"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, August 28, 2023

ကမ္ဘာ့ PTအင်အားချိန်ခွင်ရှာ အာရှကိုရောက်လာတော့မည်လော [ ဖေ့ဘွတ်မှ ဘလော့သို့ - ၂ ]

 





ကမ္ဘာ့ PTအင်အားချိန်ခွင်ရှာ အာရှကိုရောက်လာတော့မည်လော

မနေ့ညနေအလုပ်ပြီးတော့ စင်ကာပူဆေးရုံကြီး(Singapore General Hospital - SGH) ၀င်းထဲက အကယ်ဒီမီးယား (Academia)မှာ ပြုလုပ်သွားခဲ့သော Extending the Frontiers of Physiotherapy in Healthcare - a personal journey & global perspective ကို သွားပြီး နားထောင်ဖြစ်တယ်။

ဒီအကြောင်းကိုဘာ့ကြောင့်ဖေ့စ်ဘွတ်ကနေပြန်ပြောပြချင်ရတာလဲဆိုရင် မြန်မာအကြောအဆစ်ကုပညာရှင်များအသင်းအနေဖြင့် အတုယူစရာလေးတွေရှိနေလို့ပါ။ 

စင်ကာပူလို ဇီးရွက်လောက်ရှိတဲ့နိုင်ငံလေးက လာမယ့်နှစ်မှာ ၁၅ ကြိမ်မြောက်အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြီး (WCPT Congress)ကို အာရှမြေပေါ်မှာ ဒုတိယအကြိမ်ဧည့်ခံကျင်းပနိုင်တော့မယ်ဖြစ်လို့ပါ။

ဟောပြောသူက ဂျပန်နိုင်ငံ ရှင်ရှူးတက္ကသိုလ်မှာအလုပ်လုပ်နေတဲ့ စင်ကာပူနိုင်ငံသား တွဲဖက်ပါမောက္ခဒေါက်တာဂိုးအာချဲန်ဖြစ်ပါတယ်။ သူက နယူးဇီလန်နိုင်ငံကနေ အကြောအဆစ်ကုပညာရပ်သင်ယူလာပြီး စင်ကာပူကိုပြန်လာအလုပ်လုပ်ခဲ့တဲ့ ၁၉၆၀ ခုနှစ်များကအကြောင်းပြောပြပြီး ဒီကနေ့အခြေအနေနဲ့ များစွာမှကွာခြားတိုးတက်နေတာတွေကို သူရဲ့ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ချိန်ထိုးရှင်းပြပါတယ်။
အဲဒီအချိန်က PT ၂၀ ဦးနဲ့စခဲ့တဲ့စင်ကာပူနိုင်ငံလေးဟာ ဒီကနေ့မှာ PT ၁၀၀၀ ၀န်းကျင်ရှိလာပြီ ဆိုပါတယ်။ 





















ဒါ့အပြင် လေးနှစ်မှာမှ တစ်ကြိမ်သာကျင်းပလေ့ရှိတဲ့ ကမ္ဘာ့အကြောအဆစ်ကုညီလာခံကြီးကိုပင် လာမည့်နှစ်မှာလက်ခံကျင်းပနိုင်တော့မှာဖြစ်တယ်။
ဒါကလည်း နေ့ချင်းညချင်း ကောက်ခါငင်ကာလုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စင်ကာပူနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်းက စီမံချက်ချပြီး ဇွဲနပဲကြီးစွာနဲ့လုပ်ခဲ့ရတာပါလို့ ဒေါက်တာဂိုးက
ပြောပါတယ်။ အခုတစ်ခါပြီးရင် WCPT Congress ဟာ အာရှနိုင်ငံတစ်နိုင်ငံကို တော်တော်နဲ့ပြန်ရောက်လာမှာမဟုတ်ဘူးလို့လည်း ပြောပါသေးတယ်။

အကြောအဆစ်ကုပညာရှင်များ၏ပညာရေးနဲ့ပတ်သက်ပြီးပြောတာကတော့ အားရစရာအကောင်းဆုံးပါ။ 

စင်ကာပူနိုင်ငံ အကြောအဆစ်ကုပညာရှင်များအသင်း၏ဥက္ကဌ ဒေါက်တာစီလီယာတန်က SGHမှ အကြောအဆစ်ကုပ ညာရှင်များများကို တစ်ယောက်ပြီးတစ်ယောက် ပါရဂူဘွဲ့အတွက် ပညာတော်သင်လွှတ်ပေးနေကြောင်း၊ PT များကို စင်ကာပူနိုင်ငံမှာပဲ မဟာသိပ္ပံနဲ့ပါရဂူဘွဲ့များ အဆင့်အတန်းမြင့်မြင့်ပေးနိုင် မွေးထုတ်နိုင်အောင် အခြေခံပြင်ဆင်မှုတွေလုပ်
နေပြီဖြစ်ကြောင်း၊ ကျောင်းအတွက်သာမဟုတ်ပဲ ဆေးရုံတွေမှာလည်းပဲ Doctor of Physiotherrapy နဲ့ ပါရဂူဘွဲ့ရ PTများ ရှိကြရမှာဖြစ်ကြောင်းကို အလေးအနက် ပြောသွားပါတယ်။

နောက်တစ်ချက်စိတ်ဝင်စားစရာကောင်းတာက ကမ္ဘာ့မြေပုံမှာ နိုင်ငံအလိုက် PTအင်အားဇယားပြပြီး မကြာခင်မှာ 
ကမ္ဘာ့PTအင်အားချိန်ခွင်ရှာဟာ အာရှကိုရောက်လာတော့မယ်ဆိုတာ သတင်းကောင်းပါးလိုက်ရပါကြောင်း။














No comments:

Post a Comment