"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, September 1, 2023

ကမ္ဘာ့ PTအင်အားချိန်ခွင်ရှာ အာရှကိုရောက်လာတော့မည်လော (၂)

 



ကမ္ဘာ့မြေပုံကိုကြည့်မယ်ဆိုရင် အာရှနိုင်ငံများတည်ရှိနေသည့် အာရှတိုက်ဆိုတာ တကယ်က
အကြီးကြီးပါ။   

မိမိတို့စိတ်ထဲမှာ သိထား ထင်ထားတာထက်ကို အဆများစွာကြီးနေတာ။

အောက်ဖက်ကကမ္ဘာ့မြေပုံကိုကြည့်ရင် အနီရောင်စက်ဝိုင်းနဲ့ဝိုင်းပြထားတဲ့ အာရှနိုင်ငံများဟာ 
ကမ္ဘာကြီးရဲ့ မြေအကျယ်အ၀န်းဘယ်လောက်ကိုနေရာယူထားသလဲဆိုတာ အထင်သာကြီးပါ။




















အာရှမှာ နိုင်ငံစုစုပေါင်း ၄၈ နိုင်ငံရှိပါတယ်။

အဲဒီနိုင်ငံတွေအထဲမှာ Dependent territories ဒါမှမဟုတ် Dependent areas လို့ခေါ်သည့် ထိုင်ဝမ်နိုင်ငံ၊ 
ဟောင်ကောင်နဲ့ မကာအိုတို့မပါကြသေးဘူး။






ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အဖွဲ့ကြီး (World Physiotherapy) က ဒေသဆိုင်ရာအကြောအဆစ်

ကုအဖွဲ့ခွဲတခုအဖြစ်သတ်မှတ်ပေးထားတဲ့ Asia Western Pacific (AWP) regionမှာဆိုလို့ရှိရင် အရှေ့ 

အလယ်ပိုင်းကနေ ပစိဖစ်ဒေသအထိပါနေတာဖြစ်လို့ အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းဝင်နိုင်

ငံ/အဖွဲ့အစည်း ၃၁ ခုအထိရှိတာပါ (အောက်ပုံ)။ အစိမ်းရောင်လေးထောင့်ကွက်ထဲက သြစတေးလျနဲ့န

ယူးဇီလန်နိုင်ငံတွေပါဝင်လာကြပါတယ်။







                                                      



အဆိုပါအာရှနှင့်အနောက်ပစိဖစ်ဒေသဆိုင်ရာအကြောအဆစ်ကုပညာရပ်အဖွဲ့ခွဲ(AWP)သည် ကမ္ဘာ့
အကြောအဆစ်ကုပညာရပ်အဖွဲ့ကြီး လူဦးရေထူထပ်များပြားပြီး ပထ၀ီအနေအထားအရ အကြီးမား
အကျယ်ပြန့်ဆုံးသောအဖွဲ့ခွဲတခုဖြစ်သည်။

AWP ၏ထူးခြားချက်မှာ အချို့ သောအဖွဲ့ ဝင်နိုင်ငံများက ပညာရပ်ဖွံ့ ဖြိုးတိုးတက်ပြီးဖြစ်ကာ အချို့ 
သောနိုင်ငံများကား ဖွံ့ ဖြိုးဆဲအဆင့်မှာပင်ရှိနေကြခြင်းဖြစ်သည်။ 

သို့ဖြစ်ပေရာ အကြောအဆစ်ကုပညာရပ်လေ့ကျင့်သင်ကြားပေးခြင်းနှင့်အသုံးချခြင်းများတွင် သိသိ
သာသာ မတူညီမှုများရှိနေပါသည်။







ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အဖွဲ့ကြီးတွင် AWP အပါအ၀င် ဒေသဆိုင်ရာအကြောအဆစ်ကုပ
ညာရပ်အဖွဲ့ခွဲပေါင်း (၅) ခုရှိ၏။ 







No comments:

Post a Comment