"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 23, 2023

စပ်မိစပ်ရာများ (၄) - ကြံတောသင်္ချိုင်းနှင့်ကျနော် - ၁



စောစောလေးတင်ကပဲ ဆရာမရီရီဌေးရေးသည့် 'ကြံတောသင်္ချိုင်းစောင့်နှင့်တွေ့ တဲ့ည'ရုပ်သံတင်

ဆက်မှုအစီအစဉ်လေးကို မိမိတို့ဇနီးမောင်နှံနှစ်ဦးကြည့်ဖြစ်ခဲ့ကြပါတယ်။ 

လွန်ခဲ့တဲ့အနှစ် ၄၀ ကျော်ကဖြစ်ရပ်မှန်လို့လဲ ဆိုထားပါတယ်။

ဒီအခါမှာ ကြံတောသင်္ချိုင်းနဲ့သက်ဆိုင်တဲ့ မိမိရဲ့ အတွေ့အကြုံတချို့ ကို ပြန်လည်အမှတ်တရဖြစ်မိ

ပါတယ်။

ဒါပေမယ့် အခုမိမိရေးမည့်စာက အဲဒီအကြောင်းတွေနဲ့ မသက်ဆိုင်ပါဘူး။








အမှတ်တရဖြစ်ဆို မိမိသည်မြန်မာပြည်မှာတုန်းက ကြံတောသင်္ချိုင်းနဲ့မနီးမဝေးလေးမှာရှိနေတဲ့ဂ္ဂီ

ရပ်မှာ ၃ ကြိမ်ကြီးများတောင် နှစ်နဲ့ချီပြီးနေခဲ့ဖူးတာ။ 

၁၉၆၉-၇၀ ဆေးဘက်ပညာတတိယနှစ်နဲ့စတုတ္ထနှစ်တက်နေစဉ်က ပထမဆုံးအကြိမ်၊

၁၉၇၂ ခုနှစ်က ရန်ကုန်ဆေးရုံကြီးမှာအလုပ်စ၀င်ခဲ့ပြီး အဲဒီကနေ မသန်မစွမ်းလူနာများဆေးရုံ(

မိုင်း)ရောက်ကာ ၁၉၇၅ နှစ်ကုန်မှာ မော်လမြိုင်ပြည်နယ်ဆေးရုံကြီးကို မပြောင်းခင်အထိ ဒုတိယ

အကြိမ်၊

၁၉၈၁ ခုနှစ်နှစ်ကုန်မှာ မော်လမြိုင်ကနေ အရိုးရောဂါအထူးကုဆေးရုံကြီး(ကြည့်မြင်တိုင်)ကို ပြန်

ပြီးပြောင်းလာတဲ့အခါတကြိမ်ရယ်ဖြစ်ကြတယ်။

ကြံတောသင်္ချိုင်းသည် ကိုလိုနီခေတ်အခါကထဲကရှိခဲ့တာဖြစ်ပြီး ၁၉၉၆ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်

ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ)ခေတ်မှာ မြို့ တော်အင်္ဂါနဲ့မညီညွတ်ဘူးဆိုတဲ့အကြောင်းပြ

ချက်နဲ့နေရာရွေ့ ပစ်ခဲ့တာလို့ ရုပ်သံတင်ဆက်မှုထဲမှာပြောထားပါတယ်။





















မိမိအနေနဲ့  ကြံတောသင်္ချိုင်းကို တယောက်ထဲမှတ်မှတ်ရရရောက်ဖူးခဲ့တာက လူသေအရိုးသွား

ရှာပြီးကောက်ခဲ့တာပါ။ 

အဲဒီအချိန်က ပြည်လမ်းက လိပ်ကုန်းမှာရှိတဲ့ ဆေးတက္ကသိုလ်(၁)မှာ  မိမိတို့အကြောအဆစ်ကု

ပညာရပ်ကျောင်းသူကျောင်းသား ၁၅ ဦးသည် ခန္ဓာဗေဒ(Anatomy)နဲ့ဇီဝက္မဗေဒ(Physiology) 

