"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Sunday, October 8, 2023
ကျွန်းသာယာသတင်းစဉ် (၇၉)
ဤပုံကိုကြည့်ပါ
အဝေးကပင်မြင်နိုင်ပါသည်။
မြန်မာတနိုင်ငံလုံး၏
ရင်နှင့်မဆံ့အောင်
ခါးသီးလှတဲ့ဘ၀တွေများရယ် ...
SOURCE: Facebook (7/10/23)
ဒါပဲလေ။
***
တင်အောင်ခိုင် ။  ။ စစ်ကောင်စီကနေပြီးတော့ NCA စာချုပ်ချုပ်ဆိုခြင်း (၈) နှစ်ပြည့် ငြိမ်းချမ်း
ရေးညီလာခံကို လာမည့်တနင်္ဂနွေနေ့မှာ နေပြည်တော်မှာကျင်းပဖို့စီစဉ်နေပါတယ်။
အဲဒီပြင်ဆင်နေတဲ့အချိန်မှာပဲ စစ်ဆင်ရေးတွေလဲတိုးချဲ့ ပြီးဆောင်ရွက်နေတာတွေ့ရပါတယ်။
အဲဒါဘာ့ကြောင်လဲဆိုတာ ဒီကနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်။
NCA (၈) နှစ်ပြည့်ချိန် ဘာကြောင့် စစ်ရှိန်မြှင့်နေသလဲ
- စစ်တပ်က သူတို့အခက်အခဲပေါ်လာတိုင်း NCA အလံလွှင့်လွှင့်ပြီး ထွက်ပေါက်ရှာတတ်တယ်။
- ရှစ်လေးလုံးအရေးအခင်းမှာလဲ စစ်တပ်က ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ချင်
တိုင်းသတ်ပြီးတော့ ဒီငြိမ်းချမ်းရေးအလံကိုကိုင်ခဲ့တာပဲ။
- ဒါက အခုမှမဟုတ်ဘူး။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းအာဏာသိမ်းပြီး (တက္ကသိုလ်)ကျောင်းသူ
ကျောင်းသားတွေကို ပိုးစိုးပက်စက်ပစ်သတ် ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဗုံးခွဲ
ဖျက်စီးပြီးတော့လဲ သူတို့ပုံရိပ်ကိုအဖတ်ဆယ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲဆိုပြီး
ဟန်ပြလုပ်ခဲ့ကြသးတာပဲလေ။ 
- အခုလဲပဲ ဦးသိန်းစိန်ခေတ် ဒေါ်အောင်ဆန်းစုကြည်ခေတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မင်း
အောင်လှိုင်ဝင်ပြော(စွက်)လိုက်ရင် ဘာတွေဖြစ်သွားတယ်ဆိုတာ အားလုံးအသိပဲ။
- ပြည်သူတွေသိထားရမှာက ဒီစစ်တပ်က နိုင်ငံရေးအာဏာနဲ့စီးပွားရေးအာဏာတွေကို အလျော့
မပေးသမျှဘယ်တော့မှ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး
မှတ်ချက်။  ။ နိုင်ငံရေးအာဏာနဲ့စီးပွားရေးအာဏာဆိုတာတွဟာ စစ်တပ်အနေနဲ့ မူးလို့တောင် 
ရှူမယ့်ဟာမျိုးမဟုတ်ဘူး။ ဘာမှမဆိုင်ဘူးလုံးဝမပတ်သက်ဘူး။ 
ကျနော်တို့တိုင်းရင်းသားအဖွဲ့အစည်းတွေက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ချင်တယ်။
၂၀၁၃ ခုနှစ်က လိုင်ဇာမှာကျင်းပခဲ့တဲ့ညီလာခံကစပြီး NCA အစ လိုင်ဇာကလို့ပြောနိုင်ပါတယ်။ 
***
(မေး) သက်ထွေးနိုင် ။  ။ စစ်ကောင်စီက ပြည်ပမှာရှိတဲ့မြန်မာနိုင်ငံသားတွေဆီက အခွန်ကောက်
                                         မယ်လို့သိရပါတယ်။ အခုနှစ် အောင်တိုဘာ ၁ ရက်နေ့ စမယ်။ 
                                         ၁၀ ရာခိုင်နှုန်း ကောက်မယ်။
ပြီး ဆရာရဲ့ သုံးသပ်ချက်ကိုသိလိုပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် စစ်ကောင်စီက ဓားပြဖြစ်နေပြီ။
အိမ်တွေမှာ သေနတ်ပြပြီးတောင်းနေတာနဲ့ အတူတူပဲ
ဓားပြမှ ဓားပြပဲ။
ဒါက ရှင်းရှင်းလေးပဲ၊
သူတို့မှာနိုင်ငံခြားငွေ အရမ်းလိုနေတယ်။
ကျပ်တည်းပြီးတော့မှ ကိုယ့်ဘ၀ကို ရုန်းကန်နေရတဲ့ပြည်သူတွေအပေါ်မှာ 
ဝန်ထုပ်ဝန်ပိုးဖြစ်အောင် မညှာမတာလုပ်ပြီး အခွန်ကောက်ယူနေတာ။
စကစ သတ်မှတ်ဈေးနဲ့ဆိုရင် ၁ ဒေါ်လာမှာ ၁၄၀၀ နာနေပြီ။ အဲဒီ ၁၄၀၀ က အခွန်ကောက်လိုက်တာပဲ။
***
No comments:
Post a Comment