"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, December 17, 2023

စပ်မိစပ်ရာများ (၈) - လက်ဝှေ့ နှင့်ကျနော်


 

ဖေ့စ်ဘွတ်မှာ မိမိ အများအားဖြင့်ကြည့်ဖြစ်တဲ့အားကစားအမျိုးအစားတခုကတော့ လက်ဝှေ့ထိုး

ပွဲတွေပါ။

မြန်မာလက်ဝှေ့ပွဲတွေဆိုရင် တွေ့မိလို့ကတော့မလွတ်တမ်းကိုကြည့်ဖြစ်တယ်လို့ပြောနိုင်မယ်ထင်

ပါတယ်။

ONE Championship ပွဲတွေနဲ့ MMA ပွဲတွေမှာလဲ အမျိုးသားပွဲကော အမျိုးသမီးပွဲများပါ အချိန်

ရရင်ရသလို ကြည့်နေဖြစ်တာပါပဲ။

ဘာကြောင့်လဲဆို ၀ါသနာပါလို့ကြည့်တာ။ ကြိုက်လို့ကြည့်တာ။


နောက်ပြီး မိမိကိုယ်တိုင်ကလဲ ရွှေဘိုရဲစခန်းထဲမှာနေစဉ်က ဆရာဘာမထီခင်အောင်၏ကျားသစ် 

နက်လက်ဝှေ့သင်တန်း(Black Panther) ကို စနစ်တကျသင်ယူလေ့ကျင့်ခဲ့ပြီး ၇ တန်းနဲ့ ၈ တန်း ၂

နှစ်လုံး ကစားခဲ့ပါတယ်။ 

ရွှေဘိုမြို့ နဲ့မိမိတို့အသင်းကိုကိုယ်စားပြုပြီး တခြားမြို့တွေကိုသွားကာ လက်ဝှေ့ပြိုင်ပွဲအချို့ ယှဉ်ပြိုင် 

ရတာတွေရှိပါတယ်။ 

မှတ်မိသရွေ့ က စစ်ကိုင်းနဲ့မုံရွာမြို့  ၂ မြို့ ပါ။

















တပတ်မှာ အနည်းဆုံး ၄-၅ ရက်လောက် အပြင်းအထန်လေ့ကျင့်ကြရပါတယ်။ 

ရွှေဘို'မြို့ မဘောလုံးကွင်း'ထဲမှာရှိတဲ့ ပွဲကြည့်စင်အပေါ်ထပ်ကအခန်းမှာ ဆရာနဲ့အတူသင်ယူလေ့

ကျင့်ရသလို မိမိတို့အချင်းချင်း နှစ်ယောက်တတွဲစီတွဲပြီး လက်ဝှေ့ထိုးလေ့ကျင့်ကြရတာ။ ဒီအခါမှာ

ဆရာကဘေးကကြည့်နေပြီး နည်းစနစ်ပိုင်ဆိုင်ရာလိုအပ်တာနဲ့ပြုပြင်ရမှာတွေကို တချိန်လုံးသတိ

ပေးထောက်ပြပြောဆိုနေတတ်ပါတယ်။

ဥပမာ၊ တံတောင်ဆစ်ကွေးထားတဲ့လက် ၂ ဖက်က မေးနဲ့မျက်နှာကို အလုံအလောက်ကာကွယ်မ

ထားပဲ အောက်ကျနေတာ၊ ကိုယ်နေကိုယ်ထားနဲ့ခြေထောက်နေရာမမှန်ဖြစ်နေတာ အတိုးအဆုတ်

အပြောင်းအရွေ့ လုပ်တာမှားနေတာတွေရယ် စသဖြင့်ပေါ့။

နောက်ပြီး လေ့ကျင့်တာဆိုပေမယ့် အလှထိုးတာမျိုးမဟုတ်ပဲ လက်ဝှေ့စင်ပေါ်မှာ မိမိရဲ့ ပြိုင်ဖက်နဲ့

တကယ်တမ်းထိုးတဲ့အတိုင်း စိတ်ပါလက်ပါအားကြိုးမာန်တက်ထိုးကြရတာဖြစ်တယ်။ အချင်းချင်း

ထိုးတာဆိုပြီး ပေါ့ပေါ့တန်တန်နဲ့ ညှာထိုးတာမျိုး လုံးဝမလုပ်ရပါဘူး။ စစနောက်နောက်လဲ မကစား

ရပါဘူး။

ဆရာအမြဲသတိပေးလေ့ရှိတဲ့စကားတခုက အပြင်လေ့ကျင့်စဉ်မှာချွေးထွက်များထားပါမှ စင်ပေါ်မှာ

ထိုးတဲ့တကယ့်ပြိုင်ပွဲကျရင် သွေးထွက်နည်းမယ်ဆိုတာပါပဲ။









Black Panther


ငယ်စဉ်အခါက ဆရာဘာမထီခင်အောင်ထံမှာ အင်္ဂလိပ်လက်ဝှေ့(Boxing) သင်ခဲ့ရတာဟာ မိမိ
အတွက် များစွာအကျိုးဖြစ်ထွန်းခဲ့ပါတယ်။

