"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, December 31, 2020

ဒုတိယအကြိမ် ၀န်ထမ်းဘ၀ (၅)



နံနက် ၆ နာရီကျော် အလုပ်သွားရန် ဘတ်စ်ကားမှတ်တိုင် (အောက်ပုံ) အရောက်။ 
နောက်ခံမှာ မိမိ၏အိမ်ရှိရာတိုက်များကိုတွေ့မြင်နေရ။




ဘတ်စ်ကားမှတ်တိုင်
(အနီစက်ဝိုင်း)
သို့အသွား 
ပလက်ဖောင်းမှ 
ရိုက်ချက်။
 



ဒီကနေ့သည် မိမိ၏ဒုတိယအကြိမ်ဝန်ထမ်းဘ၀ ပထမတစ်နှစ်တာပြည့်သောနေ့ဖြစ်သည်။

ယခုနှစ်ဖေဖော်ဝါရီလကစပြီး အချိန်ပိုင်းဝန်ထမ်း Senior Physiotherapist အဖြစ် ဆေးရုံတွင်အလုပ်ဝင်ခဲ့သည်။  

တကယ်တော့ အမည်နာမဖြစ်သည့် ရာထူးအခေါ်အဝေါ်သည် မိမိလို အလုပ်မှအနားယူထားပြီးသူတစ်ဦးအတွက် အရေးမကြီးလှပေ။

သို့သော် ရာထူးအဆင့်ကိုလိုက်ပြီး လစာပေးသဖြင့် ၀င်ငွေအရတော့ အရေးကြီးပါသည်။ 

ရာထူးနိမ့်က လစာနည်းပေမည်။

ထို့အပြင် Mid-year bonus၊ Year-end bonus နှင့် Performance bonus တို့ကိုပေးရာတွင် ယေဘုယျအားဖြင့် လစဉ် ၀င်ငွေအပေါ်မူတည်ပြီး တွက်ချက်ပေးခြင်းဖြစ်သည်။

မိမိနေဖြင့် ဆေးရုံတွင်အလုပ်လုပ်ရသဖြင့် ကံကောင်းပါသည်။

အကြောင်းမှာ စင်ကာပူနိုင်ငံတွင် အလုပ်သမားများနှင့်ဝန်ထမ်းများကို နှစ်စဉ်ပေးလေ့ရှိသော Mid-year bonus နှင့် Year-end bonus တို့ကို ကိုဗစ်စီးပွားရေးကျဆင်းမှုကြောင့် ယခုနှစ်တွင်မပေးတော့ဟု အစိုးရက ကျေညာထားခဲ့သည်။

သို့သော် မိမိသည် အချိန်ပိုင်း (နေ့တစ်ဝက်) လုပ်သည်ဖြစ်သော်ငြားလည်း အထက်က bonus (၃) မျိုးကိုရရှိခဲ့သည့်အပြင် ယခုနောက်ဆုံး နှစ်မကုန်ခင်လေးမှာပင် Special bonus ခေါ် နောက် bonus အသစ်တစ်မျိုးကို မျှော်လင့်မထားပါဘဲဖြင့် ရရှိလိုက်သေး၏။

ပြီးခဲ့သော ဘတ်ဂျက်ရှင်းလင်းတင်ပြသောမိန့်ခွန်းတွင် ဒုတိယ၀န်ကြီးချုပ် မစ္စတာ Heng Swee Keat က၊ 

Our healthcare workers and frontline staff played an important role in our battle against COVID-19.

 This is intended to recognise the significant risks that they have shouldered in combatting COVID-19 throughout this year. 

The Government will seek to recognise and appreciate their contributions through a range of monetary and non-monetary mechanisms, including the special bonus, at an appropriate time.

ထိုစဉ်က မစ္စတာ Heng Swee Kea ၏စကားများသည် မိမိနှင့်သက်ဆိုင်လာလိမ့်မည်ဟု မတွေးမိခဲ့ပေ။

Medical နဲ့ Isolation ward တွင်ရှိသည့် ကိုဗစ်ဖြစ်နေသူရော ပျောက်ကင်းပြီးသူရော အခြားသောအဆုတ်ရောဂါရှင်ဖျားနာလူနာများထဲကအချို့ တို့ကို သမားတော်ကြီး (Senior Consultant Physician) နှင့်အတိုင်ပင်ခံဆရာဝန်များ၏ လွှဲအပ်မှုဖြင့် မိမိက Cardiopulmonary ခေါ် Chest Physiotherapy နည်းဖြင့် တစ်ဦးတည်းတာဝန်ယူကုသပေးနေရသည်။ 

ပြီးခဲ့သောအပတ်က မိမိ၏ဌာနမှူးနှင့်တွေ့စဉ် သူက၊

"မစ္စတာအေး၊ အိုင်အိပ်ခ်ျအာရ် (iHR) မှာ ကြည့်ကြည့်စမ်းပါ။ မစ္စတာအေးကို Special bonus ပေးဖို့ ကျနော်ထောက်ခံချက်ပေးထားတယ်။ Year-end bonusက ၀န်ထမ်းတိုင်းရကြတယ်။ Special bonus ကိုတော့ မစ္စတာအေးက အထူး ကြီးကြပ်ဖျားနာသီးသန့်ဆောင် (Medical and Isolation Ward) မှာလုပ်နေတာကြောင့် ထောက်ခံချက်ပေးရတာ" ဟုပြောပါသည်။ 

သို့နှင့် မိမိက နောက်ထပ်ဒေါ်လာ ၅၀၀၊ ၁၀၀၀ လောက်တော့ရနိုင်သည်ဟု ခန့်မှန်းထားခဲ့သည်။

သို့သော် ဒီကနေ့မနက်မှာ ဆေးရုံတွင်လူနာများကြည့်အပြီး ကွန်ပြူတာဖွင့်ကာလူနာမှတ်တမ်းများရေးတင်ရင်း အိုင်အိပ်ခ်ျအာရ် (iHR) ကို ကြည့်လိုက်သောအခါ မိမိ လုံးဝမမျှော်မှန်းထားသည့် ထောင်ဂဏန်း ၄ လုံးကိုတွေ့လိုက်ရသောအခါ ၂၀၂၀ ခုနှစ်သည် မိမိနှင့်မိမိ၏မိသားစုအတွက် လှလှပပလေးကုန်ဆုံးသွားခဲ့သည်ကို အမှတ်တရရှိနေပါမည်။


























No comments:

Post a Comment