"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, November 23, 2023

စပ်မိစပ်ရာများ (၇) - HUR နှင့်ကျနော်


အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကျင်းပသည့် Canada Place 
(ဗန်ကူးဗား၊ ကနေဒါ)


အဲဒီတုန်းက ကြီးကြီး ငယ်ငယ် တွဲခဲ့ဖူးဖြစ်ပါတယ်လို့ မကြွားလိုပါတယ်။




ကြံ့ ခိုင်သန်စွမ်းလေ့ကျင့်ရေးကရိယာများ(exercise, rehabilitation and wellness equipment)ထုတ်

လုပ်တဲ့ ဖင်လန်နိုင်ငံက HURကုမ္ပဏီ၏သတင်းများကို အခုတလော ဖေ့စ်ဘွတ်မှာ  မကြာခဏတွေ့ 

မိနေပါတယ်။ (အောက်ပါ HUR Facebook 2023 ပုံများ)


ဒီအခါမှာ မိမိကိုပညာသင်ဆု(Scholarship)ချီးမြှင့်ပေးခဲ့တဲ့ HURရဲ့ ကျေးဇူးကြောင့် ၂၀၀၇ ခုနှစ်တုန်း

က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ မှာကျင်းပခဲ့သည့် အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ

(World Confederation for Physical Therapy Congress - WCPT Congress)ကို မိမိ ပထမဦးဆုံးအ

ကြိမ်တက်ရောက်ခဲ့ဖူးတာဖြစ်တယ်။ WCPT Congress ကို ထိုစဉ်က ၄ နှစ်ကြာမှတစ်ကြီမ်သာကျင်းပ

ခဲ့ပြီး ယခုအခါတွင်တော့ ၂ နှစ်မှာတကြိမ်ပြောင်းလဲကျင်းပလာခဲ့တော့တာ။


ပညာသင်ဆုအနေဖြင့် ညီလာခံမှတ်ပုံတင်ကြေး(ပညာရပ်ဆိုင်ရာလေ့လာရေးခရီးClinical visitအပါ

အ၀င်)၊ လေယာဉ်အသွားအပြန်ခရီး၊ ဟိုတယ်ခ၊ နေ့စဉ်အသုံးစားရိတ်များပါရှိကြတာဖြစ်ပါတယ်။


အင်္ကျီအစိမ်းဝတ်ပြီး နဖူးစည်းအနီပတ်ထားသူမှာ ကနေဒါတိုင်းရင်းသားဓလေ့ထုံးစံ(Canadian 
First Nations tradition)ကို ကိုယ်စားပြုထားခြင်းဖြစ်၏။ 
First Nations ဆိုသည်မှာ ကနေဒါနိုင်ငံရှိ အဘော်ရီဂျင်များ(Aboriginal people) ပင်ဖြစ်ကြ၏။

အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ(ဗန်ကူးဗား၊ ကနေဒါ) မှ

အမှတ်တရဓာတ်ပုံများ။

WCPT Congress ဖွင့်ပွဲအခန်းအနားနှင့်ကြိုဆိုဧည့်ခံရေးညက အာရှ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိက 
အစရှိသောတိုက်ကြီးများမှ တက်ရောက်လာကြသော ရင်ခုန်လှုပ်ရှား ညီလာခံကိုယ်စားလှယ်များ။
















လန်ဒန်မြို့ ရှိ WCPTရုံးချုပ်နှင့်ဖင်လန်နိုင်ငံ HURကုမ္ပဏီကြီးတို့၏ပူးတွဲပညာသင်ဆုကို ညီလာခံ
ဝက်ဆိုက်တွင် အောက်ပါအတိုင်းဖော်ပြပေးခဲ့ပါတယ်။





















'ဗန်ကူးဗားမှာ တို့တတွေဆုံတွေ့ကြရအောင်' လို့ 'မာရီကာ'က  မိမိတို့အားလုံးဆီကို အောက်ပါ
အီးမေးလေးပို့ပြီး ကြိုဆိုခဲ့တာဟာ နှစ်သက်ကြည်နူးစရာရယ်ပါ။







မိမိ၏ခရီးစဉ်အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။
လမ်းခရီးမှာ စိတ်ဝင်စားစရာလေးတွေအချို့  တွေ့ခဲ့ မြင်ခဲ့ရလို့ပါ။

နံနက် ၁ နာရီ ၁၀ မိနစ်မှာ စင်ကာပူကစီးလာတဲ့ အီဗားလေယာဉ်သည် အဲဒီနေ့မနက် ၅ နာရီခွဲ
ကျော်မှာ ထိုင်ဝမ်နိုင်ငံ တိုင်ပေအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ပါတယ်။ 

အဲဒီမှာ နောက်ထပ်အီဗားလေယာဉ်အကြီးကြီးကိုပြောင်းပြီးစီးကြရပါတယ်။ 

လေယာဉ်ပြောင်းမစီးမီ အချိန်ရတုန်း လေဆိပ်အတွင်းလျောက်ကြည့်ပြီး ဓာတ်ပုံအချို့ ရိုက်ခဲ့ပါ
သေးတယ်။ ညဥ့်နက်ပိုင်းဖြစ်တဲ့အတွက် ဆိုင်အားလုံးလိုလိုပိတ်ထားကြလို့ စားသောက်ဆိုင်ကို
လေဆိပ်အနှံ့လိုက်ရှာပြီး အဆာပြေ တခုခုစားခဲ့ရတာ။ 

