"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 28, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၂)

 


ဇန်န၀ါရီလ၂၅ ရက်နေ့ကလည်း အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း(WP - World Physiotherapy) ထံမှ အီးမေးတစ်စောင်ကို ထပ်ပြီးရရှိခဲ့သည်။


အီးမေးပို့ရသည့်အကြောင်းအရာမှာ ပေးပို့ရန်နောက်ကျနေသည့်သုတေသနစာတမ်းအနှစ်ချုပ်ကိုလက်

ခံနေပါပြီဟု အသိပေးထားခြင်းဖြစ်သည်။

(World Physiotherapy Congress 2023: call for late breaking abstracts is open)

ဆိုလိုသည်မှာ ပဏာမအချက်အလက်ကောက်ယူမှုများ(preliminary data) မပြီးစီးသေးသဖြင့် သုတေ
သနစာတမ်းအနှစ်ချုပ်ကို မူလသတ်မှတ်ထားသောရက်(submission date)တွင် အချိန်မီမတင်နိုင်ခဲ့
သော သုတေသနစာတမ်းရှင်များအားရည်ရွယ်ပေးပို့ခြင်းဖြစ်ပါသည်။

ပုံမှန်အားဖြင့် သတ်မှတ်ထားသည့်ရက်တွင်သာ အချိန်မီပေးပို့တင်သွင်းရလေ့ရှိသည့် သုတေသနစာ
တမ်းအနှစ်ချုပ်အား ယခုကဲ့သို့ရက်လွန်နောက်ကျပြီးမှ တင်သွင်းခွင့်ပြုခြင်းသည် အကြောအဆစ်ကု
ပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံသမိုင်းတွင် ယခုတစ်ကြိမ်သည်ပထမဦးဆုံးဖြစ်လေသည်။

ထိုကြောင့် သုတေသနစာတမ်းအနှစ်ချုပ်ကိုနောက်ကျတင်သွင်းသူစာတမ်းရှင်းများအနေဖြင့် အောက်
တွင်ဖော်ပြထားသည့်စည်းကမ်းချက်များနှင့်ညီညွတ်မှုရှိစေရန်လိုအပ်ကြောင်း သတိပေးထားသည်။























အဆိုပါနောက်ကျပြီးတင်သွင်းသည့်သုတေသနစာတမ်းအနှစ်ချုပ်ကို လာမည့်ဖေဖော်ဝါရီလ ၃ ရက်

နေ့အထိသာလက်ခံပေးမည်ဖြစ်ပြီး ညီလာခံအစီအစဉ်၏သီးသန့်တင်သွင်းမှုအခန်း (Specific late-

breaking abstract sessions) တွင် ဖတ်ကြားခွင့်ရရှိမည်ဖြစ်သည်။ 

ယခင်ကညီလာခံများသို့ မိမိတင်သွင်းခဲ့သည့်သုတေသနစာတမ်းများကို ညီလာခံ၏အဓိကအခန်း

ကဏ္ဍဖြစ်သော ဖိုးကပ်စ်ဆင်ပိုစီယမ်အခန်း (Focused Symposium)တွင် အများနည်းတူဖတ်ကြား

ခဲ့ရပါသည်။  

ဖိုးကပ်စ်ဆင်ပိုစီယမ်တွင် မိမိတို့ကဲ့သို့မထင်မရှားစာတမ်းရှင်များအပါအ၀င် နိုင်ငံတကာမှထင်ရှား

ကျော်ကြားသည့်သုတေသီပညာရှင်ကြီးများ (High Profile Speakers) ဖတ်ကြားတင်သွင်းကြလေ့

ရှိရာ ညီလာခံကိုယ်စားလှယ်အများဆုံး (အချို့ နေရာများတွင် ထိုင်စရာနေရာမရသည်အထိ ကြိတ်

ကြိတ်တိုး ခန်းလုံးပြည့်) တက်ရောက်နားထောင်ကြသည်ကို ကြုံတွေ့ခဲ့ရသည်။။


သို့ဖြစ်ရာ အထက်ကဆိုခဲ့သည့် သီးသန့်တင်သွင်းမှုအခန်းမှာ ယခုညီလာခံတွင်မှ ဒူဘိုင်းညီလာခံ

