"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, August 28, 2023

ကမ္ဘာ့ PTအင်အားချိန်ခွင်ရှာ အာရှကိုရောက်လာတော့မည်လော [ ဖေ့ဘွတ်မှ ဘလော့သို့ - ၂ ]

 





ကမ္ဘာ့ PTအင်အားချိန်ခွင်ရှာ အာရှကိုရောက်လာတော့မည်လော

မနေ့ညနေအလုပ်ပြီးတော့ စင်ကာပူဆေးရုံကြီး(Singapore General Hospital - SGH) ၀င်းထဲက အကယ်ဒီမီးယား (Academia)မှာ ပြုလုပ်သွားခဲ့သော Extending the Frontiers of Physiotherapy in Healthcare - a personal journey & global perspective ကို သွားပြီး နားထောင်ဖြစ်တယ်။

ဒီအကြောင်းကိုဘာ့ကြောင့်ဖေ့စ်ဘွတ်ကနေပြန်ပြောပြချင်ရတာလဲဆိုရင် မြန်မာအကြောအဆစ်ကုပညာရှင်များအသင်းအနေဖြင့် အတုယူစရာလေးတွေရှိနေလို့ပါ။ 

စင်ကာပူလို ဇီးရွက်လောက်ရှိတဲ့နိုင်ငံလေးက လာမယ့်နှစ်မှာ ၁၅ ကြိမ်မြောက်အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြီး (WCPT Congress)ကို အာရှမြေပေါ်မှာ ဒုတိယအကြိမ်ဧည့်ခံကျင်းပနိုင်တော့မယ်ဖြစ်လို့ပါ။

ဟောပြောသူက ဂျပန်နိုင်ငံ ရှင်ရှူးတက္ကသိုလ်မှာအလုပ်လုပ်နေတဲ့ စင်ကာပူနိုင်ငံသား တွဲဖက်ပါမောက္ခဒေါက်တာဂိုးအာချဲန်ဖြစ်ပါတယ်။ သူက နယူးဇီလန်နိုင်ငံကနေ အကြောအဆစ်ကုပညာရပ်သင်ယူလာပြီး စင်ကာပူကိုပြန်လာအလုပ်လုပ်ခဲ့တဲ့ ၁၉၆၀ ခုနှစ်များကအကြောင်းပြောပြပြီး ဒီကနေ့အခြေအနေနဲ့ များစွာမှကွာခြားတိုးတက်နေတာတွေကို သူရဲ့ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ချိန်ထိုးရှင်းပြပါတယ်။
အဲဒီအချိန်က PT ၂၀ ဦးနဲ့စခဲ့တဲ့စင်ကာပူနိုင်ငံလေးဟာ ဒီကနေ့မှာ PT ၁၀၀၀ ၀န်းကျင်ရှိလာပြီ ဆိုပါတယ်။ 





















ဒါ့အပြင် လေးနှစ်မှာမှ တစ်ကြိမ်သာကျင်းပလေ့ရှိတဲ့ ကမ္ဘာ့အကြောအဆစ်ကုညီလာခံကြီးကိုပင် လာမည့်နှစ်မှာလက်ခံကျင်းပနိုင်တော့မှာဖြစ်တယ်။
ဒါကလည်း နေ့ချင်းညချင်း ကောက်ခါငင်ကာလုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စင်ကာပူနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်းက စီမံချက်ချပြီး ဇွဲနပဲကြီးစွာနဲ့လုပ်ခဲ့ရတာပါလို့ ဒေါက်တာဂိုးက
ပြောပါတယ်။ အခုတစ်ခါပြီးရင် WCPT Congress ဟာ အာရှနိုင်ငံတစ်နိုင်ငံကို တော်တော်နဲ့ပြန်ရောက်လာမှာမဟုတ်ဘူးလို့လည်း ပြောပါသေးတယ်။

