"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, December 31, 2023

စပ်မိစပ်ရာများ(၉)-ဆရာကြီးဒေါက်တာဦးဘညွန့်နှင့်ကျနော်-၂

 




အရိုးရောဂါအထူးကုဆေးရုံကြီးမှာ ဆရာကြီးက သူ့လက်ထောက်အရိုးအထူးကုဆရာဝန်ကြီး

ဒေါက်တာဦးညွန့်ဝေအပါအ၀င် အရိုးခွဲစိတ်ဘွဲ့လွန်သင်တန်းသားများ(MSc. Ortho)၊ လက်

ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများနဲ့ အဆောင် (၁)မှာလူနာကြည့်တဲ့အခါတိုင်း မိမိ

လိုက်ပါခဲ့ဖူးပါတယ်။

ဆရာကြီးလွှဲပေးသည့်လူနာများကို အကြောအဆစ်ဆိုင်ရာကုသမှုများပြုလုပ်ပေးခဲ့ရပါတယ်။ 

အထူးသဖြင့်တော့ ခါးရိုးတီဘီ(Spinal TB)ဖြစ်လို့ခွဲစိတ်ထားတာ၊ ပေါင်ထိပ်ရိုးကျိုး(Femoral 

Neck Fracture)တာ၊ ကားတိုက်လို့ အမြင့်ကလိမ့်ကျလို့ ခြေလက်ကျိုးတဲ့လူနာတွေဖြစ်ပါတယ်။ 

ခွဲစိတ်ထားပြီး ဒါမှမဟုတ် ကျောက်ပတ်တီးဖြေပြီးလူနာများကို ခြေလက်တွေပြန်ပြီးအသုံးပြုနိုင်

အောင်၊ သွားလာလှုပ်ရှားနိုင်အောင်စသဖြင့် ပြန်လည်ထူထောင်ရေးကုသမှုတွေကို မိမိတို့အ

ကြောအဆစ်ကုပညာရှင်များက လုပ်းပေးကြရတာ။ 












ဒါကြောင့် အရိုးရောဂါအထူးကုဆေးရုံ(ကြည့်မြင်တိုင်)မှာ အရိုး အကြောအဆစ်လူနာများကို အ

ရိုးခွဲစိတ်ဆရာဝန်ကြီးများနဲ့ ၉ နှစ်နီးပါး အလုပ်လုပ်ခဲ့ရတာဖြစ်လို့လူနာများ၏မခွဲစိတ်မီအခြေအ

နေ(Pre-operative physiotherapy)နဲ့ခွဲစိတ်ပြီးနောက်အခြေအနေ(Post-operative physiotherapy) 

များကို ကိုယ်တိုင်စမ်းသပ်ပြင်ဆင်ပေးခြင်းနဲ့ ပြန်လည်ထူထောင်ကုသပေးရသည့်အတွေ့အကြုံ

အများအပြား လေ့လာမှတ်သားရရှိခဲပါတယ်။ 

အကြောအဆစ်ကုပညာရပ်ရှုထောင့်ကပြောရရင် ခွဲစိတ်ကုသမှု၏အောင်မြင်မှု(post-operative 

success)နဲ့ မြန်မြန်ပြန်လည်ကောင်းမွန်လာမှုတွေက လူနာကိုမခွဲစိတ်မီကတည်းက ကြိုတင်ပြင်

ဆင်လေ့ကျင့်ပေးထားတာ(prepare pre-operactively) အပေါ်များစွာမူတည်နေတာကြောင့်ပါ။

ဒါ့အပြင် ခွဲစိတ်ပြီးနောက်ဖြစ်ပေါ်လာတတ်သည့် ရောဂါထွေမှုများ(post-operative complications)

ကနေ ကာကွယ်ပေးထားရာလဲရောက်ပါသေးတယ်။ ဥပမာ၊ အဆစ်တောင့်တင်းတာ ကြွက်သားတွေ

အားနည်းတာ။













ဆရာကြီးဦဘညွန့်က မိမိ၏"သိမှတ်ဖွယ်ရာ အကြောအဆစ်ရောဂါ"စာအုပ်အတွက် အောက်
ကအမှာစာကို ရေးသားချီးမြှင်းပေးခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်ကပါ။

























*ဖြည့်စွက်ပြင်ဆင်ချက်။ ။

အမှတ် (၁) မှာတုန်းက အရိုးရောကုဆေးရုံ(ကြည့်မြင်တိုင်)နဲ့ပတ်သက်ပြီးအောက်ပါအတိုင်းရေး

