"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, December 21, 2023

အသက်ကြီးလာတာနဲ့ အိုမင်းမစွမ်းဖြစ်ကြရတော့မှာလား (၁)

 




အထက်ကအတိုင်း အမြဲရှုပ်ပွနေတတ်လေ့ရှိတဲ့ မိမိ၏ကွန်ပြူတာမော်နီတာကို ဒီညမှာ အနဲအပါး 

ရှင်းရင်း ၂၀၁၈ ကရေးထားပြီး ဘယ်ကိုမှမပို့ဖြစ်ပဲ မေ့မေ့ပျောက်ပျောက်ရှိနေခဲ့တဲ့ အောက်ကစာ

လေးကိုတွေ့လို့ အမှတ်တရတင်လိုက်ရပါတယ်။



ပြသနာက ဒီလို။

ဟိုစာလေးလဲ မော်နီတာမှာ ခဏသိမ်းထားပြီး မကြာခင် ပြန်ဖတ်ဦးမယ် ပြန်သုံးမယ်ပေါ့။

ဒီပုံလေးလဲ မမေ့မပျောက်ရှိအောင် မော်နီတာမှာယာယီထားပြီး လိုအပ်သလို သတိရတုန်း

လေး အခွင့်သင့်တာနဲ့ သုံးလိုက်ချင်သေးတာ။

ဒီလို ဒီလိုနဲ့ မော်နီတာခမျာ ကွန်ပြူတာရဲ့ 'အရူးလွယ်အိတ်ကြီး'ဖြစ်လာရရှာပါလေပကော။

အတော်လောက်လူဆို မြင်တာနဲ့ပဲ ရူးသွားလောက်ပါရဲ့ ။





အသက်ကြီးလာတာနဲ့ အိုမင်းမစွမ်းဖြစ်ကြရတော့မှာလား

                          - တင်မောင်အေး (ကန့်ဘလူ) -

 



လူတို့၏အသက်အရွယ်ကြီးခြင်းနှင့်ငယ်ခြင်းအကြောင်းကို နှစ်မျိုးနှစ်စားခွဲခြားပြောဆိုနိုင်သည်။ 

ပထမအမျိုးအစားဖြစ်သော chronological age မှာ မွေးဖွားသည့်နေ့မှစပြီး ယ နေ့တိုင်အသက်

ရှင်နေဆဲအချိန်အပိုင်းအခြားအထိ သို့မဟုတ် သေဆုံးသွားသောနေ့အထိ လူတစ်ဦးအသက်ရှင်

နေထိုင်သွားခဲ့သည့်ကာလရှည်ကြာမှုကို ရက်၊ လ၊ နှစ် အစ ရှိသဖြင့် ကိန်းဂဏန်းများအသုံးပြုရေ

တွက်ကာ သတ်မှတ်ပြောဆိုခြင်းဖြစ်သည်။ ဥပမာ ၁၆ နှစ်။ ဒုတိယအမျိုးအစားဖြစ်သော physiol-

ogical or biological age မှာ ကိန်းဂဏန်းအရ အသက်မည်မျှပင်ရှိနေစေကာမူ သူ့အားအသက်

အရွယ်မည်၍မည်မျှရှိလိမ့်မည်ဟု အမြင် အားဖြင့်မှန်းဆထင်ရသည်ကိုပြောခြင်းဖြစ်သည်။ ဥပမာ 

အသက် ၇၀ နှစ်ရှိသောသူအား ၆၀ နှစ်ခန့်ဟုထင်ရခြင်း(အရွယ်တင်ခြင်း)။ အလားတူပင် အသက် 

၄၀ နှစ်သာရှိသေးသူအား အသက် ၅၀ ကျော်ရှိသည်ဟုထင်ရခြင်း(အိုစာခြင်း၊ အရွယ်ကျခြင်း)။

 

အသက်အရွယ်ကိုလိုက်ပြီးဖြစ်လာရသောဦးနှောက်အာရုံကြော၊ ကြွက်သားနှင့်နှလုံးသွေးကြောတို့

၏ဇီဝက္မဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်များသည် လူတို့၏ရုပ်ပိုင်းစွမ်းဆောင်နိုင်မှုများ (physical fun-

ction) အပေါ် ကြီးစွာသက်ရောက်မှုရှိနေကြသည်ဟု ပညာရှင်တို့ကဆိုထားပါသည်။ အထူးသဖြင့် 

မသန်စွမ်းမှုနှင့်ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ချိနဲ့လာခြင်း (aerobic physical frailty) တို့သည် အို