ကျင်းပရေးအစီအစဉ်ကော်မတီ (The Congress Programme Committee - CPC) က ပထမ

ဆုံးအကြိမ် စတင်စီစဉ်ထည့်သွင်းပေးခြင်းဖြစ်လေသည်။ 

















ဆက်ပြီးရေးပါဦးမည်။




Monday, January 23, 2023

စင်ကာပူ ကုလားဈေးသို့တစ်ခေါက်

 




ဒီနှစ် ဇန်န၀ါရီလ ၂၂ ရက်နဲ့ ၂၃ ရက်တွေက စင်ကာပူနိုင်ငံမှာ တရုတ်နှစ်သစ်ကူးနေ့(Chinese New 
Year) များဖြစ်နေတာကြောင့် အစိုးရရုံးပိတ်ရက်ဖြစ်ပါတယ်။ 

အလုပ်ဖွင့်ရက်ဖြစ်တဲ့ ၂၃ ရက်နေ့က တနင်္လာနေ့ဖြစ်နေတာကြောင့် အဲဒီနေ့အစား နောက် ၁ ရက်
ဖြစ်တဲ့ အင်္ဂါနေ့ကို အလုပ်နားရက်အဖြစ်ပြန်ပေးတာကြောင့် စနေနေ့ကနေ အင်္ဂါနေ့အထိ ၄ ရက်အ
လုပ်မသွားရပါဘူး။

တနည်းပြောရရင် ၂၀၂၃ ခုနှစ် နှစ်ဦးရဲ့ ပိတ်ရက်လှလှလေးများလို့ ပြောနိုင်မှာပါ။

ဒါကြောင့် မိမိတို့အဖိုးကြီးအဖွားကြီး ၂ ဦးဟာ စင်ကာပူနိုင်ငံ၏လစ်တင်းလ်အိန္ဒိယလို့ခေါ်တဲ့ အိန္ဒိယ
ရပ်ဝန်းဒေသကို ခရီးဝေးခြေဆန့်ဖြစ်ခဲ့ကြတယ်။ 

အိမ်ကနေ မနက်စောစောထလို့ ဂျူရောင်းအိစ်ပိုလီကလင်းနစ်အနောက်ဖက်က စားသောက်ဆိုင်မှာ
တိုရှည်စား လက်ဘက်ရည်သောက်ပြီး အိန္ဒိယရွာကြီးရှိရာကို ဘတ်စ်ကားအမှတ်(၆၆)စီးပြီး သွားခဲ့
ပါတယ်။

မိမိတို့ ဘတ်စ်ကားအမှတ်(၆၆) မစီးတာကြာလှလို့ ခရီးတခဏထောင့်ခဲ့ရတယ်။ 

ဒီဘတ်စ်ကားက အရင်ကလို အိန္ဒိယရွာကြီးအထိမသွားတော့ပဲ အထက်ဘူးကစ်တီးမားလမ်း(Upper 
Bukit Timah Road)ရှိ ဖေဟွမူလတန်းကျောင်း(Pei Hwa Presbyterian Primary School)နဲ့ ဓားလွယ်
ခုတ်မှာ ဂိတ်ဆုံးပါတယ်။ (အောက်ပုံ)

သွားမယ့်ခရီးရဲ့  ၅ ပုံ ၁ ပုံပဲရောက်သေးတာပါ။





မိမိတို့ ၂ ဦးပဲ ကားထဲမှာရှိနေပြီး မဆင်းကြလို့ ဘတ်စ်ကားဆရာက မိမိတို့ဘယ်ကိုသွားချင်တာလဲ
မေးကာ ဒီကနေ ဘတ်စ်ကားပြန်ကွေ့ မှာဖြစ်ကြောင်းနဲ့ အမှတ်(၆၇)ဘတ်စ်ကားကိုပြောင်းစီးရမယ်
ပြောပါတယ်။

ဒါနဲ့ အခုမှတ်တိုင်မှာ ၁၁ မိနစ်လောက်စောင့်ရပြီး အမှတ်(၆၇)ဘတ်စ်ကားကိုပြောင်းစီးကာ လိုရာ
ခရီးကိုရောက်ခဲ့ရတာပါ။

အဖြစ်ကတော့ မပြောလိုက်ချင်ပါဘူး။ 
မနေ့တနေ့ကမှ စင်ကာပူကိုရောက်လာကြတာကျနေတာပဲ။





ဒါကြောင့်မို့လို့ "တောသားပီပီ ဘာညာနားမလည် သူတို့မြို့ ကိုလာချင်လို့ကွယ်"လို့ ငယ်ငယ်တုန်း
ကဆိုခဲ့ဘူးတဲ့သီချင်းစာသားလေးကိုသာ အော်ပြီးဆိုလိုက်ချင်မိသေးတော့။







