"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, January 23, 2023

စင်ကာပူ ကုလားဈေးသို့တစ်ခေါက်

 




ဒီနှစ် ဇန်န၀ါရီလ ၂၂ ရက်နဲ့ ၂၃ ရက်တွေက စင်ကာပူနိုင်ငံမှာ တရုတ်နှစ်သစ်ကူးနေ့(Chinese New 
Year) များဖြစ်နေတာကြောင့် အစိုးရရုံးပိတ်ရက်ဖြစ်ပါတယ်။ 

အလုပ်ဖွင့်ရက်ဖြစ်တဲ့ ၂၃ ရက်နေ့က တနင်္လာနေ့ဖြစ်နေတာကြောင့် အဲဒီနေ့အစား နောက် ၁ ရက်
ဖြစ်တဲ့ အင်္ဂါနေ့ကို အလုပ်နားရက်အဖြစ်ပြန်ပေးတာကြောင့် စနေနေ့ကနေ အင်္ဂါနေ့အထိ ၄ ရက်အ
လုပ်မသွားရပါဘူး။

တနည်းပြောရရင် ၂၀၂၃ ခုနှစ် နှစ်ဦးရဲ့ ပိတ်ရက်လှလှလေးများလို့ ပြောနိုင်မှာပါ။

ဒါကြောင့် မိမိတို့အဖိုးကြီးအဖွားကြီး ၂ ဦးဟာ စင်ကာပူနိုင်ငံ၏လစ်တင်းလ်အိန္ဒိယလို့ခေါ်တဲ့ အိန္ဒိယ
ရပ်ဝန်းဒေသကို ခရီးဝေးခြေဆန့်ဖြစ်ခဲ့ကြတယ်။ 

အိမ်ကနေ မနက်စောစောထလို့ ဂျူရောင်းအိစ်ပိုလီကလင်းနစ်အနောက်ဖက်က စားသောက်ဆိုင်မှာ
တိုရှည်စား လက်ဘက်ရည်သောက်ပြီး အိန္ဒိယရွာကြီးရှိရာကို ဘတ်စ်ကားအမှတ်(၆၆)စီးပြီး သွားခဲ့
ပါတယ်။

မိမိတို့ ဘတ်စ်ကားအမှတ်(၆၆) မစီးတာကြာလှလို့ ခရီးတခဏထောင့်ခဲ့ရတယ်။ 

ဒီဘတ်စ်ကားက အရင်ကလို အိန္ဒိယရွာကြီးအထိမသွားတော့ပဲ အထက်ဘူးကစ်တီးမားလမ်း(Upper 
Bukit Timah Road)ရှိ ဖေဟွမူလတန်းကျောင်း(Pei Hwa Presbyterian Primary School)နဲ့ ဓားလွယ်
ခုတ်မှာ ဂိတ်ဆုံးပါတယ်။ (အောက်ပုံ)

သွားမယ့်ခရီးရဲ့  ၅ ပုံ ၁ ပုံပဲရောက်သေးတာပါ။





မိမိတို့ ၂ ဦးပဲ ကားထဲမှာရှိနေပြီး မဆင်းကြလို့ ဘတ်စ်ကားဆရာက မိမိတို့ဘယ်ကိုသွားချင်တာလဲ
မေးကာ ဒီကနေ ဘတ်စ်ကားပြန်ကွေ့ မှာဖြစ်ကြောင်းနဲ့ အမှတ်(၆၇)ဘတ်စ်ကားကိုပြောင်းစီးရမယ်
ပြောပါတယ်။

ဒါနဲ့ အခုမှတ်တိုင်မှာ ၁၁ မိနစ်လောက်စောင့်ရပြီး အမှတ်(၆၇)ဘတ်စ်ကားကိုပြောင်းစီးကာ လိုရာ
ခရီးကိုရောက်ခဲ့ရတာပါ။

အဖြစ်ကတော့ မပြောလိုက်ချင်ပါဘူး။ 
မနေ့တနေ့ကမှ စင်ကာပူကိုရောက်လာကြတာကျနေတာပဲ။





ဒါကြောင့်မို့လို့ "တောသားပီပီ ဘာညာနားမလည် သူတို့မြို့ ကိုလာချင်လို့ကွယ်"လို့ ငယ်ငယ်တုန်း
ကဆိုခဲ့ဘူးတဲ့သီချင်းစာသားလေးကိုသာ အော်ပြီးဆိုလိုက်ချင်မိသေးတော့။







