"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, June 29, 2023

ကျနော် ဆိုလိုထရားဗဲလား

 

မွန်ဘလော့တံတား (Mont Blanc Bridge)ပေါ်အမှတ်တရ (ဂျနီဗာမြို့ ၊ ဆွစ်ဇာလန်)


ဆိုလိုထရားဗဲလား (Solo traveller) ဆိုတာ ခရီးဖော်အပေါင်းအသင်းမပါရှိဘဲ 'တကိုယ်တော်ခရီး

သွား' တာကို ပြောတာရယ်ပါ။

မိမိ၏နိုင်ငံရပ်ခြားခရီးတချို့ သည် မိမိနဲ့အတူသွားတဲ့ခရီးဖော်မပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားခဲ့

တာမျိုးတွေရှိခဲ့ဖူးပါတယ်။

ဥပမာ ၂၀၁၉ ခုနှစ် မေလက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာကျင်းပခဲ့တဲ့ ကမ္ဘာ့အကြောအဆစ်ကုပ

ညာရပ်ဆိုင်ရာညီလာခံ (World Confederation for Physical Therapy Congress) ကို စင်ကာပူနိုင်

ငံကနေ မိမိတယောက်ထဲသွားရောက်ခဲ့တာမျိုးပါ။









         

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာညီလာခံ မှတ်ပုံတင်ကောင်တာ (၂၀၁၉၊ ဂျနီဗာမြို့ )



များသောအားဖြင့် မိမိ၏နိုင်ငံရပ်ခြားခရီးအတော်များများသည် အလုပ်ကစေလွှတ်တာဖြစ်လို့ ခရီး

သွားဖော် အနည်းဆုံးတယောက်လောက်တော့ ပါတတ်စမြဲဖြစ်ပါတယ်။


ဥပမာ ၁၉၉၆ ခုနှစ် ဇူလိုင်လက ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ မှာ ကျင်းပခဲ့တဲ့(၁၀)ကြိမ်မြောက် 

ဥာဏ်ရည်မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံ (10th World Conference of IASSID)ကိုသွား

ရောက်စဉ်က အထူးပညာရေးကျောင်း(Special Education School) က ကျောင်းအုပ်ဆရာမကြီး

နဲ့ ၂ ဦးဖြစ်လို့ အလုပ်ကလွှတ်လိုသွားခဲ့ရတဲ့ခရီးတွေထဲမှာ အရေအတွက်အနည်းဆုံးပါ။   


နောက်တခါ ခရီးဖော်တဦးထဲနဲ့သွားခဲ့ဖူးတာကတော့ ၂၀၁၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံ တိုင်ချွမ်းမြို့ 

မှာကျင်းပခဲ့တဲ့အာရှနှင့်အနောက်ပစိဖစ်ဒေသဆိုင်ရာအကြောအဆစ်ကုပညာညီလာခံ(Asia

Western Pacific Regional Physical Therapy Congress) ကို မိမိ၏လက်ထောက်အကြောအ

ဆစ်ကုပညာရှင်တဦးနဲ့ တက်ရောက်ခဲ့တာပါ။













မိမိ၏ညီလာခံခရီးတချို့ ကို တယောက်ထဲခရီးသွားခဲ့တာနဲ့ပတ်သက်ပြီး ဆိုလိုထရားဗဲလား(Solo 

traveller)လို့ပြောနိုင်ပေမဲ့ အများနားလည်ထားသလို ကိုယ်မရောက်ဖူးသေးတဲ့နေရာဒေသတခု

ကို ကျောပိုးအိတ်တလုံးလွယ်ကာ နိုင်ငံကူးလက်မှတ်နဲ့ငွေကြေးအနည်းငယ်ယူပြီး လွတ်လွတ်

လပ်လပ် ပေါ့ပေါ့ပါးပါးသွားကြလေ့ရှိတာမျိုးနဲ့မတူတာတော့အမှန်ပါ။


ဆိုလိုထရားဗဲလားဆိုတဲ့တကိုယ်တော်ခရီးသွားသူတွေနဲ့ပတ်သက်လို့ အောက်ပါအတိုင်းယေဘူ

ယျ အနက်အဓိပ္ပာယ်ဖွင့်ထားတာကို တွေ့ရပါတယ်။

"တကိုယ်တော်ခရီးသွားသူတွေဟာ ခရီးတိုဖြစ်ဖြစ်ခရီးရှည်ဖြစ်ဖြစ်သွားတတ်ကြပါတယ်။ 

ဒီလိုခရီးသွားရတာရဲ့ အဓိကရည်ရွယ်ချက်များကတော့ မိမိအနေနဲ့ ပုံမှန်နေထိုင်နေကျ အလုပ်လုပ်

ကိုင်နေကျ မြင်တွေ့နေကျပတ်ဝန်းကျင်နဲ့လူသူတွေရှိရာအရပ်ကနေ ရုပ်ပိုင်းနဲ့စိတ်ခံစားမှုပိုင်းအရ 