ခဲ့ပါတယ်။  

အဲဒီအချိန်(၁၉၈၁-၈၉)က အရိုးရောဂါအထူးကုဆေးရုံကြီးမှာ အဆောင် (၁) (၂) (၃)
နဲ့ လက်ပိုင်းခွဲ စိတ်ဆောင်ဆိုပြီး လူနာဆောင် (၄) ဆောင်ရှိတာပါ။

ဆရာကြီးဒေါက်တာဦးဘညွန့်က အဆောင် (၁)၊ ဆရာကြီးဒေါက်တာဦးအောင်သန်း
ထွန်းက အဆောင်(၂)၊ ဆရာကြီးဒေါက်တာဦးသိန်းမြင့်ထွန်းက အဆောင်(၃)ဖြစ်ပြီး
ဆေးရုံအုပ်ကြီးနဲ့လက်ပိုင်းခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာဦးဖေခင်ကလက်
ပိုင်းခွဲစိတ်ဆောင်ကို တာဝန်ယူကြီးကြပ်တာဖြစ်ပါတယ်။


မိမိ မှတ်မိတဲ့အတိုင်းဆိုရင် ဆရာကြီးဒေါက်တာခင်မောင်တူးရဲ့ အဆောင်ကိုပြောဖို့မေ့သွားခဲ့
ပါတယ်။ အဆောင် (၄) ပါ။ သူ့အဆောင်က ဆရာကြီးဦးဖေခင်၏လက်ပိုင်းခွဲစိတ်ဆောင်ရဲ့  
အောက်ထပ်မှာပါ။

လက်ပိုင်းခွဲစိတ်ဆောင်နဲ့အဆောင် (၄)က နောက်မှထပ်ဆောက်တဲ့ နှစ်ထပ်တိုက်ဖြစ်ပြီး အ
ဆောင်(၁) ကနေ (၃)အထိက ယခင်အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ကတည်းကရှိခဲ့သည့် မြေညီ
တထပ်တန်းလျားလို့ထင်မိပါတယ်။ 














Thursday, December 28, 2023

Physiotherapist ဖြစ်ရတာ စိတ်ချမ်းသာ (၂)




"Physiotherapist တစ်ဦးဖြစ်ရသည်ကို ကျေနပ်ဂုဏ်ယူ၍ဖြင့် မဆုံးနိုင်တော့ပါ" ဟု လွန်ခဲ့တဲ့ ၈ နှစ်
က ဖေ့စ်ဘွတ်မှာ မိမိရေးတင်ထားသည့်စာ(ပို့စ်)လေး ဒီကနေ့တွင်ပြန်ပေါ်လာတဲ့အတွက် အောက်
မှာထပ်ဆင့်မျှဝေလိုက်ရပါတယ်။








"သက်ရှည်ကျန်းမာ အကြောအဆစ်ကုဆေးပညာ"
.
၂၀၁၅ ခုနှစ်၏‘ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့’(World Physical Therapy Day)နှင့်ပတ်သက်ပြီး
ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအဖွဲ့ကြီး(World Confederation for Physical Therapy)၏
ဥက္ကဌ Dr Emma Stokes က …
.
“Physical therapists (Physiotherapists) help people lead fulfilled lives”
.
ဟူ၍ အကြောအဆစ်ကုပညာရှင်များ၏ကျန်းမာရေးနှင့်သက်ဆိုင်သည့် အရေးပါလှသော စွမ်းဆောင်နိုင်မှု
ယခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ကမ္ဘာသိသတင်းထုတ်ပြန်ခဲ့သည်။
.
ယင်းသတင်းထုတ်ပြန်ချက်(Press release)ကို ခြုံငုံအနှစ်ချုပ်လျက် ‘သက်ရှည်ကျန်းမာ အကြောအဆစ်
ကုဆေးပညာ’ ဟူသော ဆောင်ပုဒ်လေးကို မိမိ ချရေးလိုက်မိသည်။
.
အဘယ့်ကြောင့်ပါနည်း။
အမေး ရှိပေအံ့။
အဖြေလည်း အသင့်ရှိနေပြီးဖြစ်ပါ၏။
.
သုတေသီတို့၏လေ့လာချက်အရ ဤကမ္ဘာပေါ်တွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောဂါအစရှိသော 
နာတာရှည်ရောဂါဝေဒနာရှင်များနှင့်မသန်စွမ်းဖြစ်မှုအမျိုးမျိုးတို့ကြောင့် တစ်ကမ္ဘာလုံး၏စီးပွားရေးထိခိုက်မှု 
(loss of global economic output) သည် နောင်အနှစ် ၂၀ ကျော်အကြာတွင် အမေရိကန်ဒေါ်လာ ၆၃ 
ထရီလီယံရှိလိမ့်မည်ဟုသိရပါသည်။
.
ယင်းကိစ္စသည် အမှန်တော့မဖြစ်သင့်ဟု WCPT က ပြတ်ပြတ်သားသားထောက်ပြခဲ့ပါသည်။
မူရင်းစာသားက (However, it needn’t be like that, says WCPT.) ပါ။
.