နှစ်ဘာသာကို သင်ယူနေကြတာဖြစ်တယ်။ 

ရုပ်ခန္ဓာမပျက်စီးရအောင်ဆေးစိမ်ထားသည့်လူသေအလောင်းကို မိမိတို့အားတနှစ်တာခွဲစိတ်သင်

ကြားပေးခဲ့တဲ့ခန္ဓာဗေဒဆရာက ဒေါက်တာဦမျိုးမြင့်ပါ။ ဆရာက အင်္ဂလန်နိုင်ငံမှ FRCS ရပြီး ဆေး

တက္ကသိုလ်(၁)မှာပါမောက္ခချုပ်နဲ့မြန်မာနိုင်ငံဆရာဝန်အသင်းမှာဥက္ကဋ္ဌတာဝန်များထမ်းဆောင်သွား

ခဲ့ပါတယ်။ 

မိမိတို့၏ဇီဝက္မဗေဒဆရာမှာ ဒေါက်တာမန်(မ)ဆာဖြစ်ပါတယ်။ ဆရာကြီးက နောင်မှာ အိန္ဒိယနိုင်

ငံကို အပြီးတိုင်ပြောင်းရွေ့ သွားတယ်လို့သိရပါတယ်။ 












ကျောင်းပြီးသည့်အခါ အကြောအဆစ်ကုပညာရှင်(Physiotherapist)အဖြစ်အလုပ်လုပ်ကြရမည့်မိမိ

တို့သည် ခန္ဓာဗေဒဘာသာရပ်မှာ အရိုးများ၊ ကြွက်သားများ၊ အဆစ်များနှင့်တမျိုးစီ၏အရည်အသွေး

များ၊အချင်းချင်းဆက်နွယ်အလုပ်လုပ်ကြပုံများအစရှိသည်တို့ကို အသေးစိတ်လေ့လာထား၊သိထား 

မှတ်ထားကြရန်လိုအပ်ပါတယ်။

ဥပမာတခုပြောရရင် အရိုး၏ဘယ်နေရာများမှာ ဘယ်ကြွက်သားတွေလာဆက်ကြတယ်(origin and

insertion of skeletal muscles)၊ ကြွက်သားရဲ့ သွားရာလမ်းကြောင်းကိုလိုက်ပြီး ကြွက်သားရုန်းဆွဲတဲ့

အခါ (muscle contraction) မှာ ဘယ်လိုလှုပ်ရှားမှုမျိုး(types of movements)ဖြစ်တယ်။ အဆစ်ကွေး

တာလား(flexion)၊ ဆန့်တာလား(extension)၊ လည်တာလား(rotation) စတာမျိုးတွေကို သိရမှာပါ။


ဒီတော့ "Physical Therapists are Movement Experts"ဆိုတဲ့ကျွမ်းကျင်မှုကိုအခြေခံပြီး အသိအမှတ်

ပြုခေါ်ဝေါ်ခြင်းခံထားရတာရဲ့ အခြေခံအုတ်မြစ်ကြီးတခုဖြစ်သည့်ခန္ဓာဗေဒဘာသာရပ်သည် မိမိတို့တ

တိယနှစ်ကျောင်းသူကျောင်းသားများအတွက် အလွန်အရေးကြီးပါတယ်။


ဒါကြောင့် အဲဒါတွေကို မျက်စိထဲမှာ စွဲစွဲမြဲမြဲမှတ်မိနေစေဖို့ စာအုပ်ထဲကခန္ဓာဗေဒပုံတွေကြည့်၊ စာတွေ