အကြောအဆစ်ကုပညာရှင်များ၏ပညာရေးနဲ့ပတ်သက်ပြီးပြောတာကတော့ အားရစရာအကောင်းဆုံးပါ။ 

စင်ကာပူနိုင်ငံ အကြောအဆစ်ကုပညာရှင်များအသင်း၏ဥက္ကဌ ဒေါက်တာစီလီယာတန်က SGHမှ အကြောအဆစ်ကုပ ညာရှင်များများကို တစ်ယောက်ပြီးတစ်ယောက် ပါရဂူဘွဲ့အတွက် ပညာတော်သင်လွှတ်ပေးနေကြောင်း၊ PT များကို စင်ကာပူနိုင်ငံမှာပဲ မဟာသိပ္ပံနဲ့ပါရဂူဘွဲ့များ အဆင့်အတန်းမြင့်မြင့်ပေးနိုင် မွေးထုတ်နိုင်အောင် အခြေခံပြင်ဆင်မှုတွေလုပ်
နေပြီဖြစ်ကြောင်း၊ ကျောင်းအတွက်သာမဟုတ်ပဲ ဆေးရုံတွေမှာလည်းပဲ Doctor of Physiotherrapy နဲ့ ပါရဂူဘွဲ့ရ PTများ ရှိကြရမှာဖြစ်ကြောင်းကို အလေးအနက် ပြောသွားပါတယ်။

နောက်တစ်ချက်စိတ်ဝင်စားစရာကောင်းတာက ကမ္ဘာ့မြေပုံမှာ နိုင်ငံအလိုက် PTအင်အားဇယားပြပြီး မကြာခင်မှာ 
ကမ္ဘာ့PTအင်အားချိန်ခွင်ရှာဟာ အာရှကိုရောက်လာတော့မယ်ဆိုတာ သတင်းကောင်းပါးလိုက်ရပါကြောင်း။














Wednesday, August 23, 2023

ဆရာကြီးဦးထွန်းအောင်ဇံအား သတိရမိပါသည် [ ဖေ့ဘွတ်မှ ဘလော့သို့ - ၁ ]

 



ဒီစာလေးကိုစပြီးရေးဖြစ်ခဲ့တာက ဖေ့စ်ဘွတ်မှာပါ။

မိမိတို့၏ဆရာကြီးဦးထွန်းအောင်ဇံကွယ်လွန်တာ ၄ နှစ်ပြည့်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်က မိမိ၏ဖေ့စ်ဘွတ်
မှာ အမှတ်တရရေးတင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ၁၁ နှစ်ကြာခဲ့ပါပြီ။



***






.
ဆရာကြီးဦးထွန်းအောင်ဇံအား သတိရမိပါသည်
.
.

မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း(Myanmar Physiotherapy Association–MPA) 
အား အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့ မှာအခြေစိုက်ထားသောကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီး 
(World Confederation for Physical Therapy - WCPT) က အသင်းဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် 
အသိအမှတ်ပြုကြောင်းကို ကြားသိရသောအခါ ဆရာကြီးဦးထွန်းအောင်ဇံအား မိမိ များစွာအမှတ်ရမိပါ
သည်။
.
MPA နှင့်ပတ်သက်ပြီး ဆရာကြီးဦးထွန်းအောင်ဇံအား မိမိအနေဖြင့် ယခုကဲ့သို့ ထူးထူးခြားခြားအမှတ်ရ
မိသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။











ဆရာကြီးအား MRTV4 မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့စဉ်က..။


ပထမအကြိမ်အမှတ်တရဖြစ်ခဲ့ရသည်မှာ နိုင်ငံတော်အစိုးရက MPA ကို မြန်မာ နိုင်ငံရှိအကြောအဆစ်
ကုပညာရှင်များ(physiotherapists) အားလုံးအား ကိုယ်စားပြုသည့်တစ်ခုတည်းသောအဖွဲ့အစည်းအ
ဖြစ် တရားဝင်အသိအမှတ်ပြုခဲ့စဉ်ကဖြစ်လေသည်။
.
အင်္ဂလန်နိုင်ငံမှာ အကြောအဆစ်ကုပညာရပ်များသင်ကြားခဲ့သောဆရာကြီးအား မိမိသည် ဆေးဘက်ပ
ညာသိပ္ပံ(Institute of Para-Medical Sciences) စတက်သည့် ၁၉၆၆ ခုနှစ်က ရန်ကုန်ဆေးရုံကြီးအ
တွင်းရှိ ဆေးတက္ကသိုလ်(၁)စာသင်ခန်းမတွင်ပြုလုပ်သော ဆေးဘက်ပညာမောင်မယ်သစ်လွင်ကြိုဆိုပွဲ
တွင် ပထမဆုံးတွေ့မြင်ဖူးခဲ့ပါသည်။
ဒီနောက်တော့ ကြည့်မြင်တိုင်အရိုးရောဂါအထုးကုဆေးရုံကြီးရှိ အကြောအဆစ်ကုဌာနတွင် ဆရာကြီး၏
လက်အောက်မှာ ၉ နှစ်နည်းပါး အတူအလုပ်လုပ်ခဲ့ပါသည်။



