"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 22, 2011

ကျွန်တော်တို့အိမ်





ငယ်ငယ်တုန်းက ကျောင်းမှာ "ကျွန်တော်တို့အိမ်"ဆိုပြီး စာစီစာကုံးရေးခဲ့ရတာ မှတ်မိနေသေးတယ်။

အိမ်က ဘယ်မြို့/ရွာ ဘယ်အရပ် ဘယ်လမ်းမှာရှိတယ်။ ၀ါးကပ်အိမ်၊ ပျဉ်ထောင်အိမ်၊ တိုက်အိမ် စသဖြင့်။ 
အိမ်ဝန်းထဲမှာ ဘယ်လိုသစ်ပင် ဘယ်လိုပန်းပင်တွေ စားပင်တွေ စိုက်ထားတယ်ဆိုတာပါ ရေးကြတယ်။ 
အိမ်ထဲမှာ ဘုရားစဉ် စားပွဲ ကုလားထိုင် ဘီရိုရှိကြတဲ့အကြောင်း၊ နောက်ပြီး အိမ်မှာရှိတဲ့ ကိုယ့်မိသားစုအ
ကြောင်းပါရေးခဲ့ကြတာ။ ကိုယ့်အိမ်အကြောင်းအပြင် စာရှည်စာများရအောင် အနားကအိမ်နားနီးချင်းအ
ကြောင်းတွေပါ  ထည့်ရေးတတ်ကြသေးတယ်။ 

 




အခုတစ်ခါရေးမယ့် အိမ်အကြောင်းကတော့ .....

အိမ်ဆိုတာ နေထိုင်ဖို့ အိပ်စက်နားနေဖို့သက်သက်ကိုသာ ပေးစွမ်းနိုင်တာမဟုတ်မူပဲ နွေးထွေးမှုကိုပါ 
ပေးစွမ်း နိုင်တာဖြစ်တယ်။
ဒါ့အပြင် လုံခြုံမှုကိုလည်း ပေးစွမ်းနိုင်တယ်။
မိသားစု အေးချမ်းပျော်ရွှင်မှုကိုလည်းပေးစွမ်းနိုင်တယ်။

'အိမ်'လို့ ပြောလိုက်တာနဲ့ 'မိသားစု'ဆိုတဲ့သဘောအလိုလိုပါဝင်လာတယ်။ ယေဘုယျအားဖြင့် အိမ်တစ် 
အိမ်မှာ အဖေရှိမယ်။ အမေရှိမယ်။ သားသမီးတွေ ရှိကြမယ်။ အစ်ကိုအစ်မ ညီ၊ညီမရယ်လို့ရှိကြမယ်။ ဒါ့
အပြင် အဖိုးအဘွား ဦးလေး ဒေါ်လေးဆိုတာတွေပါ ရှိနိုင်ကြသေးတာ။

မြန်မာလူမျိုးတွေက အဖေကို အိမ်ထောင်ရဲ့ဦးစီး၊ အမေကိုတော့ အိမ်ရှင်မလို့ အသိအမှတ်ထားလေ့ရှိကြ 
တယ်။ အဖိုးတွေ အဘွားတွေကိုတော့ အိမ်ရဲ့ကျက်သရေဆိုပြီး အိမ်ဦးခန်းမှာထားလို့  အလေးအမြတ်ရှိ 
ကြတာ။ သားငယ်သမီးငယ်တွေကြပြန်တော့ 'အိမ်ဆည်းလည်း'ပါတဲ့။ 

ဒီအချက်က ဘာကိုပြနေသလဲဆိုရင် မြန်မာလူမျိုးများဟာ မိသားစုရဲ့တန်ဖိုး(family values)ကို ဟိုရှေးပ
ဝေဏသီကတည်းက ဂရုတစိုက်ရှိ ပြီး တန်ဖိုးထားခဲ့ကြတယ်ဆိုတာပါပဲ။ မိသားစုရဲ့တန်ဖိုးဆိုတာမျိုးက သူ့အလိုလို ရှိလာ ဖြစ်လာကြတာမျိုး မဟုတ်ဘူး။ ဘိုးဘေးဘီဘင်အဆက်ဆက် နှစ်ကာလကြာရှည်စွာ 
လက်ခံကျင့်သုံးလာကြရာကတစ်ဆင့် လက်ဆင့်ကမ်းရလာခဲ့တာ။





