အကြောင်းက ..
.
အကြောအဆစ်ဆိုင်ရာကုသမှု(Physical therapy/Physiotherapy<သန်စွမ်းမှုလောက် မဆိုလိုပါ>)လို
အပ်ကြသူများတွင် မွေးစကလေးငယ်များမှ သက်ကြီးရွယ်အိုများအထိ ပါရှိနေကြသည်။
.
အလွန်အမင်း မသန်စွမ်းမှုဖြစ်နေကြသူများ(people with profound disabilities)ကော ထိပ်တန်းအား
ကစားသမားများ(the highest performing athletes)ပါ အားလုံး အားလုံး အကြောအဆစ်ဆိုင်ရာကု
သမှုများကို ခံယူလျက်ရှိနေကြသည်။
.
ယင်းသို့သော နာတာရှည်ရောဂါဝေဒနာရှင်များနှင့်မသန်စွမ်းဖြစ်နေကြသူများကို အကြောအဆစ်ကုဆိုင်
ရာပညာရှင်များက ခေတ်မီသိပ္ပံနည်းကျကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ(physical activity, exercise 
and movement)အသုံးပြုလျက် ရောဂါဝေဒနာအခြေအနေကိုလိုက်ပြီး သက်သာပျောက်ကင်းအောင်ကု
သပေးနိုင်ကြသည်။
.
ဤအချက်ကို Dr Emma Stokes က ယခုလို တိတိကျကျ ပြောကြားခဲ့၏။
.
“We (physiotherapists) have the power to ensure that 
people reach their potential whatever that may be.”
.
လူများ ကျန်းမာကြစေရန်၊ အသက်ရှည်ကြစေရန်၊ မသန်စွမ်းမှုများမှကာကွယ်ကုသပေးရန်နှင့်ခန္ဓာကိုယ်
ကြံ့ ခိုင်ပြီးစွမ်ဆောင်းရည်မြင့်မားကြစေရန် အကြောအဆစ်ကုဆေးပညာဖြင့်လုပ်ဆောင်ပေးနိုင်ကြောင်း 
မိမိ၏ ၄၃ နှစ်တာ ဆေးကုသမှုနှင့်သုတေသနပြုလေ့လာမှုအတွေ့အကြုံများအရ ကိုယ်တိုင်ကိုယ်ကျ သိ
ရှိရသဖြင့် Physiotherapist တစ်ဦးဖြစ်ရသည်ကို ကျေနပ်ဂုဏ်ယူ၍ဖြင့် မဆုံးနိုင်တော့ပါချေ။
























“Physical therapists (Physiotherapists) help people lead fulfilled lives”

Dr Emma Stokes
(President of the World Confederation of Physical Therapy)

"အကြောအဆစ်ကုပညာရှင်များသည် လူများ(လူနာနှင့်လူနာမဟုတ်ကြသူများ)၏
ရည်ရွယ်ချက်များ၊ စိတ်ကူးအိမ်မက်များနှင့်ပြင်းပြသည့်ဆန္ဒများကို ကူညီပံ့ပိုးဖြည့်
ဆည်းပေးနိုင်ကြသည်"  

ဥပမာ၊ ထိခိုက်အနာတရဖြစ်မှု၊ နေထိုင်မကောင်းဖြစ်မှုနှင့်မသန်စွမ်းဖြစ်မှုကြောင့် လှုပ်ရှားသွားလာ
ခြင်းမပြုလုပ်နိုင်သူများနှင့်လုပ်ငန်းဆောင်တာမဆောင်ရွက်နိုင်သူများအား လှုပ်ရှားသွားလာခြင်းနှင့်
အလုပ်လုပ်ကိုင်နိုင်ခြင်းများ အပြည့်အ၀ သို့မဟုတ် တစုံတခုသောအတိုင်းအတာအထိ ပြန်လည်ရ
ရှိစေရန် လေ့ကျင့်ကုသပေးခြင်းဖြင့် ဘ၀ကိုတန်ဖိုးရှိစွာနေထိုင်ခံစားနိုင်အောင်ကူညီပေးတာမျိုး။