အထက်မှာ ဆေးအပြာနုရောင်သုတ်ထားသည့်'တက်ကားစင်တာ'အဆောက်အအုံထဲမှာ အသား 
ငါး ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်တွေ(Wet Market) ရယ်၊ စားသောက်ဆိုင်များ(Food Centre)
ရှိတဲ့အပြင် အထည်အလိပ်နဲ့လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းတဲ့ဆိုင်တွေလဲ ရှိကြတာဖြစ်တယ်။

ဒီဈေးသည် မိမိ စင်ကာပူနိုင်ငံကိုရောက်ပြီး ၃-၄ ရက်အတွင်းရောက်ဖူးတဲ့ ဒုတိယမြောက်ဈေးပါ။
Senior Physiotherapist ဖြစ်သူ ဆရာဦးဝင်းထိန်က ခေါ်သွားလို့ရောက်ဖြစ်ခဲ့တာဖြစ်တယ်။ အဲဒီ
အချိန်က ဆရာဦးဝင်းထိန်သည် Spastic Children's Association of Singapore (SCAS) မှာ 
အလုပ်လုပ်ပါတယ်။

စင်ကာပူနိုင်ငံကို ပထမဆုံးခြေချတဲ့နေ့မှာ ရောက်ခဲ့သည့်ဈေးကတော့ မိမိအခုနေနေတဲ့ ဂျူရောင်း
အရပ်က Jurong West ဈေးရယ်ပါ။













  


ဒီကနေ့ မိမိနှင့်ဇနီးတို့ စင်ကာပူနိုင်ငံ၏အိန္ဒိယရပ်ဝန်းဒေသ (Little India) သွားတော့ အဲဒီ'တက်
ကားစင်တာ' ရှေ့ ကမှတ်တိုင်မှာဆင်းရတယ်။ 

အဲဒီကမှ ကားလမ်းကိုဖြတ်ကူးပြီး မိမိတို့ဝယ်နေကျ မာ့ဂ်ဟူး အိန္ဒိယအချိုစုံဆိုင်မှာ ဂျလေဘီ၊ မလိုင်
ခဲ အစရှိသည့် ကုလားမုန့် ၄-၅ မျိုးဝယ်ပါတယ်။ ပြီးတော့ အဲဒီဆိုင်နဲ့မျက်စောင်းထိုးမှာရှိတဲ့ နောက်
အချိုစုံဆိုင်ကိုသွားပြီး ကုလားပဲခွေနဲ့ပဲတောင့် ၂ မျိုးထပ်ဝယ်ရသေးတယ်။ စောစောကဆိုင်မှာ မရှိ
တဲ့မုန့်တွေပါ။







ခါဂျာမုန့် (Puri Khaja)ကို မတွေ့လို့ မ၀ယ်ခဲ့ရပါ။ မြန်မာပြည်မှာတုန်းကတော့ ကျွပ်ကျွပ်ရွရွချိုချို

စိမ့်စိမ့်လေး အရသာရှိတဲ့ခါဂျာမုန့်ကိုကြိုက်နှစ်သက်ခဲ့ရတာ။




အချိုစုံမုန့်များဝယ်ပြီးနောက် အနားက ကဲန့်(ပ)ဘဲလ်လမ်းကိုဖြတ်ကူးလိုက်တာနဲ့ ပန်းမျိုးစုံနဲ့ဟင်း

သီးဟင်းရွက်လတ်လတ်ရောင်းတဲ့ဆိုင်(Sri Ambal Flowers & Trading Pte Ltd - အောက်ပုံ) ကို

ရောက်ပါတယ်။ 
















အဲဒီမှာ ချဉ်ပေါင်ရွက်နဲ့ပူစီနံဝယ်တော့ ချဉ်ပေါင်ရွက်အစီးတွေများလို့ ဆိုင်ကအမျိုးသမီးက အခု

လောက်များများဝယ်တာ ဘာချက်ဖို့လဲမေးတာနဲ့ ကြော်စားတာလို့ပြောခဲ့ရသေးတယ်။ ချဉ်ပေါင်

ရွက်ကြော်စားတာ သူမသိဘူးဆိုလို့ အိမ်ရှင်မက ပုဇွန် မျှစ်စတာတွေနဲ့ ဘယ်လိုကြော်ရတယ်ဆို

