"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, November 29, 2023

အဆုတ်ရောင်ရောဂါကာကွယ်ရေး

 

SOURCE: The Straits Times 29/11/23









ဒီကနေ့ နေ့ခင်း ၃ နာရီလောက်မှာ ကာကွယ်ဆေးထိုးဖို့ရှိတာနဲ့ ဌာနမှူးကိုပြောပြီး အလုပ်ကနေ

နဲနဲစောထွက်လာခဲ့ပါတယ်။

ထိုးရမယ့်ဆေးက အဆုတ်ရောင်ရောဂါကာကွယ်ဆေး (Pneumococcal vaccine) ပါ။

သွားပြီးဆေထိုးရမယ့်နေရာက မိမိတို့အရပ်ထဲက ဂျူရောင်းပိုလီကလင်းနစ်ဖြစ်ပါတယ်။


ဒီဆေးထိုးဖို့ကို လွန်ခဲ့တဲ့ လေး ငါးလလောက်ကတည်းကစီစဉ်နေခဲ့တာ အဆင်မပြေဘူးကို

ဖြစ်ခဲ့ရတယ်။ 

အဲဒီအချိန်က ကျန်းမာရေးဝန်ကြီးဌာန(MOH)က ကာကွယ်ဆေးထိုးရန်သတိပေးအကြောင်း

ကြားစာလေးရလို့ ၀န်ကြီးဌာနကအသိအမှတ်ပြုထားတဲ့ မိမိတို့အရပ်ထဲကပုဂ္ဂလိကဆေးခန်း

အချို့ ကိုသွားပြီးစုံစမ်းမေးမြန်းကြည့်ခဲ့ပါသေးတယ်။ 

ဒီလိုနဲ့ ကာကွယ်ဆေးမထိုးဖြစ်တော့ပဲ မေ့မေ့လျော့လျော့တောင်ဖြစ်သွားပါတယ်။


ပြီးခဲ့တဲ့လက အစိုးရ၏နိုင်ငံတ၀ှမ်းကျန်းမာရေးစီမံကိန်း(Healthier SG)အရ ဂျူရောင်းပိုလီက

လင်းနစ်(National University Clinic)မှာ စာရင်းသွားသွင်းတဲ့အခါ ဒီကာကွယ်ဆေးထိုးဖို့

ကိစ္စရှိလာပြန်ပါတယ်။ 



























တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။

ဆေးထိုးပြီးအိမ်ကိုပြန်ရောက်တော့ စင်ကားပူနိုင်ငံထုတ် သစထရိတ်စ်တိုင်းမ်(စ)သတင်းစာမှာ

အဆုတ်ရောင်ရောဂါအကြောင်း ကျန်းမာရေးပညာပေးဆောင်းပါးကို ဖတ်ရပါတယ်။






ဒီဆောင်းပါးကိုရေးသူက မောင့်အယ်လ်ဗားနီးယားဆေးရုံ(Mount Alvernia Hospital)က အသက်

ရူလမ်းကြောင်းဆိုင်ရာသမားတော် ဒေါက်တာလင်းဟွေဖန်းဖြစ်ပါတယ်။








သာမန် အအေးမိ နှာစေးချောင်းဆိုးဖြစ်တဲ့ရာသီပေါ်တုတ်ကွေး(Common flu)နဲ့ အဆုတ်ရောင်
ရောဂါတို့ရဲ့ အဓိကမတူတဲ့အချက်က ပထမအမျိုးအစားက အသက်ရူလမ်းကြောင်း၏အပေါ်ဖက်
အပိုင်း(upper airway)မှာဖြစ်ပြီး ဒုတိယအမျိုးအစားက အသက်ရူလမ်းကြောင်း၏အောက်ဖက်အ
ပိုင်း(lower airway)မှာဖြစ်တာပဲဖြစ်ပါတယ်။ 

အဆုတ်ရောင်ရောဂါဖြစ်တဲ့အခါ လေအိတ်လေးတွေအထဲမှာ သလိပ်တွေ ပြည်တွေစုဝေးလာရာ
ကနေ အသက်ရူမ၀ဖြစ် ရင်ခေါင်းတင်းကျပ်ပြီး ပင်ပန်နွမ်းနယ် ကိုယ်လက်မအီမသာခံစားရတတ်
တယ်လို့ ဆောင်းပါးမှာရှင်းပြထားပါတယ်။  

အအေးမိ နှာစေးချောင်းဆိုးဖြစ်တဲ့တုတ်ကွေးနဲ့အဆုတ်ရောင်ရောဂါ ၂ မျိုးလုံးသည် ဗိုင်းရပ်စ် ဒါမှ
မဟုတ် ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်နိုင်ကြတာပါ။ 

ဆောင်းပါး၏အဆိုအရ အသက်အရွယ်ကြီးသူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ နာတာရှည်ရောဂါ
(chronic medical diseases ဥပမာ ဆီးချို၊ ကင်ဆာ)ရှိသူများသည် အဆုတ်ရောင်ရောဂါဖြစ်ဖို့အခွင့်
အလမ်းများကြောင်းသိရှိရပါတယ်။
















ရောဂါကာကွယ်ရေး

အဆုတ်ရောင်ရောဂါကာကွယ်ဆေးဖြစ်တဲ့ Pneumococcal vaccine က Streptococcus pneumo-

niae ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့အဆုတ်ရောင်ရောဂါဆိုး(invasive pneumococccal disea-

se)ကနေ ၇၅ ရာခိုင်နှုန်းအထိအကာအကွယ်ပေးနိုင်ပါတယ်။ 

ဒီဘက်တီးရီးယားပိုးသည် လူထုအတွင်းပျံ့ နှံ့ကူးစက်တတ်သည့် အဆုတ်ရောင်ရောဂါ(commu

city-acquired pneumonia)၏ ၆၀ ရာခိုင်နှုန်းအထိကို အဖြစ်များနေတာပါ။


ဒါကြောင့် စင်ကာပူနိင်ငံကာကွယ်ဆေးထိုးနှံရေးစီမံချက်(Singapore National Adult Immuni-

nation Schedule)အရ ဒီရောဂါမဖြစ်ရအောင်နဲ့ အကယ်လို့ဖြစ်လာခဲ့ရင်လဲ ဆိုးဆိုးဝါးဝါးကြီးမဖြစ်

စရန်အတွက် အသက် ၆၅ နှစ်နဲ့အထက်ရှိသူများကို တနှစ်တလုံး-နှစ်ကြိမ်ထိုးနှံကြဖို့ တိုက်တွန်း

ထားတာဖြစ်ပါတယ်။ 












ဆက်ပြီးရေးပါဦးမည်။





No comments:

Post a Comment