"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, January 9, 2023

ရသာစုံ နံနက်စာ

 



မိမိ အလုပ်သွားရသည့်ရက်များတွင် နံနက်စာကို အလုပ်မသွားမီ အိမ်မှာအမြဲစားလေ့ရှိသည်။

ပုံမှန်အားဖြင့် တနင်္လာနေ့မှသောကြာနေ့အထိ ၅ ရက်ဖြစ်သည်။


စနေ တနင်္ဂနွေလို အလုပ်ပိတ်ရက်များတွင် စနေတစ်ရက်ကို တစ်ပတ်စာချက်ပြုတ်စရာတွေ

ထွက်ဝယ်ရင်း အပြင်မှာစားလေ့ရှိပါသည်။

ရပ်ကွက်ထဲကဈေးမှာ နံနက်စာစားတာများပြီး ကုန်တိုက်တစ်ခုခုရှိ 'NTUC' သို့မဟုတ် 'Giant' 

ဆိုင်များသို့သွားကာ ချက်ပြုတ်စရာတွေဝယ်သည်။

တနင်္ဂနွေနေ့တွင်မူ အိမ်မှာနားနားနေနေနေရင်း အိမ်ရှင်မက မြန်မာအစားအစာတမျိုးမျိုးကို စီ

မံလုပ်ကျွးတတ်ပါသည်။

မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ချက်သည်။

ဆီထမင်းကျော်သည်။ ကောက်ညင်းပေါင်းသည်။


ယနေ့လိုနေ့မှာဆိုက မြန်မာ့ဂန္ထဝင်နံနက်စာဖြစ်သော ပဲပြုတ်နှင့်ထမင်းကြော်စားဖြစ်သည်။

မနေ့က မြန်မာပြည်သို့ငွေပို့စရာရှိသဖြင့် စင်ကာပူမြန်မာရွာကြီးဟုထင်ရှားသည့် 'ပဲန်နင်းစူး 

လားပလာစာ'ကိုရောက်ရင်း မြန်မာဆိုင်က စတော်ပဲပြုတ်၊ ဒညင်းသီးနှင့် သရက်ချဉ်တို့ဝယ် 

ခဲ့သောကြောင့် ဒီကနေ့နံနက်တွင် အရသာစုံလှသော မြန်မာ့ဂန္ထဝင်နံနက်စာထမင်းကြော်ကို

မြိန်ယှက်စွာစားနိုင်ခဲ့သည်။


အိမ်ရှင်မအား ကျေးဇူးတင်မိကြောင်းကိုလည်း တဆက်တည်းပြောလိုပါသည်။




















No comments:

Post a Comment