"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, September 25, 2023

စပ်မိစပ်ရာများ (၄) - ကြံတောသင်္ချိုင်းနှင့်ကျနော် - ၂

 


 

ကြံတောသင်္ချိုင်းနဲ့ပတ်သက်သည့် မိမိအမှတ်တရဖြစ်မိခဲ့ရတဲ့နောက်အတွေ့အကြုံတခုကတော့ 

အနီရောင်ဆေးသုတ်ထားတဲ့ ထူးထူးဆန်းဆန်းအုတ်ဂူလေးတခုအကြောင်းပါ။


ဒီထူးခြားတဲ့အုတ်ဂူအနီကို အသုဘတခုလိုက်ပို့ရင်း သင်္ချိုင်းထဲကအုတ်ဂူတွေကို မိမိတယောက်

ထဲ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်ရာက အမှတ်မထင်တွေ့မိခဲ့တာ။ လျှောက်ကြည့်

တယ်ဆိုတာကလဲ အုတ်ဂူပုံစံအမျိုးမျိုးကိုကြည့်တာမဟုတ်ပါဘူး။ 

တကယ်က အုတ်ဂူမှာရေးထိုးထားတဲ့စာတွေကို လိုက်ဖတ်တာဖြစ်တယ်။

သေဆုံးသူက မည်သူမည်ဝါဖြစ်တယ်။ အသက်ကဘယ်လောက်။ ကျားလား မလား။ နောက်ပြီး

တော့ အသက်အရွယ်ကိုလိုက်ပြီး အတန်းတို့ အလုပ်တို့ ရာထူးတို့ဆိုတာတွေကို ဆက်စပ်တွေး

တောကြည့်တာရယ်ပါ။ 























အခုပြောခဲ့တဲ့အုတ်ဂူအနီကြီးကတော့ အဖြူရောင်တွေပဲရှိတဲ့အုတ်ဂူများအကြားမှာ အရောင်အား

ဖြင့်သာ ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားရှိတာမဟုတ်ဘဲ မိမိအဖို့က လူပုဂ္ဂိုလ်အရ အလွန်လေး

လေးစားစားသိထားသူတဦးဖြစ်နေခဲ့ပါတယ်။ 

အခုခေတ်စကားနဲ့ပြောရရင် မိမိတချိန်တခါတုန်းက နှစ်နှစ်ကာကာယုံကြည်ခဲ့သည့်ကွန်မြူနစ်ဝါဒ

ရဲ့ စံပြနိုင်ငံရေးသမားကြီး(Role model for political leadership) ဖြစ်ခဲ့ပါတယ်။

သူ့အမည်က သခင်ဖေဋ္ဌေး။

သူရဲ့ နိုင်ငံရေးရုပ်ပုံလွှာကိုပြောပြပါဆိုလို့ရှိရင် ၁၉၇၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ထုတ်အိုးဝေဂျာ

နယ်ထဲက ဆရာမျှားနီ၏အောက်ပါဝေဖန်သုံးသပ်ချက်လေးကို ရည်ညွှန်းပါရစေ။















အဲဒီနေ့က မိမိသည် ၀ါရင့်သံမဏိနိုင်ငံရေးသမားကြီးသခင်ဖေဋ္ဌေး၏အုတ်ဂူနီနီကြီးကိုစူးစိုက်ကြည့်

ရင်း လေးစားလွန်းလို့ ရင်ထဲမှာစို့နင့်ပြီး မျက်ရည်ဝဲခဲ့ရတာကို ဒီကနေ့အထိ မမေ့နိုင်ပါဘူး။  






No comments:

Post a Comment