"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, October 4, 2023

စပ်မိစပ်ရာများ (၅) - သက်ကြီးရွယ်အိုများ ကျန်းမာပျော်ရွှင်ရေး - ၁

 





သက်ကြီးရွယ်အိုများသည် 
အကြားအမြင်ဗဟုသုတနှင့်အတွေ့အကြုံကြွယ်ဝမှုမှာ
အဖိုးမဖြတ်နိုင်သည့် လူသားအရင်းအမြစ်များဖြစ်ကြသည်။

သက်ကြီးရွယ်အိုများသည်
ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ကျွန်တော်တို့နေထိုင်သည့်ကမ္ဘာကြီးအား ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက်
များစွာအကျိုးပြုထောက်ပံ့ပေးနိုင်ကြသူများဖြစ်သည်။ 
                (အန်တိုနီအို ဂူတာရက်စ်၊ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်)




ယခုလ အောက်တိုဘာသည် မိမိတို့သက်ကြီးရွယ်အိုများအနေဖြင့် မင်္ဂလာရှိတဲ့နေ့တနေ့လို့
ပြောရမှာပါ။

ဘာ့ကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၃၃ နှစ်ကာလဖြစ်တဲ့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာကု
သမဂ္ဂအထွေထွေညီလာခံကြီး(United Nations General Assembly) က အောက်တိုဘာ 
(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ (International Day of Older 
Persons) လို့သတ်မှတ်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်။

တနည်းပြောရရင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို ကမ္ဘာ့နိုင်ငံအနှံ့မှာနှစ်စဉ်နှစ်
တိုင်းကျင်းပလာခဲ့တာ ယခုတကြိမ်ပါဆိုရင် ၃၃ ကြိမ်ရှိခဲ့ပါပြီ။

ဒါဖြင့် သက်ကြီးရွယ်အိုတဦးရဲ့ အသက်ကိုဘယ်လောက်လို့ တရားဝင်သတ်မှတ်ထားပါသလဲ။

ဒါကိုသိချင်ကြမယ်ထင်ပါတယ်။
ကုသမဂ္ဂကတော့ သက်ကြီးရွယ်အို၏အသက်သည် ၆၅ နှစ်နဲ့အထက်လို့သတ်မှတ်ပေးထား
ပါတယ်။


















မြန်မာပြည်တွင် တနိုင်ငံလုံးအသက်အကြီးဆုံးအဖွား (၁) ဦးနဲ့အဖိုး (၁) ဦးတို့သည် အသက် 
(၁၂၀) ကျော်ရှိကြောင်း ယခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ထုတ်မြန်မာ့အလင်းသတင်း
စာအရသိရပါတယ်။
- အဖွားဒေါ်ချောယဉ် အသက် (၁၂၃) နှစ်၊ မကွေးမြို့ နယ်
- အဖိုးဦးအောင်ထွန်း အသက် (၁၂၁) နှစ်၊ ပလက်ဝမြို့ ၊ ချင်းပြည်နယ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရလက်
ထက် ၂၀၁၉ ခုနှစ်ကပြုလုပ်ခဲ့တဲ့ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာပြည်မှာ
သက်ကြီးဦးရေ ၅ ဒသမ ၂ သန်းခန့်ရှိကြောင်းသိရပါတယ်။ 

ထိုစဉ်က မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ
စီမံချက်(၂၀၁၄)အရ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာ
ရေးနှစ်မှစတင်ပြီးတော့ တနိုင်ငံလုံးအတိုင်အတာနဲ့ထောက်ပံ့ခဲ့ရာ အကျိုးခံစားခွင့်ရှိသူစုစု
ပေါင်း ၁၉၈၇၂၁ ဦးခဲ့ကြောင်းမှတ်သားရပါတယ်။

အလားတူစွာ သက်ကြီးရွယ်အိုများ၏အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်
ပေးနိုင်ရန်အလို့ငှာ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို NLD အစိုးရက ၂၀၁၇ ခုနှစ်
မှာ ဖွဲ့စည်းနိုင်ခဲ့ပါသေးတယ်။





















၂၀၂၁ ခုနှစ်က ကမ္ဘာမှာ အသက် ၆၅ နှစ်နဲ့အထက်ရှိသူဦးရေ စုစုပေါင်း ၇၆၁ သန်းရှိကြောင်း
သိရပါတယ်။ ၁၉၈၀ ခုနှစ်တုန်းက ကမ္ဘာမှာ အသက် ၆၅ နှစ်နဲ့အထက်ရှိသူဦးရေ စုစုပေါင်းက
သန်း ၂၆၀ ၀န်းကျင်ပဲရှိခဲ့တာဖြစ်လို့  သက်ကြီးရွယ်အိုဦးရေဟာ ၄၁ နှစ်အတွင်း ၃ ဆထိတိုး
ပွားလာခဲ့တာ။

ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သက်ကြီးရွယ်အိုဦးရေတိုးပွားနှုန်းအလွန်မြန်ဆန်မှုရှိနေတာ
ဖြစ်တဲ့အတွက် ကျန်းမာရေးပညာပေးမှု (promoting health) နှင့် ရောဂါများမှကာကွယ်ကုသ
ရေး(preventing and treating illnesses) တို့ဟာ အထူးတလည်အရေးကြီးလာပြီဖြစ်ကြောင်း
ကျန်းမာရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များနဲ့နိင်ငံခေါင်းဆောင်များအကြား အတော်လေး
ကျယ်ကျယ်လောင်လောင်ရှိလာနေပါတယ်။ 


ဒီအခါမှာ သက်ကြီးရွယ်အိုများ၏ကျန်းမာရေးနဲ့ပျော်ရွှင်ရေးတို့အတွက် အောက်ဖော်ပြပါစာအုပ်
ကို လွန်ခဲ့သည့် ၃၅ နှစ်က မိမိရေးသားပြုစုခဲ့တာကိုအမှတ်ရမိပါတယ်။

ယခုအခါမှာ မိမိကိုယ်တိုင်က သက်ကြီးရွယ်အိုတဦးဖြစ်လာပြီဖြစ်ရာ ကိုယ့်စာအုပ်ကိုပြန်ဖတ်ပြီး
မိမိ၏ကျန်းမာရေးနှင့်ပျော်ရွှင်ရေးတို့အတွက်သိစရာ မှတ်စရာ လိုက်နာကျင့်ကြံစရာများကို  စာ
ဖတ်သူနေရာကနေ လေ့လာရတော့တာ။ 



















 













No comments:

Post a Comment