ဒီလောက်ပျော်ရွင်ကျေနပ်စရာကောင်းတဲ့အလုပ်မျိုးနဲ့ပညာရပ် ဘယ်မှာများ ရှိနိုင်ပါဦးမလဲလို့။
















Monday, December 25, 2023

စပ်မိစပ်ရာများ (၉) - ဆရာကြီးဒေါက်တာဦးဘညွန့်နှင့်ကျနော် - ၁



 




















အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးဆရာကြီးဦဘညွန့်နှင့်ဖေ့စ်ဘွတ်မှာအသိမိတ်ဆွေဖြစ်တာကြောင့် 
ဆရာကြီးတင်ထားတဲ့မိသားစုဓာတ်ပုံလေးတွေကို တခါတခါတွေ့မိနေပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၉ ရက်နေ့ကတော့ ဆရာကြီးက နိုဝင်ဘာလ ၁၀ ရက်နေ့မှာကျရောက်မည့်သူရဲ့ 
၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ သူ၏ပထမဦးဆုံးဆေးပညာစာအုပ် (debut book) ကို 
ရေးသားပုံနှိပ်ထုတ်ပြီးဖြစ်ကြောင်း ဖေ့စ်ဘွတ်စာမျက်နှာမှာရေးတင်ပြောကြားတာကိုတွေ့လိုက်ရပါ
တယ်။

မြန်မာ့ဆေးပညာနယ်ပယ်အသီးသီးမှာ အလုပ်သင်ဆရာဝန်(၁၉၆၂-၆၃)၊ လက်ထောက်ဆရာဝန်၊ 
အရိုးခွဲစိတ်အထူးကုဆရာဝန်၊ ပါမောက္ခ(ဆေးတက္ကသိုလ်-၁)နှင့်အရိုးခွဲစိတ်အထူးကုမှူးချုပ်(Chief 
Orthopaedic Surgeon- ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်အရိုးအထူးကုဆေးရုံ ကြည့်မြင်တိုင်)စသဖြင့်
ကုသမှု၊ သင်ကြားရေးနှင့်စီမံအုပ်ချုပ်ရေးအတွေ့အကြုံများ နှစ်ပေါင်များစွာရှိခဲ့သည့်ဆရာကြီး၏စာ
အုပ်ကို Orthopaedic Reference Book ဟုအမည်ပေးထားပြီး အထွေထွေရောဂါကုဆရာဝန်(GP)၊
ဆေးကျောင်းသားများ၊ သူနာပြုဆရာဆရာမများနှင့် အရေးပေါ်ဆေးဝန်ထမ်းများ(Paramedics)အ
တွက်ရည်စူးပြုစုထားတယ်လို့ဆိုပါတယ်။

၁၉၈၁ နှစ်နှစ်ကုန်လောက်က မော်လမြိုင်ပြည်နယ်ဆေးရုံကြီးကနေ ရန်ကုန်ကြည့်မြင်တိုင်ရှိ အရိုး
ရောဂါကုဆေးရုံကြီးကို မိမိ ပြောင်းရွေ့ လာခဲ့ပြီးနောက် အကြောအဆစ်ကုသရေး(Physiotherapy)
နဲ့ပတ်သက်လို့ ဆရာကြီးနှင့်အနီးကပ်လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။ 

အဲဒီအချိန်(၁၉၈၁-၈၉)က အရိုးရောဂါအထူးကုဆေးရုံကြီးမှာ အဆောင် (၁) (၂) (၃)နဲ့ လက်ပိုင်းခွဲ 
စိတ်ဆောင်ဆိုပြီး လူနာဆောင် (၄) ဆောင်ရှိတာပါ။

ဆရာကြီးဒေါက်တာဦးဘညွန့်က အဆောင် (၁)၊ ဆရာကြီးဒေါက်တာဦးအောင်သန်းထွန်းက အ
ဆောင် (၂)၊ ဆရာကြီးဒေါက်တာဦးသိန်းမြင့်ထွန်းက အဆောင် (၃)ဖြစ်ပြီး ဆေးရုံအုပ်ကြီးနဲ့လက်
ပိုင်းခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာဦးဖေခင်က လက်ပိုင်းခွဲစိတ်ဆောင်ကိုတာဝန်ယူကြီး
ကြပ်တာဖြစ်ပါတယ်။