တာကိုပါ ပြောပြခဲ့ရတာ။


















နောက်နေ့မနက်မှာ အိမ်ရှင်မရဲ့ လက်ရာ ထမင်းကြော်ကို ချဉ်ပေါကြော်နဲ့ နံနက်စာမြိန်မြိန်စားခဲ့

ပါတယ်။





ဆက်ပြီးရေးပါဦးမည်။



Saturday, January 14, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၁)

 



ဆိုင်းသံ ဗုံသံတို့ကို ကြားနေရသည်။
ကျယ်ကျယ်လောင်လောင်ကြီးပါ။
ဦးခေါင်းကိုနှိုးဆွပြီး နှလုံးသားကိုခုန်စေသည်အထိ။

ဒီအခါမှာ မိမိက ဆိုချင် ကချင်လာပြီ။

ဆိုင်းသံ ဗုံသံဆိုသည်မှာ အကြောအဆစ်ကုပညာရပ်ဆိုင်ရာနှင့် ဥာဏ်ရည်မသန်စွမ်းမှုပညာရပ်
ဆိုင်ရာ ကမ္ဘာ့ညီလာခံများကို ဆိုလိုခြင်းဖြစ်သည်။

၁၉၉၁ ခုနှစ်လောက်ကစပြီး ညီလာခံသတင်းများကို ကြားလာခဲ့ရသည်။ 

တချို့ သောညီလာခံများကို ၄ နှစ်တစ်ကြိမ်ကြားရတတ်ပြီး အချို့ ကိုကား ၂ နှစ်တစ်ကြိမ် ခပ်စိပ်
လေးကြားနေရပါသည်။

သွားစရှိတော့ သွားချင်ပါလိမ့်မည်။
စားစရှိတော့လည်း စားချင်နေပါလိမ့်မည်။
ဆိုစ ကစရှိနေပြန်တော့လည်း ဆိုချင် ကချင်မည်မှာ သဘာဝကျပါသည်။

မှန်ပါသည်။

မိမိသည် စင်ကာပူနိုင်ငံကိုရောက်ရှိလာကာ အလုပ်လုပ်ကိုင်ရင်း အလုပ်ကတာဝန်ပေးစေလွှတ်
သဖြင့် ညီလာခံတချို့ ကို ၄ နှစ်တစ်ကြိမ်တတ်ခွင့်ရပြီး အချို့ သောညီလာခံတို့ကိုကား ၂ နှစ်တစ်
ကြိမ်လောက် သွားရောက်နိုင်ခဲ့ပါသည်။ 

သည့်အပြင် သုတေသနစာတမ်းများပြုစုလျက် ညီလာခံများမှာ ကိုယ်တိုင်တင်သွင်းဖတ်ကြားနိုင်
ခဲ့သေးသည်။
ထိုကြောင့် အလုပ်ရကံကောင်းလေစွဟုတွေးပြီး မိမိတို့အဖွဲ့အစည်းအား ကျေးဇူးတင်မဆုံးဖြစ်မိ
သည်။ 






                          



                          PHOTOS - World Physiotherapy (WP)


အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း (World Physiotherapy) ထံမှ ယခုနှစ် ဇန်န
ဝါရီလ ၁၂ ရက်နေ့စွဲပါအီးမေးတစ်စောင်ကို မနေ့တနေ့ကရရှိခဲ့သည်။(အထက်တွင်ဖတ်ရှုနိုင်သည်)

ညီလာခံသတင်းထုတ်ပြန်ချက် (World Physiotherapy Press release)ဟုခေါင်းစဉ်တပ်ထားသဖြင့် 
စိတ်ဝင်တစားဖတ်ကြည့်သောအခါ ယခုနှစ်ဒူဘိုင်းညီလာခံပြီးသည့်နောက် လာမည့် ၂၀၂၅ ခုနှစ်
ညီလာခံကို ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ကျင်းပပြုလုပ်မည်ဟု အသိပေးအကြောင်းကြားခြင်းဖြစ်သည်။

ထိုအခါ ညီလာခံတက်ရောက်ရေးနှင့်ပတ်သက်ပြီး မိမိတွင်တွေးစရာများ ပိုရှိလာတော့၏။

ဒူဘိုင်းကို တက်မှာလား။ ဂျပန်မှာကျင်းပသည့်အခါတွင်မှပဲ တက်မှာလား စသဖြင့် သို့လော သို့
လောတွေးစရာများဖြစ်လာသည်။