ဆရာကြီးဦးထွန်အောင်ဇံအား ကနေဒါနိုင်ငံမှ အကြောအဆစ်ကုပညာရှင် 
ပါမောက္ခဒေါက်တာမားလ်ကမ်းပိ(တ)နှင့်အတူတွေ့ရစဉ်။

.
မိမိ စင်ကာပူသို့ထွက်လာတော့လည်း ဆရာကြီးနှင့်မကြာခဏဆိုသလို တယ်လီဖုန်းဖြင့် အဆက်အသွယ်
ရှိခဲ့ပြီး မိမိမြန်မာပြည်သို့ပြန်ရောက်တိုင်းလည်း တွေ့ဆုံတတ်ကြပါသည်။

မြန်မာနိုင်ငံကို မိမိအလည်ပြန်ရောက်တိုင်း ဆရာကြီးမှ ကမကထပြုပြီး မျိုးဆက်သစ်အကြောအဆစ်ကုပ
ညာရှင်များအား သင်တန်းပေးခိုင်းလေ့ရှိသည့်အပြင် သူကိုယ်တိုင်ကလည်း ကြိုးစားပြီးတက်ရောက်အား
ပေးလေ့ရှိသည်။



ရန်ကုန်မြို့  အိုအေးစစ်အကြောအဆစ်အထူးကုဆေးခန်းတွင် 
မိမိသင်တန်းပို့ချခဲ့စဉ်က ဆရာကြီးကိုယ်တိုင်တက်ရောက်ချီးမြင့်လျက် 
မိမိအား လက်ဆောင်ပစ္စည်းပေးခဲ့ပါသည်။


.
ဒါ့အပြင် ဆရာကြီးက မြန်မာအကြောအဆစ်ကုပညာရှင်များအဖွဲ့မှအမှုဆောင်အချို့ နှင့်အတူ မိမိအား နေ့
လည်စာ အမြဲကျွေးလေ့ရှိပြီး ညနေစာကိုလည်း စကားစမြည် အေးအေးလူလူပြောကြ ရယ်မောကြရင်း 
ဧည့်ခံတတ်ပါသေးသည်။















၂၀၁၁ ခုနှစ် ဒီဇင်ဘာလက Traders Hotel ရန်ကုန်တွင် 
ဆရာကြီးဦးထွန်းအောင်ဇံနှင့်အမှတ်တရ။


ဆရာကြီးသည် မိမိနှင့်တွေ့တိုင်း အကြောအဆစ်ကုပညာရှင်များအသင်းဖြစ်မြောက်ရေးအတွက် လုပ်
ဆောင်နေသည်များကို အမြဲပြောပြဆွေးနွေးလေ့ရှိခဲ့သည်။
.
တကယ်က ဆရာကြီးသည် မြန်မာပြည်မှာ PT ပညာရပ်တိုးတက်ပြန့်ပွားရေးနှင့် PTအားလုံး၏အကျိုး
စီးပွားအတွက် ရဲရဲရင့်ရင့် မားမားမတ်မတ်ရပ်တည်ပြီး ဦးဆောင်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ခဲ့သည်ကို မည်
သူမှမငြင်းနိုင်ပေ။
.
ဆရာကြီးသည် အကြောအဆစ်အထူးကုပညာရပ်(Physiotherapy)ကို ကိုလန်ဘိုစီမံကိန်း(Colombo 
Plan)ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံမှာ အစောဆုံးသွားရောက်သင်ကြားခဲ့ပြီး MCSP (Member 
of Chartered Society of Physiotherapy)ဘွဲ့နှင့် Dip.TP ဘွဲ့များကို မြန်မာလူမျိုးများအထဲမှ ပထမ
ဦးစွာရှိခဲ့သူတစ်ဦးဖြစ်ခဲ့ပါသည်။

