတွင် ဆေးကုသမှု 
ခံယူခဲ့ပြီး ရောဂါသက်သာလာသော
ကြောင့် ဒီဇင်ဘာ ၁၂ ရက်က နေအိမ်
သို့ပြန်ရောက်သွားပြီဖြစ်ကြောင်းသိရ
သည်။



လူရွှင်တော်အသင်း (ရန်ကုန်) ၏ ၂၀၂၀-၂၀၂၅ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အသင်းကိုပြန်လည်ရွေးချယ်ရာတွင် ဥက္ကဋ္ဌအဖြစ် လူရွှင်တော် ဒိန်းဒေါင် တင်မြှောက်ခြင်းခံရကြောင်းသိရသည်။  






ကဏ္ဍတွင်ဖော်ပြထားသည့်စကားများနှင့်စာများသည် 

ကျွန်းသာယာ၏အကြိုက်နှင့်သဘောတူမှုများ မဟုတ်ကြပါ။ 

ပြောဆို ရေးသားကြသူတို့၏အတွေးအမြင်နှင့်အာဘော်များသာဖြစ်သည်။ (အယ်ဒီတာ)


ဘ၀နေနည်း

ဒေါက်တာမဟာသီယာ၏
မှတ်သားစရာစကား

အသက်ကြီးလာတဲ့အခါမှာ 

လုံးဝကြီး နားမပစ်လိုက်နဲ့။

ပျော့သွား တုံးသွားမယ်။

ကြွက်သားတွေလိုပဲပေါ့။

မသုံးရင် ကိုယ့်ကိုယ်ကိုတောင်

နိုင်မှာ မဟုတ်တော့ဘူး။

မသုံးပဲထားရင် ဦးနှောက်လဲပဲ

တုန်းသွားတတ်တာပဲ။

ဒါကြောင့် တွေးပေးပါ။ စာဖတ်ပါ။ စာရေးပါ။

အမြဲ နိုးနိုးကြားကြား တက်တက်ကြွကြွရှိနေပါစေ။

(Senior PT ဆရာဦးကယ်လ်ဗင်စောမှ ကျေးဇူးပြုပေးပို့ပါသည်။)


ကမ္ဘာ့နိုင်ငံရေးကာတွန်း


စာပေဟောပြောပွဲများ





စံတော်ချိန်နေ့စဉ် (၁၄၊၁၂၊၂၀) ပါ "မြန်မာ
နိုင်ငံစာဆိုတော်နေ့နှင့်စာရေးဆရာ
အသင်း(မောင်ငြိမ်းသူ-ကြို့ ပင်ကောက်)
၏ ဆောင်းပါးမှ .. ။


***

 တရားဓမ္မ အသိအမြင်          


FB










FB




  ရွှေ  ငွေကြေး  စက်သုံးဆီ  
                                                          

ဒီဇင်ဘာ ၁၅ ရက်


















ဒီဇင်ဘာ ၁၄ ရက်




ဒီဇင်ဘာ ၁၂ ရက်

















ဒီဇင်ဘာ ၁၁ ရက်


****






Globally, as of 9:30am CET, 12 December 2020

there have been 69,521,294 confirmed cases of COVID-19, 

including 1,582,674deaths, reported to WHO.




ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် ...

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၆၉ သန်းကျော် (၆၉,၅၂၁,၂၉ ၄ ဦး) 

၂) ပိုးတွေ့ သေဆုံးလူနာပေါင်း -  သန်းကျော် (၁,၅၈၂,၆၇၄ ဦး) ရှိသွားပါပြီ။




အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့်
တစ်နေ့တည်းသေဆုံးရသူ ၃၁၂၄ ဦးဖြင့် 
အများဆုံး စံချိန်သစ်တင်











No comments:

Post a Comment