"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, December 6, 2020

ဖိုးဖိုး ဟာကျူလီ

 

အဖိုးအဖွားတွေဆိုတော့

မြေးများ အိမ်ကိုအလည်လာကြတဲ့အခါတွေမှာ

ချီရ ပိုးရနဲ့ အမျိုးမျိုးလဲ ကစားကြရသေးတာ။

ကလေးတွေက တဖြည်းဖြည်းကြီးလာကြတာဖြစ်လို့ အရပ်ရှည်လာတာနဲ့အမျှ

ကိုယ်အလေးချိန်ကလည်း တက်လာကြတယ်။

မြေးအကြီးက -

ကိုယ်အလေးချိန် ၂၄ ကီလို၈ရမ် (24 kg)၊

အရပ်က ၁၃၅ စင်တီမီတာ (135 cm)။ 

မြေးအငယ်က -

ကိုယ်အလေးချိန် ၁၇ ကီလို၈ရမ် (17 kg)၊

အရပ်က ၁၀၀ စင်တီမီတာ (100 cm)။ 

ဒီတော့ ချီပြီးကစားရတာနဲ့ပတ်သက်ပြီး အဖိုးအဖွားတွေခမျာ အရင်ကလောက် မလုပ်ပေးနိုင်ကြတော့ဘူးလေ။

တက်လူနဲ့ ကျလူ။

တူမှ မတူကြတော့တာပဲ။





သူတို့အဖွားဆိုရင် မြေးအငယ်ကို အမြဲပွေ့နေ ချီနေကြ။
နောက်ပြီး ချိုင်းနှစ်ဖက်ကနေကိုင်မလို့ လေယာဉ်ပျံကြီးဆိုပြီး လေထဲမှာ ၀ဲယာဝှေ့ ရမ်း ကစားပေးနေကြ။

ဒါပေမယ့် တလောကပြောလာတယ်။

အဖေကြီးမြေး အငယ်မကို အရင်လို မချီနိုင်တော့ဘူးတဲ့။
လေထဲလဲ ဝှေ့ ရမ်း မကစားပေးနိုင်တော့ဘူးလို့ စိတ်မကောင်းစွာပြောရှာတယ်။

ဒါနဲ့ တစ်နေ့က သူတို့လာကြတော့ အဖိုးက မနေသာဘူး။
မြေးနှစ်ယောက်လုံးကျေနပ်အောင် ခပ်ကြာကြာလေး တပြိုင်ထဲချီပေးရတယ်။

နောက်ပြီး မျက်နှာကျက်မှာတတ်ထားတဲ့ပန်ကာက မီးခလုတ်ကြိုးကို 'ချတ်ကနဲ ချတ်ကနဲ'  ဆွဲချလိုက် ပြန်လျှော့လိုက် ဆော့လို့ရအောင် သူတို့ကို မ,တင်ပြီး (အားတင်းပြီး) မြှောက်ထားပေးရသေးတာ။

မြေးတွေ ကြာကြာလေးဆော့နိုင်အောင် အဖိုးခမျာ ရှိသမျှအားတွေအကုန်ညှစ်ပြီး တောင့်ထားရတာရယ်လေ။

အဲဒီနောက်တော့ မီးခလုတ်လဲ ပျက်သွားရှာပြီ။


ပန်ကာက မီးခလုတ်ကြိုးကို တစ်ယောက်တလှည့်လုပြီး ဆော့နေကြတာ




နောက်တစ်ခုက လှေကားတက်တတ်ကြတာ။

အထူးသဖြင့် လမ်းလျှေက်တတ်စအရွယ်တွေမှာပေါ့။
မြေးအကြီးတုန်းကရော အခုမြေးအငယ်ရော လှေကားတက်တမ်း သိပ်ကစားချင်ကြတာ။

လူကြီးတွေ လစ်ရင်လစ်သလို လှေကားဆီကို လှစ်ကနဲပြေးပြီး တက်တတ်ကြတာဖြစ်လို့ မနည်းအမှီလိုက်ကြရ တယ်။

လှေကားပေါ်မှာ လဲကျမှာစိုးလို့ပါ။

ကလေးဆိုတော့ ညောင်းတာညာတာမသိဘူး။
မောရမှန်း ပန်းရမှန်းဆိုတာလဲ မသိကြဘူး။

တက်လိုက် ဆင်းလိုက်နဲ့ မပြီးတော့ဘူး။
တက်ပြီးရင်း တက်ချင်ရင်းပဲ။

လူကြီးတွေသာ ညောင်းကြတာ။
ပင်ပန်းကြရတာ။

ဒါကြောင့်
ဖိုးဖိုးဟာကျူလီက အခုထက် စူပါဟာကျူလီဖြစ်အောင် လေ့ကျင့်ခန်းတွေကို ပိုလုပ်ပေးနေရဦးမှာ။ 




No comments:

Post a Comment