ဒါ့ကြောင့် အင်္ဂလန်နိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရှိသော အသိအမှတ်ပြု အကြောအဆစ်ကုပညာရှင် 
(State Registered Physiotherapist - SRP)လည်း ဖြစ်ခဲ့ပါသည်။
.
ယခုဆိုလျှင် ဆရာကြီးကွယ်လွန်ခဲ့သည်မှာ ပြီးခဲ့သော ဇွန်လ ၂၄ ရက်နေ့က (၄) နှစ်တိတိ ရှိခဲ့ပေပြီ။

ရှေ့ လ စက်တင်ဘာ ၈ ရက်နေ့တွင် MPA မှဦးစီးကျင်းပမည့် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာ
နေ့(World Physical Therapy Day) ကိုကြိုဆိုလျက် ဆရာကြီးဦးထွန်းအောင်ဇံအား အမှတ်တရဂုဏ်
ပြုရေးသားလိုက်ရပါသည်။
.
.




Monday, August 14, 2023

စပ်မိစပ်ရာများ (၃) - လက်နှိပ်စက်လေးတလုံးရှိခဲ့ဖူးတယ်

 

SOURCE: 

သြဂုတ်လ ၁၂  ရက် စနေနေ့က စင်ကာပူနိုင်ငံထုတ် 'သစထရိတ်စ်တိုင်းမ်' (The Straits Times) သ

တင်းစာမှာ Clickety-clack, typewriters are cool again in Singapore ဆိုသည့်ဆောင်းပါးကိုဖတ်ရ

တော့ ၁၉၇၃-၇၅ ၀န်းကျင်လောက်က မိမိအသုံးပြုခဲ့တဲ့ လက်နှိပ်စက်လေးကို အမှတ်တရဖြစ်မိပါ

တယ်။ အင်္ဂလိပ်စာရိုက်တဲ့စက်ပါ။

အဲဒီအချိန်က မိမိသည် ရန်ကုန်မြို့  ကျိုက်ဝိုင်းဘုရားလမ်းမှာရှိသည့် မသန်မစွမ်းလူနာများဆေးရုံ

(Hospital for the Disabled)မှာ အကြောအဆစ်ကုပညာရှင်အဖြစ်အလုပ်လုပ်နေခဲ့ပါတယ်။ ဆေး

ရုံအုပ်ကြီးက ဒေါက်တာဦးလှဖေပါ။ 

မိမိသိရသ၍ဆိုရင် ဆရာကြီးဒေါက်တာဦးလှဖေသည် အမေရိကန်နိုင်ငံက MD(Physiatrist)ဘွဲ့ကို

အစောဆုံးရထားတဲ့ တဦးတည်းသောမြန်မာဆရာဝန်ပါ။ 

ယနေ့အထိလို့ပြောနိုင်မယ်ထင်ပါတယ်။ မှန်ဘောင်သွင်းထားတဲ့အဲဒီဘွဲ့လက်မှတ်ကို ဆရာကြီးက 

သူ့ရုံးခန်းထဲက သူ့အလုပ်စားပွဲနောက်ကနံရံမှာချိတ်ထားတာကို မြင်ယောင်မိနေပါသေးတယ်။




















SOURCE: 






ထိုစဉ်က မိမိသည် နိုင်ငံခြားဘာသာသင်သိပ္ပံ(Institute of Foreign Languages - IFL)မှာ ရုရှား

ဘာသာကို အချိန်ပိုင်း ၄ နှစ်သင်ယူရင်း မြန်မာနိုင်ငံကထုတ်ဝေသည့် အင်္ဂလိပ်သတင်းစာ ၂ စောင်

ဖြစ်တဲ့The Working People's Daily နဲ့ The Guardianသတင်းစာတွေမှာ ပေးစာများကိုအင်္ဂလိပ်

လိုရေးခဲ့ပါတယ်။ 

'ပေးစာကဏ္ဍ'ကို The Working People's Dailyက Letters လို့အမည်ပေးပြီး The Guardian က

Forum လို့အမည်ပေးထားပါတယ်။

The Guardianသတင်းစာမှာတော့ ပေးစာတွေရေးရင်း ဆောင်းပါးတချို့ ကိုလဲ ရေးခဲ့ပါသေးတယ်။ 









မြန်မာထောက်လှမ်းရေးတွေအလုပ်ရှုပ်သွားပြီး ဂျပန်မှာရှိသည့် မြန်မာသံဝန်ထမ်းအချို့ စစ်ဆေးမေး