မင်းမစွမ်းဖြစ်မှုအခြေအနေသို့ အလျင်အမြန်တွန်းပို့လေ့ရှိကြ သည်။ သို့တစေ ကိုယ်လက်လှုပ်ရှား

လေ့ကျင့်ပေးခြင်းသည် အသက်အရွယ်အရဖြစ်လာသောဇီဝကမ္မဆိုင်ရာပြောင်းလဲမှုများကိုပြောင်း

ပြန်ဖြစ်စေနိုင်လေသည်။ လှုပ်ရှားအသုံးချ မှုနည်းပါးသောခန္ဓာကိုယ်သည်သာ အိုမင်းမစွမ်းဖြစ်လာ

ရခြင်း၏အဓိသော့ချက်ဖြစ်နေပါသည်။


မြန်မာစကားတွင် ‘အိုမင်းရင့်ရော်’ နှင့် ‘အိုမင်းမစွမ်း’ ဟူ၍ပြောဆိုလေ့ရှိကြသည်။ မြန်မာအဘိဓာန်

က ‘အိုမင်းရင့်ရော်’ ကို အသက်အရွယ်ကြီးရင့်သောသူဟု အဓိပ္ပာယ်ဖွင့်ဆိုပြီး ‘အိုမင်းမစွမ်း’ ကိုမူ 

အသက်အရွယ်ကြီးရင့်၍ ခွန်အားနည်းကာ မစွမ်းဆောင်နိုင်တော့သောသူ ဟုဆိုထားပါသည်။  















                                 




















 





















 




လူတို့သည် ငယ်ရာမှကြီးလာကြရသလို ကြီးလာခြင်းနှင့်အတူ ဇရာဆိုသည့်အိုမင်းရင့်ရော်ခြင်းကို 

မလွဲမသွေရင်ဆိုင်ကြုံတွေ့ကြရသည်မှာ ဖြစ်မြဲဓမ္မတာဖြစ်သည်။ ထူးထူးခြားခြားမရှိလှပေ။  


ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများသည် လူတို့၏ကျန်းမာရေးအတွက်များစွာကောင်းမွန်လှကြောင်း

ကိုအားလုံးသိရှိကြပြီးဖြစ်သည်။ ဆေးပညာလေ့လာတွေ့ရှိချက်များအရ ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ 

ကျင့်မှုများသည် အသက်ငယ်ရွယ်သူများထက်အသက်အရွယ်ကြီးရင့်သူများကို ပိုပြီးအကျိုးကျေးဇူး

ရရှိစေကြောင်းသိရှိရသည်။ အဘယ်ကြောင့်ဆိုသော် လူရွယ်လူလတ်များတွင် ကြွက်သားနှင့်နှလုံး

သွေးကြောဆိုင်ရာဇီဝကမ္မစွမ်းဆောင်မှု (physiologic reserve) အမြောက်အများရှိနေပြီး အသက်

ကြီးရင့်သူများတွင် တဖြည်းဖြည်းကျဆင်းလာနေသောကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ ကြွက်သား

သန်စွမ်းစေသော၊ ကိုယ်နေဟန်ထားချိန်ဆမှုကောင်းစေသော၊ ခံနိုင်ရည်ရှိစေသောကိုယ်လက်လှုပ်

ရှားလေ့ကျင့်မှုများကို မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် အသက်ကြီးရင့်သူများသည် မသန်စွမ်းဖြစ်မှု(အိုမင်း

မစွမ်းမှု) ကိုနှောင့်နှေးစေပြီး ကိုယ့်အားကိုယ်ကိုးသွားလာလုပ်ကိုင်ရင်း အသက်ရှည်နိုင်လေသည်။

 

ခန္ဓာကိုယ်အင်္ဂါများတွင် ဇီဝကမ္မပြောင်းလဲမှုများ(physiological changes)ရှိလာကြသည်။


ဥပမာ တစ်မိနစ်တိုင်းမှာ နှလုံးမှခန္ဓာကိုယ်အနှံ့အပြားဆီသို့ညှစ်ထုတ်ပို့ပေးနိုင်သောသွေးပမာဏ

