"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 8, 2023

စပ်မိစပ်ရာများ (၆) - ဒူးနာခြင်းနှင့်လှုပ်ရှားလေ့ကျင့်ကုသမှု - ၂

 



အမှတ် (၁) မှာတုန်းက OA knee ဆိုတဲ့ဒူးနာခြင်းအမျိုးအစားမှာ အကြောအဆစ်ဆိုင်ရာလှုပ်ရှား

လေ့ကျင့်ကုသမှု(Therapeutic exercises)သည် မပါမဖြစ်၊မလုပ်မဖြစ်ကိုအရေးကြီးတဲ့အကြောင်း

အထက်ကအတိုင်းပြောခဲ့ပါတယ်။ 

တကယ်က ဒူးနာတာမှတင် မဟုတ်ပါဘူး။ 

အခြားသောအကြောအဆစ်၊ အရိုးနဲ့အာရုံကြောဆိုင်ရာရောဂါဝေဒနာများမှာလဲပဲ ဒီလိုလှုပ်ရှား

လေ့ကျင့်ကုသမှုမျိုးတွေလိုအပ်လေ့ရှိပါတယ်။   

ဒီတော့ Therapeutic exercise လို့ခေါ်သည့် အကြောအဆစ်ဆိုင်ရာလှုပ်ရှားလေ့ကျင့်ကုသမှုအ

ကြောင်းပြောပြဖို့လိုအပ်လာပါတယ်။


အကြောအဆစ်ကုပညာရှင် (physiotherapist) က လူနာတဦးကို ကြည့်ရှုစမ်းသပ်ပြီးတဲ့အခါတိုင်း

တွေ့ရှိချက်တွေအပေါ်အခြေခံပြီး ကုသမှုစီမံချက်(Physiotherapy Treatment Plan)ထဲမှာ ဘယ်လို

ကုသမှုအမျိုးအစားတွေပြုလုပ်မယ်ဆိုတာ ရေးမှတ်ရပါတယ်။ 

အဲဒီမှာ လူနာပြုလုပ်ရမယ့်လှုပ်ရှားလေ့ကျင့်မှုတွေပါရှိပါတယ်။ 

အဲဒီလှုပ်ရှားလေ့ကျင့်မှုတွေရဲ့ အဓိကရည်ရွယ်ချက် ၂ ခုကတော့၊ 

၁) လူနာရဲ့ ချွတ်ယွင်းချက် အားနည်ချက်ကို ပြုပြင်တည့်မတ်ပေးဖို့နဲ့

၂) အကြောနဲ့အရိုးအဆစ်တွေရဲ့ မူလလုပ်ငန်းများကို ပြန်လည်ရရှိဖို့ ဒါမှမဟုတ် လောလောဆယ်

ကျန်ရှိနေသေးတဲ့လုပ်နိုင်ကိုင်နိုင်တာလေးများကို ဆက်ပြီးလျော့နည်းကျဆင်းမသွားရလေအောင်

ထိန်းထားပေးဖို့ အတွက်ပါ။ 
























တနည်းပြောရမယ်ဆိုရင် ထိခိုက်ဒဏ်ရာရမှုများကို ကာကွယ်ပေး၊ကုသပေးနိုင်တဲ့ကိုယ်လက်လှုပ်

ရှားလေ့ကျင့်ခန်းအမျိုးအစား (Physical activity) တွေပဲဖြစ်ပါတယ်။  

ဒီနေရာမှာသိထားဖို့လိုတာက ခြေ၊ လက်၊ ခေါင်း၊ ခါးလှုပ်တိုင်း လေ့ကျင့်ခန်း (exercise) မဟုတ်သ

လို ကုသမှု(therapy)လဲ မမြောက်ပါဘူး။ 

ဒါနဲ့ပတ်သက်ပြီး အရိုးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဦးကျော်မြင့်နိုင်က သူ့ကိုယ်တွေ့လေးပြောပြ

ပါတယ်။

အတော်လေးကောင်းတဲ့ ဥပမာလေးတခုလို့ပြောရမှာပါ။ 

အရိုးခွဲစိတ်ပညာရပ်ဆိုင်ရာမဟာသိပ္ပံ(MSc)တန်းတက်နေစဉ်က အတွေ့အကြုံလို့ပြောပါတယ်။

ထိုအချိန်တုန်းက သူ့ဆရာကြီး၏အမည်ကိုတော့ မပြောလိုပါဘူးတဲ့။

ဟိုတချိန်တုန်းက ဆရာဝန်ကြီးအချို့ သည် လူနာများအပေါ်မှာ အပြောအဆိုကြမ်းတတ်တယ်ဆို

ပါတယ်။

တနေ့မှာ ဆရာကြီးက သူ့လူနာအမျိုးသမီးကြီးတဦးကို သူသင်ပေးထားတဲ့လက်လေ့ကျင့်ခန်းကို

လုပ်ပြခိုင်းပါတယ်။

ဒီအခါမှာ လူနာက လက်ချောင်းလေးတွေကို တဆတ်ဆတ်လှုပ်ခါပြပါတယ်။

ဒါကိုမြင်တဲ့အခါ ဆရာကြီးပြောလိုက်တဲ့စကားကြောင့် လူနာခမျာမျက်လုံးအပြူးသားနဲ့အထိတ်

လန့်ဖြစ်သွားရှာပါသတဲ့။ 

















ဆရာကြီးပြောလိုက်တာက၊ 

"ငါက နင့်ကို လေ့ကျင့်ခန်းလုပ်ခိုင်းတာ။ ခွေးမြီးနံ့ခိုင်းတာမဟုတ်ဘူး" ဟူသတတ်။

 ဒေါက်တာဦးကျော်မြင့်နိုင်က ဒီအတွေ့အကြုံလေးကိုပြန်လည်ဖောက်သည်ချရင်း လူနာခမျာ

နားစရာလဲကောင်းပါတယ်'လို့ ဂရူဏာသက်စွာပြောပြီးပြုံးပါတယ်။


မိမိသည် အကြောအဆစ်ကုပညာရှင်တဦးဖြစ်လို့ လူနာများကို လှုပ်ရှားလေ့ကျင့်မှုသင်ပေး၊ပြ

ပေးတဲ့အခါတွေမှာ အထက်ကပြောတဲ့အတွေ့အကြုံမျိုးများ မကြာခဏဆိုသလိုကြုံတွေ့ရဖူးပါ

တယ်။

ဒါကြောင့် လူနာကို သေချာရှင်းလင်းပြောပြတာ၊ လက်တွေ့လုပ်ပြတာ၊ လုပ်ပြရင်း အဆင့်ဆင့်
ထပ်ပြီးရှင်းပြတာ၊ လူနာကိုယ်တိုင်လုပ်တတ်သွား(သဘောပေါက်သွားတဲ့အထိ) အကြိမ်ကြိမ်
သင်ပြပေးတာတွေ စိတ်ရှည်လက်ရှည်လုပ်လေ့ရှိပါတယ်။ 

ဘာကြောင့်လဲဆိုတော့ စောစောလေးတင်ကပြောခဲ့ပြီးဖြစ်တဲ့အတိုင်း လှုပ်ရှားတိုင်း လေ့ကျင့်
ကုသမှု မဟုတ်သလို ကုသမှု(therapy)လဲ မဖြစ်စေနိုင်လို့ပါ။  


လက်ချောင်းလေ့ကျင့်ခန်းအဆင့်ဆင့်










No comments:

Post a Comment