၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊
ဒီဇင်ဘာ ၃ ရက် ဗုဒ္ဓဟူးနေ့။
နံနက်ဝေလီဝေလင်းအချိန်မှာတွေ့ရသော မိဘမေတ္တာဧည့်ရိပ်သာ။ |
ရွှေဘိုမှကန့်ဘလူသို့ စမ်းတ၀ါးဝါးဖြင့် ကားမောင်းလာရင်း နံနက် ၄ နာရီတွင် မိမိတို့တည်းခိုကြမည့် "မိဘ မေတ္တာဧည့်ရိပ်သာ"သို့ရောက်ပြီး ပစ္စည်းများနေရာချရသည်။
တစ်ညလုံးတစ်ရေးမှမအိပ်ပဲ ကားဆရာနှင့်အတူ စကားပြောရင်း လမ်းကြည့်ရင်းဖြင့်လာခဲ့သော်လည်း ဒီက နေ့မနက်ကစပြီး လူနာများကြည့်ရမည်ဖြစ်ရာ အိပ်ယာမှာမလှဲနိုင်တော့ပဲ မျက်နှာသစ်ကြပါသည်။ ခဏကြာ သောအခါ ကြေးမုံသတင်းစာတိုက်မှဓာတ်ပုံသတင်းထောက်ဦးနေမျိုးက မိမိထံဖုံးခေါ်ပြီး သူ ယခုကန့်ဘလူ ဘူတာတွင်ရောက်နေကြောင်းပြောသဖြင့် ဧည့်ရိပ်သာအောက်ထပ်သို့ ကတိုက်ကရိုက်ဆင်းသွားရာ မော် တော်ဆိုင်ကယ်ဖြင့် အစောကြီးရောက်ချလာသော မြို့ မိမြို့ ဖ ဒု-ဥက္ကဌ ဦးဌေးအားတွေ့ရသည်။ သို့ဖြစ်ရာ သူ၏မော်တော်ဆိုင်ကယ်ဖြင့် ဘူတာသို့သွားပြီး ဦးနေမျိုးအားသွားတွေ့ကာ ဘူတာဆိုင်မှာပင် နံနက်စာကို အတူစားကြသည်။
ဦးဌေးက မန္တလေးမှလာကြမည့်မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များနှင့်အဆက်အသွယ်ရကြောင်း၊ ယနေ့မနက်စောစောတွင် မန္တလေးမှထွက်လာကြမည့်အကြောင်းပြောပါသည်။
မန္တလေးမှလာသော အကြောအဆစ်ကုပညာရှင်များ ဧည့်ရိပ်သာကောင်တာမှာ အလုပ်များနေစဉ်။ (ဒီဇင်ဘာ ၃ ရက်နေ့ည) |
နံနက်စာစားပြီးနောက် လူမှုကူညီရေးအသင်း၏ဗင်ကားအဖြူလေးဖြင့် ပရဟိတဆေးကုခန်းရှိရာ ရွှေသိမ် တော်ကျောင်းတိုက်သို့ သွားကြပါသည်။
ဓာတ်ပုံသတင်းထောက်ဦးနေမျိုးက ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းအကြောင်းကို မိမိအား မေးမြန်းသတင်းယူနေသဖြင့် လူနာများကြည့်နေရင်း ရှင်းပြနေရသည်။ မိမိတွင်ရှိသော မနှစ်ကနှင့်ယခု နှစ်အသိပညာပေးလက်ကမ်းစာစောင်များပေးပါသည်။ သူက လူနာများအား မိမိမေးမြန်းစမ်းသပ်နေ သည်တို့ကို အနီးကပ်ကြည့်ရှုနားထောင်ခြင်း၊ သိလိုသည်များကို မိမိအားမေးခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်နေလေသည်။
ရွှေသိမ်တော်ကျောင်းတိုက်အထဲမှာ ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းနှင့်ပတ်သက်ပြီး ဦးနေမျိုးကို မိမိပေးလိုက်သော သတင်းအချက်အလက်အချို့ မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ခါးနာခြင်း
