"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, November 5, 2023

Physiotherapist ဖြစ်ရတာ စိတ်ချမ်းသာ (၁)

 

လက်တု(Prosthetic arm)၀တ်ထားသည့်လူနာအား အကြောအဆစ်ကုပညာရှင်တဦးက 

ကြည့်ရှုသင်ကြားပြသပေးနေစဉ် (SOURCE: Photo by ThisisEngineering RAEng on Unsplash)


ဟုတ်ကဲ့ပါဗျ။

ကျနော်က အင်္ဂလိပ်လို Physiotherapist ခေါ်တဲ့ မြန်မာလိုကတော့ 'အကြောအဆစ်ကုပညာရှင်'

ပေါ့ဗျာ။ 

ကျနော့်အနေနဲ့ကတော့ အကြောအဆစ်ကုပညာရပ်(Physiotherapy)ဆိုတာကလေ ကျနော်ရဲ့ 

ဘ၀တသက်တာမှာ အကြိုက်ဆုံးအလုပ် အချစ်ဆုံးပညာလို့ပြောရင် မမှားပေဘူးပေါ့။

အဲ ဒါနဲ့။ 

မမှားတာကမှ လုံးဝကြီးကို မမှားတာပါ။

နေအုံးဗျ။ ပညာရှင်ဆိုလို့ ကြီးကြီးကျယ်ကျယ်ပြောတယ်လို့တော့ မထင်ကြစေချင်ပါဘူး။

Professional ဆိုတဲ့အင်္ဂလိပ်စကားလုံးဟာ မြန်မာလို'ပညာရှင်'လို့ဆိုတာလေးသိရင်ကို လုံ

လောက်နေပြီပဲဟာ။

ထပ်ပြီးရှင်းပြနေစရာမှမလိုတော့တာနော။

ကဲ ကြည့်။ အောက်မှာရိုးရိုးရှင်းရှင်း အနက်ဖွင့်ပြထားတာလေးကို။








A professional is someone who has a specialised job which only very well trained 

people can perform, such as Doctors, lawyers, and teachers. These occupations 

are known as professional occupations. They may often get paid more than other 

people.


'အကြောအဆစ်ကုပညာရှင်'ဆိုတာ ...

- လူတို့ရဲ့ လှုပ်ရှားသွားလာတာနဲ့ခြေလက်ခေါင်းခါးအသုံးပြုလှုပ်ရှားမှုအရာတွေကို သင်ကြား

   လေ့လာပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ထဲထဲဝင်ဝင် နားလည်တတ်သိထားတဲ့သူ။

- နောက်ပြီး အဲဒါတွေနဲ့ပတ်သက်တဲ့ချွတ်ယွင်းတာတွေ၊ ထိခိုက်အနာတရဖြစ်တာတွေ၊ အရင်

ကလို ပုံမှန်မလုပ်နိုင်မကိုင်နိုင်ဖြစ်သွားရတာတွေကို ကြည့်ရှုစမ်းသပ်စစ်ဆေးပြီး သင့်တော်တဲ့

ပြန်လည်ထူထောင်ရေးကုသမှုကို ကိုယ်တိုင်ဆုံးဖြတ်ကာ စနစ်တကျကုပေးနိုင်တဲ့ဆေးဘက်

ဆိုင်ရာပညာရှင်။

ဟုတ်ပြီနော်။






       


ဒီနေရာမှာလဲ ပြန်လည်ထူထောင်ရေးကုသမှု(Rehabilitation)ဆိုတဲ့စကာလုံးရဲ့ အဓိပ္ပာယ်ကိုအ
နည်းငယ်ရှင်းပြဖို့ လိုလာပါတယ်။

အတော်များများက ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ဆေးကုသပေးတာနဲ့ပတ်သက်လို့ သေသေချာချာ
မသိရှိကြသေးဘူးထင်ပါတယ်။ လူမှုကယ်ဆယ်ရေးအကြောင်းကိစ္စတွေနဲ့ပတ်သက်လို့ပဲ သိထား
ကြတာ များလိမ့်မယ်ထင်ပါတယ်။




အကြောအဆစ်ကုပညာရပ်နဲ့သက်ဆိုင်တဲ့ပြန်လည်ထူထောင်ရေးကုသမှုကို ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ကြီး(WHO))၏အနက်ဖွင့်ဆိုထားတာလေးကို အောက်မှာဖတ်ကြည့်စေချင်ပါတယ်။

    အကြောအဆစ်ကုသမှုဆိုင်ရာပြန်လည်ထူထောင်ပေးမှုဆိုတာ လူနာရဲ့ လုပ်ကိုင်နိုင်စွမ်း
    (Functioning)ကို အကောင်းဆုံးမြှင့်တင်ပေးတာ။ 
    တချိန်ထဲမှာ ရှိနေတဲ့မသန်စွမ်းမှု(Disability)ကိုလည်း နည်းပါးအောင်လုပ်ပေးတာ။

    အလွယ်ကူဆုံးပြောရမယ်ဆိုရင် လူနာအနေနဲ့ နေ့တဓူဝအလုပ်တွေ(Everyday activities)
    မှာ သူ့ဖာသာသူ အတတ်နိုင်ဆုံးလွတ်လွတ်လပ်လပ်လုပ်နိုင်တာအပြင် ပညာရေး၊ အလုပ်အ
    ကိုင်၊ အနားယူပျော်ရွှင်မှုနဲ့မိသားစုတာဝန်များမှာ ကျရာနေရာကပါဝင်ဆောင်ရွက်နိုင်တဲ့အထိ
    လေ့ကျင့်ကုသပေးတာ။  

ဟုတ်တာပေါ့ဗျာ။
တကယ်က လူတိုင်းလူတိုင်းဟာ တချိန်မဟုတ်တချိန်ဆိုသလို ကျမ်းမာရေပြန်လည်ထူထောင်
ပေးမှု လိုအပ်တတ်ကြတာပဲလေ။

    ထိခိုက်ဒဏ်ရာရတဲ့အခါဗျာ
    ခွဲစိတ်ကုသခံပြီးတဲ့နောက်ဗျာ
    နေထိုင်မကောင်းဖြစ်တာတွေနဲ့ ရောဂါရတဲ့အခါတွေမှာဗျာ
    ယုတ်စွအဆုံး အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်လာတဲ့အခါမှာရောဗျာ

ကဲ ဘယ်ပြေးမလဲလို့သာ မေးကြည့်တော့လေ။ 
ဒီတော့ လူရယ်လို့ဖြစ်လာရင် အကြောအဆစ်ပြန်လည်ထူထောင်ရေးနဲ့'ဘယ်သူရှောင်လို့ 
ကင်းပါတော့နိုင်' ပါပဲ။ 

ဒါကြောင့် Physiotherapist ဖြစ်ရတာကို ဂုဏ်ယူနေကြတာ။ 
Physiotherapy အလုပ်မှာ ကျေနပ်ပျော်ရွှင်မှုရနေကြတာ။
ရှင်းတယ်နော်။ နှစ်ခါမပြောဘူးမှတ်။

    







No comments:

Post a Comment