"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 29, 2023

နားလည်စာနာခြင်း









ကျမ၏အဖိုး ဆေးရုံတက်ရတော့ အဲဒီတုန်းက ကျမသည် 
ဘာဆိုဘာမှ လုပ်နိုင်ကိုင်နိုင်စွမ်းမရှိတဲ့အဖြစ်ကို 
ခံစားခဲ့ရဖူးပါတယ်။
ဒါပေမယ့် ကျမတို့ဆေးရုံက၀န်ထမ်းတွေနဲ့ 
ထိတွေ့ဆက်ဆံရတာလေးတွေက
နားလည်စာနာခြင်းနဲ့ပြောဆိုဆက်ဆံခြင်းများ၏
အရေးပါမှုတန်ဖိုးကို သိမြင်သဘောပေါက်စေခဲ့တာအမှန်ပါ။

ကျမက နောက်ဆုံးနှစ်ဆေးကျောင်းသူတဦးပါ။

ကျမတို့၏ကျောင်းသင်ခန်းစာအတော်များများကတော့ လူနာများနဲ့ပြောဆိုဆက်ဆံရေးအပိုင်း
(patient communication)ကိုအဓိကထားပြီး သင်ကြားလေ့ကျင့်ပေးပါတယ်။

ဘွဲ့ယူရတော့မည့်နောက်ဆုံးနှစ်အတန်းတင်စာမေးပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ လူနာများ၊ လူနာ
မိသားစုများနဲ့သဏ္ဌာန်လုပ်ပြီးသရုပ်ဆောင်လေ့ကျင့်ရသည့်ဆေးလက်တွေ့ဘာသာရပ်(Clinical 
simulation)လုပ်ခဲ့ရပါတယ်။ ဒါက ကျမတို့၏ပြောဆိုဆက်ဆံမှုရယ်၊ ဆရာဝန်တဦး၏ကျွမ်းကျင်မှု
နဲ့အရည်အချင်းပြည့်ဝမှုရယ်၊ ခက်ခဲသည့်အခြေအနေများအားကိုင်တွယ်ဖြေရှင်းနိုင်မှုတွေရယ်ကို 
စစ်ဆေးတာပါ။ 

လူနာ၏စိတ်မကောင်းစရာအခြေအနေသတင်ဆိုးကို လူနာရှင်များအား ရှင်းလင်းပြောပြပြီးအသိ
ပေးရတာ(breaking bad news to family)၊ ဆေးကုသမှုနဲ့ပတ်သက်ပြီး အမှားအယွင်းဖြစ်ခဲ့မိသည့်
တွက်တောင်းပန်ရတာ(apologising for medical errors)တွေအပြင် နာတာရှည်ရောဂါဝေဒနာ
များအကြောင်းဆွေးနွေးအကြံပေးတိုင်ပင်ရတာ(counsellinf for chronic conditions) အစရှိတာ
တွေပဲပေါ့ရှင်။












   



Empathy ခေါ်နားလည်စာနာတတ်မှုရှိခြင်းသည် အဓိကကျသည့်လူ့အရည်အသွေး
လက္ခဏာတရပ်ဟု ဆေးတက္ကသိုလ်ပါမောက္ခချုပ်များက မကြာခဏရည်ညွှန်းပြော 
ဆိုကြလျက် နောင်လာမည့်ဆေးကျောင်းသူကျောင်းသားများတွင် အဆိုပါအရည်အ
သွေးပါရှိရန် မျှော်လင့်ထားကြသည်။

ထိုအရည်အသွေးကို ဆေးကျောင်းဝင်ခွင့်စာမေးပွဲ၏လိုအပ်ချက်တခုအနေဖြင့် စစ်ဆေး
မှုများပင်ရှိနေပါသည်။ လူတို့၏၀ါသနာ၊ အထုံနှင့်ဝသီများအားစစ်ဆေးသည့်မေးခွန်းများ
(Psychometric questions) ကိုဆေးကျောင်းဝင်ရောက်မည့်သူများ ဖြေကြားအစစ်ဆေးခံ
ရန်လိုအပ်လေသည်။ 

သို့ရာတွင် သိပ္ပံပညာရပ်(Science)သည်လည်း တိကျမှုနည်းပါးပြီး အရည်အသွေးထက်
အရေအတွက်နှင့်အရွယ်အစားကိုသာပြဆိုနိုင်ခြင်းမျိုးရှိတတ်သည်။  

တကယ်တမ်းနားလည်ရခက်ခဲနေသည်မှာ ဆရာဝန်အတော်များများတွင် နားလည်စာနာ
တတ်မှုအရည်အသွေးခေါင်းပါးသည်ဟု သုတေသနပြုလေ့လာတွေ့ရှိချက်များကပြဆိုနေ
ကြခြင်းပင်ဖြစ်သည်။ 

ဆရာဝန်များအနေဖြင့် ထိုအရည်အသွေးရှိရန်ခက်ခဲနေသည့်အပြင် ရှိပြီးသူများကလည်း
ရေရှည်ထိမ်းသိန်းထားနိုင်ရန် မလွယ်ကူပါချေ။ 























ကျမသည် ဆေးကျောင်းသူတဦးအနေဖြင့် ဆေးပညာသင်တန်းအတွေ့အကြုံနှစ်ပေါင်းများစွာ
ရှိခဲ့သော်လည်း ကျမ၏အဖိုး ရုတ်တရက်နေထိုင်မကောင်းဖြစ်သောအခါ ကျမဘ၀မှာတသက်
နှင့်တကိုယ် သွေးလေခြောက်ခြားဖြစ်သွားခဲ့ရသည်။ 
ကျမက အဖိုး၏လူနာအစောင့်အရှောက်ဖြစ်လာတော့၏။ 

အဖိုးနေမကောင်းစဖြစ်သည့်နေ့ကဆိုရင် သူ၏လေးလံသည့်ခန္ဓာကိုယ်ကြီးကို ဘီးတပ်လှည်း
ပေါ်တင်ပြီး မနိုင်မနင်းတွန်းရသည်။ 

ဆရာဝန်နှင့်တွေ့ရန်စောင့်နေကြသောလူနာများနှင့်စိုးရိမ်သောကရောက်နေကြသည့်မိသားစု
များပြည့်ညပ်နေသောဆေးရုံ၏၀ရန်တာလမ်းလေးတွေတလျှောက်တွန်းရင်း လမ်းညွှန်ဆိုင်း
ဘုတ်လေးတွေဖတ်လိုက် ခဏရပ်လိုက် ဟိုဟိုဒီဒီကြည့်လိုက် ပြန်ရှာလိုက်ဖြင့်ရုန်းကန်ခဲ့ရပါ
သည်။  
 
တကယ်က ကျမသည် ဒီဆေးရုံထဲကလမ်းလေးတွေကို ဆေးကျောင်းသူတယောက်အနေဖြင့်
ကြိမ်ဖန်များစွာ မရေမတွက်နိုင်သည်အထိသွားလာခဲ့ဖူးသော်လည်း ယခုအခါ အရေးပေါ်ဌာန
ဆီကို ဘယ်လိုသွားရကောင်းမှန်းပင်မသိနိုင်ပါချေ။

ကျမ ခေါင်းတွေရှုပ်ထွေးလာခဲ့သည်။ 
ဘာကိုမှ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့။ 
အော် ကျမနှလုံးက ဒုန်းဆိုင်းခုံလျက်ရှိပြီး ရင်တွေပန်းတွေတုန်လိုက်ရတာများလေ။



































No comments:

Post a Comment