"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, December 21, 2019

ကန့်ဘလူအလွမ်း (၁)


I miss my home town Kanbalu where I was born and spent most of my childhood days with relatives and friends.

A few years ago I, along with the new generation of physiotherapists, conducted community based physiotherapy programme in Kanbalu. The programme was a success and very well accepted by the community.


                         ရွှေသိမ်တော်ကျောင်းတိုက်ကြီးအတွင်းက အကြောအဆစ်ဆေးကုသမှုမြင်ကွင်းများ။ 


ဒီဇင်ဘာလရယ် ..
ကန့်ဘလူမြို့ ရယ် ..
ရွှေသိမ်တော်ကျောင်းတိုက်ရယ် ..
ပရဟိတ အကြောအဆစ်ကုသမှုလုပ်ခဲ့တာတွေရယ် ..
မြို့ က ၀ိုင်းဝန်းကူညီကြသူများအားလုံးကိုရယ် ..

အစရှိတာတွေကို ဒီလ ဒီအချိန်ရောက်တိုင်း သတိမရမိတဲ့နှစ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။

နောက်ပြီး သတိရတာတွေထဲမှာ အေးတဲ့ ချမ်းတဲ့ ဇာတိမြေကန့်ဘလူဆောင်းလဲပါပါသေးတယ်။

ဒါကြောင့်မို့လဲ

"ဒီအချိန်ကိုရောက်လာယင်လေ
ကျနော့်စိတ်တွေဖေါက်ဖေါက်လာတယ်"

ဆိုတဲ့ မင်းသားကြီးဝင်းဦးရဲ့ စာသားလေးကို အမှတ်ရလို့နေတတ်ပါတယ်။











ကန့်ဘလူမှာ မိမိနဲ့အတူ ကုသိုလ်ယူလုပ်အားပေးခဲ့ကြတဲ့ အကြောအဆစ်ကုပညာရှင်မျိုးဆက်သစ်များ။ 






ဒီကနေ့မှာတော့ ငိုချင်လျက် လက်တို့လေးဖြစ်ခဲ့ရပါတယ်။

နံနက်က အိမ်ရှင်မနဲ့အတူ နံနက်စာစားဖို့ ဈေးကိုဘတ်(စ)ကားစီးသွားနေတုန်း ဖေ့(စ)ဘွတ်မက်ဆင်ဂျာမှာ တူတော်မောင်တစ်ယောက်ဆီက စာဝင်လာခဲ့ပါတယ်။

မိမိနဲ့ဇနီးဖြစ်ကြတဲ့ သူ့ဘကြီးနဲ့ကြီးကြီးတို့နေထိုင်ကောင်းကြလားလို့ မေးတာပါ။

ကားပေါ်မှာဖြစ်လို့ နေကောင်းကြကြောင်းကို အင်္ဂလိပ်လိုတိုတိုလေးအကြောင်းပြန်လိုက်ပါတယ်။
တယ်လီဖုန်းမှာက မြန်မာလိုစာရိုက်မရပါဘူး။

နံနက်စာစားပြီးလို့ အိမ်ကိုပြန်ရောက်တော့မှပဲ ကွန်ပြူတာမှာ မြန်မာလိုရိုက်ပြီး စကားတွေပြောဖြစ်ကြတော့တာ။

ခဏကြာတော့ မိမိညီမ ရီရီမြင့်ရဲ့ အိမ်ကို မိမိတို့အမ၀မ်းကွဲဖြစ်သူ မမနွဲ့ ရောက်လာတာနဲ့တိုက်ဆိုင်ပြီး တယ်လီဖုန်းနဲ့ စကားတွေအများကြီးပြောဖြစ်ကြပြန်ပါတယ်။

ဆွေမျိုးတွေနေထိုင်ကောင်းကြလားဆိုတာတွေရယ်ပါ။

နောက်တိုက်ဆိုင်မှုတစ်ခုက မန္တလေးနန်းတွင်းစစ်တပ်မှာတာဝန်ကျနေတဲ့တူ မောင်ကျော်ဖြိုးလျံလဲ ခွင့်ရတာနဲ့ ကန့်ဘလူကမိဘတွေဆီပြန်ရောက်နေတာဖြစ်တယ်။ 


                                                ညီမရီရီမြင့်အိမ်မှာ စကားကောင်းနေကြတာ။ 

  

မိမိရဲ့ ကျွန်းသာယာဘလော့ကို ကျော်ဖြိုးလျံကပြပေးလို့ အမက စိတ်ဝင်တစားဖတ်ကြည့်နေတာလေ။


ပြီးခဲ့တဲ့ဧပြီလက သမီးတို့မိသားစုနဲ့အတူ မိမိတို့ မြန်မာပြည်ကိုအလည်ပြန်ဖြစ်တဲ့အကြောင်း ဘလော့မှာရေးတင်ထားတဲ့အကြောင်းလဲ ပြောဖြစ်ကြသေးတာ။

အဲဒီတုန်းက ညီမရီရီမြင့်က မိမိတို့နဲ့အတူ ရန်ကုန်မှာရော မုဒုံမှာရော အလည်လိုက်ခဲ့ပါတယ်။































No comments:

Post a Comment