"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, December 8, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၅



World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (15)

Physical Activity for People with Mental Illness:
All Physiotherapists have a role to play



မိမိသည် အကြော
အဆစ်ကုပညာရပ်
ဆိုင္ရာကမ ၻာ့ညီလာ
ခံ (World 
Confederation 
for Physical 
Therapy 
Congress) မ်ားကို 
ယခင်က တက်
ရောက်ခဲ့ရာတွင်
ထိုစဉ်က မိမိ၏အ
လုပ်နှင့်တိုက်ရိုက်
သက်ဆိုင်သောသု
တသနစာတမ်းများ 
ကိုသာ ဦးစားပေးလေ့
လာလေ့ရှိခဲ့ပါသည်။



ထိုစဉ်က မိမိသည် ကလေးသူငယ်အရွယ်များကို ကုသပေးနေရသဖြင့် သူတို့နှင့်သက်ဆိုင်သည့်သုတေသနများ (Paediatric Research) ကိုသာ ဦးစားပေးနားထောင်ခဲ့ပါသည်။

နောက်ပြီး သူတို့တွင် အရိုးအကြောနှင့်အာရုံကြောဆိုင်ရာပြသနာများ (Musculoskeletal and neurological problems) ရှိတတ်ကြရာ ထိုအကြောင်းအရာများကို လေ့လာမှတ်သားသမှုပြုခဲ့ရသည်။

သို့ရာတွင် ယခုတစ်ကြိမ်တွင် စိတ်ကျန်းမာရေးတွင် အကြောအဆစ်ကုပညာရပ်၏ပါဝင်ဆောင်ရွက်ပေးနိုင်မှုများကို အချိန်ပေးလေ့လာခဲ့ပါသည်။
   


Definition of Physical Therapy in Mental Health

The core of physical therapy in mental health is to optimise wellbeing and empowering the individual by promoting functional movement, movement awareness and physical activity, exercise, bring together physical and mental aspects.



ညီလာခံတတိယနေ့ဖြစ်သော မေလ ၁၃ ရက်နေ့ တစ်မနက်လုံးကို စိတ်ကျန်းမာရေးဆိုင်ရာသုတေသနစာတမ်းအားလုံးကို တက်ရောက်လေ့လာခဲ့ဖြစ်သည်။

မနက် ၈ နာရီခွဲမှ နေ့ ၁၂ နာရီ ၄၅ မိနစ်အထိဖြစ်သည်။

စုစုပေါင်းစာတမ်း ၁၀ စောင်ခန့်ရှိမည်ထင်ပါသည်။

စာတမ်းတင်သွင်းသူ၏အသံကို နားက အာရုံစိုက်နားထောင်ရင်း တစ်ဖြတ်ဖြတ်ပြောင်းနေသည့်'စလိုက်' (slides) များကိုလည်း အမိအရဓာတ်ပုံလိုက်ရိုက်နေရသည်။

အချို့ သောအခန်းများ (Concurrent sessions) တွင် မိမိ၏ရှေ့ မှထိုင်နေကြသူများဖြင့်ကွယ်နေသဖြင့် ပုံကောင်းကောင်းမရနိုင်ပဲရှိခဲ့ပါသည်။

ထိုကြောင့် စလိုက်ပုံများ စောင်းရွဲ့ နေခဲ့သည်။
ခေါင်းပုံများ မလွှဲမရှာင်သာပဲ ပါနေတတ်သည်။

မည်သို့ဆိုစေ မိမိအတွက်မူ ပညာရပ်တံခါးချပ်အသစ်တစ်ခု ပွင့်ခဲ့ပါတော့သည်။

ကံကောင်းထောက်မစွာဖြင့် စိတ်ကျန်းမာရေးစောင့်ရှောက်ကုသရေးတွင် အကြောအဆစ်ကုပညာရပ်၏ပါ ၀င်ဆောင်ရွက်ပေးနိုင်မှုတို့ကို လက်တွေ့လည်းလေ့လာအသုံးချခွင့်ရနေသည်။







Implications

Physiotherapists should 
receive sufficient training 
to embed psychological 
perspective into clinical 
practice.










