"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 3, 2023

စင်ကာပူနိုင်ငံ သမတရွေးချယ်ပွဲ ၂၀၂၃ {၂}





  


စင်ကာပူနိုင်ငံ၏၂၀၂၃ ခုနှစ် သမတရွေးချယ်ပွဲ(Presidential Election)တွင် အသက် ၆၆ နှစ်အရွယ်ရှိ 

အကြီးတန်းဝန်ကြီးဟောင်း 'မစ္စတာသာမန်ရှန်မူဂါရတ်နမ်'သည် မဲအရေအတွက် ၇၀.၄၀%(ဆန္ဒမဲပေး

သူ ၁,၇၄၆,၄၂၇ ဦး) ဖြင့် ပြိုင်ဖက်နှစ်ဦးအား အပြတ်အသတ်အနိုင်ရရှိလျက် စင်ကာပူနိုင်ငံ၏  ၉  ဦး

မြောက်သမတဖြစ်လာမည်။


'မစ္စတာ အန်ဂ်ကော့ဆောန်' က မဲအရေအတွက် ၁၅.၇၂% (ဆန္ဒမဲပေးသူ ၃၉၀,၀၄၁ ဦး)ဖြင့် ဒုတိယနေ
ရာတွင်လည်းကောင်း၊ 'မစ္စတာ တန်ကင်လျန်း' က မဲအရေအတွက် ၁၃.၈၈% (ဆန္ဒမဲပေးသူ ၃၄၄,၂၉၂ 
ဦး)ဖြင့် တတိယနေရာတွင်လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။


အနိုင်ရသူ မစ္စတာသာမန်ရှန်မူဂါရတ်နမ်က"ကျနော့်နဲ့ ကျနော်ရဲ့ ရပ်တည်ချက်တွေအပေါ် ဆန္ဒမဲပေးခဲ့
ကြတာဟာ စင်ကာပူနိုင်ငံကို ယုံကြည်မှုရှိတယ်ဆိုတဲ့ဆန္ဒမဲတွေပါပဲ။ နောက်ပြီးတော့ ကျနော်တို့အား
လုံးရဲ့ အနာဂတ်ကို အကောင်းမြင်တဲ့ဆန္ဒမဲတွေလဲဖြစ်နေပါတယ်။ အဲဒီအနာဂတ်မှာ ကျနော်တို့ အတူ
တကွတိုးတက်မှုရှိပြီး စင်ကာပူနိုင်ငံသားများအဖြစ် တဦးကိုတဦးအားပေးကူညီကြရမှာလဲဖြစ်ပါတယ်"
ဟု တာမန်ဂျူရောင်းဈေး (Taman Jurong Market and Food Centre) မှာ သတင်းမီဒီယာသမားများကို
ပြောကြားခဲ့သည်။















































ဂျပန်အငြိမ်းစား အနုပညာရပ်ညွှန်ကြားရေးဝန် ပန်းချီပညာရှင်(၇၄ နှစ်)'အာကီရာ တာကာဟာရှီ'က

မစ္စတာသာမန်၏ပုံတူပန်းချီကားကို Marlion၊ နာနတ်သီးပုံများနှင့်အတူ ထီးအရွက်ပေါ်တွင် ထီးပန်း

ချီရေးဆွဲခဲ့သည်။ 

မစ္စတာသာမန်၏လက်ယာဖက်ပခုံးအနားတွင်ရပ်နေသူမှာ သူ၏ဇနီး ဂျိန်းအစ်တိုဂီဖြစ်သည် (အပေါ်

ပုံ)။ 




No comments:

Post a Comment