ကျွန်တော်တို့ရဲ့ မိသားစုတန်ဖိုးများထဲမှာ ဗုဒ္ဓဘာသာရဲ့အနှစ်သာရများ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ
ရဲ့ အငွေ့အသက်များ သိမ်သိမ်မွေ့မွေ့နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေကြတာဖြစ်တယ်။ မြန်မာလူမျိုးများဟာ 
များသောအားဖြင့် ဘာသာတရားကို အထူးပင်ကိုင်ရှိုင်းတတ်ကြပါတယ်။ မိမိတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံး 
တမ်းစဉ်လာများကို လေးစားတန်ဖိုးထားတတ်ကြပါတယ်။ 
ဒါကြောင့် အိမ်နဲ့မိသားစုတန်ဖိုးများဟာ ခွဲခြားမရပဲ တစ်သားတည်းရှိနေကြတာ။    

စာရေးသူဟာ ငယ်စဉ်ကလေးဘ၀ကတည်းက အိမ်မှာပဲနေတတ်ပျော်တတ်ခဲ့တယ်။ အပြင်ကို လိုအပ်
မှပဲ သွားလေ့ရှိတယ်။ အိမ်လည်တဲ့အကျင့် မရှိခဲ့ဘူး။ အပေါင်းအသင်းများနဲ့ အားအားယားယားတွေ့ပြီး 
ဟီးဟီးဟားဟား လပ်ယားလပ်ယားလုပ်တဲ့နေတဲ့အကျင့် မရှိခဲ့ဘူး။ တကယ်ကအဲဒီလိုလုပ်ချင်ဦးတော့ 
အချိန်ကို မရှိခဲ့တာ။ ကြီးကျယ်လိုက်တာလို့များ ထင်ကြလေမလား။ 

ပြောပြပါ့မယ်။ 
စာရေးသူက မိမိတို့ မိသားစုမှာ အကြီးဆုံးပါ။ ညီအစ်ကိုမောင်နှမ ခြောက်ယောက်ရှိလို့ ယောကျာင်္းလေး
ဖြစ်ပေမဲ့ မိန်းကလေးတစ်ယောက်လို အမေ့ကို ကူညီလုပ်ကိုင်ပေးခဲ့ရပါတယ်။ 

မနက်ဆိုရင် မိခင်ကြီးအိပ်ယာကမနိုးခင် စောစောထကာ မီးမွှေးပြီး ရေနွေးအိုးတည်ရတယ်။ ရေနွေးဆူ
တာစောင့်ရင်း ထမင်းအိုးဆေးပြီးတစ်လက်စာတည်း အသင့်ပြင်ထားရတာ။ ရေနွေးဆူတာနဲ့ မိသားစု(ဂ)
ယောက်စာအတွက် ကော်ဖီဖျော်ထားရတယ်။ ပြီးတဲ့အခါ အမေ ညကမှာထားတဲ့အတိုင်း ကြက်သွန်ဖြူ 
ကြက်သွန်နီအခွံနွှာပြီး တစ်ချို့ ကိုပါးပါးလှီး တစ်ချို့ တစ်ဝက်ကို ငရုတ်ဆုံနဲ့မညက်တညက်လေးထောင်း
ထားပေးရတယ်။ 
အမေဟင်းချက်တဲ့အခါအဆင်သင့် ဖြစ်ရအောင်လို့ ပါ။






