လျှော့နည်းသွားသည်။ သွေးပေါင်(ဖိအား)က ပုံမှန်ထက်များလာသည်။ သွေးကြောရှိနံရံများသည်

ယခင်လိုပျော့ပြောင်းမှုမရှိတော့ဘဲ ထူထဲမာကျောလာကြသည်။ အဆုတ်များအတွင်း၌အောက်ဆီ

ဂျင်ဓာတ်နှင့်ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်တို့၏ဖလှယ်နိုင်စွမ်းလည်း ယုတ်လျှော့ကျဆင်းလာ

သည်။ ကြွက်သား၊ အရိုးနှင့်အဆစ်များတွင် သဘာဝအရပြောင်းလဲပျက်စီးမှုများ (degenerative 

changes) ရှိလာကြသည်။


ယခုအခါ သက်ကြီးရွယ်အိုအထူးကုဆရာဝန်များ (geriatricians) သည် ရောဂါရှာဖွေရေးနှင့်ရော

ဂါစီမံကုသရေးအပိုင်းတို့ကိုယခင်ကကဲ့သို့အထူးဦးစားမပေးတော့ဘဲ ရောဂါဖြစ်စဉ်ကိုနှေးကွေးစေ

ခြင်း (delaying disease) နှင့်ကျန်းမာရေးကိုဂရုပြုစောင့်ရှောက်တတ်ခြင်း (promoting health) 

တို့ကို ပြောင်းလဲအာရုံစိုက်နေကြပြီဖြစ်သည်။ 


အဘယ်ကြောင့်ဆိုသော် လူနာ၏ကျန်းမာရေးနှင့်မညီညွတ်သောနေထိုင်မှုဘ၀ပုံစံကိုပြောင်းပေး

လိုက်ခြင်း (lifestylechanges)နည်းဖြင့် ရောဂါတစ်မျိုးဖြစ်မလာစေရန် အချိန်ဆွဲထားနိုင်သည်။ 

ထိုသို့အချိန်ဆွဲထားပေးခြင်းကြောင့် အခြားသောကျန်းမာရေးပြသနာများနှင့်ဆက်နွှယ်ပေါ်ပေါက်

လာနိုင်သည့်ကျန်းမာရေးဆိုးကျိုးများကိုလည်း လျှော့ချလာနိုင်မည်ဖြစ်သည်။

 

                           

                                                       - တင်မောင်အေး (ကန့်ဘလူ) -

















***


အထက်ကဆောင်းပါးနှင့်ပတ်သက်လို့ ဆက်ပြီးစဉ်းစားဆွေးနွေးကြည့်ကြရအောင်ပါ။

ပြောချင်တာက ကိုယ်ထူကိုယ်ထကျန်းမာရေးအကြောင်းဖြစ်ပါတယ်။

ဆေးဝါးများကိုအားမကိုးချင်တော့လို့ 'ဆေးဝါးမဲ့ကျန်းမာရေး'ဘ၀ကို 'မည်သူမပြု မိမိမှု'

နည်းလမ်းဖြင့် ပြောင်းလဲကြိုးပမ်းကြရေးအတွက် အားပေးတိုက်တွန်းလျက်ရှိနေပါပြီ။


ဒီကနေ့ မိမိတို့လင်ကိုယ်မယား အဖိုးအဖွားနှစ်ယောက် Great World ကုန်တိုက်ကြီင်္းကို

ရောက်သွားခဲ့ကြပါတယ်။ 

အဲဒီမှာ POSB ဘဏ်များရှိလေမလားဆိုပြီးသွားကြည့်ကြတာ။ မရှိပါဘူး။ ငွေထုတ်ပေးတဲ့

ATM စက်တွေပဲရှိတာ။

ဒီလိုနဲ့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ရင်းက အကြောအဆစ်နဲ့ကျောရိုးခါးရိုးတန်းကုပ

ညာရှင်(Chiropractor)တဦး၏ဆေးခန်းနံရံမှာ 'သောမတ်စ် အက်ဒစ်ဆင်'ရဲ့ အောက်ပါဟော

ကိန်း(Prophecy)ကိုတွေ့မိပါတယ်။

























'နောင်ကာလတွေကျရင် ဆရာဝန်များက လူနာတွေကို ဆေးဝါးပေးမှာမဟုတ်တော့ဘူး' ဆို

လို့ စိတ်ဝင်စားတာနဲ့ ဟိုတယ်ပြန်ရောက်တော့ အသေအချာပြန်ရှာပြီးဖတ်ဖြစ်ခဲ့ပါတယ်။








No comments:

Post a Comment