"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, December 1, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၇)

 




နိုဝင်ဘာ ၃၀ ရက်ကြာသပတေးနေ့စွဲဖြင့် အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း

(World Physiotherapy - WP)ကပေးပို့သည့်အီးမေး(World Physiotherapy eNews)မှာ ၂၀၂၅ 

ခုနှစ် မေလ၂၉ ရက်နေ့တွင်ဂျပန်နိုင်ငံ၊တိုကျိုမြို့ ကျင်းပမည့်World Physiotherapy Congress 

၏အရေးကြီးသတင်းများအား အတော်လေးစုံစုံလင်လင်ဖော်ပြလာသည်ကို သတိပြုမိသည်။


အထူးသဖြင့် ယင်းညီလာခံကိုသွားတက်ကြမည့်ကိုယ်စားလှယ်များအနေဖြင့် ကြိုတင်သိရှိထား

ရန်လိုအပ်သည်များနှင့်ကြိုတင်စီစဉ်လုပ်ဆောင်ရမည်များကို နေ့ရက်အတိအကျချပြလာခြင်း

ဖြစ်သည်။ 

ဥပမာ၊

- Focused symposia ခေါ် ခေါင်းစဉ်တမျိုး သို့မဟုတ် အကြောင်းအရာတခု (the same topic)

အောက်တွင် စာတမ်းတင်သွင်းသူ တဦးစီ သို့မဟုတ် တဖွဲ့စီများက သူတို့၏အတွေးအမြင်နှင့်

တွေ့ရှိချက်စာတမ်းများကို ဖတ်ကြားဆွေးနွေးကြရန်အတွက် စာတမ်းများခေါ်ယူခြင်း[ဖေဖော်

ဝါရီလ ၂၀၂၄]

- Focused symposia အတွက် သုတေသနစာတမ်းများနောက်ဆုံးပေးပို့ကြရမည့်ရက် [ဧပြီလ

 ၂၀၂၄]

- သုတေသနစာတမ်းအနှစ်ချုပ်များ(Abstracts) စတင်လက်ခံသည့်ရက် [ဇွန်လ ၂၀၂၄]

- ညီလာခံမှတ်ပုံတင်ကြေး (Registration) စတင်ပေးသွင်နိုင်သည့်ရက် [ဂျူလိုင်လ ၂၀၂၄]

- သုတေသနစာတမ်းအနှစ်ချုပ်များ တင်သွင်းခြင်းနောက်ဆုံရက် [အောက်တိုဘာလ ၂၀၂၄]
































No comments:

Post a Comment