"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, November 5, 2023

ကျွန်းသာယာသတင်းစဉ် (၈၀)

 






































မနေ့က ဖေ့စ်ဘွတ်မှာ အထက်ကပုံလေးကိုတွေ့မိပြီး လှေကားထစ်အမြင့်(staircase steps)တွေ
ကို သစ်သားတုံးလေးများကြားခံခုပေးပြီး နိမ့်အောင်(စိပ်အောင်)လုပ်ပေးထားတာလို့ထင်မှတ်ပြီး 
အတော်ကောင်တဲ့အကြံဥာဏ်ပါလားလို့ လှေကားအတက်အဆင်းအခက်အခဲတွေ့နေရသူတွေ
အတွက် ၀မ်းသာမိပါတယ်။

ဒီတော့ သေသေချာချာလေ့လာကြည့်တဲ့အခါ မိမိထင်ထားသလိုလှေကားထစ်အမြင့်က နိမ့်ပြီးမ 
သွားတာကို သတိပြုမိခဲ့တယ်။ 




တကယ်က မူလလှေကားထစ်ရဲ့ အမြင့်အတိုင်းပါဘဲ။ ဘာမှပြောင်းလဲတာကို မတွေရပါဘူး။
ဒါပေမယ့် ခြေနင်းခုံအပြားကတော့ အရှေ့ ဖက်ကိုအနည်းငယ်ကျယ်လာတာတွေ့ရပါတယ်။
အဲဒီရည်ရွယ်ချက်နဲ့လုပ်ထားတာဖြစ်နိုင်ပါတယ်။





ဒါနဲ့ တကယ်လို့ လှေကားထစ်ရဲ့ အမြင့်ကိုနှိမ့်ပေးချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်ပေးနိုင်
မလဲလို့ ဆက်ပြီးတွေးကြည့်မိပြန်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မိမိသည် လောလောဆယ်အားဖြင့် ဆေးရုံကလူနာတဦးကို လမ်း
လျှောက်တာနဲ့လှေကားတက်တာ(Gait and Stair Training) နှစ်မျိုးကို တပြိုင်နက်သင်ပေး
နေတာကြောင့်ပါ။ 








ကျန်းမာရေးချွတ်ယွင်းမှုအမျိုးမျိုးကြောင့် လှေကားအတက်အဆင်းခက်ခဲတာ ကြုံတွေ့ရတတ်
ပါတယ်။

ဥပမာ အဆစ်ရောင်လို့ တင်ပါးဆစ် ဒါမှမဟုတ် ဒူးနာတာ။ 

လေ့လာမှုတခုကပြောတာက လူတဦးစီဘ၀မှာ လှေကားအတက်အဆင်းလုပ်တဲ့အရေအတွက်
ပေါင်း နှစ်သိန်းနဲ့ငါးသောင်းခန့် (၂၅၀,၀၀၀)ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် အဆစ်ရောင်ရော
ဂါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အသက်ကြီးလာတဲ့အခါ အနည်းနဲ့အများဆိုသလို လှေကားအ
တက်အဆင်းလုပ်ဖို့ အခက်အခဲရှိလာကြတာ အထူးအဆန်းမဟုတ်ပါဘူး။ 

၂၀၂၁ ခုနှစ် မေလကထုတ်ပြန်တဲ့ Age UK ရဲ့ လေ့လာတွေ့ရှိချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ
သည် သက်ကြီးရွယ်အိုများ၏လှေကားအတက်အဆင်းကို သိသိသာသာကြီးထိခိုက်မှုရှိကြောင်း
သိရပါတယ်။

ဒီကပ်ရောဂါမဖြစ်ခင်ကတည်းက လှေကားအတက်အဆင်းအခက်အခဲရှိခဲ့ကြသည့် အသက် ၆၀
ကျော် သက်ကြီးရွယ်အို ၁.၂ သန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်းမှာ လှေကားအ
တက်အဆင်းတွေမှာ ပိုမိုခက်ခဲလာတာတွေ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ 

ဒါ့အပြင် ယခင်က လှေကားအတက်အဆင်းအခက်အခဲမရှိခဲ့ကြသည့်သက်ကြီးရွယ်အို ၁.၆ သန်း
ခန့်မှာလဲ ကိုဗစ်-၁၉အလွန်ကာလမှာ လှေကားတက်တာဆင်းတာခက်ခဲလာကြတယ်ဆိုပါတယ်။

ဒီအခါမှာ သူတို့ရဲ့ လှုပ်ရှားသွားလာနိင်မှုတွေကျဆင်းလာတာကြောင့် အပြင်ထွက်တာနဲ့လေ့ကျင့်
ခန်းလုပ်ရမယ့်အစား အိမ်ထဲမှာအခန်းအောင်းပြီးနေရတဲ့အချိန်တွေသာ ပိုများလာပါတယ်တဲ့။











No comments:

Post a Comment