မီးဖိုချောင်ကိစ္စပြီးတာနဲ့ အမေ ညက စားပွဲပေါ်မှာတင်ထားပေးတဲ့ ပိုက်ဆံနဲ့ ရွှေဘိုရဲဋ္ဌာနာရဲ့ တောင်ဖက် 
ဝင်းပေါက်ဝနားက အထက်မီးအောက်မီးမုန့်ဆိုင် ဒါမှမဟုတ် ဘီအိုစီဓါတ်ဆီဆိုင်နားက ကုလားမကြီးရဲ့ 
အာပုံဆိုင်ကိုသွားပြီး နံနက်စာ ၀ယ်ရသေးတာ။  မုန့်ဝယ်ကပြန်ရောက်တော့ အငယ်ကလေး(၄)ယောက် 
(အမေနဲ့အတူအိပ်တဲ့ အငယ်ဆုံးတစ်ယောက်ကလွဲပြီး)ကိုနှိုးကာမျက်နှာသစ်ခိုင်းရတယ်။ ငယ်တဲ့ကလေး 
တွေရဲ့ အပေါ့အပါးကိစ္စလုပ်ပေးရတယ်။ ဒီအချိန်မှာ အမေအိပ်ယာကနိုးပြီးဖြစ်လို့ မီးဖိုချောင်အလုပ်တွေ 
လုပ်နေပါပြီ။ 
အမေက ခေါင်းအုံခေါင်းခဲတဲ့ဝေဒနာကြောင့် နံနက်စောစော အိပ်ယာမှနိုးပေမဲ့ ထ၍မရပါ။
အိပ်ယာမှာ ခေတ္တခဏလှဲနေပြီး ခေါင်းမအုံတော့မှ ထပြီးအလုပ်လုပ်နိုင်ပါတယ်။

တစ်ခါတစ်ရံတော့ အိမ်မှာ အာလူး၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကုန်နေခဲ့ရင် နံနက်စာချက်ဖို့အမီ 
စက်ဘီးလေးနဲ့ အပြေးအလွှား သွားဝယ်ပေးရပြန်တယ်။ 

အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ စနေ တနင်္ဂနွေလို ကျောင်းအားရက်တွေမှာမှ ရွှေဘိုမြို့မ
ဈေးကြီးကို စက်ဘီးလေးနဲ့သွားပြီး ၀ယ်ပေးရလေ့ရှိတယ်။

ရက်သတ္တပတ်တစ်ပတ်မှာ တစ်ခါနှစ်ခါလောက် ညနေပိုင်းကျောင်းကပြန်လာရင် တောင်တခါးရပ်မှာရှိတဲ့ 
ဖက်ဆေးလိပ်ဆိုင်ကို စက်ဘီးနဲ့သွားပြီး အမေကြိုက်တဲ့ ပြောင်းဖူးဖက်ဆေးလိပ် ၀ယ်ပေးရတတ်တယ်။ 

သတ္တမတန်းရောက်တဲ့နှစ်မှာ လက်ဝှေ့ထိုး (Boxing)သင်ချင်တာ အမေကိုပြောပြတော့ခွင့်မပြု့တာနဲ့ အဲဒီ
ဆေးလိပ်သွားဝယ်ခိုင်းတဲ့အချိန်ကို ခိုးပြီးတော့ လက်ဝှေ့ ထိုးသွားသင်ခဲ့ရတယ်။






စင်ကာပူက ကျွန်တော်တို့အိမ်




ညနေမှာ အလုပ်ကပြန်လာတိုင်း အိမ်နားက ဒီမြက်ခင်းစိမ်းစိုစိုမြင်ကွင်းဟာ အမောပြေပြီး 
စိတ်ကိုလည်း ကြည်လင်စေတာဖြစ်တယ်။ စိမ်းစိုနေတာမှ တနှစ်ပတ်လုံးကို ဒီအတိုင်းပါပဲ။

စင်ကာပူနိုင်ငံသည် အာရှတိုက်မှာ အစိမ်းစိုဆုံးနိုင်ငံ Singapore is the greenest city in Asia 
လို့ (Green City Index) က ဆိုထားပါတယ်။ 

တနိုင်ငံလုံး ရာခိုင်နှုန်းပြည့်'မြို့ ပြ'ဖြစ်သော(100% of the population is urbanized)စင်ကာပူ 
သည် ၁၉၈၀ နှစ်များက နိုင်ငံဧရိယာ၏ ၃၆% သာ စိမ်းစိမ်းစိုစိုရှိခဲ့ရာက ၂၀၁၆ ခုနှစ်မှာတော့
နိုင်ငံဧရိယာ၏ ၄၇%အထိရှိလာခဲ့ပါတယ် (, for CNN July, 2016)။ 



လိပ်ကလေးတွေကို နေ့စဉ်ကျွေးမွေးလို့



မှတ်ချက်။ ။ အထက်ပါစာ၏အောက်ဆုံး ၂ ပိုဒ်အား ၂၀/၅/၂၄ တွင် ဖြည့်စွက်ရေးသားခဲ့ပါသည်။







No comments:

Post a Comment