"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, December 1, 2023

ခရီးယာယီ (၁)

 


'စတူဒီယို အမ်'ဟိုတယ်က ဓာတ်လှေကားမှာ အပေါ်မတက်ခင် အမှတ်တရလေး။


ခရီးယာယီဆိုရင် အနည်းဆုံးတော့ မိမိနေတဲ့မြို့ ရွာကနေ တခြားမြို့  တခြားရွာကို ကား ရထား ရေ

ယာဉ် လေယာဉ် တမျိုးမျိုးနဲ့သွားရတာမဟုတ်လား။

နေ့ချင်းပြန်ခရီး(day trip)ဖြစ်ဖြစ်၊ ၁ ရက် ၂ ရက်ကနေ ၅ ရက် ၁ ပတ်ခရီးဖြစ်ဖြစ် အဝေးတနေရာ

ရာကိုသွားရတာလေ။

ကဲ အခုတော့ ..

ဒီကနေ့နေ့လည်မှာ မိမိနှင့်ဇနီးတို့ အိမ်မှာတီဗွီကြည့်နေတုန်း သားကအပြင်ကနေပြန်ရောက်လာ

ပြီး မိမိတို့အနားယူကြရန်အတွက် ဟိုတယ်ဘွတ်ကင်လုပ်ခဲ့ကြောင်း ဆိုင်းမဆင့်ဗုံမဆင့်ကြီးပြော

ပါတယ်။

အဖေနဲ့အမေ တခါမှမရောက်ဖူးသေးတဲ့ စင်ကာပူမြို့ ထဲက တနေရာကိုပါတဲ့။




ဒါနဲ့ ဘုမသိဘမသိပဲ ၃-၄ ရက်စာအ၀တ်အစားတွေထည့်ပြီ နေ့ခင်း ၁ နာရီခွဲလောက်မှာ တက္ကစီ

နဲ့ Studio M ဟိုတယ်ကိုထွက်လာခဲ့ကြပါတော့တယ်။  

ဟိုတယ်မရောက်ခင် လမ်းတ၀က်လောက်မှာ မိုးစရွာပြီး မြို့ ထဲကိုရောက်တဲ့အခါမှာတော့ မိုးကသဲ

ကြီးမဲကြီးရယ်ပါ။















နေ့ ၂ နာရီမှာ ဟိုတယ်ကိုရောက်တော့လဲ မိုးကကောင်းနေတုန်းပဲ။

ဟိုတယ်တ၀ိုက်ကိုကြည့်တဲ့အခါ သားပြောတဲ့အတိုင်းပဲ ဒီနေရာကို မိမိတခါမှမရောက်ဖူးဘူး။

ဟိုတယ်ရှိတဲ့ နန်စန်းလမ်း(Nanson Road)ဆိုတာလဲ တခါလေးမှ မတော်တဆတောင် မကြား

ဖူးခဲ့တာ။

အခန်းထဲရောက်ပြန်တော့လဲ အပေါ်ထပ်အောက်ထပ်နဲ့ လှေကားနဲ့။ ဟုတ်နေပြန်ပါပြီ။

မိမိ ယခင်က တည်းခိုခဲ့ဖူးသမျှဟိုတယ်အခန်းတိုင်း တထပ်ခန်းတွေပါ။ တီဗွီ၊ အိပ်ရာ၊ ရေချိုး

ခန်း၊ အိမ်သာအားလုံး ဒီတခန်းထဲမှာပဲ အားလုံးရှိကြတာ။

အခုအခန်းက  အပေါ်ထပ်မှာအိပ်ရာနဲ့တီဗွီ ၂ မျိုးပဲရှိပြီး ကျန်တာတွေအားလုံး အောက်ထပ်မှာ

ရှိကြတယ်။

အဲ ဒါလဲအတွေ့အကြုံတမျိုးပေါ့လေ။ 

တောသားပီပီ အတွေ့အကြုံသစ်မြင်ရတိုင်း လေ့လာရ မှတ်သားရတာပေါ့နော်၊ မဟုတ်လား။







          


အခန်းထဲရောက်တော့ အိမ်ရှင်မနဲ့မိမိတို့က ပစ္စည်းတွေနေရာချနေတုန်း အိမ်ကယူလာတဲ့ကွန်
ပြူတာကို သားက စားပွဲပေါ်တင်ပေးပြီး အင်တာနက်သုံးနိုင်ဖို့ ဟိုတယ်ဝိုင်ဖိုင်နဲ့ချိတ်ဆက်ပေး
ပါတယ်။ 

နောက်ပြီး မိမိ၏ iPad နဲ့ သူ့အမေ၏မိုဘိုင်းဖုန်းများကိုလဲ တလက်စာတည်း ၀ိုင်ဖိုင်နဲ့ချိတ်ဆက်
ပေးရသေးတာ။

နေ့လည်စာကိုတော့ မြို့ ထဲဖက်ရောက်နေတဲ့အတူတူ ပဲန်နင်းစူးလားပလာစာကမြန်မာရွာကြီး
ကို တက္ကစီနဲ့သွားဖြစ်ကြတယ်။ စားနေကျဖြစ်တဲ့ အင်းလေးစားသောက်ဆိုင်မှာ မိမိအတွက်ထ
မင်းကြော်ရယ် အိမ်ရှင်မအတွက်ဆီချက်ခေါက်ဆွဲရယ် မှာစားကြပါတယ်။

စားနေကျဆိုတာက မိမိတို့ဇနီးမောင်နှံသည် ယခင်ကိုဗစ်မဖြစ်ခင်တုန်းအခါက မြန်မာရွာကြီးမှာ
နေ့လယ်စာကို ရနံ့သစ်ဆိုင်မှာပဲ စားကြတာများပါတယ်။ မြန်မာထမင်းကြော်နဲ့ဆီချက်ခေါက်ဆွဲ
စားပြီး ဖါလူဒါသောက်ချင်တဲ့အခါမှာတော့ အင်းလေးဆိုင်မှာစားလေ့ရှိကြတာ။

အဲဒီအချိန်တုန်းက မြန်မာဒန်ပေါက်နဲ့ဖာလူဒါကို စားချင်သောက်ချင်ပီဆိုရင်တော့ တရုတ်တန်း
အရပ်(China Town)မှာရှိတဲ့ မြန်မာအိန္ဒိယနွယ်ဖွား၏တာ့ဂ်ျစားသောက်ဆိုင်(Taj)ကို တကူးတ
ကကြီးကို သက်သက်သွားစားကြလေ့ရှိတာရယ်။ 







No comments:

Post a Comment