မြန်းခြင်းခံခဲ့ရစေတဲ့ဆောင်းပါးတပုဒ်နဲ့ ကျန်းမာရေးဝန်ကြီးက မသန်မစွမ်းလူနာများဆေးရုံကို လာ

ဖြစ်စေခဲ့တဲ့ ပေးစာတစောင်တို့ကို မိမိက ဂါးဒီးယန်းသတင်းစာမှာရေးခဲ့ဖြစ်တာကလဲ တကယ်ကိုမှတ်

မှတ်ရရကြီးပါ။

ဒါကြောင့် အင်္ဂလိပ်သတင်းစာ ၂ စောင်မှာ မိမိပေးစာတွေရေးနေတာနဲ့ပတ်သက်လို့ ရဲအထူးထောက်

လှမ်းရေး (Special Branch)က ရဲမှူးကြီးဦးထွန်းရွှေက မိမိကို တူမောင်တယောက်လိုသတိပေးခဲ့ဖူး

တဲ့အထိပါပဲ။ 

ဂါးဒီးယန်းသတင်းစာမှာ ပထမဆုံးဖ်ာပြခံခဲ့ရသည့် မိမိအင်္ဂလိပ်လိုရေးတဲ့ဆောင်းပါးခေါင်းစဉ်ကတော့

They Are Able ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ မသန်စွမ်းအားကစားပြိုင်ပွဲအကြောင်းဖြစ်ပါ

တယ်။












ဒီဆောင်းပါးရဲ့ ဂယက်နဲ့နောက်ဆက်တွဲကိစ္စတွေအကြောင်းမပြောခင် လက်နှိပ်စက်လေးအကြောင်း

ပြောချင်ပါတယ်။ 

လက်နှိပ်စက်ရယ်၊ အင်္ဂလိပ်သတင်းစာ ၂ စောင်မှာ ပေးစာနဲ့ဆောင်းပါးတွေရေးတာရယ်က တိုက်ရိုက်

ပတ်သက်နေတာကြောင့်ပါ။


အထက်ကပြောခဲ့တဲ့အင်္ဂလိပ်သတင်းစာ ၂ စောင်အနက် ထိုစဉ်က'မဆလ'အစိုးရအာဘော်သတင်း

စာဖြစ်တဲ့ The Working People's Daily ရဲ့  Letters ဆိုတဲ့ 'ပေးစာကဏ္ဍ'မှာ  မိမိ စပြီးရေးခဲ့ပါတယ်။ 

လက်ရေးနဲ့ရေးပြီး သိမ်ဖြူလမ်းမှာရှိတဲ့ သတင်းစာတိုက်ကို လူကိုယ်တိုင်သွားပေးခဲ့တာ။ 


အီးမေးမရှိ ဖက်စ်မရှိတဲ့ကာလကဖြစ်လို့  နိုင်ငံခြားဘာသာသင်သိပ္ပံမှာ ညပိုင်းကျောင်းပြီးချိန်(၇ နာ

ရီခွဲနောက်ပိုင်း)မှာ အင်းစိန်-လိန်းစဒေါင်းသွားတဲ့ အမှတ်(၈)ဟီးနိုးဘတ်စ်ကားကြီးစီးပြီးသွားခဲ့ရတာ။


ရေးတဲ့အကြောင်းအရာကတော့ အချုပ်ခန်းထဲမှာ အချုပ်သားတွေ ငါးပိသိပ် ငါးချဉ်သိပ်နေနေကြရ

တာကို 'Sardines in the lockup' ဆိုတဲ့ခေါင်းစဉ်နဲ့ရေးလိုက်တာ။ မြန်မာသတင်းမှာပါတဲ့ ခင်ဦး(မြို့ )

အချုပ်ခန်းထဲမှာ အချုပ်သားတွေ ရှိသင့်တဲ့အရေအတွက်ထက်ပိုပြီးထည့်ထားလို့ စောင်နဲ့ပခက်လုပ်

လို့တမျိုး၊ ထိုင်ရက်သားတသွယ် အိပ်နေကြရတဲ့သတင်းကို ကိုးကားပြီးရေးလိုက်တာဖြစ်တယ်။


*မဆလ - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (The Burmese Way to Socialism)
















