"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, January 6, 2023

မြေးများကို ငွေ ၂ သန်းခန့်မုန့်ဖိုးပေးတဲ့ ဖိုးဖိုးအီဖေကို


 




ပြောရစေဦးတော့။

တသက်နဲ့တကိုယ်ရယ်ပါဗျာ။

ငွေကို သန်းနဲ့ချီပြီး ကိုယ့်လက်ထဲကိုင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းအခါကမှ မထင်မှတ်ခဲ့ဖူးပါဘူး။


နောက်ပြီး မြေးနှစ်ယောက်အား သန်းဂဏန်းရှိတဲ့ငွေပမာဏကို မုန့်ဖိုးပေးနိုင်ဖို့ဆိုတာကလဲ ပိုလို့

များတောင် ဝေးပါသေးရဲ့ ။

အဲ ဒါပေမယ့် သမီးတို့မိသားစု နိုင်ငံရပ်ခြားကို အလည်ခရီးသွားကြမယ်ဆိုတော့ မြေးလေးတွေကို

အဖိုးအဖွားများက မုန့်ဖိုးပေးဖို့စဉ်းစားမိကြတယ်ပေါ့။


ဒါနဲ့ မိမိတို့မှာရှိတဲ့ စင်ကာပူဒေါ်လာဘယ်လောက် မုန့်ဖိုးပေးမယ်ဆိုပြီး ဂျူရောင်းပွိုင့်ကုန်တိုက်ကြီး

(Jurong Point Shopping Centre) ကိုသွားခဲ့ပါတယ်။


အဲဒီမှာရှိတဲ့ B1 မြေအောက်ထပ်က နိုင်ငံခြားငွေလဲလှယ်ရောင်းချပေးသည့် Money Changer ဆိုင်

ကို မိမိ နိုင်ငံခြားတိုင်းပြည်တွေ ခရီးသွားစရာရှိတိုင်း အမြဲရောက်တတ်ပြီး ငွေလဲနေကျပါ။


အမေရိကန်ဒေါ်လာ၊ တောင်အာဖရိကငွေ ရဲန်ဒ် (Rand)၊ ထိုင်ဝမ်ဒေါ်လာ (New Taiwan dollar 

(TWD)၊ ကမ္ဘောဒီးယားငွေ (Riel) အစရှိလို့ပေါ့လေ။






















 



မိမိတို့မုန့်ဖိုးပေးမယ့် စင်ကာပူဒေါ်လာ ၁၀၀ ကိုပေးပြီး ဗီယက်နမ်နိုင်ငံသုံးငွေ (Vietnamese dong -

VND) ကိုလဲလိုက်တဲ့အခါမှာ VND တစ်သန်းနဲ့ခုနှစ်သိန်း (၁,၇၀၀,၀၀၀) ရပါတယ်။


ဗီယက်နမ်နိုင်ငံကိုမသွားခင် သုံး-လေးရက်အလိုမှာတော့ သမီးနဲ့မြေး ၂ ယောက်က မိမိတို့အိမ်ကို

ရောက်လာခဲ့ကြတယ်။

အိမ်မှာ သားလဲရှိနေလို့ အဖိုးအဖွားနဲ့အန်ကယ်လေးတို့က မြေးများအား မုန့်ဖိုးတွေပေးခဲ့ကြတယ်။

မြေးတွေက မုန့်ဖိုးရလို့ ကလေးသဘာဝ ပျော်ကြတာပေါ့နော်။

ဒါကို သမီးက အမှတ်တရဓာတ်ပုံလေးရိုက်ပေးခဲ့တာ။


ဒါကြောင့် မိမိသည် မြေး ၂ ယောက်ကို မုန့်ဖိုးငွေ ၂ သန်းနီးပါးပေးနိုင်ခဲ့တဲ့ ဖိုးဖိုးအီဖေကိုဖြစ်သွားခဲ့

ရကြောင်းပါ။ 
















No comments:

Post a Comment