၂။ ခါးနာပေါင်တန်းခြင်း
၃။ ဒူးနာခြင်း၊ ဒူးဆစ်ရောင်ခြင်း
၎။ လက်မောင်း(ပခုံး)ကပ်ခြင်း၊ လက်မြှောက်မရခြင်း
၅။ ဇက်ခိုင်ခြင်း၊ အုန်းလွဲခြင်း
၆။ ဇက်ကြောတက်ခြင်း၊ လက်ပြင်အောင့်ခြင်း၊ လက်မောင်းကိုက်ခြင်း
၇။ တံတောင်ဆစ်နာခြင်း
၈။ မတော်တဆ ထိခိုက်အနာတဖြစ်ခြင်းများ (ဥပမာ - ခြေခေါက်လဲကျခြင်း)
၉။ အားကစား ထိခိုက်ဒဏ်ရာရခြင်း
၁၀။ ကိုယ်တစ်ခြမ်းသေခြင်း (လေဖြတ်ခြင်း)
၁၁။ မျက်နှာတစ်ခြမ်းသေခြင်း
၁၂။ အကြောဆွဲခြင်း (သွက်ချာပါဒရောဂါ)
၁၃။ ဥာဏ်ရည်နိမ့်မသန်စွမ်းခြင်း
၁။ ကြွက်သားအားစမ်းခြင်း၊
၂။ ကြွက်သားသိမ်ခြင်းကို စစ်ဆေးကြည့်ရှုခြင်း
၃။ အကြောဆွဲပုံအမျိုးအစားခွဲခြင်း
၎။ အာရုံကြောဖိညပ်ပြီး ခြေလက်ကိုက်ခြင်း၊ အောင့်ခြင်း၊ ထုံကျင်ခြင်း
၅။ အဆစ်ကပ်ခြင်း၊ ခိုင်ခြင်းကို ဒီဂရီတိုင်းတာခြင်း
၆။ ခြေလက်လှုပ်ရှားသွားလာမှုများ ကောင်းစွာမပြုလုပ်နိုင်ခြင်း
(ဥပမာ - ခြေကား၊ ဒူးကွေး၊ ခြေရမ်းလျှောက်ခြင်း)
၇။ ကလေးများ ဥာဏ်ရည်နိမ့်သဖြင့် ပြောဆိုဆက်ဆံသင်ကြားရခက်ခဲခြင်း
၈။ ကလေးများ ခြေဖ၀ါးကျ/ပြားချပ်ခြင်း
၉ ။ ကလေးများ ခြေဖျားထောက်လျှောက်ခြင်း (ကြွက်သားတင်းခြင်းလား၊ အကြောရုံးဆွဲခြင်းလား၊ အဆစ်ခိုင်ခြင်းလား)
၁၀။ သက်ကြီးရွယ်အိုများ မကြာခဏ လဲကျတတ်ခြင်း (မျက်စေ့ကြောင့်လား၊ နားအတွင်းရှိ ချိန်ဆ စနစ်ကြောင့်လား၊ ကြွက်သားကြောင့်လား)
၁။ အားနည်းနေသောကြွက်သားများကို သန်စွမ်းစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ
၂။ တင်းတောင့်နေသည့်ကြွက်သားများကို ပျော့ပြောင်းစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ
၃။ အကြောဆွဲခြင်းကို သက်သာစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ
၎။ အာရုံကြောဖိညပ်ခြင်းမှ လွတ်သွား(သို့မဟုတ်)သက်သာစေမည့် နေထိုင်နည်းများနှင့် အဆစ်ဆွဲဆန့်ပေးခြင်း
၅။ ကပ်နေသည့်အဆစ်အား ချောင်ချိလာစေမည့် လေ့ကျင့်လှုပ်ရှားနည်များ၊ ဂရုစိုက်ရမည့်နေထိုင်လုပ်ကိုင်နည်းများ
၆။ ကောင်းစွာအသုံးမပြုနိုင်သော ခြေလက်လှုပ်ရှားသွားလာမှုများကို မိမိကိုယ်တိုင်ပြန်လည်အသုံးပြုနိုင်စေရန် လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်း