တကယ်တော့ ဆရာကြီးဦဘညွန့်ကို ၁၉၇၃-၇၅ နှစ်များကတည်းက မသန်မစွမ်းလူနာများဆေးရုံ
(သမိုင်း)မှာ စတင်တွေ့မြင်ခဲ့ဖူးတာဖြစ်တယ်။ ထိုစဉ်က ဒေါက်တာဦးဘညွန့်သည် မြောက်ဥက္ကလာ
ပဆေးရုံမှာ အရိုးခွဲစိတ်အတိုင်ပင်ခံဆရာဝန်(Consultant Orthopaedic Surgeon)အဖြစ်တာဝန်
ထမ်းဆောင်နေပါတယ်။ 










































ဒေါက်တာဦးဘညွန့်က အရိုးအထူးကုဆရာဝန်များအနေဖြင့် အများအားဖြင့်တွေ့ရှိရတတ်လေ့ရှိ
သည့်အရိုးနှင့်အကြောအဆစ်ဆိုင်ရာသိမှတ်စရာ ၉၃ ခုအကြောင်းကို သူ၏စာအုပ်မှာ ခြေခြေမြစ်
မြစ်ဆွေးနွေးဖော်ပြထားတယ်ဆိုပါတယ်။  

တနည်းပြောရရင် လက်တွေ့ခန္ဓာဗေဒ(clinical anatomy)၊ ဇီဝက္မဆိုင်ရာလက္ခဏာများ(patho- 
physiology)၊ တွေ့ရှိရတတ်သောဝေဒနာလက္ခဏာများ(signs and symptoms)၊ ရောဂါရှာဖွေစုံ
စမ်းခြင်း(investigations)နှင့်ကုသခြင်း(treatment)အကြောင်းတို့ကို လိုရင်းတိုရှင်းနားလည်သ
ဘောပေါက်စေရန်ရေးသားပြုစုထားတာပါ။  

ဒါကြောင့် ဆရာကြီးက သူ၏စာအုပ်သည် အထွေထွေရောဂါကုဆရာဝန်များ၊ ဆေးကျောင်းသား

များ၊ သူနာပြုဆရာဆရာမများ၊ အရေးပေါ်ဆေးဝန်ထမ်းများ(Paramedics)နှင့် ဆေးပညာဆိုင်ရာ

ဥပဒေကြောင်း(medicolegal work)ကိုစိတ်ဝင်စားကြသူများအတွက် အမှန်တကယ်အကျိုးရှိလိမ့်

မယ်လို့ယုံကြည်ထားတယ်လို့ပြောပါတယ်။























အထက်ဖော်ပြပါကျန်းမာရေးလုပ်သားများအပြင် နွေဦးတော်လှန်ရေးကြီးတွင် ရှေ့ တန်းစစ်မြေပြင်
အသီးသီး ရဲရင့်စွာကိုယ်ကျိုးစွန့်အသက်ပေးလုပ်ကိုင်လျက်ရှိကြတဲ့ဆရာဝန်၊ သူနာပြု၊ ဆေးဘက်
ပညာရှင်အစရှိသော ဆေးစစ်သည်တော်များ(medical personnel) အားလုံးကို အားပေးထောက်ခံ
တဲ့အနေနဲ့ သူ၏စာအုပ်ကို တန်ဖိုးမယူပဲ မေတ္တာလက်ဆောင်ပေးတာဟာ ဆရာကြီး၏နိုင်ငံချစ်စိတ်
ကြီးမားမှုလို့ဆိုရမှာဖြစ်ပါတယ်။   










ဆက်ရေးပါမယ်။






Saturday, December 23, 2023

ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ကျနော်

 


























အသက် ၆၀ နှစ်အထက်ရှိသူများနှင့်နှလုံး၊အဆုတ်၊ ကျောက်ကပ်၊အသည်းဆိုင်ရာနာတာရှည်
ရောဂါသည်များ(Medically vulnerable and Immunocompromised)သည် ကိုဗစ်-၁၉ရောဂါကို 
ဆိုးဆိုးဝါးဝါးခံစားရဖွယ်ရှိသောကြောင့် ထပ်တိုးကိုဗစ်ကာကွယ်ဆေး မပျက်မကွက်ထိုးနှံကြရန်
ကျန်းမာရေးဝန်ကြီးဌာနက အကြံပေးတိုက်တွန်းနှိုးဆော်ထားသည်။







