"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 1, 2023

နှစ်သစ်သန္နိဋ္ဌာန်





 ယနေ့သည် ၂၀၂၂ နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးပြီး 

 ၂၀၂၃ နှစ်သစ်၏ပထမရက်ဖြစ်သည်။


 နှစ်သစ်နှင့်ပတ်သက်ပြီး 

 မိမိတို့ပြုလုပ်လေ့ပြုလုပ်ထရှိသောကိစ္စတစ်ရပ်မှာ

 နှစ်သစ်အတွက် 

 ဆုံးဖြတ်ချက်တစ်ခုခုချခြင်းဖြစ်သည်။

 ဥပမာ၊

 ယခုနှစ်မှာတော့

 မည်သည့်ကိစ္စများကို လျှော့ချမည်။ 

 သို့မဟုတ် လုံးဝရပ်ပစ်မည်။

 မည်သည့်ကိစ္စများကိုတော့ 

 ပိုပြီးအာရုံစိုက်မည်။ တိုးလုပ်မည်။ 

 သို့မဟုတ် 

 နှစ်သစ်သန္နိဋ္ဌာန်အသစ်ချမည်။

 

 မိမိအနေဖြင့်မူ

 ယခင့်ယခင်နှစ်များ (၁၀ နှစ် ၁၅ နှစ်ကြာက)

 ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်များအား

 ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သွားရန်နှင့်

 မရေမရာကျန်ရှိနေသေးသည့်အချိန်လေးမှာ

 အနေတတ်ပြီး

 အသေတတ်ဖို့ 

 ပိုမိုဆက်လက်ကျင့်ကြံအားထုတ်သွားရန်

 နှစ်သစ်သန္နိဋ္ဌာန် ချမိပါသည်။ 





No comments:

Post a Comment