အစကတော့ ယခုနှစ်ဇွန်လတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ ကျင်းပပြုလုပ်မည့်ညီလာခံကို သွား
သင့် မသွားသင့်ကိစ္စတစ်ခုတည်းကိုသာ စဉ်းစားနေခဲ့မိသည်။ 

ယခုတခါမှာ မိမိစားရိတ်နှင့်မိမိသွားခြင်းဖြစ်သောကြောင့် အိမ်ရှင်မဇနီးကို အလည်အပတ်သဘော
အတူခေါ်သွားရန်လည်း ထည့်သွင်းစဉ်းစားရသည်။

အိမ်ရှင်မကတော့ စိတ်ဝင်စားမှုမရှိလှပါ။
ဒူဘိုင်းကိုတော့ မသွားချင်ပါဘူးတော်ဟု ပြောပါသည်။

သို့ဖြစ်ရာ ဂျပန်ဆိုရင်ဖြင့်လိုက်လေမည်လားဟု စကားတီးခေါက်ကြည့်မိပြန်ရာ လောလောဆယ်
တွင် 'ရက်စ်'လည်းမပြော 'နိုး'လည်းမပြောသေးသဖြင့် အဆွယ်ကောင်းရင်ဖြင့် လိုက်နိုင်ကောင်းပါ
ရဲ့ ဟု မျှော်လင့်ရချေသေးတော့။ 






ဆက်ပြီးရေးပါဦးမည်။






Friday, January 13, 2023

ကျွန်းသာယာသတင်းစဉ် (၆၆)

 




              
           






တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး သတိဝီရိယရှိကြ
ရန် စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်းက သူ၏နှစ်သစ်ကူးသ၀ဏ်လွှာတွင် ထည့်သွင်းပြော
ကြားသွားခဲ့သည်။

"ယခုနှစ်တရုတ်နှစ်သစ်ကူးပွဲတော်ကတော့ အားလုံးအတွက် အထူးတလည်အဓိပ္ပာယ်ပြည့်ဝတာ
အသေအချာပါပဲ။ လိုဟေး (lohei ကံကောင်းခြင်း) ကို ပိုပြီးမြင့်မြင့်မြှောက်ကြမယ်။ 



ဝှာ့တဟ် (huat ah) ဆန္ဒပြုဆုတောင်းပေးခြင်းတွေကို အခါတိုင်းနှစ်တွေထက်ပိုပြီး ကျယ်ကျယ်
လောင်လောင်ကြီး အော်ဟစ်ဆုတောင်းပေးကြမယ်။ 

မိသားစုတွေ့ဆုံမှုများ (family gatherings)ကို ပိုလို့ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ကြမယ်" ဟုလည်းပြော
ကြားသွားခဲ့ပါသည်။
(SOURCE: Straits Times 21-1-23)








CNY - Chinese New Year

နှစ်သစ်ကူးပွဲတော်ကာလအတွင်း သန်းပေါင်းများစွာသောတရုတ်ပြည်သူများ ဇာတိမြို့ ရွာတွေ
ကို အုံနှင့်ကျင်းနှင့်ပြန်ကြပြီး မိသားစုအလည်တွေ့ဆုံကြခြင်းကြောင့် ပိုမိုကြာရှည်ပြီး ဆိုးဝါးပြင်း
ထန်သည့် ကိုဗစ်-၁၉ လှိုင်းတံပိုးကြီးရိုက်ခတ်ခံစားရနိုင်သည်ဟု ကျန်းမာရေးစစ်တမ်းလေ့လာ
မှန်းဆရေးကုမ္ပဏီ (Predictive Health Analytics Company) 'Airfinity' က ပြောခဲ့သည်။  



ရှန်ဟိုင်းမြို့ ရှိ ဇောန်ရှန်းဆေးရုံ အရေးပေါ်လူနာဌာန၏စင်္ကြန်တလျှောက်တွင် ကိုဗစ်လူနာများ
စီတန်းစောင့်ဆိုင်းနေကြစဉ်။

အကြီးတန်းဆရာဝန်တဦး၏ခန့်မှန်းမှုအရ လူဦးရေ ၂၅ သန်းရှိသော ရှန်ဟိုင်းမြို့ သူမြို့ သားအများ
စုသည် ကိုဗစ်-၁၉  ရောဂါကူးစက်ခံထားရဖွယ်ရှိကြောင်းသိရသည်။



SOURCE: AFP, BLOOMBERG