အထက်မှာ ဆေးအပြာနုရောင်သုတ်ထားသည့်'တက်ကားစင်တာ'အဆောက်အအုံထဲမှာ အသား 
ငါး ဟင်းသီးဟင်းရွက်ရောင်းတဲ့ဆိုင်တွေ(Wet Market) ရယ်၊ စားသောက်ဆိုင်များ(Food Centre)
ရှိတဲ့အပြင် အထည်အလိပ်နဲ့လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းတဲ့ဆိုင်တွေလဲ ရှိကြတာဖြစ်တယ်။

ဒီဈေးသည် မိမိ စင်ကာပူနိုင်ငံကိုရောက်ပြီး ၃-၄ ရက်အတွင်းရောက်ဖူးတဲ့ ဒုတိယမြောက်ဈေးပါ။
Senior Physiotherapist ဖြစ်သူ ဆရာဦးဝင်းထိန်က ခေါ်သွားလို့ရောက်ဖြစ်ခဲ့တာဖြစ်တယ်။ အဲဒီ
အချိန်က ဆရာဦးဝင်းထိန်သည် Spastic Children's Association of Singapore (SCAS) မှာ 
အလုပ်လုပ်ပါတယ်။

စင်ကာပူနိုင်ငံကို ပထမဆုံးခြေချတဲ့နေ့မှာ ရောက်ခဲ့သည့်ဈေးကတော့ မိမိအခုနေနေတဲ့ ဂျူရောင်း
အရပ်က Jurong West ဈေးရယ်ပါ။













  


ဒီကနေ့ မိမိနှင့်ဇနီးတို့ စင်ကာပူနိုင်ငံ၏အိန္ဒိယရပ်ဝန်းဒေသ (Little India) သွားတော့ အဲဒီ'တက်
ကားစင်တာ' ရှေ့ ကမှတ်တိုင်မှာဆင်းရတယ်။ 

အဲဒီကမှ ကားလမ်းကိုဖြတ်ကူးပြီး မိမိတို့ဝယ်နေကျ မာ့ဂ်ဟူး အိန္ဒိယအချိုစုံဆိုင်မှာ ဂျလေဘီ၊ မလိုင်
ခဲ အစရှိသည့် ကုလားမုန့် ၄-၅ မျိုးဝယ်ပါတယ်။ ပြီးတော့ အဲဒီဆိုင်နဲ့မျက်စောင်းထိုးမှာရှိတဲ့ နောက်
အချိုစုံဆိုင်ကိုသွားပြီး ကုလားပဲခွေနဲ့ပဲတောင့် ၂ မျိုးထပ်ဝယ်ရသေးတယ်။ စောစောကဆိုင်မှာ မရှိ
တဲ့မုန့်တွေပါ။







ခါဂျာမုန့် (Puri Khaja)ကို မတွေ့လို့ မ၀ယ်ခဲ့ရပါ။ မြန်မာပြည်မှာတုန်းကတော့ ကျွပ်ကျွပ်ရွရွချိုချို

စိမ့်စိမ့်လေး အရသာရှိတဲ့ခါဂျာမုန့်ကိုကြိုက်နှစ်သက်ခဲ့ရတာ။




အချိုစုံမုန့်များဝယ်ပြီးနောက် အနားက ကဲန့်(ပ)ဘဲလ်လမ်းကိုဖြတ်ကူးလိုက်တာနဲ့ ပန်းမျိုးစုံနဲ့ဟင်း

သီးဟင်းရွက်လတ်လတ်ရောင်းတဲ့ဆိုင်(Sri Ambal Flowers & Trading Pte Ltd - အောက်ပုံ) ကို

ရောက်ပါတယ်။ 
















အဲဒီမှာ ချဉ်ပေါင်ရွက်နဲ့ပူစီနံဝယ်တော့ ချဉ်ပေါင်ရွက်အစီးတွေများလို့ ဆိုင်ကအမျိုးသမီးက အခု

လောက်များများဝယ်တာ ဘာချက်ဖို့လဲမေးတာနဲ့ ကြော်စားတာလို့ပြောခဲ့ရသေးတယ်။ ချဉ်ပေါင်

ရွက်ကြော်စားတာ သူမသိဘူးဆိုလို့ အိမ်ရှင်မက ပုဇွန် မျှစ်စတာတွေနဲ့ ဘယ်လိုကြော်ရတယ်ဆို

တာကိုပါ ပြောပြခဲ့ရတာ။


















နောက်နေ့မနက်မှာ အိမ်ရှင်မရဲ့ လက်ရာ ထမင်းကြော်ကို ချဉ်ပေါကြော်နဲ့ နံနက်စာမြိန်မြိန်စားခဲ့

ပါတယ်။





ဆက်ပြီးရေးပါဦးမည်။



No comments:

Post a Comment