"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, June 14, 2023

တီဗွီအသစ် အရွယ်ကြီးကြီး အရောင်အသွေးလှလှ

 



           

















မိမိသည် မူလပင်ကိုသဘာဝအားဖြင့် 'ခေတ်ပေါ်' တို့ 'ပေါ်ပင်' တို့ 'ပေါ်ဦးပေါ်ဖျား' တို့ဆိုသည့်အရာ
များကို စိတ်ဝင်စားတတ်လေ့မရှိပေ။

အ၀တ်အစားဆိုလျှင်လည်း ရိုးရိုးပုံမှန်သာ ၀ယ်ပြီးဝတ်တတ်သည်။ 
ဘာတံဆိပ် ညာတံဆိပ်ဆိုသည်တို့ကို ခေါင်းထဲတွင်ထည့်ထားခြင်း အလျဉ်းမရှိ။ တွေးလည်းမတွေး
မိ။ သိလဲမသိ။

အစားအသောက်ဆိုပါကလည်း ထိုနည်းနှင်နှင်ပင်။
အများနည်းတူသာ စားတတ်ပြီး အထွေအထူးလုပ်ထားသည့်အစားအစာများကို နှစ်သက်ခုံမင်ခြင်း
မျိုး လုံးဝမရှိပါ။ မက်မက်မောမောလည်း မဖြစ်တတ်ပါ။ စားလည်းမစားတတ်ပါ။

ထိုကြောင့် ဒါတွေနှင့်ပတ်သက်ပြီး အလုပ်လည်းမရှုပ်ခဲ့သလို ဦးနှောက်လည်းမစားခဲ့ရဖူးပါ။ 

အလွယ်ဆုံးပြောရလျှင် ငယ်ငယ်တုန်းက မိဖတွေချက်ကျွေးတာပဲ စားသည်။ ဆင်ပေးတာပဲ ၀တ်
တတ်သည်။ ကြိုက်နှစ်သက်ခဲ့သည်။ ဘာပြသနာမှ မရှိခဲ့။

အိမ်ထောင်ကျပြီးသောအခါတွင်လည်း ဇနီးဖြစ်သူ ချက်ကျွေးတာပဲ စားသည်။ သူ ၀ယ်ပေးတာတွေ
ကိုပဲ နှစ်သက်စွာဝတ်လေ့ရှိသည်။   
ဘာပြသနာမှ မရှိခဲ့။

အိမ်ကတီဗွီအဟောင်းပျက်သွားသောကြောင့် သားက သူ့အမေအတွက် ယခုတီဗွီအသစ်ကိုဝယ်မည်
ဟုပြောသောအခါ ဈေးနှုန်းကလွဲပြီး ဘာ Brand လဲလို့ မမေးမိသလို ဘာတွေဘာတွေကောင်းတာလဲ
ဆိုတာမျိုးလည်း မမေးမိပေ။ 

သားက တခုပဲပြောခဲ့ပါသည်။ 
ယခုတီဗွီက စင်ကာပူ Brand၊ နောက်ပြီး လူကြိုက်များတယ်။ ဈေးက ဘယ်လောက်။ ဒါပဲဖြစ်သည်။

ဒီတော့ အိုကေပေါ့။

ဘာ့ကြောင့်လဲဆိုတော့ အမေကိုအရိပ်တကြည့်ကြည့်ရှိတတ်သည့်သားက သူ့အမေ ဘယ်လိုတီဗွီအ
စီအစဉ်တွေကြိုက်တတ်တယ်(ဥပမာ ခရီးသွား၊ အချက်အပြုတ်၊ ပန်းပင်စိုက်ပျိုးခြင်း)၊ ဘာကားတွေ
(ဥပမာ ကိုရီးယား၊ အိန္ဒိယ) ကြည့်တတ် ကြိုက်တတ်တယ်ဆိုတာ အသိဆုံးဖြစ်နေသည်။






































SONY 


No comments:

Post a Comment