"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 8, 2011

နယူးဇီလန်မှ အကြောအဆစ်ကုပညာရှင်များ သင်တန်းပို့ချမည်

၂၀၁၁ ခုနှစ် မေလ ၅ ရက်မှ ၇ ရက်နေ့အထိ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတွင် ယခုခေတ် အကြောအဆစ်ကုဆေးပညာရပ်(Physiotherapy)ဆိုင်ရာ တိုးတက်ပြောင်းလဲမှုများအကြောင်းကို နယူးဇီလန်နိုင်ငံမှ အကြောအဆစ်ကုပညာရှင်များ(Physiotherapist)က သင်တန်းပို့ချကြမည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသူများသည် သင်တန်းမှတ်ပုံတင်ကြေးနှင့် စာရွက်စာတမ်းကြေးများကိုသာ ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းသား၃၀ဦးကိုသာ လက်ခံမည်ဖြစ်ရာ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

အကြောအဆစ်ကုဆေးပညာရပ်နှင့်ပတ်သက်သောသင်တန်းများကို ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံတွင် ၂၀၀၂ ခုနှစ်မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေခဲ့ရာ (၉)ကြိမ်ရှိပြီ ဖြစ်သည်။

ရည်ညွှန်း - Weekly Eleven ၂၇ ဧပြီ ၂၀၁၁။

No comments:

Post a Comment