လက်ဝှေ့နည်းစနစ်အပြင် အခြားသောကောင်းမွန်သည့် လူမှုစည်းကမ်းနှင့်စိတ်ဓာတ်ရေးရာများ
ပါ လိုက်နာကျင့်သုံးတတ်လာခဲ့လို့ပါ။

နံပတ်တစ်က စည်းကမ်း စည်းကမ်း စည်းကမ်းဖြစ်တယ်။

ရွှေဘိုခရိုင်လက်ဝှေ့နည်းပြဆရာဖြစ်တဲ့ဆရာက စည်းကမ်းအလွန်ကြီးသူဖြစ်ပါတယ်။

မိမိတို့ လက်ဝှေ့လေ့ကျင့်ခန်းထဲဝင်တဲ့အခါ ဖိနပ်နဲ့အ၀တ်အစားတွေချွတ်ပြီး စည်းမဲ့ကမ်းမဲ့ထားချင် 
သလိုထားတာမျိုးမလုပ်ရပါဘူး။ ဖိနပ်တွေကို တခါးအ၀င်ဝနားမှာ ညီညီညာညာလေး တန်းစီထား
ရတယ်။ အ၀တ်အစားတွေကို ဟိုနေရာတင် ဒီနေရာလွှား မထားရပါဘူး။ သေသေသပ်သပ်ခေါက်
ပြီး သတ်မှတ်ထားတဲ့နေရာမှာသာ စုထားကြရတာ။

သင်တန်းသားနှစ်ဦးထိုးသတ်ကစားနေတဲ့အခါ ဂရုတစိုက်ကြည့်ရှုလေ့လာရတယ်။ ဆရာက သင်
ပေး ပြပေး ပြင်ပေးတာတွေကို လိုက်နာမှတ်သားနည်းယူကြရပါတယ်။ မသိတာ မရှင်းတာ နာမ
လည်တာတွေရှိခဲ့ရင်လဲမေးမြန်းကြဖို့ ဆရာက အမြဲအားပေးလေ့ရှိပါတယ်။ 




















ဘာကြောင့်လဲဆိုတော့ လက်တွေ့မြင်သိတာကို ချက်ခြင်းမေးမြန်းကာသင်ယူရတာက စိတ်မှာပိုပြီး
စွဲမြဲစွာမှတ်သားစေနိုင်တာကြောင့်ပါ။

နောက်တခုက မိမိနဲ့ယှဉ်ပြိုင်ထိုးသတ်သူကို အထင်သေးတာမျိုး မထိလေးစားဆက်ဆံတာမျိုး လက်
သီးထိုးနေရင်း စတာနောက်ပြောင်တာမျိုး လုံးဝမလုပ်ရပါဘူး။ ထိုးသတ်ရာမှာ လက်ဝှေ့စည်းကမ်းနဲ့
မညီတဲ့ ညစ်ပတ်ကစားတာမျိုး (dirty boxing techniques/dark art-ဥပမာ ကြိုးဝိုင်းဒိုင်အလစ်မှာမျက်
စိကိုလက်မနဲ့နှိုက်တာ၊ မေးကိုဝိုက်လက်သီးထိုးသလိုလိုနဲ့ တံတောင်နဲ့ရိုက်တာ၊ ရင်ညွှန့်ကိုပခုံးနဲ့ဝင်
ဆောင့်တာ စတာတွေ)ကို တင်းတင်းကျပ်ကျပ်တားမြစ်ပါတယ်။

နံပတ်နှစ်က ပြိုင်ပွဲမှာ ဘယ်တော့မှ လက်မြှောက်အရှုံးမပေးရဘူး။ နဲနဲလေးမှ အညံ့မခံရဘူး။

လက်ရည်မတူလို့ မိမိ၏ပြိုင်ဖက်ကမိမိကိုတချိန်လုံးတဖက်သတ်ဖိထိုးပြီး မိမိကိုယ်မှာသွေးအလိမ်း
လိမ်းကျနေပါစေ သူရဲဘောကြောင်စွာရှောင်ပြေးတာမျိုး၊ လက်မြှောက်အရှုံးပေးတာမျိုးလုံးဝမလုပ်
ကြဖို့ လက်ဝှေ့စင်ပေါ်မတက်ခင်လေးမှာ ဆရာက အတန်တန်သတိပေးတတ်တာ။ 

ကြိုးဝိုင်းဒိုင်က လက်ရည်မတူလို့ ဒိုင်ပွဲရပ်ပေးတာ(Technical knockout - TKO) လုပ်မပေးမခြင်း ရ
တတ်သရွေ့ ပြန်ထိုးနေရမယ်။ ခုခံတိုက်ခိုက်နေရမယ်။ 

ဒါနဲ့ပတ်သက်ပြီးဆရာပြောလေ့ရှိတဲ့မိုတီစကားလေးကတော့'ရွှေဘိုသားဆိုတာ သတ္ထိရှိတယ်။ဘယ်
တော့မှရှုံးမပေးဘူး'ဆိုတာပါပဲ။

























သတင်းစာထဲမှာ ဆရာရေးသည့်လက်ဝှေ့အားကစားဆောင်းပါး။







No comments:

Post a Comment