လေဆိပ်ထဲ ဟိုဟိုဒီဒီလျောက်သွားရင်း ကလေးငယ် ၂ ယောက်နဲ့မြန်မာမိသားစုကိုတွေ့ရပါတယ်။
ကလေး ၂ ယောက်က ၃ နှစ်နဲ့ ၅ နှစ်အရွယ်လောက်ရှိကြမယ်ထင်ပါတယ်။

သူတို့လဲ မိမိနဲ့လေယာဉ်တစီးထဲစီးပြီး ဗန်ကူးဗားကိုသွားမှာလို့သိရပါတယ်။ သူတို့ကိုကြည့်ရတာ 
ပုံမှန်ခရီးသွားနဲ့မတူပါ။ ကနေဒါကို မြန်မာဒုက္ခသည်အဖြစ်သွားမယ်လို့သိရပါတယ်။ 
   
စင်ကာပူမှ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ သို့ ၁၆ နာရီခွဲကြာခရီးရှည်မောင်းနှင်ပျံသန်းလာတဲ့အီဗား'
လေယာဉ်ကြီး ဗန်ကူးဗားအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ချည်းကပ်တဲ့အချိန်မှာ နေရောင်က လင်း
လင်းကျင်းကျင်းရှိနေပါတယ်။ 
ကနေဒါအချိန်နဲ့ဆိုရင် ည ၇ နာရီ ၄၀ မိနစ်ရှိနေပါပြီ။

အချို့ သောတောင်ထိပ်နဲ့တောင်ကြားတွေအပေါ်မှာတော့ ခေဲများအဖွေးသား ဟိုတစ်စု ဒီတစ်စု 
ပျံ့ ကျဲလျက်ရှိနေတာကို လေယာဉ်ပေါ်ကနေ လှပစွာတွေ့ရပါတယ်။


























လေဆိပ်ထဲက ခရီးသည်အိတ်ရွေးတဲ့နေရာ(conveyor belt) ပစ္စည်းယူဖို့ မိမိ စောင့်နေတုန်း မြန်
မာစကားပြောနေတဲ့အလုပ်သမားအချို့ ကိုတွေ့ခဲ့ရပါသေးတယ်။

လေဆိပ်မှ တက္ကစီငှားလျက် University of British Columbia သို့အသွား စောစောက လေယာဉ်
ပေါ်ကနေမြင်ခဲ့ရတဲ့ တောင်ပေါ်ရေခဲများအကြောင်းကို ကားမောင်းသူအား မေးကြည့်မိပါတယ်။  

ဘာကြောင့်လဲဆိုတော့ မိမိရောက်နေတာက ဇွန်လဖြစ်လို့မို့ ကနေဒါမှာ ဆီးနှင်းကျအချိန်မဟုတ်
ပါဘူး။  

ယင်းရေခဲများမှာ တောင်များပေါ်၌ တစ်နှစ်ပတ်လုံးရှိနေကြောင်း၊ ယခုအခါမှာ ကမ္ဘာကြီးပူနွေးလာ
တာကြောင့် ယခင်အခါများကလို မများတော့ကြောင်းသိရှိရပါတယ်။













မိမိသည် WCPTရုံးချုပ်နှင့် HURကုမ္ပဏီကြီးတို့၏ပူးတွဲပညာတော်သင်ဆုဖြင့်လာရောက်ခြင်းဖြစ်
ရာ ဟိုတယ်ခကို ညီလာခံတက်သည့် ၅ ရက်အတွက်သာ ပေးထားတာဖြစ်တယ်။ 

ဒါပေမယ့် မိမိကတစ်ရက်ကြိုပြီးသွားခဲ့တဲ့အတွက် ရောက်သည့်နေ့ကတည်းခိုခကို မိမိဖာသာပဲ 
ကျခံရတာ။ 

နောက်ပြီး တက္ကသိုလ်မှာ ယခုလို တစ်ညတာတည်းခိုဖို့ကလည်း မိမိအနေဖြင့် စင်ကာပူမှာကထဲ
က အီးမေးနဲ့ကြိုတင်ဆက်သွယ်ပြီး စီစဉ်ခဲ့ရတာဖြစ်တယ်။ 

ညီလာခံကျင်းပရက်များက ကျောင်းပိတ်ရက်ရှည်နဲ့တိုက်ဆိုင်နေတာကြောင့် ကမ္ဘာ့အကောင်းဆုံး
တက္ကသိုလ် ၄၀ တွင်ပါရှိတဲ့ နာမည်ကျော်ဒီတက္ကသိုလ်ကြီးက မိမိတို့ညီလာခံကိုယ်စားလှယ်များကို 
ဈေးနှုန်းချိုသာစွာဖြင့် အခန်းငှားပေးခဲ့တာပါ။ 

တစ်ညတာဖြစ်သဖြင့် မိမိက ဟိုတယ်မှာ ငွေအကုန်အကျခံပြီးမတည်းခိုတော့ပဲ တက္ကသိုလ်ကြီးကို
လည်းရောက်ဖူးရလေအောင် တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောနဲ့ လာတည်းခဲ့ခြင်းဖြစ်ပါတယ်။



















No comments:

Post a Comment