"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, December 4, 2020

လွမ်းလို့ရေးသည့်စာ


ယခုလ ဒီဇင်ဘာ ၁ ရက် (အင်္ဂါနေ့) တွင် မြန်မာနိုင်ငံ၏အထင်ကရ ရန်ကုန်တက္ကသိုလ်ကြီးသည် သက်တမ်းအားဖြင့် အနှစ် ၁၀၀ ပြည့်ခဲ့ပြီးဖြစ်သည်။

ရာပြည့်သဘင်အထိမ်းအမှတ်အခမ်းအနားကိုလည်း ထိုနေ့ညနေ ၅ နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်  အောင်ဆန်းစုကြည်နှင့်တာဝန်ရှိသူတို့က Virtual စနစ်ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ တီဗီ အစရှိသော မီဒီယာမျိုးစုံတို့သည် ဤရာပြည့်သဘင်ကြီးအကြောင်းကိုကာလအတန်ကြာကတည်းကပင် အသိပေးခြင်း၊ ပညာပေးခြင်းနှင့် ဖြေဖျော်ခြင်းတို့ကို တက်တက်ကြွကြွလှုံ့ ဆော်လှုပ်ရှားစည်းရုံးပေးခဲ့ကြပါသည်။

ထိုကြောင့် ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော မိမိအဖို့ အမှတ်ရစရာများစွာကို သတိတရရှိစေခဲ့ပါသည်။ 

လွမ်းမောဖွယ်ရာများနှင့်အတူ မိမိအား ဟိုအတိတ်ကာလများဆီသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

ဒီအခါမှာ လွမ်းလို့ရေးသည့်စာတစ်ပုဒ်ကို ရင်မှမွေးဖွားခဲ့ပါတော့သည်။

ထိုသို့ခံစားရေးသားခဲ့သည့်အလွမ်းစာကို မြန်မာ့အလင်းသတင်းစာသို့ပေးပို့ခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ဟုဆိုရပါမည်။

သတင်းစာအယ်ဒီတာက မိမိ၏ဆောင်းပါးအားရွေးခြယ်ခဲ့သည့်အပြင် ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်ဖွင့်ပွဲအခမ်းအနားကျင်းပသည့် ဒီဇင်ဘာ ၁ ရက်နေ့ထုတ်သတင်းစာတွင် ပထမဆုံးဆောင်းပါးအဖြစ်ဖော်ပြပေးခဲ့သဖြင့် များစွာ  ကျေးဇူးတင်ဝမ်းမြောက်ခြင်းဖြစ်မိပါသည်။

အကြောင်းမှာ ထိုနေ့သည် ရန်ကုန်တက္ကသိုလ်ကြီး စတင်တည်ထောင်ခဲ့သည့် နှစ် ၁၀၀ ပြည့်သောနေ့ဖြစ်နေသော ကြောင့်ဖြစ်ရလေသည်။




(၁)
(၂)
**

သတင်းစာတွင်စာဖောင်ဖွဲ့ထားသည့်အတိုင်း ဖြတ်-ညှပ်-ကပ် လိုက်လုပ်ရသဖြင့် စာမျက်နှာအထားအသိုနှင့် စာလုံးအရွယ်အကြီးတို့ကို ယခုဘလော့စာမျက်နှာတွင် ကြည့်ကောင်း ဖတ်ကောင်းအောင် ပြန်ပြီးမတင်ပေးနိုင်ခြင်းဖြစ်ရသည့်အတွက် စာဖတ်သူများအား
 တောင်းပန်ပါသည်။























၁၉၆၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (RGH) အတွင်းရှိ ဆေးတက္ကသိုလ် (၁) စာသင်  ခန်းမတွင်ပြုလုပ်ခဲ့သည့် ဆေးဘက်ပညာသိပ္ပံကျောင်းသူကျောင်းသားများ (ပထမနှစ်နှင့်ဒုတိယနှစ်)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ (Freshers' Welcome) အခမ်းအနား။ 

အထက်ပါဓာတ်ပုံကို မမရီ (ဒေါ်ရီရီ၊ တွဲဘက်ပါမောက္ခ - ငြိမ်း၊ ဆေးဝါးတက္ကသိုလ်) မှကျေးဇူးပြုပါသည်။

ဓာတ်ပုံ၏အလယ်နေရာလောက်တွင် အစိမ်းရောင်စက်ဝိုင်းပြထားသူမှာ ဒေါ်ရီရီဖြစ်ပြီး ယာဘက်အစွန်နေရာတွင် အစိမ်းရောင်စက်ဝိုင်းပြထားသူမှာ စာရေးသူဖြစ်သည်။ 






ဆက်ရေးပါဦးမည်။



No comments:

Post a Comment