၇။ ဥာဏ်ရည်နိမ့်ကလေးများ၏အခြေအနေမှန်ကို ကောင်းစွာနားလည်လျက် မည်သို့ပြောဆို ဆက်ဆံသင်ကြားပေးနည်းများ
၈။ ခြေဖ၀ါးကျ/ပြားနေသော ကလေးများအတွက် ဖ၀ါးထောက်ကူပစ္စည်း အသုံးပြုနည်း
၉ ။ ခြေဖျားထောက်လျှောက်သောကလေးများကို ခြေဖ၀ါးချလမ်းလျှောက်စေနည်းများ။
ဓာတ်ပုံသတင်းထောက်ဦးနေမျိုးက ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းအကြောင်းကို မိမိအား မေးမြန်းသတင်းယူနေသဖြင့် လူနာများကြည့်နေရင်း ရှင်းပြနေရသည်။ မိမိတွင်ရှိသော မနှစ်ကနှင့်ယခု နှစ်အသိပညာပေးလက်ကမ်းစာစောင်များပေးပါသည်။ သူက လူနာများအား မိမိမေးမြန်းစမ်းသပ်နေ သည်တို့ကို အနီးကပ်ကြည့်ရှုနားထောင်ခြင်း၊ သိလိုသည်များကို မိမိအားမေးခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်နေလေသည်။
ရွှေသိမ်တော်ကျောင်းတိုက်အထဲမှာ ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းနှင့်ပတ်သက်ပြီး ဦးနေမျိုးကို မိမိပေးလိုက်သော သတင်းအချက်အလက်အချို့ မှာ အောက်ပါအတိုင်းဖြစ်သည်။
- ကုသိုလ်ဖြစ်ဆေးကုခန်းတွင် လာရောက်ပြသတိုင်ပင်နိုင်သော အကြောအဆစ်ဝေဒနာများ
၂။ ခါးနာပေါင်တန်းခြင်း
၃။ ဒူးနာခြင်း၊ ဒူးဆစ်ရောင်ခြင်း
၎။ လက်မောင်း(ပခုံး)ကပ်ခြင်း၊ လက်မြှောက်မရခြင်း
၅။ ဇက်ခိုင်ခြင်း၊ အုန်းလွဲခြင်း
၆။ ဇက်ကြောတက်ခြင်း၊ လက်ပြင်အောင့်ခြင်း၊ လက်မောင်းကိုက်ခြင်း
၇။ တံတောင်ဆစ်နာခြင်း
၈။ မတော်တဆ ထိခိုက်အနာတဖြစ်ခြင်းများ (ဥပမာ - ခြေခေါက်လဲကျခြင်း)
၉။ အားကစား ထိခိုက်ဒဏ်ရာရခြင်း
၁၀။ ကိုယ်တစ်ခြမ်းသေခြင်း (လေဖြတ်ခြင်း)
၁၁။ မျက်နှာတစ်ခြမ်းသေခြင်း
၁၂။ အကြောဆွဲခြင်း (သွက်ချာပါဒရောဂါ)
၁၃။ ဥာဏ်ရည်နိမ့်မသန်စွမ်းခြင်း
- အကြောအဆစ်ကုပညာရှင်များက အောက်ပါတို့ကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ကြမည်။
၂။ ကြွက်သားသိမ်ခြင်းကို စစ်ဆေးကြည့်ရှုခြင်း
၃။ အကြောဆွဲပုံအမျိုးအစားခွဲခြင်း
၎။ အာရုံကြောဖိညပ်ပြီး ခြေလက်ကိုက်ခြင်း၊ အောင့်ခြင်း၊ ထုံကျင်ခြင်း
၅။ အဆစ်ကပ်ခြင်း၊ ခိုင်ခြင်းကို ဒီဂရီတိုင်းတာခြင်း
၆။ ခြေလက်လှုပ်ရှားသွားလာမှုများ ကောင်းစွာမပြုလုပ်နိုင်ခြင်း
(ဥပမာ - ခြေကား၊ ဒူးကွေး၊ ခြေရမ်းလျှောက်ခြင်း)
၇။ ကလေးများ ဥာဏ်ရည်နိမ့်သဖြင့် ပြောဆိုဆက်ဆံသင်ကြားရခက်ခဲခြင်း
၈။ ကလေးများ ခြေဖ၀ါးကျ/ပြားချပ်ခြင်း
