"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, October 23, 2023

တဲန်ဂမြို့ သစ် တည်ဆောက်ခြင်း

 




မနက်မိုးလင်းလာလို့ အိမ်နောက်ဖေးဘက်ကိုကြည့်လိုက်တာနဲ့ ထုသံနှက်သံဆူဆူညံညံအသံ

ဗလံများနဲ့အတူ တဲန်ဂမြို့ သစ်ဆောက်လုပ်ရေးလုပ်ငန်းကို နေ့စဉ်တွေ့မြင်နေရတာ အထူးအ

ဆန်းမဟုတ်တော့ပါဘူး။  


မိမိတို့နေတဲ့ ဂျူရောင်းဝက်စ် ၄၂ လမ်း(Jurong West, Street 42)ကနေ မြင်ရတာက အပေါ်

ပုံထဲကအတိုင်းဖြစ်ပြီး အောက်ကပုံထဲကလို တိုက်တာအိမ်ခြေတွေဆောက်တာမျိုးကိုတော့ အ

ခုအချိန်ထိ မတွေ့ရသေးပါဘူး။


ဒီမြင်ကွင်း ၂ ခုက ဟက်တာ ၇၀၀ အကျယ်အ၀န်းရှိပြီး Forest Town လို့ တင်စားခေါ်ဝေါ်ထား

သည့် သစ်တောမြို့  ဒါမှမဟုတ် တောအုပ်တောတန်းမြို့ တည်သစ်ဆောက်ရေးသည် မည်မျှကြီး

မားကျယ်ဝန်းတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။


သစထရိတ်စ်တိုင်းမ်စ်(The Straits Times)၏ ဆောက်လုပ်ရေးသတင်းထောက် 'မစ်ရှယ်အန်ဂ်'

ကတော့ ဒီမြို့ သစ်ရဲ့ အကျယ်အ၀န်းက အကြမ်းဖျဉ်းအားဖြင့်ပြောရရင် ဘီရှန်း(Bishan Town)ရဲ့ 

ကျယ်အ၀န်းလောက်ပါပဲလို့ သူရဲ့ ဆောင်းပါးမှာခန့်မှန်းပြောထားတာတွေ့ရပါတယ်။ 


































အရင်တုန်းကဆိုရင် ဒီနေရာက အထက်ကပုံလေးမှာတွေ့ရတဲ့အတိုင်း စိမ်းစိမ်းစိုစိုသစ်ပင်တွေ

နဲ့တောအုပ်တောတန်းလေးပါ။ 


မိမိတို့အိမ် (၁၀)ထပ်အမြင့်ကနေကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံ၏တောင်ဖက်စွန်းအရပ်ဖြစ်

တဲ့'ဂျဟိုးကော့စ်ဝေး'နေရာအထိကို မျက်စိတဆုံး တမျှော်တခေါ်ကြီးတွေ့မြင်နေကျ။ 


တခါတလေ ရာသီဥတုသာသာယာယာရှိပြီး မိုးတိမ်တွေရှင်းတဲ့နေ့များမှာ ဟိုအဝေးဆီ မလေး

ရှားဘက်အခြမ်းက ထိုးလိုးထောင်လောင်တိုက်တွေရဲ့ ထိပ်ပိုင်းကိုတောင် ထင်ထင်ရှားရှားကြီး

မြင်ခဲ့ရသေးတာ။

 





တဲန်ဂမြို့ သစ်(Tengah)ဆောက်ပြီးတဲ့အခါ နေအိမ်ပေါင်းလေးသောင်းနှစ်ထောင်(၄၂,၀၀၀)ရှိမှာ
ဖြစ်ပြီး အဲဒီအထဲမှာမှ အိပ်ခ်ျဒီဘီ(HDB)တိုက်ခန်းသုံသောင်း(၃၀,၀၀၀)နဲ့ ကိုယ်ပိုင်အိမ်ယာ တစ်
သောင်းနှစ်ထောင်(၁၂,၀၀၀)ပါရှိကြမယ်ဆိုပါတယ်။








စင်ကာပူနိုင်ငံ၏နောက်ဆုံးမြို့ သစ်ဖြစ်သည့် တဲန်ဂမြို့ သည် တည်နေရာအားဖြင့် ဂျူရောင်းအိစ် 

(Jurong East)၊ ချွှာချူးကန်(Choa Chu Kang)နဲ့ဘူးကစ်ဘာတော့(Bukit Batok)တို့ရဲ့ တောင်

ဖက်၊ တဲန်ဂလေတပ်စခန်(Tengah Air Base)ရဲ့ မြောက်ဖက်မှာတည်ရှိနေတာဖြစ်တယ်။







No comments:

Post a Comment