အရိုးရောဂါအထူးကုဆေးရုံကြီးမှာ ဆရာကြီးက သူ့လက်ထောက်အရိုးအထူးကုဆရာဝန်ကြီး
ဒေါက်တာဦးညွန့်ဝေအပါအ၀င် အရိုးခွဲစိတ်ဘွဲ့လွန်သင်တန်းသားများ(MSc. Ortho)၊ လက်
ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများနဲ့ အဆောင် (၁)မှာလူနာကြည့်တဲ့အခါတိုင်း မိမိ
လိုက်ပါခဲ့ဖူးပါတယ်။
ဆရာကြီးလွှဲပေးသည့်လူနာများကို အကြောအဆစ်ဆိုင်ရာကုသမှုများပြုလုပ်ပေးခဲ့ရပါတယ်။
အထူးသဖြင့်တော့ ခါးရိုးတီဘီ(Spinal TB)ဖြစ်လို့ခွဲစိတ်ထားတာ၊ ပေါင်ထိပ်ရိုးကျိုး(Femoral
Neck Fracture)တာ၊ ကားတိုက်လို့ အမြင့်ကလိမ့်ကျလို့ ခြေလက်ကျိုးတဲ့လူနာတွေဖြစ်ပါတယ်။
ခွဲစိတ်ထားပြီး ဒါမှမဟုတ် ကျောက်ပတ်တီးဖြေပြီးလူနာများကို ခြေလက်တွေပြန်ပြီးအသုံးပြုနိုင်
အောင်၊ သွားလာလှုပ်ရှားနိုင်အောင်စသဖြင့် ပြန်လည်ထူထောင်ရေးကုသမှုတွေကို မိမိတို့အ
ကြောအဆစ်ကုပညာရှင်များက လုပ်းပေးကြရတာ။
ဒါကြောင့် အရိုးရောဂါအထူးကုဆေးရုံ(ကြည့်မြင်တိုင်)မှာ အရိုး အကြောအဆစ်လူနာများကို အ
ရိုးခွဲစိတ်ဆရာဝန်ကြီးများနဲ့ ၉ နှစ်နီးပါး အလုပ်လုပ်ခဲ့ရတာဖြစ်လို့လူနာများ၏မခွဲစိတ်မီအခြေအ
နေ(Pre-operative physiotherapy)နဲ့ခွဲစိတ်ပြီးနောက်အခြေအနေ(Post-operative physiotherapy)
များကို ကိုယ်တိုင်စမ်းသပ်ပြင်ဆင်ပေးခြင်းနဲ့ ပြန်လည်ထူထောင်ကုသပေးရသည့်အတွေ့အကြုံ
အများအပြား လေ့လာမှတ်သားရရှိခဲပါတယ်။
အကြောအဆစ်ကုပညာရပ်ရှုထောင့်ကပြောရရင် ခွဲစိတ်ကုသမှု၏အောင်မြင်မှု(post-operative
success)နဲ့ မြန်မြန်ပြန်လည်ကောင်းမွန်လာမှုတွေက လူနာကိုမခွဲစိတ်မီကတည်းက ကြိုတင်ပြင်
ဆင်လေ့ကျင့်ပေးထားတာ(prepare pre-operactively) အပေါ်များစွာမူတည်နေတာကြောင့်ပါ။
ဒါ့အပြင် ခွဲစိတ်ပြီးနောက်ဖြစ်ပေါ်လာတတ်သည့် ရောဂါထွေမှုများ(post-operative complications)
ကနေ ကာကွယ်ပေးထားရာလဲရောက်ပါသေးတယ်။ ဥပမာ၊ အဆစ်တောင့်တင်းတာ ကြွက်သားတွေ
အားနည်းတာ။
*ဖြည့်စွက်ပြင်ဆင်ချက်။ ။
အမှတ် (၁) မှာတုန်းက အရိုးရောကုဆေးရုံ(ကြည့်မြင်တိုင်)နဲ့ပတ်သက်ပြီးအောက်ပါအတိုင်းရေး
ခဲ့ပါတယ်။
No comments:
Post a Comment