၉ ။ ကလေးများ ခြေဖျားထောက်လျှောက်ခြင်း (ကြွက်သားတင်းခြင်းလား၊ အကြောရုံးဆွဲခြင်းလား၊ အဆစ်ခိုင်ခြင်းလား)
၁၀။ သက်ကြီးရွယ်အိုများ မကြာခဏ လဲကျတတ်ခြင်း (မျက်စေ့ကြောင့်လား၊ နားအတွင်းရှိ ချိန်ဆ စနစ်ကြောင့်လား၊ ကြွက်သားကြောင့်လား)
- အကြောအဆစ်ကုပညာရှင်များက အောက်ပါအတိုင်း ကုသပေးကြမည်။
၂။ တင်းတောင့်နေသည့်ကြွက်သားများကို ပျော့ပြောင်းစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ
၃။ အကြောဆွဲခြင်းကို သက်သာစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ
၎။ အာရုံကြောဖိညပ်ခြင်းမှ လွတ်သွား(သို့မဟုတ်)သက်သာစေမည့် နေထိုင်နည်းများနှင့် အဆစ်ဆွဲဆန့်ပေးခြင်း
၅။ ကပ်နေသည့်အဆစ်အား ချောင်ချိလာစေမည့် လေ့ကျင့်လှုပ်ရှားနည်များ၊ ဂရုစိုက်ရမည့်နေထိုင်လုပ်ကိုင်နည်းများ
၆။ ကောင်းစွာအသုံးမပြုနိုင်သော ခြေလက်လှုပ်ရှားသွားလာမှုများကို မိမိကိုယ်တိုင်ပြန်လည်အသုံးပြုနိုင်စေရန် လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်း
၇။ ဥာဏ်ရည်နိမ့်ကလေးများ၏အခြေအနေမှန်ကို ကောင်းစွာနားလည်လျက် မည်သို့ပြောဆို ဆက်ဆံသင်ကြားပေးနည်းများ
၈။ ခြေဖ၀ါးကျ/ပြားနေသော ကလေးများအတွက် ဖ၀ါးထောက်ကူပစ္စည်း အသုံးပြုနည်း
၉ ။ ခြေဖျားထောက်လျှောက်သောကလေးများကို ခြေဖ၀ါးချလမ်းလျှောက်စေနည်းများ။
၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များက ပရဟိအခမဲ့ဆေးကုမှတ်တမ်းဓာတ်ပုံအချို့ အား ဆေးကုခန်းအတွင်း၌ ယခုကဲ့သို့ ပြသထားခဲ့သည်။ |
နေ့ခင်းလောက်မှာ ဦးဌေးက မန္တလေးမှလာသော အကြောအဆစ်ပညာရှင် ၁၀ ဦးရောက်လာကြပြီဖြစ် ကြောင်း၊ သူတို့အား ဧည့်ရိပ်သာတွင်နေရာချပေးပြီး နေ့လည်စာကျွေးမည့်အကြောင်းနှင့်ဆေးကုခန်းသို့ ခေါ်လာပေးမည့်အကြောင်း ဖုန်းဆက်ပါသည်။
ပရဟိတဆေးကုခန်းတွင် လူနာများအား စမ်းသပ်ကုသပေးရင်း၊ အချင်းချင်းဆွေးနွေးရင်း၊ လက်တွေ့လုပ်ကြရင်း .... |
တမနက်ခင်းလုံး မိမိ၏ဇနီး အကူအညီဖြင့် လူနာများကြည့်ရှုခြင်းနှင့်ကုသပေးခြင်းများကို ပြုလုပ်လာရာခဲ့မှ နေ့ခင်းပိုင်းတွင် မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များ ရောက်ရှိလာကြသဖြင့် ဆေးကုခန်းမှာ မြိုင် မြိုင်ဆိုင်ဆိုင်ဖြင့် သွက်လက်လာပါတော့သည်။