လွတ်ရာလွတ်ကြောင်းရှိရာကို အခိုက်အတန့်အားဖြင့် ရှောင်ထွက်တာဖြစ်ပါတယ်။"  













မိမိရဲ့ တကိုယ်တော်ခရီးတွေကတော့ အထက်ကပြောခဲ့သလို လွတ်လပ်တာရယ် မြင်နေတွေ့နေကျ

ပတ်ဝန်းကျင်အသိုင်းအ၀န်းကနေ အဝေးတနေရာကို ခေတ္ထခဏလေးရောက်သွားတာတွေရယ်မှန်

ပေမယ့် မိမိ၏ရုပ်ပိုင်းနဲ့စိတ်ခံစားမှုအပိုင်းတွေမှာ သိသိသာသာကြီး လွတ်လပ်ပေါ့ပေါ့ပါးတာမျိုးတော့

မရှိလှပါဘူး။

ဘာကြောင့်လဲဆိုတော့ ညီလာခံကိုယ်စားလှယ်တဦးအနေနဲ့ မိမိရဲ့ အဖွဲ့အစည်းနဲ့ မိမိအလုပ်လုပ်နေ

တဲ့နိုင်ငံအမည်တွေကို စာရင်းပေးသွင်းထားရတာဖြစ်တာကြောင့် တာဝန်ရှိသူဖြစ်နေလို့ပါ။ ညီလာခံ

နဲ့ပတ်သက်ပြီးလိုက်နာလုပ်ဆောင်ရမှာတွေရှိနေလို့ပါ။ 




ဥပမာ၊ ခရီးမသွားမီမှာ ညီလာခံဖြစ်မြောက်ရေးကော်မတီက သတ်မှတ်ထားတဲ့ရက်တွေမှာ ညီလာ

ခံမှတ်ပုံတင်ကြေး(Registration fee)ပေးသွင်းရတယ်။ ညီလာခံကျင်းပတဲ့နေရာနဲ့သိပ်မဝေးပဲ ဈေး

လဲမကြီးလှတဲ့ဟိုတယ်ရှာပြီး အခန်းဘွတ်ကင်ကြိုလုပ်ထားရတယ်။ အသွားအပြန်လေယာဉ်လက်

မှတ်ဝယ်ရတယ်။ မိမိသွားရောက်မည့်နိုင်ငံကသုံးစွဲနေတဲ့တရားဝင်ငွေကြေးကိုလဲလှယ်ပြီးယူသွား

ရသေးတယ်။ 

နောက်အရေးကြီးဆုံးအလုပ်တခုကတော့ ညီလာခံကိုလက်ခံကျင်းပပေးတဲ့နိုင်ငံရဲ့ ပြည်ဝင်ဗီဇာရရှိ

ရေးပဲဖြစ်ပါတယ်။

အဲဒီကိစ္စက တချိန်ကမြန်မာနိုင်ငံကူးလက်မှတ် (Passport)ကိုကိုင်ထားတဲ့ မိမိအဖို့ အတော်လေး

ကိုဦးနှောက်စားခဲ့တာဖြစ်သလို စိတ်ပူပန်မှုတွေလဲ အတော်လေးဖြစ်ခဲ့ရတယ်။







လိုက်နာညီလာခံရင်ထိုး



Saturday, June 24, 2023

သူငယ်ချင်းကိုဟုတ်စော ကွယ်လွန်



ပြီးခဲ့တဲ့ ၅ ရက်လောက်တုန်းက မန္တလေးမှာရှိသည့် အကြောအဆစ်ကုပညာရှင်(Physiotherapist) 

တဦးဖြစ်တဲ့ကိုသန့်ဇော်က သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သတင်းပေးလို့ မိမိတို့ဆေးဘက်ပညာ

သိပ္ပံ(Institute of Para-Medical Sciences) မှာ ၄ နှစ်တာ ကျောင်းအတူတက်ခဲ့ကြသည့်အတန်း

ဖော်သူငယ်ချင်း ကိုဟုတ်စောကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာ သိခဲ့ရပါတယ်။


ကိုသန့်ဇော်၏ဖေ့စ်ဘွတ်စာမျက်နှာမှာ သူသိထားတဲ့အမည် 'ဦးတင့်လွင်'လို့ရေးထားခဲ့တာ။

မိမိတို့အတန်းတူသူငယ်ချင်း အချင်းချင်းတွေကတော့ ကျောင်းတုန်းက သူ့ကို ကိုဟုတ်စောလို့ပဲ 

ခေါ်ခဲ့ကြတာပါ။ မြန်မာတရုတ်အနွယ်ပါ။


အတန်းတူသူငယ်ချင်းဆိုတာ မိမိတို့အကြောအဆစ်ကုဘာသာရပ်(Physiotherapy) က ကျောင်း

သူကျောင်းသားတွေကိုသာပြောချင်တာမဟုတ်ပဲ သူ့ကိုသိကြ ရင်းနှီးကြတဲ့တခြားသောဘာသာရပ်

များက အတန်းတူတွေကလဲ ဒီလိုခေါ်ကြတာပါပဲ။ 



















အဲဒီအချိန်က အာဂျီအိတ်ခ်ျ(RGH - Rangoon General Hospital)လို့လူသိများခဲ့တဲ့ ရန်ကုန်ဆေးရုံ