ဖတ်မှတ်၊ လက်တွေ့ ခွဲစိတ်(disections)၊ အလွတ်ကျက်တန်တာကျက်တဲ့နည်းတွေနဲ့မလုံလောက်တာ

ကြောင့် အရိုးချောင်း၊အရိုးပြား၊ အရိုးတုံးလေးတွေအပေါ်မှာ ကြွက်သားတွယ်ဆက်တဲ့နေရာများကို အ

နီအပြာရောင်စုံအမှတ်အသားပြုပြီး နှုတ်တက်ရွရွကျက်မှတ်လေ့ကျင့်ခဲ့ရတာ။ 



























SOURCE: 3D4MEDICAL from ELSEVIER


အဲဒီလိုလုပ်နိုင်ဖို့က တကယ့်လူရဲ့ အရိုးစစ်စစ် ဒါမှမဟုတ် ပလတ်စတစ်အမာစားနဲ့အရိုးစုအတုလုပ်

ထားတာလေးတွေရှိရပါမယ်။ ဒုတိယအမျိုးအစားဟာ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ ရှိတောင်မှ 

အတော်လေးကို ရှာမှရှားဖြစ်မှာပါ။ ရှိနေရင်တောင် မိမိဝယ်နိုင်လိမ့်မယ်မထင်ပါဘူး။

ဒီတော့ ဘာရမလဲလေ။ 

'အကြံကုန် ဂဠုန်ဆားချက်'ဆိုရိုးစကားရှိခဲ့ဖူးသလို မိမိရဲ့ အနီးအနားကကြံတောသင်္ချိုင်းကြီးကို မျက်

စိကျမိတော့သပေါ့ဗျာ။

ဒါနဲ့ တနေ့မှာ အဲဒီသင်္ချိုင်းထဲကိုသွားပြီး အုတ်ဂူတွေအကြိုအကြားအနှံ့ လူအရိုးစစ်စစ်ရှာပုံတော်ဖွင့်ခဲ့

ရပါတော့တယ်။




အုတ်ဂူတွေအနားကမြေမြှုပ်ထားတဲ့မြေမွမွနေရာလေးတွေမှာ အရိုးလေးတွေကို ဟိုတခုဒီတခုဆိုသ

လိုတွေ့ရတတ်ပါတယ်။ လက်မောင်းရိုး၊ လက်ဖျံရိုးနဲ့ဦးခေါင်းခွံတွေကို ပိုတွေ့ရပြီး ခြေထောက်ရိုးတွေ

ကိုတွေ့ရတာနည်းပါတယ်။ ဒါ့ထက် အပျက်အစီးနည်းတဲ့စင်းလုံးချောအရိုးတခုရဖို့က ပိုခက်ပါတယ်။ 

ဟိုနားကပေါက် ဒီနားကပဲ့နဲ့ အကောင်းတခုတခုရဖို့ရာ အတော်လေးရှာယူရပါတယ်။ 

ဒါနဲ့ ၂ ခု ၃ ခုလောက်ပဲရနိုင်ခဲ့တော့တာ။

လက်မောင်းရိုး (humerus) ရယ်

လက်ဖျံရိုး (ulna) ရယ်

လက်ပြင်ရိုး (scapula) ရယ်။ ဒါလောက်ပါပဲ။

ခြေထောက်ရိုး ၂ ချောင်းကိုတော့ ထိုစဉ်က ဆရာဝန်ဖြစ်တဲ့မမစန်းထံက Gray's Anatomy စာအုပ်

အထူကြီးနဲ့အတူ ငှားခဲ့ရပါတယ်။

မမစန်း(ဒေါက်တာစန်းစန်း)က စာရေးဆရာထင်လင်း၏သမီးဖြစ်ပြီး သူမရဲ့ မိခင်က ကန့်ဘလူသူဖြစ်

ပါတယ်။ ဆရာဝန်ခင်ပွန်းနှင့်အတူ အင်္ဂလန်နိုင်ငံကို ပြောင်းရွေ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။    













ဆက်ပြီးရေးပါဦးမယ်။




No comments:

Post a Comment