ဆက်ပြီးရေးပါဦးမည်။



Sunday, August 6, 2023

ကျွန်းသာယာသတင်းစဉ် (၇၇)

 





****














ဘာ့ကြောင့်ပါလဲ။

သင်္ကန်းပတ်ဂတုံးသီတဂူကပြောတယ်တဲ့။

 မင်းအောင်လှိုင်ရဲ့ ဘုရားကပြုံးတယ်။ 

ကျန်တဲ့ဘုရားတွေက ခပ်တည်တည်ကြီးနဲ့နေတယ်။ 

တည်တော်မူသတဲ့ (မပြုံးကြဘူးတဲ့လေ)။

"ဒါဟာ တခြားဘုရားတွေကို ပုတ်ခတ်ပြီးတော့

မင်းအောင်လှိုင်ကိုဘောမချင်တာနဲ့ပဲ ဂျင်းထဲ့တာပေါ့

ဒါ သက်သက်မြှောက်ပေးတာပဲပေါ့"











****












****



လက်နက်တွေ လေယာဉ်ဆီတွေစတဲ့ ပြည်သူကိုသတ်နေတဲ့လက်နက်တွေကိုဝယ်တဲ့

နိုင်ငံကုန်သွယ်မှုဘဏ်တို့ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကို ထပ်မံအရေးယူခံလိုက်ရတဲ့အခါမှာ

(စကစ က) နှစ်ချက်ဆက်တိုက် အထိနာသွားတဲ့အချိန်မှာ

(သူတို့ရဲ့ ) ပြည်တွင်းနဲ့ပြည်ပက ရပေါက်ရလမ်းတွေကို 

ထိလာတဲ့အတွက်ကြောင့် ပြည်တွင်းကိုလှည့်လာတယ်။








အဲဒါက ..

နှစ်သောင်းကျပ်တန်စက္ကူတွေရိုက်ထုတ်တာကို သတိထားမိကြမှာပါ

အဲဒါကို.. ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ပြောကြမယ်ဆိုရင်

ရွှေအပေါင်ထားပြီးမှ အဲဒီရွှေရဲ့ တန်ဖိုးနဲ့ညီမျှတဲ့ငွေတွေကိုထုတ်ရတာ။

ဒါက ကမ္ဘာကြီးရဲ့ သံမဏိစည်းမျည်းစည်းကမ်းပဲ။ 















အမှတ်တရထုတ်တာပါ အထိမ်းအမှတ်ထုတ်တာပါလို့

ဘယ်လိုပင်လိမ်ညာသည်ဖြစ်စေ

(စစ်ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို

ဘယ်နားထားရမှန်းတောင် မသိတဲ့အချိန်မှာ ..)

ရော့ ဒါ နှစ်သောင်းတန်တယ်လို့လူမိုက်ဆန်ဆန်

ဓါးမြှောင်ကို စားပွဲပေါ်စိုက်ပြီးတော့ မိုက်ကျေးခွဲတာပါပဲ။



***


 နောက်ဆုံးရသတင်း (၂၀-၈-၂၃) 



ဒါကတော့ရှင်းပါတယ်။

စစ်ကောင်စီဆိုတာက သူတို့ကိုမထိခိုက် မနစ်နာသရွေ

ပါးစပ်ပိတ်နေတတ်တဲ့လူတွေပဲ။

(တနည်းပြောရရင် ထူတုံးတွေပဲ)

အခုတော့ သူတို့မအောင့်နိုင် မထိမ်းနိုင် မသိမ်းနိုင်တော့လို့

နိုင်ငံတကာကိုထွက်ပြောတယ်ဆိုတာ

သူတို့(အရှိုက်)ကို ထိလို့ပေါ့













ညီလာခံဆီကို လေပေါ်ကနေ 
လေသက်သက်ကျယ်ပြလိုက်တဲ့
လက်တွေ့နဲ့ကင်းကွာတဲ့
မင်းအောင်လှိုင်ရဲ့  မမှန်မကန်အပြောတချို့ 



ဒီလိုဆို တခုမေးပါမယ်။

ခင်ဗျားတို့(စစ်ခွေးတွေ)ကကော

ပြည်သူတွေကို သေနတ်နဲ့ အသေပစ်သတ်နေကြတာ

အဲဒါကကော လက်နက်မဟုတ်ဘူးလား