ကြီးအတွင်းမှာဖွင့်လှစ်ထားသည့် ဆေးဘက်ပညာသိပ္ပံကျောင်းမှာ ဆေးဘက်ပညာရပ် ၄ မျိုး သင်

ကြားပေးခဲ့တာ။ 

အကြော(Physiotherapy)၊ ဓာတ်မှန်(Radiography)၊ ဓာတ်ခွဲ(Medical Technology)နဲ့ ဆေးဝါး

(Pharmacy)ဆိုပြီး မြန်မာလိုအတိုကောက်ရေးခဲ့ ပြောခဲ့ကြတာ။ အခုနေအခါမှာ အဲဒီအခေါ်အဝေါ်

တွေကို ကြိုက်တာ မကြိုက်တာ၊ မှန်တာ မမှန်တာအပထားလို့ ဒသမတန်း(တက္ကသိုလ်ဝင်တန်း)စာ

မေးပွဲအောင်ပြီး တက္ကသိုလ်လမ်းညွှန်စာအုပ်မှာတရားဝင်ရေးထားတာကိုဖတ်ခဲ့ သိခဲ့ရလို့ ဒီအခေါ်

အဝေါ်လေးတွေကို မိမိအနေနဲ့ပြန်ပြောင်းလွမ်းမိရပါသေးတယ်။ 

နောင်လာနောင်သားတွေလဲ သိထားရအောင်ပါ။


ကိုဟုတ်စောအကြောင်းကိုပြန်ဆက်ရရင် မိမိတို့ ဆေးဘက်ပညာ 4th Batch မှာ ပုသိမ်သား ၂ ဦးပါ

ပါတယ်။ 

တဦးက ကိုဟုတ်စောဖြစ်ပြီး နောက်တဦးက (မိမိအမှတ်မမှားခဲ့ရင်) ဓာတ်မှန်က ကိုဗွင်ဟိုဖြစ်ပါတယ်။ 

သင်ယူနေတဲ့ဘာသာရပ်ချင်းမတူကြပေမယ့် ကိုဗွင်ဟိုက ကိုဟုတ်စောရှိတဲ့မိမိတို့ဆီကို မကြာမကြာ 

အလည်လာတတ်တာဖြစ်လို့ သူ့ကိုလဲကောင်းကောင်းသိခဲ့ပါတယ်။













 




ဆက်ပြီးရေးပါဦးမည်။



Sunday, June 18, 2023

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ ပန်းသပိတ်ဆင်နွဲ

 


 နောက်ဆုံးရသတင်း (၂၅-၆-၂၃) 




ဒေါ်အောင်ဆန်းစုကြည်၏ (၇ဂ)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်၊

                    " အမေ့ကို ပြည်သူပြည်သားအားလုံးက

                       လွမ်းဆွတ်သတိရလျက်ပါအမေရယ် "

ဆိုသည့်စာသားပါရှိသောအောင်လံ(banner)ကို ရန်ကုန်မြို့ ၏ဂုံး(ကုန်း)ကျော်တံတားတခုတွင် ပြီးခဲ့ 

သည့်တနင်္လာနေ့က ချိတ်ဆွဲထားပုံ။ PHOTP: EPA-EFE


မြို့ ကြီးတွေနှင့်မြို့ ငယ်အတော်များများတွင် သူတို့၏ဆံကေသာထက်မှာ ပန်းပန်ထားကြသည့်အမျိုး

သမီးများနှင့်ပန်းကိုင်ဆောင်ထားကြသည့်အမျိုးသမီးများဟူသမျှကို စစ်သားများက လမ်းများပေါ်

၌ လိုက်လံဖမ်းဆီးလျက်ရှိခဲ့ကြသည်။ (ဓာတ်ပုံစာသား)













အကြမ်းဖက်စစ်တပ်က အာဏာလုအုပ်ချုပ်ထားတဲ့

မြန်မာပြည်မှာ ရာဇ၀တ်ပြစ်မှုအသစ်တခု ဖန်တီးအနိုင်ကျင့်လာ

"ဆံကေသာမှာ ပန်းပန်တဲ့အမျိုးသမီးများကို ဖမ်းစေ"



သို့ပေမယ့် 

တနိုင်ငံလုံးမှာရှိသည့်ပြည်သူအားလုံးက

အကြမ်းဖက်စစ်တပ်ကို မကြောက်မရွံ့ ဆန့်ကျင်တော်လှန်ကြသဖြင့်

 ပန်းဆိုင်တွေမှာ ပန်းများရောင်းကုန်သွားခဲ့




















 နောက်ဆုံးရသတင်း (၂၃-၆-၂၃)