ကိုဗစ်ကာကွယ်ဆေးကို နောက်ဆုံးထိုးနှံခဲ့သည်မှာ ယခုအခါ ၁ နှစ်ကျော်ကြပြီဖြစ်သဖြင့် ရောဂါ
ကာကွယ်မှုအစွမ်း ဆက်လက်အားကောင်းနေရေးအတွက် ထပ်တိုးကိုဗစ်ကာကွယ်ဆေးထိုးရန်
အောက်ပါအတိုင်း သတိပေးအကြောင်းကြားစာပေးပို့ခဲ့သည်။



ဘုရားဆေး
သိကြားဆေး
၆ ကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေး







Thursday, December 21, 2023

အသက်ကြီးလာတာနဲ့ အိုမင်းမစွမ်းဖြစ်ကြရတော့မှာလား (၁)

 




အထက်ကအတိုင်း အမြဲရှုပ်ပွနေတတ်လေ့ရှိတဲ့ မိမိ၏ကွန်ပြူတာမော်နီတာကို ဒီညမှာ အနဲအပါး 

ရှင်းရင်း ၂၀၁၈ ကရေးထားပြီး ဘယ်ကိုမှမပို့ဖြစ်ပဲ မေ့မေ့ပျောက်ပျောက်ရှိနေခဲ့တဲ့ အောက်ကစာ

လေးကိုတွေ့လို့ အမှတ်တရတင်လိုက်ရပါတယ်။



ပြသနာက ဒီလို။

ဟိုစာလေးလဲ မော်နီတာမှာ ခဏသိမ်းထားပြီး မကြာခင် ပြန်ဖတ်ဦးမယ် ပြန်သုံးမယ်ပေါ့။

ဒီပုံလေးလဲ မမေ့မပျောက်ရှိအောင် မော်နီတာမှာယာယီထားပြီး လိုအပ်သလို သတိရတုန်း

လေး အခွင့်သင့်တာနဲ့ သုံးလိုက်ချင်သေးတာ။

ဒီလို ဒီလိုနဲ့ မော်နီတာခမျာ ကွန်ပြူတာရဲ့ 'အရူးလွယ်အိတ်ကြီး'ဖြစ်လာရရှာပါလေပကော။

အတော်လောက်လူဆို မြင်တာနဲ့ပဲ ရူးသွားလောက်ပါရဲ့ ။





အသက်ကြီးလာတာနဲ့ အိုမင်းမစွမ်းဖြစ်ကြရတော့မှာလား

                          - တင်မောင်အေး (ကန့်ဘလူ) -

 



လူတို့၏အသက်အရွယ်ကြီးခြင်းနှင့်ငယ်ခြင်းအကြောင်းကို နှစ်မျိုးနှစ်စားခွဲခြားပြောဆိုနိုင်သည်။ 

ပထမအမျိုးအစားဖြစ်သော chronological age မှာ မွေးဖွားသည့်နေ့မှစပြီး ယ နေ့တိုင်အသက်

ရှင်နေဆဲအချိန်အပိုင်းအခြားအထိ သို့မဟုတ် သေဆုံးသွားသောနေ့အထိ လူတစ်ဦးအသက်ရှင်

နေထိုင်သွားခဲ့သည့်ကာလရှည်ကြာမှုကို ရက်၊ လ၊ နှစ် အစ ရှိသဖြင့် ကိန်းဂဏန်းများအသုံးပြုရေ

တွက်ကာ သတ်မှတ်ပြောဆိုခြင်းဖြစ်သည်။ ဥပမာ ၁၆ နှစ်။ ဒုတိယအမျိုးအစားဖြစ်သော physiol-

ogical or biological age မှာ ကိန်းဂဏန်းအရ အသက်မည်မျှပင်ရှိနေစေကာမူ သူ့အားအသက်

အရွယ်မည်၍မည်မျှရှိလိမ့်မည်ဟု အမြင် အားဖြင့်မှန်းဆထင်ရသည်ကိုပြောခြင်းဖြစ်သည်။ ဥပမာ 

အသက် ၇၀ နှစ်ရှိသောသူအား ၆၀ နှစ်ခန့်ဟုထင်ရခြင်း(အရွယ်တင်ခြင်း)။ အလားတူပင် အသက် 

၄၀ နှစ်သာရှိသေးသူအား အသက် ၅၀ ကျော်ရှိသည်ဟုထင်ရခြင်း(အိုစာခြင်း၊ အရွယ်ကျခြင်း)။

 

အသက်အရွယ်ကိုလိုက်ပြီးဖြစ်လာရသောဦးနှောက်အာရုံကြော၊ ကြွက်သားနှင့်နှလုံးသွေးကြောတို့