သို့တစေ လူနာအရေအတွက်များပြားလှသဖြင့် နေ့လည်စာနှင့်ညစာများကို ပုံမှန်စားသောက်ချိန်ထက် နောက်ကျပြီး စားကြရပါသည်။
ရွှေသိမ်တော်ကျောင်းမှဧည့်ခံကျွေးမွေးသည့်ညစာကို တစ်စုတစ်ဝေး မြိန်ရှက်စွာစားကြစဉ် ...။ |
Leonine Cml
ဆရာ သင်ပေးတာနားထောင်လိုက် လူနာတွေ ကြည့်လိုက်နဲ့
တနေ့ကုန်မှန်းမသိကုန်ခဲ့
ယခင်နှစ်များက လေ့ကျင့်လှုပ်ရှားကုသနည်းများ (Therapeutic Exercises) ကို အဓိကအသုံးပြုကုသပေးခဲ့ ရာမှ ယခုနှစ်တွင် TENS ခေါ် Transcutaneous Electrical Nerve Stimulationနှင့် Infrared အစရှိသော
ကုသမှုစက်များပါ ပူးတွဲအသုံးပြုကာ အကြောအဆစ်ဝေဒနာများအား ထိထိရောက်ရောက် ကုသပေးနိုင်ခဲ့ပါ သည်။
မိမိသည် လူငယ်အကြောအဆစ်ကုပညာရှင်များနှင်အတူ လူနာများ ကြည့်ရှုစမ်းသပ်ခြင်းနှင့်ကုသပေးခြင်း များပြုလုပ်သည့်အပြင် သူတို့သိရှိရန်လိုအပ်သည်များနှင့်မိမိအားမေးမြန်းကြသည်များကို ရှင်းလင်းပြောပြ ခြင်းနှင့်လက်တွေ့သင်ကြားပြသခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ မိမိ၏ဆေးကုသမှုအတွေ့အကြုံများကို ထပ် ဆင့်မျှဝေနိုင်ခဲ့ပါသည်။
Manual cervical traction ကို လက်တွေ့သင်ပြပေးစဉ်။ |
ကိုချမ်းမင်းလွင်၏ပျော်ရွှင်ဖွယ်လျှပ်တစ်ပြက်အင်တာဗျူးဗွီဒီယိုလေးပါ။ (ဒီဇင်ဘာ ၄ ရက် နံနက်၊ ၂၀၁၄)
|
ဒုတိယမြောက်နေ့က ကန့်ဘလူဈေးနားမှ မုန့်တီဆိုင်မှာ ..... |
ကန့်ဘလူကိုရောက်လာကြသော မိတ်ဆွေများနှင့်ဧည့်သည်များကို ကန့်ဘလူဒေသခံများက သူတို့အ ကြိုက်ဖြစ်သော ကန့်ဘလူအခေါ် 'မုန့်တီ'(အောက်ပြည်အောက်ရွာအခေါ် မုန့်တီလက်သုတ်၊ မုန့်တီနန်း ကြီးသုတ်)ဖြင့် ဧည့်ခံလေ့ရှိကြသည့်အတိုင်း သူတို့ကိုလည်း ပျူငှာစွာဧည့်ခံကျွေးမွေးခဲ့ပါသည်။
ဒီဇင်ဘာ ၄ ရက် ညပိုင်း
နေ့စဉ်နေ့တိုင်း မနက်မှ ည ၇ နာရီကျော် ၈ နာရီးအထိ လူနာများဖြင့် မအားအလပ်အလုပ်များနေကြသည့် အကြောအဆစ်ကုပညာရှင်များကို ဆေးကုခန်းဖြစ်မြောက်ရေးအဖွဲ့မှ ကန့်ဘလူမြို့ ၏ကျက်သရေဆောင် မဟာရွှေစည်ကြီးဘုရားသို့ လိုက်ပြပို့ဆောင်ပေးခဲ့ပါသည်။
ကန့်ဘလူမြို့  မဟာရွှေစည်ကြီးဘုရားတွင် အမှတ်တရနှင့်ပျော်ပျော်ပါးပါးလေးရယ် ..... |
တစ်နေ့လုံး ပင်ပင်ပန်းပန်းဖြင့် အကြောအဆစ်ဝေဒနာရှင်များအား ပညာဒါန လုပ်အားဒါနများလှူဒါန်းခဲ့ကြ ပြီး မဟာရွှေစည်ကြီးဘုရားမှာ ကုသိုလ်ယူရင်း စိတ်လက်အပန်းဖြေနိုင်ကြပါသည်။