စိတ်ကျန်းမာရေးမှာ အကြောအဆစ်ကုပညာရပ်၏အခန်းကဏ္ဍ  





Resistance Exercise Training ကိုသုံးပြီး စိတ်ကျဝေဒနာ (Depressive Symptoms) ကုသပေးနိုင် (အောက်ပုံ)





























စကစ်ဇိုဖရီးနီယား (Schizophrenia) စိတ်ဝေဒနာရှင်၏ သိမှတ်နိုင်စွမ်း (Cognitive Functioning) ကို အေရိုးဘစ်လေ့ကျင့်မှု (Aerobic Exercise) ဖြင့် မည်သို့တိုတက်စေနိုင်ပါသနည်း။ (အပေါ်ပုံ)


အမှန်တော့ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အသင်းကြီး (WCPT) ၏အောက်တွင် ဘာသာရပ်အလိုက်အဖွဲငယ်များ (subgroups) ရှိကြသည်။

ဥပမာ၊

- ကလေးသူငယ်ဆိုင်ရာအဖွဲ့ငယ် (Paediatrics subgroup)
- နှလုံးနှင့်အဆုတ်ဆိုင်ရာအဖွဲ့ငယ် (Cardiorespiratory subgroup)
- စိတ်ကျန်းမာရေးဆိုင်ရာအဖွဲ့ငယ် (Mental Health subgroup)
- အားကစားထိခိုက်မှုဆိုင်ရာအဖွဲ့ငယ် (Sports subgroup) အစရှိသဖြင့်ဖြစ်ကြသည်။





စိတ်ကျန်းမာရေးဆိုင်ရာအဖွဲ့ငယ်၏အမည်ကို International Organisation of Physiotherapists in Mental Health (IOPTMH) ဟုတရားဝင်ခေါ်ဆိုပြီး WCPT အသင်းဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံဖြင့်ဖွဲ့စည်းထားပါသည်။

မိမိအသင်းဝင်ထားတဲ့ စင်ကာပူနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း (Singapore Physiotherapy Association - SPA) တွင်လည်း  WCPT ၏ Subgroup များကဲ့သို့ Special Interest Group (SIG) အမည်ဖြင့် ပညာရပ်အဖွဲ့ခွဲများရှိနေပါသည်။

ဥပမာ၊
- ကြွက်သားနှင့်အရိုးပညာရပ်အဖွဲငယ် (Musculoskeletal SIG)
- ကလေးသူငယ်ပညာရပ်အဖွဲ့ငယ် (Paediatric SIG)
- စိတ်ကျန်းမာရေးပညာရပ်အဖွဲ့ငယ် (Mental Health SIG) အစရှိသဖြင့်ဖြစ်ကြသည်။

ပြီးခဲ့သော ၁ ပတ်ကျော်က မိမိအလုပ်လုပ်နေသည့်ဆေးရုံတွင် SPA ၏ စိတ်ကျန်းမာရေးပညာရပ်အဖွဲ့ငယ်လ်ုငန်းစီမံချက်အစည်းအဝေးပြုလုပ်ရာ မိမိတက်ရောက်နားထောင်ခွင့်ရရှိခဲ့သည်။

တနည်းဆိုရသော် စိတ်ကျန်းမာရေးနယ်ပယ်တွင် အကြောအဆစ်ကုပညာရပ်၏အခန်းကဏ္ဍသည် အရေးကြီးသောနေရာမှ ပါဝင်လျက်ရှိနေပြီဖြစ်သည်။ 
  မည်သို့ဆိုစေ စိတ်ကျန်းမာရေးသည် အကြောအဆစ်ကုပညာရပ်၏အလုံးစုံသော ကိစ္စဖြစ်ကြောင်း (Mental health is all the business of physiotherapy) ကို အကြောအဆစ်ကုပညာရှင်အတော်များများက ယနေ့တိုင်သိရှိခြင်းမရှိကြသေးပေ။

စိတ်ကျန်းမာရေးမရှိသော လူ့ကျန်းမာရေးဟူသည်မရှိနိုင် (No health without mental health) ဟုပြောရပေမည်။








No comments:

Post a Comment