ဆေးဝါးဗေဒဌာနမှဝန်ထမ်းနှစ်ဦးက ခရစ္စမတ်လက်ဆောင်ပေးနေစဉ်။
ပြီးခဲ့တဲ့သောကြာနေ့မနက်က ဌာနကိုရောက်လို့မကြာခင်မှာ ဂျူတီကုတ်ဝတ်ထားတဲ့ ဧည့်သည်အမျိုးသမီးနှစ်ဦး ရောက်လာကြပါတယ်။
သူတို့ကတော့ ဆေးရုံမှာရှိတဲ့ဆေးဝါးဗေဒဌာနမှ ဆေးဝါးဗေဒပညာရှင် (pharmacist) နှစ်ဦးပါ။
သူတို့ရဲ့ ခေါင်းမှာ ခရစ္စမတ်အမှတ်အသားလေးများကို လှလှပပဆင်ယင်ထားတွေ့ရပြီး ခရစ္စမတ်လက်ဆောင် လာပေးကြတာဖြစ်ပါတယ်။
မြန်မာပြည်မှာရှိနေတုန်းက ခရစ္စမတ်ပွဲကြုံတွေ့ ခဲ့တဲ့ပျော်ရွှင်ဖွယ်ရာလေးများကို အမှတ်ရမိပါတယ်။
ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းများ၊ အသိမိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ရပ်ဆွေရပ်မျိုးတွေ ပွဲတော်မတိုင်မီညမှာ အိမ်ကိုရာက်လာတတ်ကြပြီး တီးမှုတ်ကြ သီချင်းဆိုကြတာတွေကိုပေါ့။
အချို့ ကလဲ လက်ဆောင်လေးတွေပေးကြလို့။
မြန်မာပြည်မှာ ငယ်ငယ်တုန်းကဆိုရင် ခရစ္စမတ်ပွဲတော်ကို ပျော်စရာပွဲတော်လို့ပဲ ကလေးသိ သိခဲ့ကြတာ။
နောက်ပြီး ခရစ္စမတ်နေ့ကို ကျောင်းပိတ်ပေးတာမို့လဲ ပျော်ခဲ့မိသေးတာ။
ခရစ္စမတ်ပွဲတော်ကို စန်တာကလော့ (Santa Claus) ဘိုးဘိုးနဲ့တွဲပြီး သိခဲ့ရပြီး နောက်တော့မှ ခရစ္စမတ်သစ်ပင်တို့ ခရစ္စမတ်ပွဲတော်သီချင်းတို့ ခရစ္စမတ်လက်ဆောင် အစရှိတာတွေကို ငယ်စဉ်က သိလာခဲ့ရတာဖြစ်တယ်။
ဘိုးဘိုးစန်တာကလော့က ဦးထုတ်အနီလေးဆောင်းထားတတ်ပြီ သူ့နှုတ်ခမ်းမွှေးရှည်ရှည်ကြီးက မွေးနုအိစက်နေတာလို့ မျက်စိမှာစွဲမှတ်နေပါတယ်။


မိမိ ဖင်လန်နိုင်ငံကို
ရောက်တော့ ဘိုးဘိုး
စန်တာကလော့ရဲ့ ဇာ
တိဟာ ဖင်လန်နိုင်ငံရဲ့ 
မြောက်ဖက်စွန်း အာ
တိတ်စက်ဝန်းမှာရှိတဲ့
လက်(ပ)လန်း
(Lapland) ဆိုတာသိခဲ့
ရပါတယ်။
No comments:
Post a Comment