ဒါ့အပြင် ခရီးဝေးအဖြစ်လည်း မြန်မာပြည်၏အကြီးဆုံးဆည်ကြီးဖြစ်သော 'သဖန်းဆိပ်ရေလှောင်တမံ'သို့ သွားရောက်လည်ပတ်အနားယူလျက် ဒေသန္တရဗဟုသုတများ လေ့လာခဲ့ကြသေး၏။
အပေါ်ဆုံးပုံနှင့်အောက်ဆုံးပုံ ၂ ပုံသည် မLao Kham (၀ဲမှ ၆ ယောက်မြောက်)၏ ဖေ့စ်ဘွတ်မှ ဖြစ်သည်။ |
လုပ်အားဒါနပြု့ ခဲ့ကြသော အကြောအဆစ်ကုပညာရှင်များ မပြန်မီနောက်ဆုံးညတွင် ရွှေသိမ်တော်ကျောင်းတိုက်မှ လူမှုကူညီရေးအဖွဲ့ဝင်လူကြီးများနှင့်အမှတ်တရ။ (ဒီဇင်ဘာ ၅ ရက်နေ့ည) |
ဓာတ်ပုံ - ကိုချမ်းမင်းလွင်၏ ဖေ့စ်ဘွတ်မှ။ |
ယခုကဲ့သို့ အမှတ်တရစုပေါင်းပြီးဓာတ်ပုံမရိုက်ခင်လေးမှာ လူငယ်အကြောအဆစ်ကုပညာရှင်များက မိမိနှင့် ဇနီးတို့အား လက်အုပ်ချီကန်တော့သွားကြရာ မိမိတို့ကလည်းဝမ်းသာကြည်နူးစွာ ဆုမွန်ကောင်းများတောင်း ပေးခဲ့ကြပါသည်။
ကြေးမုံသတင်းစာတွင်ပါရှိသော ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းသတင်း။ |
ဒီဇင်ဘာ ၆ ရက် ၈ နာရီ
သူတို့တတွေ ပြန်ကြလေပြီ
မိမိနှင့်အတူ ဒီဇင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အကြောအဆစ်ဝေဒနာရှင်ပေါင်း ၃၀၀ နီးပါးတို့အား ပရ ဟိတအခမဲ့ ၃ ရက်တိတိ စေတနာထက်သန်စွာကုသပေးကြပြီးနောက် ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီကျော် တွင် ကန့်ဘလူ-မန္တလေး အဝေးပြေးဘတ်စ်ကားကြီးဖြင့် မန္တလေးသို့ပြန်လည်ထွက်ခွာသွာကြပါသည်။
တကယ်က သူတို့အားလုံး မန္တလေးမှာနေကြသည် မဟုတ်ပါချေ။ မန္တလေးမှအများစုဖြစ်သော်လည်း ပခုက္ကူမြို့ နှင့်ရှမ်းပြည် အစရှိသည့်မြို့ များမှလည်း လာရောက်ကူညီလုပ်အားပေးခဲ့ကြခြင်းဖြစ်ပါသည်။
သူတို့အားလုံးပြန်သွားကြသော်လည်း မိမိတို့၏ပရဟိတအခမဲ့ဆေးကုပေးခြင်းလုပ်ငန်း မပြီးဆုံးသေးချေ။ မိမိတို့နှင့်ပြသရန်စောင့်ဆိုင်းနေသည့်လူနာ အယောက် ၃၀ ကျော် ၄၀ နီးပါးခန့်ကျန်ရှိနေပေးသေး၏။ ဆေး ကုသပေးမည့်ရက်ကို ဒီဇင်ဘာလ ၃ ရက်မှ ၆ ရက်နေ့အထိဟုကြေညာထားရာ "ဒီနေ့တော့ ဆရာတစ်ဦး တည်း အတော်လေးကိုရုန်းရမှာ”ဟု ဦဌေးက ပြောပါသည်။
သို့သော် ကန့်ဘလူဆေးရုံမှ အကြောအဆစ်ကုပညာရှင် ဒေါ်တင်ဇာလွင်က လာရောက်အ ကူအညီပေးသ ဖြင့်လည်းကောင်း၊ မိမိ၏ဇနီးက သူတတ်နိုင်သည့်အပိုင်းမှဝိုင်းဝန်းလုပ်ဆောင်ပေးသဖြင့်လည်းကောင်း နိုင် နိုင်နင်းနင်းဖြင့် အားလုံးအဆင်ပြေသွားခဲ့ပါသည်။