၏ဇီဝက္မဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်များသည် လူတို့၏ရုပ်ပိုင်းစွမ်းဆောင်နိုင်မှုများ (physical fun-

ction) အပေါ် ကြီးစွာသက်ရောက်မှုရှိနေကြသည်ဟု ပညာရှင်တို့ကဆိုထားပါသည်။ အထူးသဖြင့် 

မသန်စွမ်းမှုနှင့်ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ချိနဲ့လာခြင်း (aerobic physical frailty) တို့သည် အို

မင်းမစွမ်းဖြစ်မှုအခြေအနေသို့ အလျင်အမြန်တွန်းပို့လေ့ရှိကြ သည်။ သို့တစေ ကိုယ်လက်လှုပ်ရှား

လေ့ကျင့်ပေးခြင်းသည် အသက်အရွယ်အရဖြစ်လာသောဇီဝကမ္မဆိုင်ရာပြောင်းလဲမှုများကိုပြောင်း

ပြန်ဖြစ်စေနိုင်လေသည်။ လှုပ်ရှားအသုံးချ မှုနည်းပါးသောခန္ဓာကိုယ်သည်သာ အိုမင်းမစွမ်းဖြစ်လာ

ရခြင်း၏အဓိသော့ချက်ဖြစ်နေပါသည်။


မြန်မာစကားတွင် ‘အိုမင်းရင့်ရော်’ နှင့် ‘အိုမင်းမစွမ်း’ ဟူ၍ပြောဆိုလေ့ရှိကြသည်။ မြန်မာအဘိဓာန်

က ‘အိုမင်းရင့်ရော်’ ကို အသက်အရွယ်ကြီးရင့်သောသူဟု အဓိပ္ပာယ်ဖွင့်ဆိုပြီး ‘အိုမင်းမစွမ်း’ ကိုမူ 

အသက်အရွယ်ကြီးရင့်၍ ခွန်အားနည်းကာ မစွမ်းဆောင်နိုင်တော့သောသူ ဟုဆိုထားပါသည်။  















                                 




















 





















 




လူတို့သည် ငယ်ရာမှကြီးလာကြရသလို ကြီးလာခြင်းနှင့်အတူ ဇရာဆိုသည့်အိုမင်းရင့်ရော်ခြင်းကို 

မလွဲမသွေရင်ဆိုင်ကြုံတွေ့ကြရသည်မှာ ဖြစ်မြဲဓမ္မတာဖြစ်သည်။ ထူးထူးခြားခြားမရှိလှပေ။  


ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများသည် လူတို့၏ကျန်းမာရေးအတွက်များစွာကောင်းမွန်လှကြောင်း

ကိုအားလုံးသိရှိကြပြီးဖြစ်သည်။ ဆေးပညာလေ့လာတွေ့ရှိချက်များအရ ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ 

ကျင့်မှုများသည် အသက်ငယ်ရွယ်သူများထက်အသက်အရွယ်ကြီးရင့်သူများကို ပိုပြီးအကျိုးကျေးဇူး

ရရှိစေကြောင်းသိရှိရသည်။ အဘယ်ကြောင့်ဆိုသော် လူရွယ်လူလတ်များတွင် ကြွက်သားနှင့်နှလုံး

သွေးကြောဆိုင်ရာဇီဝကမ္မစွမ်းဆောင်မှု (physiologic reserve) အမြောက်အများရှိနေပြီး အသက်

ကြီးရင့်သူများတွင် တဖြည်းဖြည်းကျဆင်းလာနေသောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ ကြွက်သား

သန်စွမ်းစေသော၊ ကိုယ်နေဟန်ထားချိန်ဆမှုကောင်းစေသော၊ ခံနိုင်ရည်ရှိစေသောကိုယ်လက်လှုပ်

ရှားလေ့ကျင့်မှုများကို မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် အသက်ကြီးရင့်သူများသည် မသန်စွမ်းဖြစ်မှု(အိုမင်း

မစွမ်းမှု) ကိုနှောင့်နှေးစေပြီး ကိုယ့်အားကိုယ်ကိုးသွားလာလုပ်ကိုင်ရင်း အသက်ရှည်နိုင်လေသည်။

 

ခန္ဓာကိုယ်အင်္ဂါများတွင် ဇီဝကမ္မပြောင်းလဲမှုများ(physiological changes)ရှိလာကြသည်။


ဥပမာ တစ်မိနစ်တိုင်းမှာ နှလုံးမှခန္ဓာကိုယ်အနှံ့အပြားဆီသို့ညှစ်ထုတ်ပို့ပေးနိုင်သောသွေးပမာဏ

လျှော့နည်းသွားသည်။ သွေးပေါင်(ဖိအား)က ပုံမှန်ထက်များလာသည်။ သွေးကြောရှိနံရံများသည်

ယခင်လိုပျော့ပြောင်းမှုမရှိတော့ဘဲ ထူထဲမာကျောလာကြသည်။ အဆုတ်များအတွင်း၌အောက်ဆီ

ဂျင်ဓာတ်နှင့်ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်တို့၏ဖလှယ်နိုင်စွမ်းလည်း ယုတ်လျှော့ကျဆင်းလာ

သည်။ ကြွက်သား၊ အရိုးနှင့်အဆစ်များတွင် သဘာဝအရပြောင်းလဲပျက်စီးမှုများ (degenerative 

changes) ရှိလာကြသည်။


ယခုအခါ သက်ကြီးရွယ်အိုအထူးကုဆရာဝန်များ (geriatricians) သည် ရောဂါရှာဖွေရေးနှင့်ရော

ဂါစီမံကုသရေးအပိုင်းတို့ကိုယခင်ကကဲ့သို့အထူးဦးစားမပေးတော့ဘဲ ရောဂါဖြစ်စဉ်ကိုနှေးကွေးစေ

ခြင်း (delaying disease) နှင့်ကျန်းမာရေးကိုဂရုပြုစောင့်ရှောက်တတ်ခြင်း (promoting health) 

တို့ကို ပြောင်းလဲအာရုံစိုက်နေကြပြီဖြစ်သည်။ 


အဘယ်ကြောင့်ဆိုသော် လူနာ၏ကျန်းမာရေးနှင့်မညီညွတ်သောနေထိုင်မှုဘ၀ပုံစံကိုပြောင်းပေး

လိုက်ခြင်း (lifestylechanges)နည်းဖြင့် ရောဂါတစ်မျိုးဖြစ်မလာစေရန် အချိန်ဆွဲထားနိုင်သည်။ 

ထိုသို့အချိန်ဆွဲထားပေးခြင်းကြောင့် အခြားသောကျန်းမာရေးပြသနာများနှင့်ဆက်နွှယ်ပေါ်ပေါက်

လာနိုင်သည့်ကျန်းမာရေးဆိုးကျိုးများကိုလည်း လျှော့ချလာနိုင်မည်ဖြစ်သည်။

 

                           

                                                       - တင်မောင်အေး (ကန့်ဘလူ) -

















***


အထက်ကဆောင်းပါးနှင့်ပတ်သက်လို့ ဆက်ပြီးစဉ်းစားဆွေးနွေးကြည့်ကြရအောင်ပါ။

ပြောချင်တာက ကိုယ်ထူကိုယ်ထကျန်းမာရေးအကြောင်းဖြစ်ပါတယ်။

ဆေးဝါးများကိုအားမကိုးချင်တော့လို့ 'ဆေးဝါးမဲ့ကျန်းမာရေး'ဘ၀ကို 'မည်သူမပြု မိမိမှု'

နည်းလမ်းဖြင့် ပြောင်းလဲကြိုးပမ်းကြရေးအတွက် အားပေးတိုက်တွန်းလျက်ရှိနေပါပြီ။


ဒီကနေ့ မိမိတို့လင်ကိုယ်မယား အဖိုးအဖွားနှစ်ယောက် Great World ကုန်တိုက်ကြီင်္းကို

ရောက်သွားခဲ့ကြပါတယ်။ 

အဲဒီမှာ POSB ဘဏ်များရှိလေမလားဆိုပြီးသွားကြည့်ကြတာ။ မရှိပါဘူး။ ငွေထုတ်ပေးတဲ့

ATM စက်တွေပဲရှိတာ။

ဒီလိုနဲ့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ရင်းက အကြောအဆစ်နဲ့ကျောရိုးခါးရိုးတန်းကုပ

ညာရှင်(Chiropractor)တဦး၏ဆေးခန်းနံရံမှာ 'သောမတ်စ် အက်ဒစ်ဆင်'ရဲ့ အောက်ပါဟော

ကိန်း(Prophecy)ကိုတွေ့မိပါတယ်။

























'နောင်ကာလတွေကျရင် ဆရာဝန်များက လူနာတွေကို ဆေးဝါးပေးမှာမဟုတ်တော့ဘူး' ဆို

လို့ စိတ်ဝင်စားတာနဲ့ ဟိုတယ်ပြန်ရောက်တော့ အသေအချာပြန်ရှာပြီးဖတ်ဖြစ်ခဲ့ပါတယ်။